Mecloderm Myanmar
ပွေး၊ သဲဝဲ၊ ညှင်း၊ ဂျွတ်၊ ဒက် အစ?
01/05/2026
"ဒီနေ့ မေဒေးနေ့မှာ လုပ်ငန်းခွင်အသီးသီးက လုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဆွေများအားလုံး စိတ်လက်အပန်းပြေ ပျော်ရွှင်ကြပါစေ။ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေ"လို့
Pharma Apex Company မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ✨
17/04/2026
"နှစ်သစ်မင်္ဂလာဆုမွန်လွှာ"🍃
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်မှ စတင်၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာပျော်ရွှင်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း Pharma Apex Company မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🏼
"နှစ်သစ်မင်္ဂလာဆုမွန်လွှာ"🍃
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်မှ စတင်၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာပျော်ရွှင်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း Pharma Apex Company မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🏼
Highlights
28/03/2026
✨ Seborrheic Dermatitis (အဆီဂလင်းများကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း)
Seborrheic Dermatitis (အဆီဂလင်းများကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း) ဟာ အရေပြားမှာရှိတဲ့ ဆီကြည်ဂလင်းတွေ (Sebaceous glands) အလုပ်လုပ်လွန်ကဲရာကနေ ဖြစ်ပေါ်လာတဲ့ နာတာရှည် အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။
အထူးသဖြင့် ဦးရေပြား၊ မျက်နှာ (နှာခေါင်းဘေး၊ မျက်ခုံး)၊ ရင်ဘတ်နဲ့ နားနောက်ကဲ့သို့ အဆီပြန်တဲ့ နေရာတွေမှာ အဖြစ်များပါတယ်။
🔍 ၁။ ရောဂါလက္ခဏာများ (Symptoms)
----------------------------
❄️ ဗောက်ထခြင်း: ဦးရေပြား၊ မုတ်ဆိတ်၊ မျက်ခုံးများတွင် အဖြူရောင် သို့မဟုတ် အဝါရောင် အကြေးခွံများ ကွာကျခြင်း။
🔴 အရေပြားနီမြန်းခြင်း: ရောင်ရမ်းပြီး နီနေတတ်ခြင်း။
🧀 အဆီပြန်သောအကြေးခွံများ: အဝါရောင်သန်းပြီး စေးကပ်သော အဖတ်များ ဖြစ်နေတတ်ခြင်း။
😫 ယားယံခြင်း: အနည်းငယ်မှ အပြင်းအထန် ယားယံခြင်းမျိုး ရှိနိုင်ခြင်း။
🧬 ၂။ ဖြစ်ရသည့် အကြောင်းရင်းများနှင့် ပိုဆိုးစေသော အချက်များ
----------------------------
တိကျတဲ့ အကြောင်းရင်းကို အခုထိ ရှာဖွေနေဆဲဖြစ်ပေမယ့် အဓိက အချက် (၃) ချက်နဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပါတယ် -
🍄 Malassezia မှို: အရေပြားမှာ သဘာဝအတိုင်းရှိတဲ့ မှိုတစ်မျိုး အလွန်အမင်း ပွားများလာခြင်း။
💧 အဆီထွက်လွန်ခြင်း: ဆီကြည်ဂလင်းများက အဆီ (Sebum) အထွက်များခြင်း။
🛡️ ကိုယ်ခံအားစနစ်: ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ပုံမှန်မဟုတ်ခြင်း။
⚠️ ပိုဆိုးစေနိုင်သည့် အချက်များ:
----------------------------
😫 စိတ်ဖိစီးမှု (Stress) များခြင်း။
🌤️ ရာသီဥတု အပြောင်းအလဲ (အထူးသဖြင့် အေးပြီး ခြောက်သွေ့သော ရာသီ)။
📉 ကိုယ်ခံအား ကျဆင်းနေခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း။
💊 ၃။ ကုသခြင်းနှင့် ထိန်းသိမ်းခြင်း (Treatment & Care)
----------------------------
ဒါဟာ နာတာရှည်ဖြစ်တဲ့အတွက် လုံးဝ အမြစ်ပြတ်ဖို့ ခဲယဉ်းပေမယ့် ကောင်းကောင်း ထိန်းချုပ်ထားလို့ ရပါတယ်။
🧴 ဦးရေပြားအတွက်:
---------------
Ketoconazole, Selenium sulfide သို့မဟုတ် Tar ပါဝင်သော ဆေးဘက်ဝင် ခေါင်းလျှော်ရည်များကို သုံးစွဲနိုင်သည်။
💡 Tip: ခေါင်းလျှော်ရည်ကို အမြှုပ်ထွက်အောင် ပွတ်ပြီး ၅ မိနစ်ခန့် ထားပြီးမှ ဆေးချသင့်သည်။
🧴 မျက်နှာနှင့် ခန္ဓာကိုယ်အတွက်: Antifungal creams (မှိုသတ်ဆေးခရင်မ်) များ သုံးနိုင်သည်။
ရောင်ရမ်းမှု ပြင်းထန်ပါက Mild corticosteroid (စတီးရွိုက်) အပျော့စားများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ခေတ္တသုံးနိုင်သည်။
🌿 နေထိုင်မှုပုံစံ:
------------
🧘 စိတ်ဖိစီးမှုကို လျှော့ချပြီး အိပ်ရေးဝဝ အိပ်ပါ။
🚫 အဆီပြန်လွန်းသော Skin care များ ရှောင်ကြဉ်ပါ။
👨⚕️ ၄။ ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ?
----------------------------
➡️အရေပြားကနေ အရည်ကြည်များထွက်လာခြင်း သို့မဟုတ် အလွန်အမင်း နာကျင်လာခြင်း (ပိုးဝင်သည့် လက္ခဏာ )။
➡️အိမ်တွင်းကုသမှုများဖြင့် မသက်သာခြင်း။
➡️ယားယံလွန်း၍ နေ့စဉ်လူနေမှုဘဝကို ထိခိုက်လာခြင်း။
💡အရေးကြီးသောအချက်:
---------------------
➡️ဒီရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်သလို တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ ဖြစ်တာလည်း မဟုတ်ပါဘူး။
➡️စနစ်တကျ ထိန်းသိမ်းရင် သက်သာပျောက်ကင်းနိုင်ပါတယ်။
#နှင်းခူထပ်တရာဘေးကင်းကွာTrisolကိုလိမ်းကြပါ
ွင်ClobestasolPropionateနှင့်NeomycinSulphateပါဝင်တဲ့အတွက်နှင်းခူရောင်ရမ်းယားနာကိုအမြန်သက်သာစေပါတယ်
26/03/2026
"ရုံးပိတ်ရက် အသိပေးကြေညာခြင်း"
၂၀၂၆ မတ်လ (၂၇)ရက်နေ့ တပ်မတော်နေ့သည် အများပြည်သူအစိုးရ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် Pharma Apex Company ရုံးချုပ်အား ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
15/02/2026
"တရုတ်နှစ်သစ်ကူးမှာ မုန့်ဖိုး (Ang Pao) တွေထက် ပိုအရေးကြီးတာ မိသားစု စုံစုံလင်လင်နဲ့ အတူတူ ထမင်းစားရတာပါပဲ။
အလုပ်တွေ ဘယ်လောက်များများ၊ ဘယ်လောက်ပဲ ဝေးဝေး... ဒီလိုနေ့မျိုးမှာ ချစ်ရတဲ့သူတွေနဲ့ အတူရှိနေတာက ကံကောင်းခြင်းတစ်မျိုးပါပဲ။ အားလုံးပဲ မိသားစုနဲ့အတူ ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေ။" လို့
Pharma Apex Company မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏🏼🧧
15/02/2026
🔻🔻 ယားယံခြင်းလက္ခဏာခံစားနေရသော လူနာများသည် မည်သည့်အစားအသောက်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့် သနည်း?
🍀• အာဟာရမျှတသော အစားအစာကို ထိန်းသိမ်းပါ။
အရေပြားယားယံခြင်းကို ကာကွယ်ရန် စပ်သော အစားအစာများကို ရှောင်ကြဉ်ပါ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို များများစားသုံးပါ။
🍀• အခြေအနေ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန် အရက်၊ လက်ဖက်ရည်ခါးခါး နှင့်ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
☘️ပုစွန်၊ငါး၊ခရုကဲ့သို့သောအလွယ်တကူဓာတ်မတည့်မှုဖြစ်စေသောအစားအစာများကိုရှောင်ကြဉ်ပါ။
🎈🎈🎈🎈
#ယားယံခြင်းလက္ခဏာခံစားနေရသောလူနာများအာရုံစိုက်ပြုလုပ်ရမည့်အချက်များ
🍀ပွပွချောင်ချောင်ရှိသောချည်သားအဝတ်အစားများကိုဝတ်ဆင်ပြီးတကိုယ်ရည်သန့်ရှင်းရေးကိုအာရုံစိုက်ပါ။
🍀ရေချိုးရာတွင်အလွန်အမင်းပူသောရေကိုမသုံးပါနှင့်။
🍀ရေချိုးပြီးသည်နှင့်အစိုဓာတ်ထိန်းခရင်မ်ကိုလုံလောက်စွာလိမ်းပါ။
🍀အိမ်တွင်းလေခြောက်သွေ့မှုမရှိစေရန်လိုအပ်ပါကစိုထိုင်းဆထိန်းစက်ကိုအသုံးပြုနိုင်ပါတယ်။
🍀ဓာတ်မတည့်မှုဖြစ်စေသောဓာတုအမျှင်ထုတ်ကုန်အဝတ်အထည်များဝတ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။
🍀အလွန်အကျွံကုတ်ခြစ်ခြင်း၊ဆပ်ပြာအပြင်းစားနှင့်ရေပူပူနှင့်ဆေးကြောခြင်းတို့ကိုရှောင်ကြဉ်ပါ။
🍀စိတ်ဖိဆီးမှု၊စိုးရိမ်ပူပန်မှုများသည်ယားယံမှုကိုပိုဆိုးစေသဖြင့်တရားထိုင်ခြင်းနှင့်စိတ်ခံစားမှုများကိုသက်သာစေရန်ကြိုးစားပါ။
🍀အရေပြားထိခိုက်လွယ်မှုကိုလျှော့ချရန်လုံလောက်သောအိပ်စက်ပါ။
ထို့ကြောင့်နေ့စဉ်ဘဝတွင်
၁။အစားအသောက်အနေအထိုင်ဝတ်စားဆင်ယင်မှု
၂။ယားယံမှုကိုဖြစ်စေသောအကြောင်းအရင်းများကိုရှောင်ကြဉ်ပါ။
၃။ယားယံမှုလက္ခဏာများကြာရှည်လာပါကအရေပြားအထူးကုဆရာဝန်နှင့်ပြသတိုင်ပင်ကုသသင့်ပါတယ်။
#အရေပြားယားယံခြင်း
#အကြောင်းရင်းကိုသိမှအရေပြားကျန်းမာရေးကိုတကယ်ကုသနိုင်မှာပါ။
#ပွေးဝဲယားနာကင်းစင်ကွာMeclodermBNကိုဆောင်ထားပါ။
ွင်Clotrimazoleပါဝင်မှုကြောင့်မှိုပိုးကြောင့်ဖြစ်တတ်တဲ့ယားနာကိုကာကွယ်ပေးနိုင်ပါတယ်။
#ယားနာကင်းစင်ပြုံးပျော်ရွှင်Staticanကိုဆောင်ထားစေချင်
11/02/2026
#အားပေးသူချစ်မိတ်ဆွေများအားလုံးအတွက်
ယနေ့ကျရောက်သောပြည်ထောင်စုနေ့မှစ၍နေ့ရက်ပေါင်းများစွာ
အေးချမ်းကျန်းမာဘေးဘယာကင်းပြီးစိတ်ပျော်ရွှင်ကြပါစေလို့
Pharma Apex မှမိသားစုကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
11421