Cho's Kitchen
Cho's Kitchen မှ မြန်မာ့ရိုးရာအစားအစာများ။
10/06/2026
ညဘက် ရုပ်ရှင်ကြည့်ရင်း ဗိုက်ဆာတဲ့အခါ… Cho’s Kitchen အာပူလျှာပူစားပါ 😋✨
ရုပ်ရှင်ကြည့်ရင်း ဗိုက်ဆာတဲ့အချိန်...
🍲အရသာကတော့ တကယ့်ကို ထိမိတယ်။
🍲 ဒီညတော့... ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကြည့်ရင်း Cho’s Kitchen အာပူလျှာပူကို တွဲစားလိုက်တော့…
ညဘက် အဆာပြေလေးအတွက်တော့ ဒါထက်ပိုကောင်းတဲ့ ရွေးချယ်မှု မရှိတော့ပါဘူး! 👍
#အာပူလျှာပူ
#မြန်မာ့အရသာ
04/06/2026
မနက်ခင်း အလုပ်ရှုပ်နေလည်း... Cho’s Kitchen မုန့်ဟင်းခါးနဲ့ဆို အေးဆေးပဲ 🥣⏰
မနက်ခင်းအလုပ်မသွားခင် Cho’s Kitchen မုန့်ဟင်းခါးပူပူလေးရဲ့အရသာကို စားလိုက်ရတာက အလုပ်မသွားခင် စိတ်ကျေနပ်စရာ အကောင်းဆုံးသော အချိန်လေးပါပဲ 👍
ဒီနေ့ မနက်ခင်းကို Cho’s Kitchen မုန့်ဟင်းခါးနဲ့အတူ အေးဆေးစွာပဲ စတင်လိုက်ရအောင်နော်…😋
#မုန့်ဟင်းခါး
#မြန်မာ့အရသာ
31/05/2026
🦠 အဏုဇီဝပိုးမွှားများ ပေါက်ပွါးမှု 🦠
အဏုဇီဝပိုးမွှားများဟာ ၄င်းတို့အတွက် အခြေအနေပေးတဲ့အခါတွင် အလွန်လျင်မြန်စွာ ပေါက်ပွါးနိုင်ပါတယ်။
♦️ဆဲလ်များဟာ မိနစ်နှစ်ဆယ်အတွင်း နှစ်ဆနှုန်းပေါက်ပွါးနိုင်ပါတယ်။
♦️အစပိုင်းတွင် နှေးကွေးတယ်ထင်ရပေမယ့် ဆဲလ်သစ်တစ်ခုချင်းဟာလည်း နှစ်ဆနှုန်း ပေါက်ပွါးကြပါတယ်။
💙 Cho’s Kitchen ထုတ်ကုန်များကို ISO 22000:2018 (အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကမ္ဘာ့အသိအမှတ်ပြုစံနှုန်း) အရ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် တင်းကျပ်စွာ ထိန်းချုပ်ထုတ်လုပ်ထားပါတယ်။
✅ ဒါကြောင့် စားသုံးသူမိဘပြည်သူများ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်။
#မြန်မာ့အရသာ
30/05/2026
"ဗိုက်ဆာတယ်... ဒါပေမဲ့ ချက်ဖို့ အချိန်မရှိဘူး"
အလုပ်ရှုပ်နေတဲ့ကြားထဲမှာ အစားအသောက်
အတွက် အချိန်မပေးနိုင်ဘူးလို့ မထင်ပါနဲ့..
