August Myanmar
August Myanmar Co., Ltd was established in Year 2012. Host several National Events.
Currently playing in Education Industry and previously known as Media Group which have published TechSpace Journal and several International Licensed Magazines.
28/11/2013
August Myanmar Media Group မှ ရုပ်ရည်ချောမော ပြေပြစ်ပြီး၊ အရည်အချင်း ပြည့်ဝက ကျန်းမာ သန်စွမ်းသော တက္ကသိုလ်အသီးသီး၏ စံပြ မောင်မယ်များ ထွက်ပေါ်လာစေရန် နိုင်ငံအ၀န်းမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ပေါင်းစုံကို ဖိတ်ခေါ်ကာ Mister and Miss University 2014 ပြိုင်ပွဲကြီးကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ကျင်းပသွားမည် ဖြစ်ပါသည်။
သာမာန် အလှပြိုင်ပွဲမျိုး မဟုတ်ဘဲ အရည်အချင်းစစ်းဆေးခြင်း Tests and Challenges ပေါင်းများစွာ ပါဝင်ကာ ရွေးချယ်ကျင်းပမည့် ပြိုင်ပွဲကြီး တစ်ခုလည်း ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်မည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး သိန်း (၁၅၀) ကျော် ပေးအပ်သွားမည့် ပြိုင်ပွဲကြီးလည်း ဖြစ်ပါသည်။
ပေးအပ်သွားမည့် ပညာသင်ထောက်ပံ့ကြေးဆု များ (Scholarship Prizes) ငွေသား (ကျပ်)
Mister and Miss University 2014 Winner ၆၀ သိန်း (တစ်ဦးလျှင် ၃၀ သိန်း)
Mister and Miss University 2014 1st Runner Up ၂၀ သိန်း (တစ်ဦးလျှင် ၁၀ သိန်း)
Mister and Miss University 2014 2nd Runner Up ၁၀ သိန်း (တစ်ဦးလျှင် ၅ သိန်း)
အထူးဆုများ (Scholarship for Special Awards) (၁၀) ဆု
Finalists တစ်ဦးလျှင် (၁) သိန်းစီ
Sponsors များမှ ချီးမြှင့်မည့် Scholarship for Title Holders (၁၀) ဆု ရရှိနိုင်မည် ဖြစ်ပါသည်။
လျှောက်လွှာများကို သက်ဆိုင်ရာ ကျောင်းများသို့ မကြာမီရက်ပိုင်းအတွင်း ပေးပို့သွားမည် ဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်လိုသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်တွင် အကြောင်းကြား စာရင်းပေးသွင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။
နယ်မှလာရောက် ယှဉ်ပြိုင်မည့် သူများအတွက် ပဏာမ ရွေးချယ်ခံရပါက သွားလာရန် ခရီးစရိတ် များကိုလည်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။
တက္ကသိုလ်များမှ King Queen များ၊ အရည်အချင်းပြည့်ဝသည့် ကျောင်းသားကျောင်းသူများ ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပေး အကြောင်းကြား အပ်ပါသည်။
မကြာမီ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တရားဝင် အသိပေး ကြေညာသွားမည်ဖြစ်ပါသည်။
28/11/2013
Science Uncovered သိပံ္ပမဂ္ဂဇင်း ကြီးနှင့် TechSpace နည်းပညာ ဂျာနယ် ပူပေါင်းခြင်း
