Creative Film Production

Creative Film Production

Share

Creative Film Production is a One Stop service production house in Myanmar.We create TVC, Animation,

Creative Film Production is a One Stop service production house in myanmar.We create TV Commercial, 2D 3D Animation, Corporate Video, MTV, short film , Post Production

Photos from Creative Film Production's post 27/03/2026

Wave Money ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေ 🎬

20/03/2026

Wave စျေးဆိုင်တဲ့ဟေ့ 📣

• Client: Wave Money
• Production House: Creative Film Production
• Director: Naymin Tin
• Producer: Theint Tharaphi Zaw
• Director of Photography (DOP): Waigyi Homeboyz
• Camera Operator: ECO Camera Rental house
• Gaffer : Sein Hlaing
• Main Cast: Yu
• Supporting Cast: Su Paing Talent Agency

Photos from Creative Film Production's post 18/03/2026

Thank you so much for your Thingyan Festival present 🎁

Stallion မှ ဝန်ထမ်းမိသားစုများအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။

Distributed by YEYINT Company Limited
အောင်မြင်မှုများလည်း ဆက်လက်ရရှိနိုင်ပါစေ ❤️

15/03/2026

Wave Money အတွက် ရိုက်ပေးထားတဲ့ testimonial video လေး 🎬

09/02/2026

"More than just a business, we are a family.

UPI Company ရဲ့ ခိုင်မာတဲ့ရပ်တည်ချက် နဲ့ စီးပွါးရေး လှုပ်ရှားမှုတွေကို ကျွန်တော်တို့ Creative Film Production ရဲ့ ဖန်တီးမှုပုံရိပ်တွေကို တစ်နေရာတည်းမှာ မြင်တွေ့ရမယ့် Company Profile Video... 🎬

ကျွန်တော်တို့ Creative Film Production က ဖန်တီးရိုက်ကူးပေးတဲ့ video တွေက ဘယ်လောက်ထိ creative ရှိလဲဆိုတာ သိရဖို့ ဒီဗီဒီယိုလေးကို (၅) မိနစ်လောက် အချိန်ပေးပြီး ကြည့်ကြည့်လိုက်ရအောင်။

လူကြီးမင်းတို့ ကုန်ပစ္စည်း ၊ product ၊ service ၊ ဝန်ဆောင်မှုတွေ ၊ company Profiles ၊ Commercial videos တွေ ကို သူမတူအောင် Creative ရှိရှိလေး ဖန်တီးချင်တယ်ဆို ဒီနေ့ပဲ ဆက်သွယ်ပေးပါနော်။

☎️ 09 421015074
💌 [email protected]

24/01/2026

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအတွက်
ကျွန်တော်တို့ Creative Film Production ကနေ ရိုက်ကူးဖန်တီးပေးထားတဲ့ video လေးပါ။

လူကြီးမင်းတို့ ကုန်ပစ္စည်း ၊ ထုတ်ကုန် ၊ လုပ်ငန်းစု ၊ company တွေအတွက် commercials video တွေ ရိုက်ကူးဖန်တီးချင်တယ်ဆိုရင် ကျွန်တော်တို့ Creative Film Production ကို အခုပဲ ဆက်သွယ်ပေးနော်…

☎️ 09 421015074
💌 [email protected]

Photos from Creative Film Production's post 19/01/2026

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ရဲ့
တည်ထောင်ခြင်း (၆) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကို
ကျွန်တော်တို့ Creative Film Production မှ အစ အဆုံး တာဝန်ယူပြီး အကောင်းဆုံး ဖန်တီး ရိုက်ကူးခဲ့ပါတယ်။

28/12/2025

တောင်ကြီးသူ/သားတွေ အတွက် သတင်းကောင်း 📣

၂၀၂၆ နှစ်သစ်မှာ Professional Video Editor တစ်
ယောက်အဖြစ် ခြေလှမ်းစလိုက်ပါ။ 🎬

တောင်ကြီးမြို့က Video Editing ဝါသနာပါသူတွေနဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ချင်သူတွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။

ကျွန်တော်တို့ Creative Film Production မှ ဖွင့်လှစ်တဲ့ Professional Video Editing Course (Batch 2) ကို လာမည့် ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

သင်တန်းသားတစ်ဦးချင်းစီကို အသေးစိတ် စနစ်တကျ သင်ကြားပေးနိုင်ဖို့အတွက် တစ်တန်းကို သင်တန်းသား (၄) ဦးသာ ကန့်သတ်လက်ခံသွားမှာပါ။

ဘာကြောင့် ဒီသင်တန်းကို တက်ရောက်သင့်တာလဲ?