ဒီလိုအချိန်မျိုးမှာ Cho’s Kitchen မုန့်ဟင်းခါးလေးက ၅ မိနစ်ပဲ အချိန်ပေးရုံပဲနော်..⏰
မြန်ဆန်တယ်၊ ထိမိတယ်၊ အရသာရှိတယ်..👍
ဒီနေ့တော့ အချိန်ကုန်မခံဘဲ မုန့်ဟင်းခါးအရသာကို အပြည့်အဝ ခံစားလိုက်ပါ..😋
#မုန့်ဟင်းခါး
#မြန်မာ့အရသာ
30/05/2026
Cho Cho Group of Companies ၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်သော Cho Cho Industry Ltd. သည် Step-in Step-up (SISU) Academy နှင့် ပူးပေါင်းကာ လူငယ်များ၏ စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ “Cho Cho Classroom” အစီအစဉ် ကို ယနေ့ (29.5.2026) တွင် ဂုဏ်ယူဝမ်းမြောက်စွာ စတင်လိုက်ပါပြီ။
ပထမဆုံးအဖွဲ့အဖြစ် ရွေးချယ်ခံရသော လူငယ်အယောက် (၂၀) ဦး သည် လက်တွေ့အသုံးချနိုင်သော အရောင်းဆိုင်ရာကျွမ်းကျင်မှုများ၊ လုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများ ၊ လုပ်ငန်းခွင်သုံး ဆက်သွယ်ပြောဆိုမှုစွမ်းရည်များနှင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေမည့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းများကို လေ့လာသင်ကြားခွင့် ရရှိမည်ဖြစ်ပါသည်။
ဤအစီအစဉ်သည် လုပ်ငန်းခွင်ဆိုင်ရာကျွမ်းကျင်မှုများကို သင်ကြားပေးရုံသာမက လူငယ်များအတွက် အခွင့်အလမ်းများကို ဖော်ထုတ်ပေးပြီး တောက်ပသော အနာဂတ်အတွက် ပံ့ပိုးပေးရန် ရည်ရွယ်ထားပါသည်။ ထူးချွန်သူများအတွက်လည်း Cho Cho Group of Companies၏အဖွဲ့၀င် ကုမ္ပဏီများတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိနိုင်ရန် ဖန်တီးပေးထားပါသည်။
“Cho Cho Classroom” သည် သင်တန်းတစ်ခုသာမကဘဲ လူငယ်များ၏ စွမ်းရည်၊ ယုံကြည်မှုနှင့် အနာဂတ်အခွင့်အလမ်းများကို ပိုမိုတောက်ပလာစေရန် ရည်ရွယ်သည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။“
Cho Cho Classroom မှ တဆင့် တောက်ပသော အနာဂတ်များသို့ အတူတူလျှောက်လှမ်းကြရအောင်
27/05/2026
စကားလုံးတွေထက် ပိုနွေးထွေးတဲ့... ပူပူစပ်စပ် Cho’s Kitchen အာပူလျှာပူတစ်ပွဲ 🕯️🌶️
တစ်ခါတလေကျရင် စကားလုံးတွေက ခံစားချက်ကို အပြည့်အဝ မဖော်ပြနိုင်ပါဘူး.. ဒါပေမဲ့ အေးစက်နေတဲ့ညမျိုးမှာ... ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မျိုးမှာ Cho’s Kitchen ရဲ့ပူပူစပ်စပ် အာပူလျှာပူတစ်ပွဲကို ရှူးရှူးရှဲရှဲမှုတ်သောက်လိုက်ရတာကတော့ ရင်ထဲအထိ နွေးသွားစေတာတော့ အမှန်ပါပဲ…🥰🍲
ဒီညတော့... စကားလုံးတွေထက်ပိုတဲ့ ဒီအရသာကိုပဲ ခံစားလိုက်ပါတော့နော် 🫶🏻
#အာပူလျှာပူ
#မြန်မာ့အရသာ
24/05/2026
“အိမ်ပြန်ရောက်ပြီဆိုတာကို... Cho’s Kitchen မုန့်ဟင်းခါးအနံ့လေးက ပြောပြနေလိမ့်မယ်" 🍲
အပြင်မှာ ဘယ်လောက်ပဲ ပင်ပန်းလာခဲ့ပါစေ... အိမ်ထဲဝင်လိုက်တာနဲ့ ရလိုက်တဲ့ Cho’s Kitchen မုန့်ဟင်းခါးနံ့လေးက "အိမ်" ဆိုတဲ့ ခံစားချက်ကို ရရှိစေပါတယ်..🏡
Cho’s Kitchen နဲ့သာဆို မီးဖိုချောင်မှာ အချိန်ကုန်ခံပြီး ချက်ပြုတ်နေစရာမလိုတော့ပါဘူး.. ၅ မိနစ်အတွင်း အဆင်သင့်ဖြစ်တဲ့ Cho’s Kitchen မုန့်ဟင်းခါးပူပူလေးက စားရတာလည်း အရသာရှိ၊ စိတ်ကလည်း အနားရသွားစေမှာပါ…😋
အိမ်ပြန်ရောက်တဲ့ ခံစားချက်ကို Cho’s Kitchen နဲ့ အတူတူ ခံစားလိုက်ရအောင်…🥰
#မုန့်ဟင်းခါး
#မြန်မာ့အရသာ
19/05/2026
တကယ်ကို ဆုံးဖြတ်ရခက်တဲ့ ရွေးချယ်မှုကြီးပါပဲ... 🤷♂️
"ဗိုက်ဆာပြီဆို ဘယ်ပန်းကန်ကို အရင်ဆွဲမလဲ?”
