Michael
SME လုပ်ငန်းတွေကို Invest လုပ်ရင်း Consult လုပ်ရင်း ရခဲ့တဲ့ အတွေးအမြင်တွေ ကို ပြန်လည်ဝေမျှ ပါတယ်။
10/04/2026
သင်္ကြန်ရုံးပိတ်ရက် ရှိတာကြောင့် ၂၃ ရက် နေ့ နောက်ပိုင်းမှာမှ ပြန်လည်ဆုံတွေ့ကြပါစို့ ...
မြန်မာနိုင်ငံမှာ ငွေချေးပြီး အကြွေးမဆပ်တဲ့ သူက ထိုင်းရောက်တဲ့ အခါ ချေးရင် တော့ ပြန်ဆပ်မယ်လို့ အချို့က ထင်ကြတယ်
မဟုတ်ပါဘူးနော်
အကြွေးမဆပ်တဲ့သူက
ရန်ကုန်မှာ မဆပ်ရင်
ဘန်ကောက်မှာလဲမဆပ်ပါဘူး
ဘန်ကောက်မှာ မဆပ်သလို
တိုကျို
နယူးယောက် နဲ့
လန်ဒန်မှာလဲ မဆပ်ပါဘူး
သိဖို့ပါ 😂😂
အရင်နေ့က မိတ်ဆွေတစ်ယောက် ကနဲ့ စကားပြောဖြစ်တော့
ငွေရေးကြေးရေး စိတ်မချရတဲ့ သူတွေ အကြောင်းရောက် သွားတယ်
အံ့သြစရာကောင်းတာ က သူကော ကိုယ်ကော Black List သွင်းပြီး မပတ်သက်တော့ဘူး လို့ ရည်ရွယ်ထားတဲ့ သူတွေ အားလုံးနီးပါး က တူနေတဲ့ အချက်ပဲ
ပြောချင်တာ က
စီးပွားရေး လောက ဆိုတာ ကျဉ်းကျဉ်းလေးပါ
ကတိမတည် တဲ့ သူတွေ အတွက် နေရာ အကျယ်ကြီး မရှိပါဘူး။
ယုံကြည်မှုကို ရအောင် Facebook မှာကြွယ်လို့ရပေမယ့်
စိတ်ချရတယ်ဆိုတဲ့ Branding ကိုတော့ လုပ်ရပ်နဲ့ပဲတည်ဆောက်ရတာပါ။
အရင်တစ်နေ့က ရစရာရှိတဲ့ Payment တစ်ခု ရိုးရိုးဘဏ် Account ကaနတစ်ဆင့် ဝင်တယ်။ စုစုပေါင်း ရရန်ရှိထဲက တစ်စိတ်တစ်ပိုင်းဝင်တာပေါ့။ ပမာဏ က အများကြီးမဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ်ပေးခဲ့တုန်းက USD နဲ့ ပြန်ဝင်တာ က MMK နဲ့ ဖြစ်နေတော့ ပုံမှန်အတိုင်း Rate ဖြတ်ပြီးယူတယ်ပေါ့။
ဖြတ်ပြောရရင် USD Rate ကိုဖြတ်တယ်ဆိုတဲ့အခါမှာ ပုံမှန်ဆို ကိုယ်တွေဝယ်ရမယ့်ဈေး နဲ့ ဖြတ်တယ်။
ကိုယ်က မြန်မာငွေပေးပြီး သူက USD ပြန်ပေးမှာကိုး အဲတော့ သူ့ရောင်းဈေး နဲ့ ဖြတ်ရတယ်။ ဒါက ပုံမှန်ပဲ။
ပြသနာ က ကိုယ်တွေ ဖြတ်ပေးလိုက်တဲ့ ဈေးကို တစ်ဖက်က မကြေနပ်ဘူး။
ကိုယ်တွေ က ၄၅၅၀ နဲ့ ဖြတ်ယူတဲ့ အချိန်မှာ သူက ၄၃၄၅ နဲ့ ဖြတ်စေချင်တယ်။
App တစ်ခု က ပြန်ကောက်ဈေး ပေါ့။ ဆိုလိုတာက Exchange က ဒါမှမဟုတ် ပြန်ဝယ်တဲ့သူက USD ပေးရင် မြန်မာငွေပြန်ပေးတဲ့ဈေး။