လူနည်းစုကိုပဲ သေချာအာရုံစိုက်ပြီး "မတတ်မချင်း" အသေးစိတ် လက်တွေ့သင်ကြားပေးမှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ဝင်တဲ့အခါ တကယ့် Professional တစ်ယောက်လို အရည်အသွေးမီ Editing ဖန်တီးနိုင်အောင် လေ့ကျင့်သင်ကြားပေးမှာပါ။

သင်တန်းသားဟောင်းတွေရဲ့ Review တွေကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ သင်ကြားမှု အရည်အသွေးကို ယုံကြည်စိတ်ချစွာ လေ့လာနိုင်ပါတယ်။

သင်တန်းအသေးစိတ်

Course : Professional Video Editing Course
Fees : 1,000,000 MMK
Duration : 8 days
Hours : 32 Hours Course
• ဖွင့်လှစ်မည့်အချိန်: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ
• သင်တန်းသားဦးရေ: ၄ ဦးသာ (Limited Seats!)
• နေရာ: MESI Taunggyi Campus
အိမ်အမှတ်224၊တိုက် C ၊A1
၊ဗိုလ်ချုပ်အောင်ဆန်းလမ်း
ညောင်ရွှေဟော်ကုန်းရပ်ကွက်၊တောင်ကြီး။ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အနီး KMD တိုက်တန်းဝန်း။
Ph 09791031257

နေရာကန့်သတ်ချက်ရှိတာမို့ သင်တန်းတက်ရောက်လိုသူများအနေနဲ့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုပါတယ်။ သင်တန်းအကြောင်း အသေးစိတ်ကို Creative Film Production page နဲ့ MESI Taunggyi College page တွေမှာ စုံစမ်းအပ်နှံနိုင်ပါပြီ။

သင်တန်းကြေးကတော့ ၁၀သိန်းပါ။သင်တန်းကြေးကို သင်တန်းအပ်နှံချိန် 50% သင်တန်းတက်ရောက်ချိန် 50% ပေးချေနိုင်ပါတယ်။ နှစ်ကြိမ်ခွဲသွင်းနိုင်ပါတယ်။
(သင်တန်းပြီးဆုံးချိန်တွင် 100% တတ်မြောက်မယ်လို့ အာမခံချက်အပြည့်အဝ ပေးနိုင်ပါတယ်။)

လူကိုယ်တိုင်လာရောက် မအပ်နှံနိုင်ပါက mobile banking မှ တစ်ဆင့် သင်တန်းအပ်နှံနိုင်ပါတယ်

Ph- 09421015074

Photos from Creative Film Production's post 20/12/2025

Professional Video Editing Class @ တောင်ကြီး

ကျွန်တော်တို့ Creative Film Production နဲ့ MESI Taunggyi College တို့ ပူးပေါင်းဖွင့်လှစ်တဲ့ Professional Video Editing သင်တန်း Batch-1 သင်ယူပြီးမြောက်လို့ ကျွမ်းကျင်စွာ သင်ယူတတ်မြောက်ခဲ့သော သင်တန်းသူ သင်တန်းသားများကို ဂုဏ်ယူဝမ်းမြောက်စွာ Certificate ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

နောက်ထပ် ဖွင့်လှစ်သင်ကြားသွားမယ့် Batch-2 နဲ့ ပတ်သက်တဲ့ information များကိုလည်း Creative Film Production page နဲ့ MESI Taunggyi College page တွေမှာ ဆက်လက်စောင့်မျှော်ကြည့်ရှုနိုင်သလို…သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

🎬

Photos from Creative Film Production's post 08/12/2025

Today Activity at Taung Gyi 🎬📣

05/12/2025

တောင်ကြီးမှာ Video Editing သင်တန်းကောင်းကောင်းတက်ဖို့ မေးနေတဲ့ တောင်ကြီးသူ တောင်ကြီးသားတွေအတွက်….