တစ်ဖက်မှာလည်း အရသာရှိတဲ့ မုန့်ဟင်းခါးပူပူလေး၊ နောက်တစ်ဖက်မှာလည်း လျှာပေါ်တင်လိုက်တာနဲ့ ရှူးရှူးရှဲရှဲ ဖြစ်သွားစေမယ့် အာပူလျှာပူ…
နှစ်ခုလုံးက Cho’s Kitchen ရဲ့ အိမ်ချက်လက်ရာစစ်စစ်တွေဆိုတော့ ပိုပြီး ဆုံးဖြတ်ရခက်စေတာပေါ့ 😋
Cho’s Kitchen ကတော့ ဗိုက်ဆာချိန်တိုင်းအတွက် အရသာစစ်စစ်နှစ်မျိုးလုံးကို ၅ မိနစ်အတွင်း အဆင်သင့်ဖြစ်အောင် ဖန်တီးပေးထားပါတယ် 👌
ကဲ.. ဒီနေ့ညနေခင်းအတွက် ဘယ်ဘက်ကို အရင်ဆုံး လက်ကမ်းမိမလဲ…😉
#အာပူလျှာပူ
#မုန့်ဟင်းခါး
#မြန်မာ့အရသာ
16/05/2026
ပိတ်ရက်မနက်ခင်းမှာ မိသားစုတိုင်းအတွက် Cho’s Kitchen ရှိတယ် 👨👩👧👦💖
ပိတ်ရက်ဆိုတာ အေးအေးဆေးဆေး အနားယူရမယ့်အချိန်ပါ ☀️
ဟင်းချက်ဖို့အတွက် အချိန်အကြာကြီး မပေးနဲ့တော့နော်…
Cho’s Kitchen ရဲ့ မုန့်ဟင်းခါးနဲ့ အာပူလျှာပူသာရှိရင် ပိတ်ရက်မိသားစုစားပွဲဝိုင်းကို ပိုမိုပြည့်စုံသွားစေမှာပါ…🥰
#အာပူလျှာပူ
#မုန့်ဟင်းခါး
#မြန်မာ့အရသာ
14/05/2026
မိုးစက်တွေနဲ့အတူ ရင်ထဲနွေးသွားဖို့... အာပူလျှာပူ ရှိတယ်လေ 🌧️🌶️
မေလရဲ့ ပထမဆုံးမိုးဦးမှာ ဘာစားရင် ကောင်းမလဲ စဉ်းစားမနေနဲ့တော့နော်…🤔
ပြတင်းပေါက်ဘေးမှာ မိုးရွာတာလေးကြည့်ရင်း အာပူလျှာပူ ပူပူစပ်စပ်လေးကို မှုတ်သောက်လိုက်ရတဲ့ အရသာက တကယ်ကို "ရှယ်" ပါပဲ..
ဒီနေ့လိုအေးစိမ့်စိမ့်ရာသီဥတုမှာ ခံတွင်းမြိန်ဖို့ Cho’s Kitchen အာပူလျှာပူနဲ့အတူတူ အမောဖြေလိုက်ရအောင် ✨
#အာပူလျှာပူ
#မြန်မာ့အရသာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myanmar ICT Park, Building 5, Second Floor, Hlaing Township
Yangon
11052