ကြားထဲမှာ တစ်ခု ဖြတ်ပြောရရင် FX မှာ ဈေး အတက်အကျ များရင် ဝယ်ဈေး ရောင်းဈေး ခွာကြတယ်။ အဲတော့ ကွာတယ်ပေါ့။
ကိုယ်တွေ က Exchange ဈေး နဲ့ ဖြတ်တယ်။ တဖက် က App ဈေးကိုမှ အနိမ့်ဆုံးဈေး နဲ့ ဖြတ်စေချင်တယ်။
တည့်တည့်ပြောရရင် ကိုယ်တွေ ဖြတ်တာ မမျှတ ဘူး။ များတယ်ထင်တယ်။
အဲဒါနဲ့ အဲလိုဆိုလဲ ညီလေး USD ဝယ်ပေးပါ အကို ညီလေးပြောတဲ့ ဈေးနဲ့ ဖြတ်ပေးပါ့မယ်၊
ညီလေး ပေးတဲ့ ပမာဏ အတိုင်း အကို မြန်မာငွေ ပြန်အမ်းပေးပါ့မယ်ပေါ့
ဒါပေမယ့်ပြသနာ က ရုံးနဲ့ ရှင်းရတာ။
ရုံးဖက်က ကြည့်တော့ ပြန်ရစရာ ပမာဏ တစ်ခု ရှိတယ်။ အခုတစ်စိတ်တစ်ပိုင်းကို မြန်မာငွေပေးထားတယ်။
ကိုယ် က Rate အရမ်းနိမ့်တာနဲ့ ဖြတ်မိသွားရင်သူက ကိုယ်တွေ ကို ဆပ်လိုက်တဲ့ ပမာဏ များသွားပြီး သူ့ဆီမှာကျန်တာ နည်းသွားမှာစိုးတယ်။
ဒီတော့မယူချင်ဘူး
အဲတော့ ရုံးကို ပြန်ရှင်းပြရတယ်။
၁) အခုငွေရထားတာ က ရိုးရိုး ဘဏ် Account နဲ့ ရထားတာ ပြန်ထုတ်ရင် အလုပ်ရှုပ်မယ် ထုတ်လို့ရပြီထားဦး သက်ြန်တွင်း အဲဒီငွေထုတ်ကြီး နဲ့ အိပ်မပျော်စားမဝင်ဖြစ်နေမယ်။ အခုက ဘဏ်ထက်ပိုပြီး Liquid ဖြစ်တာကို လာပေးနေတာ
၂) Rate နိမ့်လေ အရင်းဈေး နိမ့်လေ။ အရင်းဈေးနိမ့်လေ ပြန်ရောင်းရင် မြတ်လေလေ။ အခု သူက ငါတို့ကို အမြတ်ရှာပေးနေတာ။ ရှာပေးတာ ကိုမှ ရုံးထိတောင် လာပြီး ပေးမှာ
၃) ကမ္ဘာမှာရေနံဈေးတက်နေတယ်၊ ရေနံဈေးတက်ရင် Logistic Cost လဲတက်မှာ Logistic Cost တက်ရင် Import ပစ္စည်းဈေးတက်မယ်။တိုင်းပြည်ထဲက USD က အပြင်ကို အရင်ကထက်ပိုထွက်မယ်။ အဲလိုဆိုရင် MMK က ပိုပျော့လာဖို့ပဲရှိတယ်။ အဲဒါ အပျော့ကို အမာ နဲ့ လာလဲ ပေးနေတာ
၄) များများဆပ်လိုက်သလိုဖြစ်သွားတော့လဲ ဘာဖြစ်လဲ ရရန်ရှိစာရင်းထဲက ဂဏန်းထက် လက်ထဲရှိတဲ့ပိုက်ဆံက အမြဲတမ်းပိုကောင်းတယ်။ ဒါကြောင့် ယူရမယ်။
အဲဒါနဲ့ ယူဖြစ်သွားတယ်ဆိုပါစို့
ရုံးကို စဉ်းစားတဲ့နေရာမှာ တည့်မတ်ပေးရတယ်ဆိုတာ ဒီလိုကိစ္စတွေ ကို တည့်မတ်ပေးရတာ။
ကျန်တဲ့ Operation ကတော့ ဒင်းတို့က ဆရာကြီးဖြစ်နေပြီ။
လက်နေရာကို ခေါင်း က လိုက် လုပ်နေစရာမလိုတော့ဘူး....
