Myanmar Gift Store

Myanmar Gift Store

Share

Our store specialize in providing quality souvenirs for our customers. Our crafted products include Fridge Magnets, Plates, Monuments, Key rings and Flag pins.

We offer high quality souvenir products with affordable price.

03/03/2024

For a change, thinking of doing things that make me happy instead of for money. This link will be the diary of the journey to my last dream. Keep in touch, friends....

https://www.facebook.com/profile.php?id=100086972456766&mibextid=JRoKGi

Lavender Hill မေမြို့ Dreaming of waking up on a hill top, sipping coffee at front porch looking over the lavender field ....

Photos from Myanmar Gift Store's post 16/07/2023

Lavender ချစ်သူတွေအတွက် မြန်မာပြည်မှာ စိုက်လို့အဆင်ပြေမယ့်မျိုးကတော့ Fernleaf lavender (Lavandula Multifida)။ ရန်ကုန်လို မိုးများတဲ့နေရာမျိုးမှာဆိုရင်တော့ October ကနေပြီး May လောက်အထိသာ ခံမယ်ထင်ပါတယ်။ မိုးဆက်တိုက်ရွာနေတယ့်ရက်တွေမှာ မိုးမစိုအောင်ထားပြီး grow light နဲ့ စိိုက်နိင်ရင်တော့ နှစ်ရှည်ခံပါမယ်။ မိုးသိပ်မများတဲ့ မေမြို့လို နေရာမျိုးမှာစိုက်ရင်တော့ ၂-၃ နှစ်ခံမယ်မှန်းတယ်။ November 2022 ကစစိုက်တာ အခု July 2023 အထိ ရှင်သန်နေတုန်း၊ အပွင့်တွေလဲ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ပေးနေတုန်း။ အပင်ကနုတော့ ဂရုစိုက်ရပေမယ့် တောက်လျောက်ပွင့်ပေးနေလို့ ဂရုစိုက်ရကျိုးနပ်ပါတယ်။ နိင်ငံခြားမှာလို lavender ပန်းခင်းကြီး ဖြစ်အောင်စိုက်နိင်ရင်တော့ တော်တော်လှမယ်ထင်တာဘဲ။ အခုတော့ စိတ်ကူးယဉ်ယုံဘဲတတ်နိင်သေးတယ်။

Photos from Myanmar Gift Store's post 12/07/2023

တိုက်နဲ့နေ ကားနဲ့သွားတဲ့ ဘဝကနေ၊ တဲနဲ့နေ ဆိုင်ကယ်နဲ့သွားတဲ့ ဘဝဖြစ်သွားပြီ။ ဘဝကြီးက တိုးတက်လာတာလား ဆုတ်ယုတ်သွားတာလား မဝေခွဲတတ်တော့ပါဘူး။ စိတ်ချမ်းသာဖို့က အရေးကြီးဆုံးဘဲ😁။

Photos from Myanmar Gift Store's post 19/06/2023

မေမြို့ပြောင်းနေမယ်လို့ စဉ်းစားပြီး ကြိုးစားနေတာ တနှစ်လောက်ရှိပြီ။

ငယ်တုန်းကသာ ရန်ကုန်မှာနေရတာပျော်ပေမယ့် ကြီးလာတော့ စိတ်ညစ်လာတယ်။ နွေဆို ပူ၊ မိုးတွင်းကျတော့ မိုးရက်ဆက်ရွာနဲ့ နေလို့ကောင်းတာ ဆောင်းတွင်း ၃လသာရှိတဲ့မြို့။ အရင်ကတော့ အဲကွန်းလေးအားကိုးပြီး နေနေလို့ရပေမယ့် အခုလို မီးမမှန်တဲ့ခေတ်မှာ ပိုသိသာလာပြီ။
စီးပွားရေးကြောင့် ရန်ကုန်မှာ ကုတ်ကပ်နေရအောင်ကလဲ ကိုယ့်စီးပွားရေးက နိင်ငံခြားသားတွေအမှီပြု့နေရတာဆိုတော့ ဒီခေတ်မှာ နလန်ပြန်ထနိင်ဖို့မမြင်။ တခြားစီးပွားရေးပြောင်းလုပ်ဖို့ကလဲ ကိုယ်နှစ်သက်ပြီးရေရှည်လုပ်နိင်မယ့် စီးပွားရေးဘဲလုပ်ဖို့စိတ်ကူးထားတော့ လောလောဆယ် ဘာမှလုပ်စရာမမြင်။ ဒီအသက်အရွယ်ရောက်မှတော့ လခစားလဲ ပြန်မလုပ်ချင်တော့။တဖြည်းဖြည်းနဲ့ ရန်ကုန်မှာ နေစရာအကြောင်းက နဲနဲလာတယ်။

နောက်ပြီး အစစအရာရာအဆင်ပြေအောင် မြို့ထဲနီးနီးနားနားနေတော့ အိမ်နီးနားချင်းပြဿနာက အကြီးဆုံးဘဲ။ ဘယ်ဘက်တိုက်က ၆ခန်း ညာဘက်တိုက်က ၆ခန်း အိမ်နောက်ဖေး တိုက်က ၁၂ခန်း အိမ်
ရှေ့တိုက်က ၁၂ခန်း စုစုပေါင်း တိုက်ခန်း ၃၆ ခန်းမှာနေတဲ့ လူတွေအကုန်က ကိုယ့်အိမ်နီးနားချင်းတွေဖြစ်လာပြီး သူတို့ဒဏ် စုပြုံခံရ။ အပျင်းထူပြီး ထမင်းကျန်ဟင်းကျန်တွေ ပစ်ချကြ၊ ခွေးမွေးတဲ့သူကမွေး၊ အမှိုက်တွေအမြဲပြစ်ချ၊ ကားနေရာလုကြနဲ့ ပြဿနာပေါင်းစုံ။

ရန်ကုန်ကလူတွေကလဲ အတ္တကကြီးကြီး။ ကိုယ့်ကျိုးဖက်တာ အသားကျနေကြတော့ အမှန်အမှားလဲကောင်းကောင်းမမြင်၊ စည်းကမ်းကလဲမဲ့၊ လူလည်ကျတာကလဲ အလွန်။ ဒီလိုလူမျိုးတွေနဲ့စရိုက်မတူလို့ ပေါင်းမရတော့ ကိုယ့်အခန်းထဲမှာဘဲ အိမ်တွင်းပုန်းနေဖြစ်ပြီး ထောင်ကျသလိုခံစားရ။ တဖြည်းဖြည်းနဲ့ လူတွေကြားထဲမှာနေရတာကို စိတ်ကုန်လာတယ်။

ဒါတွေကြောင့် တနှစ်ပါတ်လုံး ရာသီဥတုမျှတတဲ့ မေမြို့ကို ပြောင်းဖို့ဆုံးဖြတ်ခဲ့မိတာ။ လူတွေနဲ့ဝေးဝေးနေလို့ရအောင် မြို့ထဲမှာမနေဘဲ မြို့ပြင်က ရွာလေးတရွာရဲ့ မလှမ်းမကမ်းက ခြံကျယ်ကျယ်ထဲ အိမ်ဆောက်နေဖို့ စီစဉ်ထား။ အပင်တွေ ပြုစုပျိုးထောင်ရတာ ဝါသနာပါတော့ အပင်တွေနဲ့ ဆက်စပ်တဲ့စီးပွားရေးလေး လုပ်မယ် စိတ်ကူးမိပြန်။ဝင်ငွေမကောင်းရင်တောင်မှာ စားစရိတ်လေးကာမိပြီး အပင်လေးတွေရှင်သန်ကြီးထွားလာတာ မြင်ရလို့ စိတ်ချမ်းချမ်းသာသာနေရရင် ကျေနပ်ပါပြီ။

