Auto-Lab : Car Workshop
*အင်ဂျင်၊အောက်ပိုင်း၊ဝါယာရိန်း၊အဲယာကွန်း၊တာယာ *
08/06/2025
🇲🇲ပစ္စည်းမှန်စျေးမှန်ကြိုက်တဲ့မိတ်ဆွေများအတွက်🇲🇲
🚘ကားမပြင်ခင် ပစ္စည်းစျေးနှုန်းကြိုသိဖို့🚘
-online shopping လိုရှာရလွယ်တယ်။
-မြန်မာစာနဲ့ရေးထားလို့နာလည်လွယ်တယ်။
-ဖုန်း၊ကွန်ပြူတာကကြည့်လို့ရတယ်။
-လက်ရှိပေါက်စျေး အချိန်နဲ့တပြေးညီသိနိင်မယ်။
-သက်မှတ်ဝပ်ရှော့မှာ အဲ့စျေးနဲ့တပ်ဆင်နိင်တယ်ဆိုတော့ စျေးနှုန်းအတွက်ယုံကြည်စိတ်ချရပြီပေါ့။
🥁ဘောင်ချာမှာapplication QR code နဲ့ password ပါပြီးသားမို့ တစ်ကြိမ်တော့ကားလာပြကြည့်ဗျာ။🥁
🚨Auto Lab Carwork Shop🚨
အမှတ် ၅၀ ဗထူးလမ်း ၄၃ ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း၀၉၇၈၄၆၁၀၈၅၁
20/01/2025
🇲🇲🇲🇲ပြီးခဲ့တဲ့လမှာတော့ ဝါယာရိန်းကားတွေ အားပေးကြမ်း🇲🇲🇲🇲
🚘 စက်နိုးမရ ၊ မီးလိုင်မရ ၊ စီယာတိုင်မရ ၊အဲယာကွန်းမရ ၊ တစ်စီးလုံးဝါယာရိန်းလိုက်ပေးရတဲ့ရေမြုပ် honda fit။
🚘 အဆွဲအရုံးမပါ ၊ဂီယာမီးပျောက် ၊စက်နိုးခက်တဲ့ nissan cedric ။
🚘 ဒိုင်ခွက်မီးမရ ၊ ဆင်ဂနယ်မီးလုံးတွေဖြုတ်ထား၊ ဆားကစ်ပြားပျက်၊ဝါယာရိန်ကြိုးတွေမှားတပ်ထားတဲ့ လက်လွန်ကြက်သွန် hijet ။
🚘 အဲယာကွန်းမရလိုစစ်ပေးလိုက်မှ မီးလိုင်း၊fan လိုင်းတွေပါပျောက်၊ fan relay ကိုအင်ဂျင်ဝိုင် switch နဲ့ဂရောင်းချရဲတဲ့ဆရာကြီးများရဲ့လက်ပူတိုက် carry ။
🤪🧐 ပညာတွေရပါပေ ။ 😍🥰
28/01/2024
🇲🇲🇲🇲စီယာတိုင်ဂန်းဝိုက်ဆီးလဲ၊ဂန်းဘွတ်ခုတ်ခြင်း။🇲🇲🇲🇲
🚩စီယာတိုင်ဂန်းဆီယို၊ဂန်းသံပေးလာပြီဆိုရင်တော့ဂန်းဝိုက်ဆီးလဲမလား?ဂန်းဘွတ်ခုတ်ရမလား?ဂန်းအသစ်or ဂျပန်ကျလဲမလား?ဆုံးဖြတ်ရပြီ။🚗
🚩ငွေနိင်ရင်ပစ္စည်းသစ်ရရင်အသစ်လဲ။မရရင်တော့အသက်သာဆုံးနဲ့အသင့်တော်ဆုံးကဂန်းဝိုက်ဆီးလဲorဂန်းဘွတ်ထိုးတာပါ။ရှပ်ဆိုဒ်မကျသေးရင်၊အာလိမ်တွေမနာသေးရင် စိတ်ချလက်ချသုံးလို့ရတယ်။မရမှဂျပန်ကျလဲသင့်ပါတယ်။ဂျပန်ကျက အတွင်းကလီစာတွေမမြင်ရတဲ့အတွက်ဘယ်လောက်ခံမလဲသေခြာမသိနိင်။🚗