ခုထိ ရထား တဲ့အတွေ့အကြုံအရ ပြောရရင် Business Value ဆိုတာ ရိုးရှင်းလေလေ ကောင်းလေလေ ပဲ
Product အကောင်းဆုံးကို ရောင်းမယ်
Client ကို စိတ်အချမ်းသာဆုံးဖြစ်အောင်ထားမယ်
အမြန် ဆုံး Service ကို ပေးမယ်
အသက်သာဆုံးစျေး ဖြစ်စေရမယ် အဲလို Value တွေ က အလုပ်ဖြစ်တယ်။ တည်ဆောက်ရတာလဲလွယ်တယ်။
Vision လဲတူတူ ပဲ ရှင်းလင်းနေမှ အဆင်ပြေတယ်
ကျွန်တော် တို့သည် မြန်မာ နိုင်ငံ လူငယ်ထု ကို အခြေပြု ၍ ရရှိလာမည့်အခွင့်အလမ်းများ ကို ဖမ်းဆုပ် ကာ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပြီး နိုင်ငံ သူ နိုင်ငံ သားများအတွက် အားထားရသည့် အ ကောင်းဆုံး အရည်အသွေး ကို ဖန်တီးပေးနိုင် မည့် လုပ်ငန်း ဖြစ်စေရမည် ဆိုတာ မျိုး က နားထောင် လို့တော့ ကောင်းတယ် ဘယ်သူမှ လိုက်မလုပ်နိုင်ဘူး...
ပိုဆိုးတာ က အလုပ်ရှင် က အဲဒီ Vision ကြီး ကို ရုပ်တည် ကြီး နဲ့ ရွတ်ရွတ်ပြ နေ ရင် အောက်က လူ တွေ က စိတ် ညစ်ညစ် နဲ့ ထိုင်ကြည့် နေရတဲ့ ကိစ္စ ပဲ...
နားမလည်တာတွေ လာပြောနေတာကိုးး... 😀 😀 :D
အားလုံးသိအောင် ပေါင်းချုပ်
- လမ်းပေါ်စုံကား မကားခွဲပါသေးတယ်
- ဆီဆိုင် စုံမ ခွဲပါတယ်
- စုံနေ့ဆို ကားတွေ တန်းတိုပါတယ် တတ်နိုင်ရင် နေရိပ်အချိန်သွားပေါ့
- 1T 2T no wheel tax အတွက် ဆီပေးနေပါသေးတယ် Max Denko အဆင်ပြေ တခြားတော့ Data မရှိ။ ရှိရင်မန့်ပြီးကူညီပေးကြပါ
- ဆိုင်ကို သေချာပြောပါ ရသလောက်ထည့်မယ်ကျန်တာ နောက်တခေါက်ထည့်မယ်မှတ်ထားပေးဖို့
- မနေ့နဲ့ ဒီနေ့ စနစ်အသစ်မို့ မြန်မာ့အကြိုက် panic buying ကြောင့် ကားတန်းပိုရှည်ပါတယ် တစီးကို၂၀-၃၅ လောက် ဖြည့်နေတာကြောင့် ပုံမှန် ၁၅ လီတာထက် တစီးတစီးရွေ့ဖို့ အချိန်ပိုကြာမြင့်ပါတယ် မြန်မာတွေက အသစ်အစန်းဆို တန်းလိုက်ရမှ ကျေနပ်တာမို့ ဒီနှစ်ရက် ကတော့ တော်တော် ဆိုးဆိုးဝါးဝါးပါ
- လာမည့် ရက်တွေတော့ ကားတွေ ဆီအပြည့်ဖြစ်နေတာရယ် quota အရ တကြိမ်သာကျန်သောကြောင့် လာမည့် ရက်တွေ တန်းတိုမယ်လို့ မျှော်မှန်းနိုင်ပါတယ်