TechSpace Journal ကို စာဖတ်သူများအတွက် ဗဟုသုတများ တိုးပွား ရရှိရန် အယ်ဒီတာအဖွဲ့မှ စဉ်ဆက်မပျက် ကြိုးပမ်းလျှက်ရှိပြီး အကြောင်းအရာ များစွာ ပါဝင်နိုင်အောင် ထည့်သွင်းလာခဲ့ရာ ဂျာနယ် တစ်စောင် သက်သက်သာမက ကမ္ဘာကျော် Computer Active မဂ္ဂဇင်းကြီး၏ စိတ်ဝင်းစားဖွယ် အကြောင်းအရာများ ကိုလည်း တရားဝင် ထည့်သွင်းထားခဲ့သဖြင့် မဂ္ဂဇင်းကြီး တစ်ခုကိုပါ ထပ်ဆောင်း ဖတ်ရှု နေနိုင်ပြီ ဖြစ်ပါသည်။
ယခုအကြိမ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် Science ဆိုင်ရာ စာပေနှင့် အကြောင်းအရာများ စာဖတ်သူများ အတွက် ရှားပါးနေသည့်အတွက် အဆိုပါ ကွက်လပ်ကို ဖြည့်ဆီးပေးနိုင်ရန် UK မှ Science Uncovered မဂ္ဂဇင်းနှင့် ထပ်မံ ပူးပေါင်းကာ Science အကြောင်းအရာများကို TechSpace Journal တွင် မကြာမီ တရားဝင် ထည့်သွင်း ဖော်ပြသွား နိုင်တော့မည် ဖြစ်ပါသည်။
ဖတ်ရှုစရာများ လျှော့နည်းလာနေသော နည်းပညာ ဂျာနယ်လောကတွင် TechSpace Journal အနေဖြင့် စာဖတ်သူများအတွက် ဗဟုသုတရရှိရန် ပေးရသည့် ငွေနှင့် ရရှိမည့် ဗဟုသုတ မျှတရုံမက ပိုလျှံနေရန်အတွက်ပင် ဆက်လက်၍လည်း ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
TechSpace နည်းပညာဂျာနယ်အား မကြာမီ ထွက်ရှိမည့် စာစောင်များတွင် "TechSpace သိပံ္ပနှင့် နည်းပညာဂျာနယ်" အနေဖြင့် ထပ်မံ မွန်းမံဖြည့်စွက်ပြီး ထုတ်ဝေသွားမည့် အကြောင်း ကြိုတင် သတင်းကောင်း ပါးအပ်ပါသည်။
ဂျာနယ် တစ်စောင် အနေနှင့်သာမက နိုင်ငံတကာ မဂ္ဂဇင်းကြီး ၂ခုကိုပါ တစ်စောင်တည်းမှာ ဖတ်ရှုနိုင်တော့မည့် TechSpace သိပံ္ပနှင့် နည်းပညာဂျာနယ်ပဲ ဖြစ်ပါသည်။
August Myanmar Media မှ လည်း သိပံ္ပဆိုင်ရာ စာအုပ်စာစောင်များကို ထပ်မံ၍ ထုတ်ဝေသွားမည့်အကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
12/10/2013
Multimedia Editor/Specialist အလိုရှိသည်။
August Myanmar Media Group မှ ထုတ်ဝေသွားမည့် နိုင်ငံတကာ မဂ္ဂဇင်း ဖြစ်သည့် Digital Camera Magazine Myanmar တွင် အဓိက တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည်။
အဓိက တာဝန်များမှာ
၁။ ရုပ်သံ ဗီဒီယို ဘာသာပြန် စာတမ်းထိုးခြင်း
၂။ ဓါတ်ပုံ အသံ ဗီဒီယို ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း
၃။ Online, Print, Video တွင် ဒီဇိုင်းများ ရေးဆွဲခြင်း
လိုအပ်သော စာရွက်စာတမ်း အထောက် အထားများနှင့်တကွ September 31 မတိုင်မီ ရုံးခန်းသို့ လျှောက်ထား နိုင်ပါသည်။
27/09/2013
Computer Active Magazine: UK မှ ရောင်းအား အကောင်းဆုံး အိမ်သုံး နည်းပညာ magazine မြန်မာပြည် လာမည်
Computer Active Magazine သည် UK’s best-selling home technology magazine တစ်ခု ဖြစ်သလို၊ UK ရှိ လပေးမှာယူသူ အများဆုံး (largest subscription titles) ထိပ်တန်း ၁၅ စောင်တွင် ပါဝင်သော Magazine တစ်စောင် ဖြစ်ပါသည်။ (http://www.dennis.co.uk/brands/test)