ကိုယ့်စိတ်ကူးကို ပြောပြမိတဲ့သူတွေအကုန်လုံးထဲမှာ အကောင်းပြောသူတယောက်မှမပါ။ လူသူကင်းတဲ့နေရာမှာ ကြာကြာမနေနိင်ဘူး ပြောသူပြော၊ ပင်ပမ်းတဲ့စိုက်ပျိုးရေးကို လုပ်ရမလား ဆူသူကဆူ၊ မင်းရူးနေပြီလို့ မပြောသေးတာဘဲ ကျေးဇူးတင်နေရတယ်။
ရေမရှိ၊ မီးမရှိ နေရာမှာ နေဖို့ကြံစည်နေတာမို့လို့ ခက်ခက်ခဲခဲကြိုးစားရမယ်ဆိုတာ တွက်မိပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေက တဇောက်ကန်းလုပ်တတ်ပြီး ဇွဲကြီးတယ်လို့ အထင်ခံရတဲ့ သူတယောက်အနေနဲ့ လွယ်လွယ်နဲ့တော့ လက်လျော့လိုက်ဖို့တွေးမရ။ ဘဝရဲ့ အကျချိန်မှာရောက်နေတဲ့သူအတွက် ၅နှစ်လောက်ရင်းရလဲ ဘာမှမဖြစ်လောက်ဘူးထင်။ အဲ့တော့ ၆၀မပြည့်ခင် ကိုယ်လုပ်ချင်တာလုပ်မယ်ကွာဆိုပြီး အရူးထလိုက်ဦးမယ်😂😂

09/06/2023

အလုပ်ကိစ္စနဲ့ ပြင်ဦးလွင်ကို ရောက်နေလို့ အရောင်း ခေတ္တပိတ်ထားပါတယ်။ အဆင်မပြေမှု့တွေရှိခဲ့ရင် ခွင့်လွတ်ပါလို့ တောင်းပန်ပါတယ်။ ရန်ကုန်ပြန်ရောက်တဲ့အချိန် အရောင်းပြန်ဖွင့်ပါမယ်။

Photos from Myanmar Gift Store's post 23/03/2023

မြန်မာနှစ်သစ်ကူးကိုကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ မနက်ဖြန် (၂၄/၃/၂၀၂၃)က စပြီး ဧပြီလအကုန်ထိ ကျောက်သားပန်ချီ (Fridge Magnet)မှာယူသူများအတွက် ၆ခုပါ တဗူးကို အထူးဈေး ၁၈၀၀၀ကျပ်ဖြင့် ရောင်းချပေးသွားပါမယ်။
ရွေးချယ်လို့ရမယ့် ပစ္စည်းလေးတွေကို အောက်ပါ link မှာ အသေးစိတ်ကြည့်ရှု့ရွေးချယ်နိင်ပါတယ်။
https://m.facebook.com/story.php?story_fbid=129913863308228&id=100088688439709&mibextid=Nif5oz

Photos from Myanmar Gift Store's post 02/02/2023

ဒီ ကျောက်သားပန်ချီပန်ကန်ပြား လေးတွေက စာပွဲမျက်နှာပြင်ပေါ်မှာ အလှထားရုံမက ဒီလိုနံရံပေါ်မှာအမျိုးမျိုးဆင်ပြီး ထားလို့လဲ အဆင်ပြေပါတယ်နော်😁။ စိတ်ဝင်စားပါက ၀၉၇၇၉၉၂၂၃၀၁ ကိုဆက်သွယ်ပါ။

Photos from Myanmar Gift Store's post 01/02/2023

MYANMAR ATTRACTIONS DECORATIVE PLATE

မြန်မာနိင်ငံရဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ အာနန္ဒာ၊ ကုသိုလ်တော်၊ မန္တလေးနန်းတွင်း၊ အင်းလေး၊ ငပလီတို့ကို ကျောက်သားပေါ်မှာ ဆေးရောင်စုံဖြင့် ရုပ်လုံးကြွအောင် ဆေးချယ်ထားတယ့် ကျောက်သားပန်းချီပန်ကန်ပြားပါ။

ဒီ ၆"အချင်းရှိတဲ့ ကျောက်သားပန်းချီပန်ကန်ပြားကို တန်ဖိုး ရှစ်ထောင် (၈၀၀၀)ကျပ် သတ်မှတ်ထားတယ်။

အိမ်နံရံမှာ ချိတ်ဆွဲလို့လဲရ၊ စားပွဲပေါ်မှာ ထောင်ထားလို့လဲ အဆင်ပြေတဲ့ ဒီလက်ဆောင်ပစ္စည်းကို နိင်ငံခြားခရီးသွားအမှတ်တရ လက်ဆောင်ဖြစ်ဖြစ်၊ မြန်မာပြည်မှဝေးနေသူများကိုအမှတ်တရလက်ဆောင်ဖြစ်ဖြစ် ပေးဖို့ ထုပ်လုပ်ထားတာပါ။