🚩ဂန်းဝိုက်ဆီးလဲမယ်ဆိုရင်
🥇အာလိမ်ပင်နယံ၊ဘေား၊အဂျက်စစ်ဆေးပေးခြင်း၊
🥇ရှပ်ဆိုဒ်မှန်မမှန်တွင်ခုံပေါ်မှာတင်စစ်ခြင်း၊
🥇အစင်းရာများစစ်ဆေးခြင်း၊
🥇ရှပ်ရဲ့မျက်နှာပြင်ချေားမွေမှု surface finishing တန်ဖိုး Ra 16 ထိရအောင် polish တင်ပေးခြင်း၊
🥇နည်းမှန်လမ်းမှန်နဲ့ဂန်းဝိုက်ဆီးတပ်ဆင်ခြင်၊
🥇ကားမှာမတပ်ဆင်မီpump pressure အတိုင်းဆီဖိအားပေးပြီးယိုစိမ့်မှု့ရှိမရှိစစ်ဆေးခြင်း၊
🥇မော်တာဂန်းဘွတ်တွင်ခုံခုတ်ရာတွင်လည်းလိုချင်တဲ့ဆိုဒ်ရအောင်mini grinderသုံးပြီးအတိအကျပြုလုပ်ပေးပါတယ်။🚗
🚨Auto Lab Car-Work Shop🚨
အမှတ် ၅၀ ဗထူးလမ်း ၄၃ ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း၀၉၇၈၄၆၁၀၈၅၁
https://maps.app.goo.gl/w9FSprYbgAGfKQCz6
10/06/2023
🚘 ကျူးနင်းမလုပ်သင့်သောကား🚘
⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️⚔️
🥁အဆွဲးအရုန်းကျ၊မီးသံခေါက်၊Lean mixture , rich mixture ဖြစ်ရင် အင်ဂျင်ကျူးနင်းလုပ်ဖိုဘဲတိုက်တွန်းတတ်ကြတယ်။🥁
🥁မလုပ်သင့်တဲ့ကား၊လုပ်စရာမလိုတဲ့ကားတွေရှိပါတယ်။🥁
🚩-အင်ဂျင်ကျလို့အဆွဲးအရုံးကျ၊မီးသံခေါက်နေတဲ့ကား။
🚩-အင်ဂျင်ဝိုင်ပျောက်၊ကွန်ပရပ်ရှင်းမတောင့်တဲ့ကား။
🚩-၆ လအတွင်းကျူးနင်လုပ်ပြီးသောကား။
🚩-ကာဗွန်ဂျိုးမရှိဘဲ O2 ဆင်ဆာကြောင့် lean mixture, rich mixture ဖြစ်နေတဲ့ကား။
🚩-ကာဗွန်ဂျိုးမရှိဘဲ ပလပ်ကြောင့်၊ဆီကြောင့် မီးသံခေါက်တဲ့ကား။
🚩-fuel pump နဲ့ filter ကြောင့် lean mixture ဖြစ်နေတဲ့ကား။
🚩-လေပိုက်၊အင်းလက်မန်နီဖိုဒ်မလုံလို့ lean mixture ဖြစ်တဲ့ကား။
🚩-လေစစ်ပိတ်လို့ rich mixture ဖြစ်တဲ့ကား
တွေဘဲဖြစ်ကြပါတယ်။ ။