- နောက်ဆိုလဲ ၃၅ လီတာလောက်အလိုမှ တကြိမ်ထဲအပြည့်ဖြည့်ဖို့ တိုက်တွန်းပါတယ်
Credit
ထပ်ဖြည့်
ကြေညာချက်မှာပါတဲ့ ၃၅ Litre ကနေ ၁၂၀ Litre အထိ ဆီထုတ်ယူခွင့်ရှိတယ် ဆိုတာ နိုင်ငံတော် က ကားတစ်စီးချင်းစီကို ပေးတဲ့ သတ်မှတ်ချက် နဲ့ အခွင့် အရေး ဖြစ်ပါတယ်။
ရပိုင်ခွင့်မဟုတ်ပါဘူး။
ဆိုလိုတာ က ဘယ်လို ပဲ သတ်မှတ်ပေးထားထား ဆီရှိသလောက် ပဲရောင်းပေးမှာ ပါ
ကိုယ့်ကိုတာ ကျန်နေသေးပေမယ့် ရောင်းစရာ ဆီ မကျန် ရင် ဆီရမှ မဟုတ် ပါဘူး။
ဒါလေး သတိထားစေချင်ပါတယ်။
ရောင်းနေတုန်း
ဝယ်ထားပါပေါ့
အရင် တစ်နေ့ က JoJo မှာ HotPot စားတော့ အစာကြေဆေးတစ်ခု Campaign လုပ်နေတာ တွေ့တယ်
သူတို့ Campaign လေးဆင်ထားတာ မိုက်တယ်။
JoJo ထဲ ဝင်ခါနီးမှာ သူတို့ရဲ့ ကြော်ငြာ Vinyl ကိုတွေ့မယ်
Awareness ကိုရမယ်
စားပြီးသွားရင် အစာကြေဆေးလေး ရှင်းပြရင်းနဲ့ လာပေးမယ်။
Customer က သုံးပြီး သား ဖြစ်သွားမယ်
Hot Pot တွေ အဝ စား ထားလို့ ဗိုက်အင့်နေတုန်း အစာကြေဆေးလေး စားလိုက်ရတော့ ဗိုက်ချောင် သွားမယ်
Instant Result လဲရမယ်။
အဲတော့ ဆေးက်ု ပိုမှတ်မိသွားမယ်
ဒါပေမယ့်ပြသနာ က
ဆေးကိုလာပေးခိုင်းတာ က JoJo က Waiter ဖြစ်နေရော
အဲတော့ Hotpot အဝ စားပြီး
ပိုက်ဆံရှင်းပြီးတာနဲ့
ရော့ဒီမှာ Voucher ပါ
ဒါကတော့ အစာကြေဆေး အင့် ဆိုပြီး လူတစ်ယောက် အစာကြေဆေး ၁ လုံး နှုန်း နဲ့ လက်ထဲ ထည့်သွားတယ်။
ဆေးကို အစာကြေဆေး ၁ လုံး စာစီ ဖြတ်ထားတော့ ဘယ် Brand လဲမသိ
ဆေးနာမည် လဲ မသိ
Waiter က ဆေးလာပေးတော့ JoJo က ပဲ Additional Service ပေးသလိုလို ဘာလိုလို တွေဖြစ်ကော
Campaign လေး မိုက်ရဲ့သားနဲ့
လုပ်ပေးတဲ့ လူလွဲတော့
အဆင်မပြေနေဘူးဖြစ်တာပေါ့....
မြင်တာပြောတာပါ😅😅
ရှိရင် မလွယ်ပါနဲ့
မရှိရင် ခက်ပါလိမ့်မယ်...
ဒီရက်ပိုင်း Client တွေကို ပြောဖြစ်နေတဲ့စကား ကတော့
ပိုမရှာပဲ
ချွေတာ ဖို့ပါပဲ...