Video editing ပညာရပ်ကို အခြေခံကနေစပြီး သေသေချာချာ စနစ်တကျ တတ်မြောက်ချင်ရင် ကျွန်တော်တို့ Creative Film Productionနဲ့ MESI Taunggyi Collegeနှင့် ပူးပေါင်း ဖွင့်လှစ်သင်ကြားပေးမည့် Professional Video Editing Class ကို အခုပဲလာ join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
…..................................................
Course : Professional Video Editing Course
Fees : 1,000,000 MMK
Date : 10.12.2025 to 17.12.2025
Duration : 8 days
Hours : 32 Hours Course
Start date : Dec 10.2025

သင်တန်းကြေးကတော့ ၁၀သိန်းပါ။သင်တန်းကြေးကို သင်တန်းအပ်နှံချိန် 50% သင်တန်းတက်ရောက်ချိန် 50% ပေးချေနိုင်ပါတယ်။ နှစ်ကြိမ်ခွဲသွင်းနိုင်ပါတယ်။
(သင်တန်းပြီးဆုံးချိန်တွင် 100% တတ်မြောက်မယ်လို့ အာမခံချက်အပြည့်အဝ ပေးနိုင်ပါတယ်။)

(တန်းခွဲ တစ်ခုတွင် သင်တန်းသားဦးရေ ၄ ဦးသာ လက်ခံသင်ကြားပေးတာမို့ နားလည်ပေးပါခင်ဗျာ)
လူပြည့်မြန်တာမို့ သင်တန်းတက်ဖို့ သေချာတာနဲ့ ကြိုတင်စာရင်းသွင်း အပ်နှံပေးစေချင်ပါတယ်။)

သင်တန်းစုံစမ်းရန်

MESI Taunggyi Campus
အိမ်အမှတ်224၊တိုက် C ၊A1
၊ဗိုလ်ချုပ်အောင်ဆန်းလမ်း
ညောင်ရွှေဟော်ကုန်းရပ်ကွက်၊တောင်ကြီး။ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အနီး KMD တိုက်တန်းဝန်း။
Ph 09791031257

လူကိုယ်တိုင်လာရောက် မအပ်နှံနိုင်ပါက mobile banking မှ တစ်ဆင့် သင်တန်းအပ်နှံနိုင်ပါတယ်

Ph- 09421015074

03/12/2025

Free Seminar 📣

Video Production & Editing 🎬

FREE SEMINAR ANNOUNCEMENT
🎬 “VIDEO PRODUCTION & EDITING ESSENTIALS”
Instructor – Nay Min Tin
ဒီနေ့ခေတ်မှာ Video ဖန်တီးထုတ်လုပ်မှုတွေက စီးပွါးရေးလုပ်ငန်းရှင်တွေ ၊ Social Media အသုံးပြုနေတဲ့သူတွေ ၊ Personal Branding တည်ဆောက်နေတဲ့သူတွေအတွက် အရမ်းအရေးကြီးတဲ့အခန်းကဏ္ဍ တခုအနေနဲ့ပါဝင်လာပြီဆိုတာ လူတိုင်းငြင်းလို့မရတဲ့ အရာတခုပါ…
Video ဖန်တီးမှုကို နားလည်ချင်သူတွေ? Video တွေ ဖန်တီးဖို့စိတ်ကူးရှိပြီး ဘယ်ကစရမလဲမသိတဲ့သူတွေ? Video Editor အဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီးရပ်တည်ချင်သူတွေ, Video Editor ဖြစ်ချင်သူတွေ
အကုန်လုံးတက်သင့်တဲ့ FREE Seminar လာပါပြီ!

🎥 ဘာတွေသင်ရမလဲ?
PART 1 — Video Production Essentials
ကိုယ်စိတ်ကူးထားတဲ့ Video idea တစ်ခုကို ဘယ်လိုစတင်ဖန်တီးရမလဲ?
Phone camera နဲ့တောင် proဆန်ဆန် video တွေ ထုတ်လုပ်ဖန်တီးလို့ရအောင် shooting basics
Script, shot list, framing, lighting —
Beginner လည်း နားလည်နိုင်အောင်
Cinematic-looking footage ရအောင် simple rules
Real production workflow (Director-level explanation)

PART 2 — Editing Essentials
Video Editing ဆိုတာ ဘာလဲ? Video editing ကို professional တစ်ယောက်လို ဖြတ်တတ်အောင် ဘာတွေသိထားဖို့လိုမလဲ? Video editor တစ်ယောက်ဖြစ်ရင် ဘယ်လို ရပ်တည်လို့ရမလဲ?

ဒီ seminar လေးကို တက်ပြီးရင် — Video တစ်ခုကို ဖန်တီးဖို့အတွက် idea ဘယ်လိုထုတ်ရတယ်။ ဘယ်လိုဖန်တီးရိုက်ကူးရတယ်။ video editing ဘယ်လိုလုပ်ရတယ် ဆိုတာတွေ ကို လွယ်လွယ်ကူကူ နားလည်သဘောပေါက်သွားမှာပဲ ဖြစ်ပါတယ်။
သင်ကြားပြသပေးမယ့်ဆရာကတော့ ဒါရိုက်တာ နေမင်းတင် ဖြစ်ပါတယ်။
၁၄နှစ်ကြာ Film & Media Production လုပ်ငန်းမှာ
🎬 Director
🎬 Editor
🎬 Creative Producer
အဖြစ် အတွေ့အကြုံရှိတဲ့Professional တဦးဖြစ်ပါတယ်။ ဒါရိုက်တာ နေမင်းတင် သည် ၂၀၁၁ မှာ Diploma In Computer Art (Dip.CA) ရရှိခဲ့ပြီး ၂၀၁၁ ကနေ ၂၀၁၄ အထိ MRTV-4 မှာ Video Editing တစ်ယောက်အနေနဲ့လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၄ ကနေ ၂၀၁၇ အထိ MRTV-4 မှာ Production Director တစ်ယောက်အနေနဲ့ လုပ်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၇ မှာ Creative Film Production ကို ကိုယ်တိုင် တည်ထောင်ခဲ့ပြီး ယနေ့အချိန်အထိ TV Commercials ပေါင်းများစွာ၊ Online Commercials ပေါင်းများစွာ၊ Documentary တွေ၊ Music Video တွေ ၊ TV program တွေ ရိုက်ကူးဖန်တီးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲ သုံးခုကိုလည်း ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးခဲ့ပါတယ်။

မနုဿမိုး (12 Episodes – Channel K)
တာတီး (Funny Horror – 16 Episodes – Fortune TV)
ရေတွေဘာတွေစို သင်္ကြန်စီးရီး (12 Episodes – Fortune TV)

2019 ကနေ ဒီနေ့အထိ Professional Video Editing သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသားပေါင်း ၂၀၀ ကျော်အထိ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ဆရာ နေမင်းတင်က “သင်မသိသေးတာတွေကိုအလွယ်တကူ နားလည်စေဖို့အတွက် သင်ကြားပြသပေးနိုင်တဲ့ လက်တွေ့ industry မှာအလုပ်လုပ်နေတဲ့ Director တစ်ယောက်”ပဲဖြစ်ပါတယ်။

ဘယ်လိုလူတွေ တက်သင့်လဲဆိုတော့
Beginner creators
Business owners / marketers
Future editors
Vloggers
Food/Travel content creators
Video production basics ပြန်တက်ချင်သူတွေ

🆓 FREE ADMISSION — Limited Seats Only!

Date: 8.12.2025
Time: 2:00 PM to 4:00 PM
Location: MESI Taunggyi College

(Seminar ကို တက်ရောက်ဖို့ သေချာရင် Register & Share လုပ်ပေးထားဖို့ လိုအပ်ပါမယ်)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Our Story

Creative Film Production is a One Stop service production house in Myanmar.We create TV Commercial, 2D 3D Animation, Corporate Video, Music Video, short film , Post Production Services.

Creative Film Production, we believe in our creative insight and ability to deliver partnership with our clients,creative ideas and content that speaks and connects with their clients and target audience.We firmly believe in contributing meaningfully to our clients through business partnership and delivery of real economic and brand value.

Creative Film Production is a One Stop Service production house equipped with the latest production technology and know how to effectively deliver Feature Documentaries,Corporate Video,Television Series,Animation Video Presentation and Commercial at a very competitive cost. Our Director ,DOP,Art Director,Video Editor,Camera Men,Production Manager have about 5 year in media and broadcast experience in strategic,producing,creative and management services.

Creative Film Production have produced many Film ,Television Programme Episodes,Broadcast Promotional,Marketing,Event,Music Video,Corporate Video and commercial for blue chip clients including big brand and leading companies for local and international broadcaster.

Telephone

Address


No. (389), Thura Street, (9) Quater, South Okkalapa Tps
Yangon
11101