🚨ကျိုးနိင်တဲ့high pressure injector ပါတဲ့ကား ဆိုရင် ဓါတ်ဆီထဲထည့်တဲ့ injector cleaner ဆေးရည်နဲ့ဘဲဆေးသင့်တယ်။🚨
🚨ဆေးပြင်းတွေ၊ acid ဆန်တဲ့ဆေးတွေနဲ့ ပြောင်ဝင်းနေအောင်မဆေးသင့်ဘူး။ ဗားဟာတာ၊မလိုအပ်တဲ့အစိတ်အပိုင်းတွေစားသွားတာဖြစ်နိင်တယ်။ ။🚨
🚖Auto Lab Car workShop🚖
အမှတ် ၅၀ ဗထူးလမ်း ၄၃ ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း၀၉၇၈၄၆၁၀၈၅၁
google map
https://maps.app.goo.gl/LVwyK9LHiD1kcJqv6
ကိုဗစ်ရယ်ငစစ်ဒါဏ်ကြောင့်အားနာပြီးပို့စ်မတင်ဖြစ်တာကြာပြီ။ ။
16/10/2022
ရှော့ဘာပြဿနာ
🚘🚘🚘🚘🚘🚘
⭐ဒီနေ့တော့ ရှော့ဘာဘောထိုင်နဲ့ရှော့ဘားမကောင်းလို့လာတဲ့ကားက များတယ်။
⭐ရှော့ဘားဘေားကွဲးတဲ့ကားက အကွေ့မှာ မှအသံပေးတယ်။မသိရင်ဒူးဇစ်သံလိုဘဲ။
⭐ရှော့ဘားကျနေတဲ့ကားက လမ်းနည်းနည်းကြမ်းရင်အသံပေးတယ်။ဂန်းသံလိုလို၊လင့်ချောင်တာ၊ဘရိတ်ဂိုင်းချောင်တာလိုဘဲ။
⭐အခြားကား၂စီးကတော့ ပြင်လုံးရှော့ဘားတွေထည့်လာတာမို့သူ့ဆိုင်ကိုဘဲ ပြန်ညွှန်လိုက်တယ်။
Auto-Lab Car workshop
အမှတ်၅၀ ဗထူးလမ်း ၄၃ ရပ်ကွက် မြောက်ဒဂုံ
ဖုန်း၀၉၇၈၆၁၀၈၅၁
10/06/2022
🚘အလိုင်းမင့်နဲ့ဂွေတာယာ🚘
🚩အလိုင်းမင့်ဘယ်လောက်ချိန်ချိန်စိတ်တိုင်းမကျဖြစ်နေတာလား?
🚩အောက်ပိုင်းလုပ်ထားတာတောင် စီယာတိုင်လာတိုးနေတုန်းဘဲလား?
🚩wheel balancing နဲ့ ဂွေ၊တာယာ alignmentချိန်ဖို့မမေ့ပါနဲ့။
🚩အောက်ပိုင်းနှစ်သိန်းကျော်ကုန်ထားတာတောင်အဆင်မပြေတဲ့ကား၊နာရီဝက်လောက်နဲ့အဆင်ပြေအောင်လုပ်ပေးလိုက်ပြီ။
🚨Auto Lab Carwork Shop🚨
အမှတ် ၅၀ ဗထူးလမ်း ၄၃ ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း၀၉၇၈၄၆၁၀၈၅၁
28/05/2021
🇲🇲ဟိတတ်ခြင်း(over heat)🇲🇲
🥁🥁🥁🥁🥁🥁🥁🥁
🚘ကားတော်တော်များကြုံရတဲ့ဟိတတ်ခြင်း။🚘
🚀ဘာကြောင့်ဟိတတ်လဲ?
🚀ဘယ်လိုကြိုသိနိင်လဲ?
📍ဘာကြောင့်ဟိတတ်လဲ?
-တာမိုစတတ်ပိတ်ခြင်း၊အပြည့်မပွင့်ခြင်း၊
-ရေအအေးခံradiatorပိတ်ခြင်း၊
ချေးများခြင်း၊
-ရေတိုင်ဂီအဖုံးမကောင်းခြင်း၊
-ရေလမ်းကြောင်းယိုစိမ့်မှုရှိခြင်း၊
-ရေလည်အုံပျက်ဆီးခြင်း၊
-ပန်ကာလည်ပတ်မှု့မမှန်ခြင်း၊
-ဟိဂိတ်မကောင်းခြင်း၊
-ဂတ်စကတ်ပေါက်ခြင်း၊
-ဟတ်နှင့်ဘလောက်အက်ကြောင်းရှိခြင်း၊
📍ဘယ်လိုကြိုသိနိင်လဲ?
တာမိုစတတ်ပိတ်ခြင်း၊အပြည့်မပွင့်ခြင်း၊
တာမိုစတတ်မကောင်းရင်ပူနေတဲ့ရေကradiatorနဲ့အအေးမခံရဘဲအင်ဂျင်ထဲသာလည်ပတ်နေရတဲ့အတွက်ဟိတတ်ပါတယ်။waterပိုက်အပူနဲ့တင်းအားကိုစစ်ဆေးခြင်း၊တာမိုစတတ်ဖြုတ်စစ်ဆေးခြင်းနဲ့သာသိနိင်ပါတယ်။
📍ရေအအေးခံradiatorပိတ်ခြင်း၊ချေးများခြင်း၊
တာမိုစတတ်ကောင်းတယ်၊၊အခြားပြသနာမရှိရင်radiatorအဝင်နဲ့အထွက်ပိုက်စစ်ဆေးခြင်းဖြင့်သိနိင်ပါတယ်။ဆေးကြောဖို့လိုအပ်ပါတယ်။
📍ရေတိုင်ဂီအဖုံးမကောင်းခြင်း၊
ရိုးရိုးရေက100°Cအငွေ့ပျံတယ်။coolantကောင်းရင်105°Cလောက်မှာအငွေ့ပျံမယ်။အဖုံးကောင်းရင်10to16psiဖိအားကြောင့်coolantက115°Cလောက်မှာအငွေ့ပျံပါမယ်။fanက97°Cလောက်မှာစလည်ပြီးcoolantအငွေ့မပျံအောင်max 105°C အောက်မှာသာအလုပ်လုပ်စေပါတယ်။အဖုံးမကောင်းရင်coolantကအငွေ့ပျံလေခိုပြီးဟိတတ်စေတယ်။ရေလည်အုံကိုထိခိုက်စေပါတယ်။အဖုံးကိုမျက်မြင်စစ်ဆေးခြင်း၊pressure gauge နဲ့လေထိုးစစ်ဆေးပြုလုပ်နိင်ပါတယ်။အဖုံမှာပါတဲ့နံပတ်အတိုင်းသတ်မှတ်ဖိအားခံနိင်တဲ့အဖုံးသာအသုံးပြုရပါမယ်။
📍ရေလမ်းကြောင်းယိုစိမ့်မှုရှိခြင်၊
ရေတိုင်ဂီအဖုံးဖွင့်စစ်လို့နေတိုင်းရေနည်းနည်းလိုက်ဖြည့်နေရရင်ယိုစိမ်းမှုရှိနေပြီ။ pressure gauge နဲ့လေထိုးစစ်ဆေး နိင်ပါတယ်။
📍ရေလည်အုံပျက်ဆီးခြင်း၊
ဟိတတ်လို့ရေငွေ့ပျံလေပူပေါင်းထရင်ရေလည်အုံဒလက်မှာဖိအားမညီတုန်ခါမှုဖြစ်ပြီးပျက်ဆီးစေပါတယ်။ကြက်ဖင်လို့ခေါ်တဲ့အပေါက်ကနေရေစိမ့်တတ်ပါတယ်။
📍ပန်ကာလည်ပတ်မှု့မမှန်ခြင်း၊
ပန်ကာရွက်ချောင်နေတာ၊ဝါယာပြောင်းပြန်တတ်မိလို့ပြောင်းပြန်လည်တာ၊မော်တာသက်တမ်းကုန်လို့အပတ်ရေပြည့်မလည်နိင်တာ၊ကာဗွန်ကုန်လို့အလည်နည်းတာ၊fuse relay မကောင်းလို့ high speed မလည်တာ၊သက်မှတ်အပူချိန်မှာစမလည်တာတွေပါဘဲ။
📍ဟိဂိတ်မကောင်းခြင်း၊
ဟိဂိတ်မကောင်းရင်အပူချိန်မှန်ကိုမပြတဲ့အတွက်fanလည်ပတ်ချိန်မမှန်တော့ပါဘူ။scan toolဖြင့်fanစလည်အပူချိန်စစ်ဆေးခြင်း၊
အင်ဂျင်တကယ်အပူချိန်နဲ့ scan tool ထဲပြသောအပူချိန်မှန်မမှန်တာမိုမီတာနဲ့စစ်ဆေးဖို့လိုပါတယ်။
📍ဂတ်စကတ်ပေါက်ခြင်း၊
ဂတ်စကတ်ပေါက်ရင်အင်ဂျင်ထဲကလေပူတွေကရေလမ်းကြောင်းထဲရောက်လာတဲ့အတွက်ဟိတတ်စေပါတယ်။ရေတိုင်ဂီအဖုံးကနေလေဘောလုံးထလာတာကိုစစ်ဆေးသိရှိနိင်ပါတယ်။
📍ဟတ်နှင့်ဘလောက်အက်ကြောင်းရှိခြင်း၊
ဘာပြစ်ချက်မှရှာမတွေ့ဘူး၊ဟိလည်းခဏခဏတတ်နေရင်ဟတ်နှင့်ဘလောက်အတွင်းပိုင်းအက်ကြောင်းကြောင့်ဖြစ်နေတတ်ပါတယ်။
📍အထက်ပါအချက်တွေအပြင်လမ်းခရီးရောက်မှရေစလုပ်၊ရေတိုင်ဂီအပေါ်ဖုံးအောက်ဖုံးအက်ရေယိုပြီးဟိတတ်တတ်တယ်။အဖုံးတွေရဲ့ကြွပ်ဆပ်မှု့၊အက်ကြောင်းရာများကိုစစ်ဆေးပေးဖို့လိုပါတယ်။
📍စစ်ဆေးမှု့အဆင့်တိုင်းမှာသဘာနဲ့ပညာလိုအပ်လို့ကျွမ်းကျင်သူတွေနဲ့သာစစ်ဆေးဖို့အကြံပြုလိုပါတယ်။
Auto-Lab Car Workshop
ကျောင်းကွေ့မှတ်တိုင်အနီး
ဗထူးလမ်း၊၄၂ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း၀၉၇၈၄၆၁၀၈၅၁
15/05/2021
🇲🇲အင်ဂျင်ဝိုင်ဂျိုးများတဲ့ကား🇲🇲
🥁🥁🥁🥁🥁🥁🥁🥁
📍ကာပြင်သူဆီကကားကောင်းကြောင်းကြားရတော့လည်းပင်ပန်းသမျှဝမ်းသာရပါတယ်။🚗
📍ပေါင်မြိုကကားကြောသန့်သန့်Klugerကားလေးအင်ဂျင်ဝိုင်စက်နဲ့လဲချင်လို့တကူတကလာခဲ့တာ။ အင်ဂျင်ဝိုင်ဂျိုး(slugs)တွေကမာကြောဂွတ်တတ်နေတော့စက်နဲ့မနိင်တော့ဘူ။အထက်အောက်၊ပါခြမ်းဖွင့်ပြီးဆေးကြေားပေးလိုက်တယ်။လိုအပ်တာတွေပါပြင်ပေးလိုက်တယ်။အရင်ကထက်အဆွဲအရုံးပေါ့၊မောင်းလို့ကောင်းသွားတယ်လို့အကြောင်းပြန်လာတော့ပီတိဖြစ်ရပါတယ်။🚗
📌ခက်ခဲနေတဲ့ကာလကြီးမှာအားလုံးစိတ်ချမ်းသာရှိကြပါစေဗျာ။📌
Auto-Lab Car Workshop
ကျောင်းကွေ့မှတ်တိုင်အနီး
ဗထူးလမ်း၊၄၂ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း၀၉၇၈၄၆၁၀၈၅၁
03/01/2021
🇲🇲ငုပ်ကောင်ဖမ်းခြင်း🇲🇲
🥁🥁🥁🥁🥁🥁
🚘Perjero 6G74🚘
-လေတံခါးကုပ်တတ်
-O2ဆင်ဆာကုပ်တတ်
-fuel pressure ဆင်ဆာကုပ်တတ်
-စလိုးမငြိမ်
-မီးပွိုင်မှာတခါတရံစက်သေ
-လီဘာနင်းမပါအင်ဂျင်ကျချင်သလိုဖြစ်
📍စလိုး rpm 1000လောက်ချိန်ကြည့်
တော့လီဘာနင်းတိုင်းပါလာတယ်။တခါတရံစက်သေတုန်း။အင်ဂျင်ကွန်ပရပ်ရှင်းလည်းလက်ခံလို့ရ။fuel pressure ကလည်း 600 to 700 psiကြားပြ။🎬
📍သူပြတဲ့ကုပ်တိုင်းတာဆင်ဆာတွေလေတံခါးတွေတစ်ခုပြီးတစ်ခုမအောင်မချင်းလဲ၊ဝါယာရိန်းစစ်၊မရရင်ကွန်ပြူတာဘောက်ပါလဲးစမ်းရမယ့်ရွာလည်အကွက်။🎬
📍ရန်သူကိုရိပ်မိနေတယ်။ပေါ်မလာသေး။စမ်းမောင်းစက်ထိုးပြီး live data တွေကို စိတ်ရှည်လက်ရှည် နဲ့စောင့်ကြည့်။နာရီဝက်လောက်ကြာတော့ငုပ်ကောင်မိပါပြီ ။ pressure က 230 psiလောက်ကျ ပြီးပြန်တတ်လာတယ် ။
high pressure pumpကိုစစ်ကြည့်တော့ ပြင်ထား တဲ့လက္ခာမရှိ။ပြင်လိုရသေးတော့ ပြင်ပြီးပြန်ထည့်ပေး လိုက်တယ်။ဝယ်ရင်၅သိန်း ခွဲး၆သိန်းရှိ။မအောင်တာတွေလည်းရှိ။စလိုးလည်းပုံမှန်အတိုင်းချိန်လို့ရ။စက်ရပ်တာလည်းမရှိ။ကုပ်ဟောင်းတွေလည်းပေါ်မလာတော့ဘူ။🎬
🚀ငုပ်ကောင်ဖမ်းပွဲးအောင်မြင်စွာပြီးဆုံး။🚧
Auto-Lab Carworkshop
504 ဗထူးလမ်း ၄၂ ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း ၀၉၇၈၄၆၁၀၈၅၁
17/12/2020
🇲🇲ကားအောက်ပိုင်းပစ္စည်းဈေးနှုန်းများ🇲🇲
🥁🥁🥁🥁🥁🥁🥁🥁🥁🥁
📍အောက်ပိုင်းမလုပ်ခင်ဈေးလှမ်းမေးတတ်သော ညီအစ်ကိုများအတွက် 🎹
📌လိုင်းပေါ်ကား၊အလဲများတဲ့ပစ္စည်းဈေးတွေတင်ပေးလိုက်ပါတယ်။အခြားကားများလည်းဈေးသိပ်မကွာပါ။ 🎻
📌အရည်အသွေးကောင်းတဲ့ဘွတ်အမျိုးအစားကိုအသုံးပြုပါတယ်။စက်ရုံအာမခံတစ်နှစ်ပေးထားတယ်။သုံးကြည့်တာအဆင်ပြေပါတယ်။ 🎸
📌ဘရိတ်ရှူးအမျိုးအစားနှစ်မျိုးတင်ပေးထားပါတယ်။ဈေးနှုန်းပေါ်မှုတည်ပြီးရေရှည်အသုံးခံမှုဘဲကွာပါတယ်။ 🎺
📌လင့်၊တိုက်ရော၊မိန်းတုံးကတော့၃လအာမခံ၊၆လအာမခံအမျိုးအစားကိုအသုံးပြုထားပေးပါတယ်။၁နှစ်အာမခံပစ္စည်းများလည်းတင်ဖို့အစီအစဉ်ရှိပါတယ်။ 🎼
🚘အားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်🚗
Auto-Lab Car Workshop
ဗထူးလမ်းမပေါ် ၄၂ ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း၀၉၇၈၄၆၁၀၈၅၁
04/11/2020
🇲🇲အင်ဂျင်ဝိုင် လဲ ကျပ်တစ်သောင်း ခန့် သက်သာမယ့်အထူးအစီအစဉ် 🇲🇲
🥁🥁🥁🥁🥁🥁🥁🥁🥁🥁
🚀ယခုလိုခက်ခဲတဲ့ ကာလအတွင်း အားပေးနေ
ကြမိတ်ဆွေ များအတွက် အင်ဂျင်ဝိုင် ကုမ္ပဏီများရဲ့ ပန့်ပိုးမှု ၊ Auto-Lab ရဲ့ အထူးဝန်ဆောင်မှုနဲ့အတူ ဈေးအနည်းဆုံးဖြစ်အောင်စီစဉ်ပေးထားပါတယ်။🕹️
🚀အောက်ပိုင်းပါ free စစ်ဆေးပေးမှာ
ဖြစ်ပါတယ်။🎈
🚀အရည်အသွေးကောင်းအင်ဂျင်ဝိုင်ဖြစ်တဲ့
Idemisu (fully) 0-20
Idemisu (fully) 5-30
Idemisu (simi) 5-30
Idemisu (simi) 10-30
Idemisu (simi)10- 40
eco cruise(simi) 5-30
eco cruise(simi) 5-40
Enoc (simi) 10-40, တိုဘဲဖြစ်ပါတယ်။🎬
🚀အင်ဂျင်ဝိုင်မလဲခင် ဂျိုးမတည် အောင် သုံးတဲ့
engine flushing oilနဲ့ဆေးကြေားပေးမယ်။
ဆေးကြေားမှုကို ပိုမို ထိရောက်စေရန် engine oil flushing machine နဲ့ လဲလှယ်ပေးမှာဖြစ်ပါတယ် ။ မိတ်ဆွေတို့ကား Kilo ကျော် မှ အင်ဂျင်ဝိုင်လဲမိခဲ့တာ၊ အမျိုးအစား မကောင်းတဲ့ အင်ဂျင်ဝိုင်သုံးမိခဲ့တာ၊ အခြားအကြောင်းတွေ ကြောင့် ဂျိုးတည် ( engine oil slugs ) မှာကို တွေးပူနေစရာမလိုတော့ပါဘူး။ 🚗
🚀ဈေးနှုန်းတွေကပုံထဲကအတိုင်းဖြစ်ပါတယ်။🚧
Auto-Lab Car Workshop
ဗထူးလမ်းမပေါ် ၄၂ ရပ်ကွက်
မြောက်ဒဂုံ
ဖုန်း09784610851
Click here to claim your Sponsored Listing.
Telephone
Website
Address
Bohmu Ba Htoo
Yangon
Opening Hours
| Monday | 08:00 - 19:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 19:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 19:00 |
| Saturday | 08:00 - 19:00 |
| Sunday | 08:00 - 19:00 |