Photos from Myanmar Gift Store's post 31/01/2023

GOLDEN ROCK DECORATIVE PLATE

မြန်မာနိင်ငံရဲ့ အထင်ကရဖြစ်တဲ့ ကျိုက်ထီးရိုးစေတီကို ကျောက်သားပေါ်မှာ ဆေးရောင်စုံဖြင့် ရုပ်လုံးကြွအောင် ဆေးချယ်ထားတယ့် ကျောက်သားပန်းချီပန်ကန်ပြားပါ။

ဒီ ၆"အချင်းရှိတဲ့ ကျောက်သားပန်းချီပန်ကန်ပြားကို တန်ဖိုး ရှစ်ထောင် (၈၀၀၀)ကျပ် သတ်မှတ်ထားတယ်။

ကျိုက်ထီးရိုးဘုရားနဲ့ ဝေးရာအရပ်မှာ နေရတဲ့သူတွေအတွက် ဘုရားစင်ပေါ်မှာတင်ပြီး ပူဇော်ဖို့လဲ အဆင်ပြေ၊ အိမ်နံရံမှာ ချိတ်ဆွဲလို့လဲရ၊ စားပွဲပေါ်မှာ ထောင်ထားလို့လဲ အဆင်ပြေတဲ့ ဒီလက်ဆောင်ပစ္စည်းကို နိင်ငံခြားခရီးသွားအမှတ်တရ လက်ဆောင်ဖြစ်ဖြစ်၊ မြန်မာပြည်မှဝေးနေသူများကိုအမှတ်တရလက်ဆောင်ဖြစ်ဖြစ် ပေးဖို့ ထုပ်လုပ်ထားတာပါ။

Photos from Myanmar Gift Store's post 30/01/2023

SHWEDAGON DECORATIVE PLATE

မြန်မာနိင်ငံရဲ့ အထင်ကရဖြစ်တဲ့ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီကို ကျောက်သားပေါ်မှာ ဆေးရောင်စုံဖြင့် ရုပ်လုံးကြွအောင် ဆေးချယ်ထားတဲ့ ကျောက်သားပန်းချီပန်ကန်ပြားပါ။

ဒီ ၆"အချင်းရှိတဲ့ ကျောက်သားပန်းချီပန်ကန်ပြားကို တန်ဖိုး ရှစ်ထောင် (၈၀၀၀)ကျပ် သတ်မှတ်ထားတယ်။

ရွှေတိဂုံဘုရားနဲ့ ဝေးရာအရပ်မှာ နေရတဲ့သူတွေအတွက် ဘုရားစင်ပေါ်မှာတင်ပြီး ပူဇော်ဖို့လဲ အဆင်ပြေ၊ အိမ်နံရံမှာ ချိတ်ဆွဲလို့လဲရ၊ စားပွဲပေါ်မှာ ထောင်ထားလို့လဲ အဆင်ပြေတဲ့ ဒီလက်ဆောင်ပစ္စည်းကို နိင်ငံခြားခရီးသွားအမှတ်တရ လက်ဆောင်ဖြစ်ဖြစ်၊ မြန်မာပြည်မှဝေးနေသူများကိုအမှတ်တရလက်ဆောင်ဖြစ်ဖြစ် ပေးဖို့ ထုတ်လုပ်ထားတာပါ။

Photos from Myanmar Gift Store's post 27/01/2023

ဒီ ကျောက်သားပန်ချီ (fridge magnet) လေးတွေက ရေခဲသေတ္တာမျက်နှာပြင်မှာ အလှဆင်ရုံမက ဒီလို whiteboard ပေါ်မှာဆင်ပြီး ဧည့်ခန်းမှာ (ကြွား) ထားလို့လဲ အဆင်ပြေပါတယ်နော်😁။ စိတ်ဝင်စားပါက ၀၉၇၇၉၉၂၂၃၀၁ ကိုဆက်သွယ်ပါ။

Want your business to be the top-listed Convenience Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Ahlae Street, Kyimyindaing
Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00