လူတွေ က ထင်ကြတယ် Consultant တွေ Advisor တွေ ဟာ အကြံလေး ပေးရုံနဲ့ ပိုက်ဆံရတယ်။ သိပ်သက်သာတာ ပဲလို့။ အမှန်အတိုင်းပြောရရင် ကိုယ်လဲ အဲလိုပဲထင်ခဲ့ဘူးတယ်။ အမှန်ကမဟုတ်ဘူး။ Consultant တစ်ယောက် ကို ပြသနာ တစ်ခု တိုင်ပင်ရင် သူ့ ဥဏှောက်က ပြသနာ ကို ပြသနာ ကို လာတိုင်ပင်တဲ့ သူရဲ့ အမြင် တစ်ဖက်လူရဲ့ အမြင် Overview အမြင် Big Picture အမြင် အကုန် လိုက်စဉ်းစားရတာ။ နောက်ဆုံးဖြတ်ချက်ဆိုလဲ အဲ လိုပဲ Client ကို ပေးမယ့် ဆုံးဖြတ်ချက်ဟာ Client ကို လတ်တလော အဆင်ပြေဖို့ အပြင် သူ့ Organization ကို အကျိုး ရှိဖို့ Beyond Decision Matters တေ ကိုလဲ စဉ်းသားရသေးတယ်။
ဒီမှာ ရှိတဲ့ Consultant တွေရဲ့ Local Client ကို Consult လုပ်ရင် ရင်ဆိုင်ရတဲ့ ပြသနာ ဘာလဲ ဆိုတော့ သူ့ ကို ကိုယ့် စကားနား ထောင်လာအောင် ပြောရတာ။ အကုန်လုံးမဟုတ်ပေမယ့် Local Client အများစု က Consultation လာယူရင် သူတို့ လုပ်ချင်တာ ကို ထောက်ခံပေးဖို ဆိုပြိးလာတာ။ Client က ဒါ လုပ်ချင်တယ်လုပ်ရမလား လို့ လာမေးတဲ့ အခါ လုပ်သင့် လို့ လုပ်လို့ ပြောလိုက်ရင် ဘာလို့ လဲ လို့ ဘယ်သူမှ ပြန်မမေးဘူး။ မလုပ်သင့် ဘူးထင်လို့ မလုပ်နဲ့ ဗျာ လို့ပြောမိလို့ ကတော့ ဘာလို့လဲ ဆိုပြီး တစ်ချက်ချင်းထောက်မေးတာ။
သူမေးတာ တွေ ရှင်းပြပြိး လို့ အချက်အလက် ခိုင်လုံသွားပြိ ဆို ရင် ပထမ အဆင့်ပြီးပြီ ဒုတိယ အဆင့် က ပို ခက်တယ်။ သူ့ ကို ကိုယ့်ပြောစကားနားထောင် လာအောင် ချော့ တစ်ခါခြောက်တစ်လှည့် စည်းရုံးရသေးတာ။ နောက်ဆုံး အင်းနော် ဆရာ ဒါ က မလုပ်သင့် ဘူး ပဲ လို့ သူကိုတိုင် လက်ခံသွားရင် ၇၅ရာခိုင်နှုန်းအောင်မြင်ပြိ မှတ် ကျန်တဲ့ ၂၅ရာ ခိုင်နှုန်း က အိမ်ရောက်လို့ မိန်းမ က ရှင့် ကို ဘာပြောလိုက်တုန်း လို့ မေးလို့ ကိုယ့် Client က အေးကွာ မလုပ်နဲ့ လိူ့ပြောတယ် ဒါတွေကြောင့် တဲ့ ဆို ပြီး ရှင်းပြလို့ သူ့မိန်းမ က လက်ခံ ရင် တော် သေး။ လက်မခံ ရင်နောက်နေ့ ကျ ဖုန်း ထပ်ဝင်လာတာ ဆရာ မနေ့ က ပြောတာ ကျွန်တော်ကတော့ သဘောပေါက်ပါတယ် ။ ကျွန်တော့် မိန်းမ က သိပ်နားမလည်ဘူးဆို လို့ ပြန်ရှင်းပြပေးပါဦးဆရာ ဆို သေပြိ အစက ပြန်ရှင်းပြပေတော့ ပဲ။
အဲတော့ Consultant အလုပ် က ကောင်း လားဆို ကောင်းတယ် ။ ဒါပေမယ့် လုပ်သင့်လားဆို စိတ် ဘယ်လောက်ရှည်သလဲ လို့ ပြန်မေးရမလို ဖြစ်နေတယ်။
ပထမတော့ Post မတင်တော့ဘူးပဲထားတာပါ။
ဒါပေမယ့် သင်တန်းရှိရင် Post တင်ပေးပါဆိုပြီးပြောထားကြလို့
