Design Ease

Design Ease

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Design Ease, Interior design studio, Yangon.

Photos from Design Ease's post 31/03/2026

အရင်က ဆွဲပေးခဲ့တဲ့ ID Design လေး

Photos from Design Ease's post 27/03/2026

Luxury ဆန်ဆန် client အသစ်အတွက် ဆွဲပေးခဲ့တဲ့ Design လေး

Photos from Design Ease's post 21/03/2026

Apartment တစ်ခုအတွက် ဆွဲပေးခဲ့တဲ့ Design လေး

Photos from Design Ease's post 18/10/2024
17/07/2024
Photos from Design Ease's post 13/07/2024

အဆောက်အအုံများဆေးသုတ်ခြင်းလုပ်ငန်း
( credit # ထန် ပီး #)

ဘယ်အဆောက်အအုံပဲဖြစ်ဖြစ်
ဆေးသုတ်ခြင်းကို ထိခိုက်ဖျက်ဆီး‌စေနိုင်တဲ့
အကြောင်းတရား 14 ခုရှိပါတယ်

1. Blistering and Peeling
Blistering and Peeling ဆိုတာကတော့ ဆေးအလွှာတွေကို ဖောင်းကြွစေတဲ့ ပြဿနာကိုဖြစ်စေပါတယ်။ ကျနော်တို့အသားအရည်မှာ အပူနဲ့ထိလို့ အရည်ကြည်ဖုများ ဖြစ်လာသလိုပါပဲ။ အဲလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ဆေးထဲမှာသော်လည်းကောင်း ဆေးကိုရောစပ်တဲ့ခါမှာလည်းကောင်း အစိုဓာတ်များ ဓာတ်ငွေ့များ အမဲဆီချောဆီ စသည်များပါဝင်ခြင်းကြောင့် ဆေးသားအလွှာအောက်မှာ လေပူပေါင်းကဲ့သို့ ဖြစ်ပေါ်လာပြီး
ဆေးအလွှာများကို ဖောင်းကြွစေခြင်းဖြစ်ပါတယ်။
ဒါကြောင့်မို့ အစိုဓာတ်‌ကြောင့်ဖြစ်တာဆိုရင် Blisteringဟုခေါ်ပြီး အမဲဆီချောဆီ စသည်တို့ ပါဝင်မှုကြောင့် ဖြစ်တာဆိုရင် Peeling ဟုခေါ်ပါတယ်။
Blistering and Peeling ဖြစ်ခြင်းတို့ကို အများအားဖြင့် တွေ့ရတတ်တာကတော့ ရာသီဒဏ်မခံနိုင်တဲ့ သစ်များ၊ နောက်ဆုံးအလွှာမှာ သုတ်တဲ့ final coat ဆေးတွေမှာ ဆီကိုအလွန်အကျွံ ရောစပ်အသုံးပြုတာ၊ ဆေးတလွှာနဲ့တလွှာအကြားမှာ ဓာတ်ငွေ့များပါရှိနေမှု စတာတွေကြောင့်ဖြစ်ပါတယ်။

အဲဒီလိုဖြစ်နေတဲ့ ရုပ်ဆိုးပျက်စီးနေတဲ့ ဆေးသားတွေကို ပြုပြင်တဲ့အနေနဲ့ ရေ‌ဆေးအသုံးပြုမယ့်အစား ဆီဆေးကို အသုံးပြုသင့်ပါတယ်။

2.Fading
Fading ဆိုတာကတော့ ဆေးသားအရောင်များ
ပြောင်းလဲသွားခြင်း မှေးမှိန်သွားခြင်းကို ဆိုလိုပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ atmospheric agencies များဖြစ်တဲ့ နေရောင်ခြည်နှင့်အဆိုဓါတ်တို့ကြောင့်ပင်ဖြစ်ပါတယ်။ အဲဒီလို fading ဖြစ်ခြင်း၊ အရောင်မှေးမှိန်ပြောင်းလဲသွားခြင်း၊ ရာသီဥတုဒဏ်များကိုကာကွယ်ရန်အတွက်
ဆေးကို ရောစပ်ရာတွင် resistance pigment ဟုခေါ်တော ဆိုးဆေးများကို ထည့်သွင်း ရောစပ်အသုံးပြုသင့်ပါတယ်။

3. Grinding
ဆေးသုတ်တဲ့နေရာမှာ အပေါ်ဆုံးဆေးလွှာဟာ အောက်ခံဆေးလွှာများကို ဖုံးအုပ်ကာကွယ်နိုင်ဖို့ လုံလောက်တဲ့အလင်းရောင်ရရှိဖို့လိုပါတယ်။
ထိုသို့အလင်းရောင်လုံလောက်စွာရရှိပဲ အပေါ်ယံလွှာမှ အောက်ခံဆေးလွှာကို ဖုံးအုပ်ကာကွယ်နိုင်ခြင်းမရှိသော နောက်ဆုံး‌ ဆေးအလွှာကို Grinding ဟုခေါ်ပါသည်။

4.Chalking
Chalking ဆိုတာကတော့ ဆေးသုတ်ထားတဲ့ မျက်နှာပြင်ပေါ် powder အမှုန့်များ ဖြစ်ပေါ်လာခြင်းဟုဆိုပါတယ်။ အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အောက်ခံ ဆေးအလွှာမှာ လုံလောက်တဲ့ ဆီ
ပါဝင်မှု အားနည်းလို့ပဲဖြစ်ပါတယ်။

5. Running
အလွန်ချောမွေ့ပြောင်လက်နေတဲ့မျက်နှာပြင်တွေကို
ဆေးသုတ်တဲ့အခါမှာ ဆေးသားများသည် တင်ကျန်မနေပဲ ဆေးများပြန့်နှံ့မှုမရှိ မျက်နှာပြင်ကို ဖုံးအုပ်နိုင်ခြင်းမရှိခြင်းတို့ကို ဆိုလိုပါတယ်။

6.Sagging
တချို့နေရာ ဆေးပါးပါးလေးသာ သုတ်ရမယ့်နေရာတွေမှာဆိုရင် ဆေးသားများဟာ အောက်ဘက်ကို ယိုပြီး စီးကျတတ်ပြီး sagging ပုံစံဖြစ်သွားပါတယ်။ ဒါက running ပုံသဏ္ဍာန်နဲ့ဆင်တူပေမယ့် စီးကျယိုစီးတဲ့ ဆေးသား sag တွေက ပိုပြီးပါးလွှာပါတယ်။

7.Flaking
ဆေးသားအလွှာများ ဆေးသုတ်တဲ့ မျက်နှာပြင်မှ ကွာကျသွားခြင်းကို flaking ဟုခေါ်ပါတယ်။ အဲ့သလိုဖြစ်ရတာကတော့ မျက်နှာပြင်နဲ့ ဆေးသား အလွှာတို့ရဲ့ စေးကပ်မှုအားနည်းလို့ဖြစ်ပါတယ်။
အဲဒီလိုမဖြစ်ဖို့အတွက် ဆေးမသုတ်ခင်မှာ အောက်ခံမျက်နှာပြင်ကို ကြမ်းတမ်းအောင် abrasive paper များနှင့် တိုက်ချွတ်ပေးရပါမယ်။

8.Blomming
Blomming ဖြစ်ရခြင်းကတော့ လေဝင်လေထွက်ကောင်းမွန်စွာ ရရှိခြင်းမရှိသောကြောင့်နှင့် ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ပါတယ်။
ဒါမျိုးဖြစ်စဉ်ဟာ ခေါင်မိုးမလုံ အစိုဓာတ်ကြောင့် မျက်နှာကျက်တွေမှာ အကွက်အကွက် ဖြစ်ပေါ်တတ်ပါတယ်။

9.Wrinkling
Wrinkling ဖြစ်ခြင်းကို ပါးလွှာတဲ့ဆေးသုတ်တဲ့လုပ်ငန်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ ဆေးသားမျက်နှာပြင်တွေဟာ တွန့်လိမ်သွားခြင်း အက်ကြောင်းအရာကဲ့သို့ဖြစ်ပေါ်ခြင်းများ သိရှိရပါတယ်။ ဒီလိုမျိုးဆိုးကျိုးတွေကိုကာကွယ်ရှောင်ရှားရန်အတွက် အောက်ခံ‌ ဆေးအလွှာများ လုံးဝ ခြောက်သွေ့သွားပြီဆိုပါ အပေါ်ယံဆေးများကို သုတ်သင့်ပါတယ်။

10. Flushing
မျက်နှာပြင်ပေါ်မှာ ချောမွေ့လုံးကျစ်နေတဲ့အကွက်များ ဖြစ်ပေါ်ခြင်းကိုဆိုလိုပါတယ်။ အဲလိုဖြစ်ရခြင်းကတော့ ဆေးအရည်အသွေး ညံ့ဖျင်းမှု၊ ရာသီဥတုဒဏ်ထိတွေ့မှုနဲ့ ဆေးသုတ်တဲ့သူရဲ့ အားနည်းညံ့ဖျင်းမှုတို့ကြောင့်ဖြစ်ပါတယ်။

11. Saponification
Saponification ဆိုတာကတော့ ဆေးသုတ်ထားတဲ့မျက်နှာပြင်တွေဟာ အယ်လ်ကာလီကဲ့သို့သော ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုကြောင့် ဆေးသားမျက်နှာပြင်များပျက်စီးသွားခြင်းကိုဆိုလိုပါတယ်။
ဒီဖြစ်စဉ်တွေမှာ soap patch လို့ခေါ်တဲ့ အကွက်အကွက်များဖြစ်ပေါ်ပြီး ဆေးသားအလွှာများ မျက်နှာပြင်မှ ကွာကျသွားပါတယ်။

12. Alligatoring
ဒီဖြစ်စဉ်ဟာ ဘာနဲ့တူလဲဆိုရင် alligatorများတွင် အက်ကြောင်း လှိုင်းတွန့်များကဲ့သို့ ဖြစ်ပေါ်ခြင်းနဲ့ ဆင်တူပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို အောက်ခံဆေးသားအပျော့တွေမှာ ဆေးသားပြင်းတဲ့ ဆေးတွေကို အပေါ်ယံမှာ ထပ်သုတ်ခြင်းကြောင့် တွေ့ရှိရတတ်ပါတယ်။ အဓိကအားဖြင့် ဆေးသား တလွှာနဲ့တလွှာ ဖျော်စပ်ပုံ ဆေးအပျော့အမာ မတူညီသော‌ ကြောင့်ဖြစ်ပါတယ်။ ဒါမျိုးဖြစ်စဉ် မဖြစ်ဖို့အတွက်
ဆီဆေးများကို အောက်ခံအလွှာတွင် အသုံးပြုသင့်ပါတယ်။

13. Checking
ဒီဖြစ်စဉ်ဟာ alligatoring နဲ့ဆင်တူပြီး အက်ကြောင်းအရာများဟာ ဧရိယာတစ်ခုအတွင်းမှာပဲဖြစ်နေပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို အေးတဲ့ဒေသတွေမှာ တွေ့ရှိရတတ်ပါတယ်။ အောက်ခံ ဆေးသားများ လုံလောက်တဲ့ခြောက်‌ သွေ့မှုမရှိလို့ ဖြစ်ပါတယ်။

14. Mildew
Mildew ဆိုတာကတော့ အလင်းရောင်မရှိတဲ့အခန်းတွေ အစိုဓါတ်များတဲ့နေရာတွေမှာ ဖားဥစွဲပြီး မှိုတက်နေသကဲ့သို့ ပုံစံရှိပါတယ်။ အဲသလိုဖြစ်လာပြီဆိုရင် မီးခိုး ရောင်အကွက်အကွက်များဖြစ်ပေါ်လာပါတယ်။ ယင်းမှတစ်ဆင့် မျက်နှာပြင်နဲ့ ဆေးသားအလွှာ စေးကပ်ကုတ်တွဲမှုကို အားနည်းစေပါတယ်။ ထိုသို့ ဆိုးကျိုးများ မဖြစ်စေရန်အတွက်
ဆေးသုတ်မည့် မျက်နှာပြင်ကို ဆေးမသုတ်ခင်မှာ
သန့်ရှင်း ခြောက်သွေ့အောင် လုပ်ဖို့အရေးကြီးပါတယ်။ အဲ့ဒီလို ဖားဥစွဲမှိုတက်နေတဲ့ အကွက်များဖြစ်ပေါ်လာပါက ကောင်းမွန်တဲ့ ဓာတုဆေးရည်နဲ့ တိုက်ချွတ်သင့်ပါတယ်။

Photos from Design Ease's post 20/06/2024

Great ideas for lighting interior stairs

Photos from Design Ease's post 10/06/2024

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address


Yangon