အဆိုပါ Magazine ကြီးမှ မြန်မာနိုင်ငံရှိ စာဖတ်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းစေ နိုင်မည့် ခေါင်းကြီးပိုင်းများကို August Myanmar Media မှ ထုတ်ဝေလျှက်ရှိသည့် Technology Titles များတွင် မကြာမီ တရားဝင် ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပါသည်။
August Myanmar Media လက်အောက်ရှိ နည်းပညာရပ် ဆိုင်ရာ ခေါင်းစဉ်များကို စာဖတ်ပရိတ်သတ်များ ဖတ်ရှုရ ပိုမိုကောင်းမွန် အကျိုး ဖြစ်ထွန်းစေရန်၊ ပိုမိုခိုင်မာသော Editorial လက်ရာများ ရရှိစေရန် Computer Active Magazine ကို ထုတ်ဝေလျှက်ရှိသည့် Dennis Publishing နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
Computer Active Magazine ၏ လက်ရာများကို အောက်တိုဘာလထုတ် ခေါင်းစဉ်များတွင် စတင်တွေ့မြင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ကြေငြာ အပ်ပါသည်။
စာဖတ်ပရိတ်သတ်များ၏ အသိပညာ ပိုမိုတိုးပွားစေရန် အစဉ်အမြဲ ကျိုးပမ်းလျက်
August Myanmar Media Group.
http://www.computeractive.co.uk/
12/09/2013
ဓါတ်ပုံပညာရှင်များအတွက် ဓါတ်ပုံပညာရပ်ဆိုင်ရာ စာအုပ်များ ထုတ်ဝေသွားမည်
August Myanmar Media မှ မြန်မာနိုင်ငံရှိ စာဖတ်သူများအတွက် နိုင်ငံတကာနှင့် တပြေးညီ အသိပညာတိုးပွား ရရှိနိုင်ရန် ဂျာနယ် မဂ္ဂဇင်းများကို အစဉ်မပျက် ထုတ်ဝေလျှက်ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံရှိ ဓါတ်ပုံပညာရှင်များအတွက် ဓါတ်ပုံပညာရပ်ဆိုင်ရာ စာအုပ်များကို အထူးစီစဉ်ကာ ထုတ်ဝေသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါသည်။
၁. Digital Camera Magazine Myanmar
မြန်မာနိုင်ငံရှိ ဓါတ်ပုံနည်းပညာရပ်ဆိုင်ရာ စာပေများ တိုးတက်ပြန့်ပွား နိုင်စေရန် အထူးရည်သန်ကာ အင်္ဂလန်နိုင်ငံမှ မီဒီယာကြီး တစ်ခု ဖြစ်သည့် Future PLC မှ တရားဝင် လိုင်စင်ရယူကာ Digital Camera Magazine (DCM) ကြီး အား DCM Myanmar အဖြစ် August Myanmar Media မှ မကြာမီ ထုတ်ဝေသွားတော့မည် ဖြစ်ပါသည်။
Future PLC သည် ဓါတ်ပုံပညာရပ်ဆိုင်ရာ မဂ္ဂဇင်းများတွင် Digital Camera, LeNs, N-Photo, PhotoPlus နှင့် Practical Photoshop
စသည့် ခေါင်းစဉ်များကို ထုတ်ဝေလျှက်ရှိသည့် Media Group ကြီးဖြစ်ပါ သည်။ အဆိုပါ မဂ္ဂဇင်းများမှ Digital Camera Magazine သည် အင်္ဂလန်တွင် ရောင်းအား အကောင်းဆုံး ဓါတ်ပုံပညာ မဂ္ဂဇင်းကြီး တစ်ခုဖြစ်ပြီး သက်တမ်း ၁၁နှစ်ကြော်ရှိပြီ ဖြစ်သည့် ၀ါရင့် မဂ္ဂဇင်းကြီး တစ်ခုလည်း ဖြစ်ပါသည်။
အဆိုပါ DCM Myanmar မဂ္ဂဇင်းကြီးကို မြန်မာနိုင်ငံတွင် မကြာမီ အချိန်အတွင်း ဖတ်ရှုနိုင်တော့မည် ဖြစ်ပါသည်။
၂. Digital SLR Photography ၏ Magbook စာအုပ်များ
အလားတူ အင်္ဂလန်ရှိ မီဒီယာကြီး တစ်ခုဖြစ်သည့် Dennis Publishing Limited မှ ထုတ်ဝေလျှက်ရှိသည့် Digital SLR Photography Magazine ၏ Professional Expert များမှ ရေးသားထုတ်ဝေသည့် Magbooks များကိုလည်း မြန်မာဘာသာဖြင့် မကြာမီ ထုတ်ဝေ သွားတော့မည် ဖြစ်ပါသည်။ အဆိုပါ Magbooks များသည် ဓါတ်ပုံပညာ စတင် လေ့လာသူများအတွက် အထူးပင် အသုံးဝင်မည် ဖြစ်သကဲ့သို့ ဓါတ်ပုံပညာရှင်တိုင်းအတွက် မရှိအဖြစ် ဖတ်ရှု သိမ်းဆည်းထားသင့်သည့် စာအုပ်များ ဖြစ်ပါသည်။
Digital SLR Photography Magazine ၏ Magbooks Series များမှ မြန်မာနိုင်ငံနှင့်သင့်တော်မည့် Title များကို စိစစ် ရွေးချယ်ကာ အမြဲမပျက် ထုတ်ဝေပေးသွားမည် ဖြစ်ပါသည်။
ဓါတ်ပုံပညာရှင်များမှလည်း မိမိတို့ စိတ်ဝင်စားသည့် ခေါင်းစဉ်များကို ရွေးချယ် ထုတ်ဝေနိုင်ရန် အကြံပေးဆွေးနွေး ရန်အတွက်လည်း August Myanmar Media Group မှ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
August Myanmar Media Group
07/09/2013
တာဝန်ထမ်းဆောင် လိုသူများ အလိုရှိသည်
August Myanmar Media Group သည် အင်္ဂလန်နိုင်ငံရှိ ထိတ်တန်း မီဒီယာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် haymarket Media ထံမှ တရားဝင် လိုင်စင်ရယူကာ Stuff Myanmar Magazine ကို လက်ရှိ ထုတ်ဝေလျှက်ရှိသော မီဒီယာတစ်ခု ဖြစ်ပါသည်။
ဆက်လက်၍ အခြားသော နိုင်ငံတကာ မီဒီယာကြီးများနှင့် ချိတ်ဆက်ကာ နိုင်ငံတကာ မဂ္ဂဇင်းများနှင့် စာအုပ်စာစောင် အသစ်များကို မကြာမီ ထပ်မံထုတ်ဝေသွားရန် ရှိပါသည်။
သို့ ဖြစ်၍ အောက်ဖော်ပြပါ ရာထူးနေရာများအတွက် တာဝန် ထမ်းဆောင်လိုသူများ အနေဖြင့် မီဒီယာရုံးခန်းသို့ လာရောက် လျှောက်ထားနိုင် ပါသည်။
1. Translation Editors M/F ------------ (2 Posts)
2. Translators M/F ------------------ (2 Posts)
3. Reporters ------------------------ (3 Posts)
4. Fashion Editors ------------------- (2 Posts)
5. Data Collectors ------------------- (2 Posts)
6. Layout Designers ----------------- (3 Posts)
7. Sale and Marketing Assistant Manager - (1 Post)
8. Advertising Sale Executives --------- (3 Posts)
9. Sale Promoters ---------------------- (3 Posts)
10. Photographer ---------------------- (1 Post)
အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားလိုသူများသည် ကိုယ်ရေး အကျဉ်း၊ အလုပ်သမား မှတ်ပုံတင် မူရင်း၊ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ၊ ရက်ကွက် ရဲစခန်း ထောက်ခံစာ၊ လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ ရုံးချိန်အတွင်း ရက်အကန့်အသတ်မရှိ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။
August Myanmar Media Group
Current Publishing Titles are TechSpace Weekly Journal, Guide Technology Magazine, Myanmar Next Fashion Magazine, Stuff Myanmar International Licensed Magazine, Digital Camera Magazine Myanmar and more.
Address: Room 803, Building A31, MyanmaGonyiHousing Complex, MingalarTaung Nyunt Township, Yangon Myanmar. +951393499, +951399065, Fax +951393038
30/08/2013
Guess!! what will be arriving, Digital Camera Magazine for Myanmar?
August Myanmar Media group မှ စာဖတ်သူများ အကျိုးရှိစေမည့် ပညာရပ် ဆိုင်ရာ ဂျာနယ် မဂ္ဂဇင်းများကို ထုတ်ဝေနေရာမှ ဓါတ်ပုံပညာ ၀ါသနာပါသူ လိုက်စားသူ ၀ါသနာရှင် ပညာရှင်များအတွက် UK တွင် အရောင်းရဆုံး နံပါတ် ၁ မဂ္ဂဇင်းကြီးဖြစ်သည့် Digital Camera Magazine ကို မြန်မာဘာသာဖြင့် ထုတ်ဝေနိုင်ရန် စီစဉ်ညှိနှိုင်း ကျိုးပမ်းဆောင်ရွက် လျှက်ရှိပါကြောင်း ကြိုတင် အသိပေး အကြောင်းကြားအပ် ပါသည်။
ယခုကဲ့သို့သော မြန်မာစာဖတ်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မည့် အခြားသော နိုင်ငံတကာ မဂ္ဂဇင်းများကိုလည်း ဆက်လက် ယူဆောင် ထုတ်ဝေသွားရန် စီစဉ်လျှက်ရှိပါကြောင်း ထပ်လောင်း ပြောကြားအပ်ပါသည်။
More are coming soon! Stay Tune!
Proudly brought to you by
August Myanmar Media Group
07/02/2013
August Myanmar Media Group မှ Next! Magazine အား လွှဲပြောင်းရယူ
TechSpace Journal နှင့် Guide Magazine တို့အား ထုတ်ဝေလျှက် ရှိသည့် August Myanmar Media Group မှ ဒုတိယအကြိမ်မြောက် မဂ္ဂဇင်းလွှဲပြောင်းရယူမှု အဖြစ် Next! Magazine အား အပြီးအပိုင် လွှဲပြောင်း ရယူခဲ့ပြီ ဖြစ်ပါသည်။
Next! Magazine အား ဖေဖော်ဝါရီလမှ စတင်ကာ August Myanmar Media မှ စတင် ထုတ်ဝေသွားမည် ဖြစ်ပါသည်။
ယခုလက်ရှိ ဂျာနယ်နှင့် မဂ္ဂဇင်းများအပြင် မကြာမီ အချိန်အတွင်းတွင်လည်း မြန်မာနိုင်ငံရှိ စာဖတ်ပရိတ်သတ် များအတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် Publication များကိုလည်း စီစဉ်ထုတ်ဝေ သွားမည့်အကြောင်း ကြိုတင်အသိပေး ပြောကြားအပ်ပါသည်။
The 4th exciting Stuff is coming soon!!
TechSpace Journal, Guide Magazine နှင့် Next! Magazine စာဖတ် ပရိတ်သတ်များကို August Myanmar Media Group မှ ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ကျေးဇူးတင်စကား ပြောကြားလိုက်ရ ပါသည်။
https://www.facebook.com/myanmarnext
August Myanmar Media Group
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room 11, Building 6/1, Yanaung Lane 3, Yankin Township
Yangon
11081