KP Streaming

KP Streaming

Share

It's KP.From Myanmar. I stream Mostly "Dota 2". On weekends I play other game likes : PUBG(Emulator

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Introduce Myself ( KP_Streaming )

ပထမဦးဆုံး "KP" ဆိုတဲ့နာမည်လေးဖြစ်ပေါ်လာပုံ.
ကျနော့် NickName က KoPhyo ပါ..
That's Why.. KP ဆိုပြီးဆော့ဖြစ်သွားတာပါ..

ဂိမ်းစဆော့ဖြစ်ပုံ..
ငယ်ငယ်ကအိမ်မှာ Nintendo Game ,
ဦးလေးလက်ဆောင်ပေးတဲ့ PlayStation 1 Game လေးတွေဆော့တယ်..
ကျနော် ၃ တန်းနှစ်လောက်မှာ Computer Game ဆိုင်ရောက်ပြီး.. Computer Game စဆော့ဖြစ်တယ်..
GTA တို့ CounterStrike တို့ဆော့ဖြစ်တယ်..
၎ တန်းလောက်မှာ Dota စဆော့ဖြစ်ပြီး..
Dota ကအကြိုက်ဆုံးဂိမ်းတစ်ခုဖြစ်လာခဲ့တယ်..
အခုချိန်ထိ အကြိုက်ဆုံးဂိမ်းတစ်ခုပါပဲ..

အဲတုန်းကဆော့ရင်းနဲ့ကျနော်ဆော့တဲ့ဆိုင်မှာ ကိုယ့်ကိုကိုနဲနဲကောင်းတယ်ထင်ခဲ့တာ..
တစ်ခြားဆိုင်မှာသွားဆော့တော့မှ..
ဟာငါတော်တော်ညံသေးပါလားဆိုပြီးသိခဲ့တယ် 😅
အဲ့လိုသိသွားတဲ့နောက်ပိုင်းမှာ ပိုကောင်းအောင်ဆော့မယ်ဆိုတဲ့စိတ်နဲ့..
Gamer လုံးလုံးဖြစ်သွားတော့တာပဲ.. 😂
သူငယ်ချင်းတွေနဲ့ Team ဖွဲ့ဆော့တယ်..
ချိန်းပွဲတွေဆော့တယ်..
Team တွေပြောင်းတယ်..
ပြိုင်ပွဲတွေဆော့တယ်..
Game ဆိုင်မှာပဲနေတယ်.. အိမ်မပြန်ဘူး..
အဆော့လွန်ပြီး 1st year ကျသွားတဲ့အချိန်မှာ..
Game ဆော့တာကို တော်တော်လေးလျှော့ချလိုက်တာပဲ..
ကျနော့် Team လည်းပျက်သွားတော့..
Game တော့ဆော့တုန်းပဲ..
ပွဲရှိရင်ရှိတဲ့ Team , ခေါ်တဲ့ Team နဲ့ သွားဆော့လိုက်တယ်..

ဆုတွေကတော့ Dota 1 မှာဆိုရင် ၂၀ လောက်
Dota 2 ဆိုရင် ၁၀ ဆုလောက်တော့ရှိမယ်ထင်တယ်..
Amateur ဆုတွေများပါတယ်..
Pro ပွဲတွေဆို 2nd တို့ 3rd တို့များပါတယ်..
1st က ၅ ခါ ၆ ခါ လောက်တော့ရဘူးပါတယ်..
( Team G7 ) ကိုမနိုင်ဘူးလေ.. 😂

Telephone

Website

Address


Yangon
Yangon
0001