သင်တန်းတော့မဟုတ်ပါဘူး
Workshop ရှိပါတယ်။
ဒီတစ်ပါတ် Sunday မှာ မနက် ၉ က နေ ညနေ ၅ အထိပါ။
ဘာ Workshop လဲဆိုရင် Budget ဆွဲမယ့် Workshop ပါ။
မနက်တစ်ပိုင်းကို Budget နဲ့ပတ်သက်တဲ့ Theory နဲ့ စဉ်းစားပုံပြောပြပါမယ်။
ညနေပိုင်းကို Budget ဆွဲပါမယ်။
ပြီးသွားတာ နဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် Budget ဆွဲပြီးသားဖြစ်သွားပါမယ်။
ဆွဲပြီးသား Budget ကို အစအဆုံးတစ်ယောက်စီပြန်စစ်ပေးပါမယ်။
နောက် Budget ကို Variance Analysis လုပ်တဲ့အခါမှာ လိုတဲ့ Guideline လဲ ပေး မှာမို့လို့ အယောက် ၂၀ ပဲ လုပ်ပေးနိုင်ပါတယ်။
ဆိုလိုတာက Limited Seat ပါ။
Fees ကတော့ ၃၀၀,၀၀၀ ပါ
နေ့လည်စာကျွေးပါမယ်။
နေရာက တော့
ဗဟိုလမ်းပေါ်မှာရှိတဲ့ Zen Campus ပါ။
Budget ဆိုတာမျိုးက အမြဲဆွဲရတာမျိုးမဟုတ်လို့ ဒါမျိုးနောက်အတန်း ရှိချင်လဲရှိမယ်မရှိချင်လဲမရှိပါ။
တက်မယ်ဆိုရင် Message Box မှာ ဖုန်းနံပါတ်နဲ့ နာမည်ပို့ပေးပါ။ ဆက်သွယ်ပေးပါ့မယ်။
ဒီနောက်ပိုင်း
Franchise လုပ်ငန်းတွေ အကျိုးလူလုပ်ငန်းတွေ နဲ့ JV Company တည်ထောင်ပေးတာ အပါအဝင် လုပ်ငန်းတွေ ကို Setup လုပ်ပေးရတာများလာတယ်။
လုပ်ငန်းတွေ ကို Setup လုပ်ပေးပြီးတဲ့အခါ ဆရာ့အနေ နဲ့ ဘာများမှာချင်တာရှိပါသေးသလဲလို့ပြောရင်
ပုံမှန်မိတင်လုပ်ပြီး စကားပြောသေချာကြဖို့ ပြောပြီးသားစကားကိုလဲ သေသေချာချာ Meeting Minutes ယူထားဖို့ အဓိက ထားပြီး မှာဖြစ်တာပဲ။
ကိုယ်တွေ ကတော့ စာချုပ်ထဲမှာဖြစ်ဖြစ် Constitution ထဲမှာဖြစ်ဖြစ် လစဉ် အစည်းအဝေးလုပ်ကြဖို့နဲ့ အစည်းအဝေးမှာ ပြောတဲ့ စကားတွေကို အစည်းအဝေးမှတ်တမ်းထုတ်ဖို့ရေးပေးတာပဲ
ဒါပေမယ့်လုပ်ငန်းရှင်တွေ က အဲဒါကိုအရေးမကြီးဘူးထင်ပြီး မလုပ်ကြဘူး။
အတွေ့အကြုံအရ အလုပ်တူတူ တွဲလုပ်တဲ့သူ ၁၀၀ မှာ ၉၅ ယောက် ပြသနာ တက်တာ အချင်းချင်း စကားစကားမပြောကြလို့
နောက်ပြောပြီးစကားတွေကိုလဲ Meeting Minutes မထုတ်ပဲ ဒီအတိုင်းပြောပြီး ပြီးရောထားတာ က ပြသနာ တက်တာ များတယ်လို့တွေ့ရတာ များတယ်။
လူ ၂ ယောက် ဘက် ၂ ဘက် အလုပ်လုပ်တဲ့အခါမှာ တစ်ဘက်နဲ့ တစ်ဘက် နားလည်ဖို့အတွက် ပထမဆုံ့းအဆင့်က ညှိနှိုင်းဆွေးနွေးပြီးဆောင်ရွက်တာပါပဲ။
ကျွန်တော်က အလုပ်ပဲလုပ်ချင်တာ စကားတွေ မပြောချင်ဘူးဆိုရင်တော့ တစ်ယောက်ထဲ လုပ်တာ ပိုအဆင်ပြေလိမ့်မယ်...။၃
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon