Shwe Toe Car Rental Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Toe Car Rental Service, Business service, Yangon.
22/11/2018
19/02/2018
*လအလိုက်မြန်မာ့ရိုးရာ ပွဲတော်များ
----------------------------------
ဇန်နဝါရီ
*အာနန္ဒာဘုရားပွဲ (ပုဂံတွင် ပြာသိုလပြည့်နေ့)
*နာဂရိုးရာနှစ်သစ်ကူးပွဲ (ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်)
ဖေဖော်ဝါရီ
*သန်လျင်ကျိုက်ခေါက်ဘုရားပွဲ (တပို့တွဲလဆန်း ၁ ရက်နေ့ မှ လပြည့်နေ့အထိ)
*မင်းဘူးရွှေစက်တော်ဘုရားပွဲ (တပို့တွဲလဆန်း ၅ ရက်နေ့မှ လပြည့်နေ့အထိ)
*ထမနဲပွဲ (တပို့တွဲလပြည့်နေ့)
*မုံရွာဖိုးဦးတောင်ဘုရားပွဲ (တပို့တွဲလပြည့်နေ့)
*မန္တလေးမဟာမုနိဘုရားပွဲ (တပို့တွဲလဆန်း ၁ဝ ရက်နေ့ လပြည့်နေ့အထိ)
မတ်လ
*ရွှေစာရံဘုရားပွဲ (တပေါင်းလဆန်း ၁ဝ ရက်နေ့မှ လပြည့်နေ့အထိ)
*ပခမ်းဦးမင်းကျော်နတ်ပွဲ (တပေါင်းလဆန်း ၃ ရက်နေ့မှ ၁ဝ ရက်နေ့အထိ)
*အင်းတော်ကြီးရွှေမြဉ္ဇူဘုရားပွဲ (တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည်နေ့အထိ)
*သီပေါ၊ ဘော်ကြိုဘုရားပွဲ (တပေါင်းလဆန်း ၁ဝ ရက်နေ့မှ လပြည့်နေ့အထိ)
*ပင်းတယဘုရားပွဲ (တပေါင်းလဆန်း ၁၁ ရက်နေ့မှ လ ပြည့်နေ့အထိ)
*ရွှေတောင်၊ ရွှေမျက်မှန်ဘုရားပွဲ (တပေါင်းလဆန်း ၁၃ ရက်နေ့မှ လပြည့်နေ့အထိ)
*အင်းလေးကက္ကူဘုရားပွဲ (တပေါင်းလဆန်း ၁၄ ရက်နေ့မှ လပြည့်နေ့အထိ)
*ပြည်၊ ရွှေဆံတော်ဘုရားပွဲ (တပေါင်းလပြည့်နေ့)
*ကျောက်တန်းရေလည်ဘုရားပွဲ (တပေါင်းလပြည့်နေ့)
*အလုံဘိုးဘိုးကြီးနတ်ပွဲ မုံရွာ (တပေါင်းလဆုတ် ၉ ရက်နေ့ မှ ၁၄ ရက်နေ့အထိ)
*ပုသိမ်၊ မော်တင်စွန်းဘုရားပွဲ (တပေါင်းလဆန်း ၈ ရက်နေ့ မှ လပြည့်နေ့အထိ)
ဧပြီလ
*သင်္ကြန်ပွဲတော် (ရက်ကြေငြာသည်-ဧပြီလလယ်ခန့်)
*ပဲခူး၊ ရွှေမော်ဓောဘုရားပွဲ (တခူးလဆန်း ၈ ရက်နေ့မှ လ ဆုတ် ၅ ရက်နေ့အထိ)
မေ
*ညောင်ရေသွန်းပွဲတော် (ကဆုန်လပြည့်နေ့)
*ရွှေကြက်ယက် ရွှေကြက်ကျ
(ကဆုန်လပြည့်နေ့)
*ဗောဓိတထောင် (မုံရွာ) (ကဆုန်လပြည့်နေ့)
*ပခုက္ကူ သီဟိုဠ်ရှင်မြတ်စွာဘုရားပွဲ (နယုန်လဆန်း ၈ရက်၉ရက်မှ ၁၃ရက်၁၄ရက်)
ဇွန်
*စစ်ကိုင်း၊ ဆွမ်းဦးပုညရှင်ဘုရားပွဲ (ဝါဆိုလပြည့်နေ့)
ဇူလိုင်
*ဝါဆိုပွဲတော် (ဝါဆိုလပြည့်ပတ်ဝန်းကျင်)
*ဝါဆိုခြင်းလုံးပွဲ (မန္တလေး) (ဝါဆိုလပြည့်ကျော်) (၁လပြိုင်ပွဲ)
*တောင်ပြုံးနတ်ပွဲ (ဝါခေါင်လဆန်း ၈ ရက်နေ့မှ လပြည့်နေ့ ထိ)
*မန္တလေး၊ ရတနာ့ဂူနတ်ပွဲ (ဝါခေါင်လဆုတ် ၈ ရက်နေ့)
စက်တင်ဘာ
*ပေါင်းတည်စွယ်တော်ပွဲ (တော်သလင်းလဆန်း ၁၃ မှ လ ပြည့်နေ့အထိ)
*ပုဂံ၊ မနူဟာဘုရားပွဲ (တော်သလင်းလဆန်း ၁၄မှ လပြည့် နေ့အထိ)
အောက်တိုဘာ
*အင်းလေး၊ ဖောင်တော်ဦးဘုရားပွဲ (သတင်းကျွတ်လဆန်း ၁ ရက်မှ ၃ ရက်နေ့အထိ)
*ဘုရားသုးံဆူဘုရားပွဲ (မန္တလေး) (ဒုတိယ အိုးပုတ်ပွဲ လို့ခေါ်ရင်လည်းမမှားပါဘူး) (သီတင်ကျွတ်လဆန်း ၁၀ရက်နေ့)
*ကျောက်တော်ကြီး ကုသိုလ်တော်ဘုရား စန္ဒာမုနိဘုရားပွဲ (မန္တလေး) (သီတင်းကျွတ်လပြည့်နေ့ဆွမ်းကြီးလောင်း) (၇ရက်ပွဲ)
*အိမ်တော်ရာဘုရားပွဲ
(သီတင်းကျွတ်လပြည့်နေ့)
*သီတင်းကျွတ်မီးထွန်းပွဲ (သီတင်းကျွတ်လပြည့်နေ့)
*ကျောက်ဆည်ဆင်ပွဲ (သတင်းကျွတ်လပြည့်နေ့) (လပြည့်အဖိတ်ဆင်အကပြိုင်ပွဲရှိ)
*မကွေး၊ မြသလွန်ဘုရားပွဲ (သတင်းကျွတ်လပြည့်နေ့)
နိုဝင်ဘာ
*တန်ဆောင်တိုင်မီးထွန်းပွဲ (တန်ဆောင်မုန်းလပြည့်နေ့)
*တောင်ကြီး မီးပုံးပျံပွဲ (တန်ဆောင်မုန်းလပြည့်နေ့)
*မြောက်ဥက္ကလာ မယ်လမုဘုရားပွဲ (တန်ဆောင်မုန်းလ ပြည့်နေ့)
*ယက္ကန်းပြိုင်ပွဲ (မသိုးသင်္ဃန်း) (တန်ဆောင်မုန်းလပြည့်နေ့)
*ပုဂံ၊ ရွှေစည်းခုံဘုရားပွဲ (တန်ဆောင်မုန်းလပြည့်နေ့)
ဒီဇင်ဘာ
*ပုပ္ပားနတ်ပွဲ (နတ်တော်လပြည့်နေ့)
*ကျိုက်ထီးရိုးဘုရားပွဲ (ဒီဇင်ဘာလ ၃၁ ရက်နေ့) (ဆီမီး ၉ဝဝဝ)
Copy ယူလို့ရပါတယ်။
Credit : Myo Aung
25/01/2018
2018 Official Holidays ...
Credit: Duwun Tech News Journal
20/01/2018
11/11/2017
06/11/2017
ပင်းတယလှိုဏ်ဂူ ၏ ထူးခြားချက်
________________________
မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး (၁၀)နေရာထဲက တစ်ခုအပါဝင်ဖြစ်သည့် ပင်းတယဂူ၊ ကမ္ဘာ့ခရီးသွား စာမျက်နှာများပေါ်များတွင် ထင်ရှားဖော်ပြခဲ့သည့် ပင်းတယဂူသည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင်တည်ရှိသည်။ ပင်းတယဂူသည် ထုံးကျောက်တောင်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသောကြောင့် ဘူမိဗေဒသက်တမ်းနှင့် ဆိုလျင် လွန်ခဲ့သော နှစ် သန်း ၂၀၀ တည်းက ရှိခဲ့သည်ဟု ဆိုသည်။
ြ်မင့်မားတဲ့ တောင်စောင်းကနေ တောင်မြောက် ဖြစ်ပေါ်နေတဲ့ ဂူ သုံး ဂူ ရှိတယ်လို့ဆိုပေမဲ့ တောင်ဘက် အကျဆုံး ဂူတစ်ခုသာ ၀င်ရောက်နိုင်တယ်လို့ဆိုသည်။
ဂူဟာ ပေ ၄၉၀ ထိ ၀င်ရောက်နိုင်ပြီး ကုန်ဘောင်ခေတ် အစောပိုင်းကနေ၊ ယနေ့ ခေတ်အထိ ခေတ်အသီးသီး ထုလုပ် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၀၀၀) ကျော်လောက်ရှိပြီး၊ ဒီလောက်များပြားပြီး ပုံသဏ္ဌာန်စုံလင်တဲ့ ဗုဒ္ဓဆင်းတုတော် တွေကို မြန်မာနိုင်ငံက ဘယ်နေရာမှ တစ်နေရာတည်း မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။
ဂူရဲ့ အ၀င်ဝ မှာ ဉာဏ်တော် ၁၅ မီတာ (၄၉) ပေ ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးတွေ့ရပြီးအဲဒီ စေတီတော်ဟာမူလကအသောကမင်းကြီးရဲ့ ကောင်းမူတော်ဖြစ်တယ်။ (၁၂) ရာစုမှာ ပုဂံဘုရင် အလောင်းစည်သူမင်းက ထပ်မံ ပြုပြင်ထားတယ် လို့ ပြောကြပေမဲ့ သမိုင်း အထောက်အထား မတွေ့ကြရဘူးလို့ ဆိုပါတယ်။
သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းအဆိုအရတော့ ဂူအတွင်းက ဆင်းတုတော်တွေမှာ ရေးထိုးထားတဲ့ ခုနှစ် သက္ကရာဇ် အရ အစောဆုံး ဆင်းတုတော်တွေဟာ ကုန်းဘောင်ခေတ်အစောပိုင်း ၁၇၇၃ ရက်စွဲတပ်ထားတယ် လို့ဆိုတယ်။ ရုပ်ပွားတော်တွေ ရဲ့ ထုလုပ်မူဟန်အရ အစောဆုံး ၁၇၅၀ ထိ ဖြစ်နိုင်ပြီး ဒီထက် မစောနိုင်ဘူး လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း ဘုရားဖူး ခရီးသည် တွေ၊ အလှူ ရှင်တွေဟာ ယနေ့ခေတ် အထိ ဂူအတွင်းမှာ ဘုရားဆင်းတုတော်တွေ ထားရှိပူဇော်ရာကနေ ခု အခြေနေထိ များ ပြားလာခြင်းဖြစ်တယ် လို့ဆိုတယ်။ တောင်ဘက် အပေါက်နားမှာတော့ ပိဿာ ချိန် (၄၀၀) ရှိတဲ့ ကြေးခေါင်းလောင်းတော် တစ်ခု ရှိပြီး သက္ကရာဇ် (၁၈၂၄) က လှူဒါန်း မူဖြစ်ကြောင်း ရေးထိုးထားတယ်။
ပင်းတယ ဂူရဲ့ ထူးခြားမူ တစ်ခုကတော့ “ဘေသဇ္ဇဂုရု” လို့ ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ပုံဟန် ဆင်းတုတော်ပေါင်း ခုနှစ်ဆယ် လောက်တွေ့ ရှိရခြင်းဖြစ်သတဲ့။ ဒီ လို ဆင်းတုတော် မျိုးကို ပင်းတယ ဂူမှာသာ တွေ့နိုင်ပြီး မြန်မာပြည်က ဘယ်နေရာမှ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီဆင်းတုတော်ရဲ့ ဆံတော်ပုံစံ၊ မျက်လုံးတော်၊ နားတော်၊ သင်္ကန်းရုံပုံ ဟာ အခြား ဗုဒ္ဓရုပ်ပွားတော် တွေနဲ့ ကွဲပြားခြားနားပြီး လှန်ထားတဲ့ ညာဘက် လက်တော်ဟာ ဆေးသစ်စေ့ တစ်စေ့ကိုလည်း ကိုင်ထားတော်မူတယ်။ ဒီ ဆင်းတုတော် မျိုးကို မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်လေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လို့ ပင်းတယဂူ ဟာ (၁၈) ရာစု နှောင်းပိုင်းလောက်မှာ မဟာယာန ဗုဒ္ဓဘာသာဝင် တို့ရဲ့ ပူဇော်ရာနေရာ တစ်ခု ဖြစ်မယ် လို့ မှန်းဆပါတယ်။
၁၉၂၅ တုန်းက ဂူပေါက်ကို ဒိုင်းနမိုက်တွေနဲ့ ချဲ့ထွင်တဲ့အခါ ဘုရားဆင်းတော်အချို့နဲ့ မှတ်တမ်း ကျောက်စာ အချို့ ပျက်စီးခဲ့ရ ပြီး အရေးပါတဲ့ဗုဒ္ဓရုပ်ပွားတော် အချို့ကို အနီးနား ဘုန်ကြီးကျောင်း များသို့ ရွှေ့ပြောင်းထားရှိခဲ့တယ်။ သို့သော်လည်း အဲဒီ ဆင်းတုတော်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ် လို့ သိရပါတယ်။
ပင်းတယ ရွှေဥမင် လိုဏ်ဂူ အတွင်းရှိ ယခင်က ကျောက်စည်၊ ကျောက်မောင်းများ
ပေ ၄၉ဝ အရှည်ရှိသော ပင်းတယ လိုဏ်ဂူအတွင်း ရှိ ရှေးဟောင်းစေတီ၊ ရုပ်ပွားတော် ၈ဝ၉၄ ဆူ ရေရှည် ထိန်းသိမ်းရန် အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက် တို့ဖြင့် လိုဏ်ဂူ အတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း (ပုံ) တို့ကို တီးခွင့်၊ ထိုးခွင့် မပြု တော့ခဲ့ကြောင်း သိရသည်။
''ပင်းတယ ဘုရားလိုဏ် ကို နေ့စဉ် ပြည်တွင်းရော ပြည်ပ ခရီးသွားတွေ လေ့လာသူ၊ ဘုရားဖူးသူ တွေဟာ လိုဏ်ဂူထဲမှာ ရှိတဲ့ ဘုရား၊ စေတီတွေရဲ့ ထူးခြားဆန်းပြား ဟန်တွေကို ဖူးကြ၊ လေ့လာ ကြတဲ့အပြင် တီးလို့ ခတ်လို့ ရတဲ့ ကျောက်စည်၊ ကျောက်မောင်း တွေကို ထိုးလို့ တီးလို့ ရအောင် အရင်က ဝါးလုံးကြီးတွေ၊ အသားတွေနဲ့ စီစဉ်ပေးထား ပေမယ့် နောက်ပိုင်း မှာ ပြည်ပ ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေ ဆွေးနွေး တိုင်ပင်ပြီး ကျောက်စည် ကျောက်မောင်း မတီး ကြဖို့အထိ သတိပေး လာပါတယ်။ ဒါနဲ့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရယူပြီး ကျောက်စည်၊ ကျောက်မောင်း တီးခတ်ခွင့်ကို မပြုတော့ခဲ့သည်ဟု ... '' ဟု သိရှိရသည်။
ယခင် ကျောက်ခေတ် ဟောင်းတွင် အဆိုပါ ဂူများအတွင်း လူနေထိုင်မှု ရှိ၊မရှိကို ရှေးဟောင်း သုတေသန ၏ တူးဖော် ခွင့်ရလျှင် သိနိုင်မည် ဖြစ်ကြောင်း သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း ပြုစု ထားသော ပင်းတယမြို့ ရွှေဥမင် စေတီ နှင့် ဂူသမိုင်း မှ သိရသည်။
Credit: Myo Min Win
03/11/2017
မင်္ဂလာပါခင်ဗျာ
Shwe Toe Car Rental Service မှကြိုဆိုပါတယ် ....🚘🚘🚘
မိတ်သစ် မိတ်ဟောင်း မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးများ ခင်ဗျာ
ခရီးသွားရန်ဖြစ်စေ၊ လုပ်ငန်းအတွက်ဖြစ်စေ ကားစီးလုံးငှားရန်လိုပါ လူကြီးမင်းတို့ စိတ်တိုင်းကျ မှန်ကန်သောဈေးနူန်းနှင့် ကောင်းမွန်သောဝန်ဆောင်မှု ပေးလိုပါသည်။
Alphard 8 ယောက်စီးကားဖြင့် 
မြို့တွင်း/ မြို့ပြင်
လေဆိပ်ကြို့/ ပို့
အချိန်ပိုင်း / ရက်ပိုင်း
နယ်ခရီးစဉ်များအတွက်
🚘 ကား + 🤵ယာဉ်မောင်း + 🛣 လမ်းကြေး + 🌉 တံတားကြေး + 🛢ဆီ အပြီးအစီးဖြင့် ဝန်ဆောင်မှုပေးရန်အသင့် ရှိနေပါသည်။
ဌားရမ်းလိုပါက ☎️ 09421134297
☎️ 09426560937
03/11/2017
ပျော်ရွှင်စရာ တန်ဆောင်မုန်းလပြည့်နေ့မှာမိတ်ဆွေသင်္ဂဟများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ၍ လိုအင် ဆန္ဒများပြည့် ဝကြပါစေလို့ ဆုမွန်ကောင်းများတောင်းအပ်လိုက်ပါသည်🙏🏻🙏🏻🙏🏻
16/10/2017
အမျိုးတို့ရေ ဒီမြေပုံကြမ်းလေး ဆောင်ထားသင့်တယ်...
Credit: Win Zaw
မူရင်း
24/09/2017
ကျိုက်ထီးရိုး ရင်ပြင်တော်၌ တည်းခိုရန် ကြိုတင်ပြင်ဆင်လိုသူများအတွက်....
ဝန်ထမ်းများ အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ထားနိုင်ရန်
2017 - 2018 ဘဏ္ဍာရေးနှစ်
ဆက်တိုက် ရုံးပိတ်ရက်များ
=============================
အောက်တိုဘာလ
သီတင်းကျွတ်ပွဲတော်
(4.10.2017) မှ (6.10.2017) ထိ
ဗုဒ္ဓဟူး ကြာသာပတေး သောကြာ (၃) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၅) ရက် ဖြစ် !
နိုဝင်ဘာလ
တန်ဆောင်တိုင်ပွဲတော်
(2.11.2017) မှ (3.11.2017) ထိ
ကြာသာပတေး သောကြာ (၂) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၄) ရက် ဖြစ် !
နိုဝင်ဘာလ
အမျိုးသားနေ့
(13.11.2017)
တနင်္လာနေ့ (၁) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၃) ရက် ဖြစ် !
ဒီဇင်ဘာလ
ကရင်နှစ်သစ်ကူးပွဲတော်
(18.12.2017)
တနင်္လာနေ့ (၁) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၃) ရက် ဖြစ် !
ဒီဇင်ဘာလ
ခရစ္စမတ်နေ့
(25.12.2017)
တနင်္လာနေ့ (၁) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၃) ရက် ဖြစ် !
ဒီဇင်ဘာလ / ဇန်နဝါရီ လ
နှစ်သစ်ကူးနေ့
(30.12.2017) မှ (1.1.2018) ထိ
တနင်္လာနေ့ (၁) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၃) ရက် ဖြစ် !
ဖေဖေါ်ဝါရီလ
ပြည်ထောင်စုနေ့
(12.2.2018)
တနင်္လာနေ့ (၁) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၃) ရက် ဖြစ် !
မတ်လ
တပေါင်းလပြည့်နေ့
တောင်သူလယ်သမားနေ့
(1.3.2018) မှ (2.3.2018) ထိ
ကြာသာပတေး သောကြာ (၂) ရက် ပိတ်
စနေ တနင်္ဂနွေ ခံသွားတော့ (၄) ရက် ဖြစ် !
crd.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon