Cho Cho Naing

Cho Cho Naing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cho Cho Naing, Artist, Yangon.

08/07/2024

အမျိုးသမီးတွေရဲ့ အတိတ်ဆိုတာ လုံးဝပြန်လှည့်မကြည့်တော့တာတွေရှိသလို အမျှင်တန်းနေတဲ့ နှောင်ကြိုးတွေကလည်းထုနဲ့‌‌ဒေးပေါ့ တချို့ နာကျည်း စရာကောင်းတာတွေ နာကျင်ရတာတွေက တသက်လုံးလိုက်ပါလာတာမျိုး ကိုယ်တိုင်း မစွန့်လွှတ်နိုင် မချင်းပေ့ါ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမတို့ ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ကြတာချည်းပဲ မဟုတ်လား

There is something women’s past that we don’t want to look back at all, and the bonds that run through the threads are heavy and heavy. Some of the bitter and painful things accompany us throughout our lives.

Artist: Cho Cho Naing
Title: Past (Knot) (April,2020)
Series: The Women
Medium: Acrylic on Canvas
Size: 16” 24”

07/07/2024

ပန်းဘုရင်မလေးတွေက ဘဝမှာ အေးငြိမ်းမှုကို ရှာနေရင်း မောပန်းတဲ့ အခါလည်း ရှိတာပေ့ါ တကယ်တန်းကျ ကျမတို့ရဲ့ ဖြစ်တည်မှုကိုက အလေ့ကျပဲပေါက်ပေါက် ပင်မြင့်မှာပဲ ပွင့်ပွင့် တယုတယပဲ ပျိုးပျိုး အလှကိုယ်စီရှိတဲ့ ပန်းပွင့်လေးတွေလိုပဲလေ

Flower queens are tired while searching for peace in life, but really, our existence is just like a flower that blooms at the height of the tree or in bushes.

Title: Queen of the Flower (June, 2020)
Series: The Women
Medium: Watercolor on paper
Size : 18’’ 24’’

06/07/2024

ဘယ်သူကိုမှ ပြောပြလို့မရတဲ့လျှိုဝှက်ချက်တွေကရော ဖြတ်သန်းမှုတိုင်းမှာထင်ကျန်ခဲ့တာပေါ့ တမင်မပြောချင်လို့ အဖြစ်အပျက်တွေကို မသိချင်ယောင် ဆောင်ပေးလိုက်တာလည်း ရှိတာပေ့ါရှင်

There are secrets that can't be told to anyone which we left behind in every passing, we didn’t want to say it deliberately So we pretended not to know about that.

Artist: Cho Cho Naing
Title: Secret (March,2020)
Series: The Women
Medium: Acrylic on Canvas
Size: 18” 24”

06/07/2024

အခြေအမြစ်မရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် တားဆီး ပိတ်ပင် ခွဲခြား ဆက်ဆံခံရတာတွေ ပိုများတဲ့ အမျိုးသမီးများရဲ့ဘဝတွေမှာ လောကဓံကို ရင်ဆိုင် အံတုရင်း နာကျင်မှု တွေကြားထဲမှာ ကကုန်နိုင်တဲ့ အမျိုးသမီးတွေလည်း ထုနဲ့ ဒေးပါပဲ

In the lives of women who are more often prevented and discriminated against due to various baseless reasons, there are women who can defy the world and dance in the midst of pain.

Artist: Cho Cho Naing
Title: Dancing in the Pain (Dec ,2020)
Series: The Women
Medium: Acrylic on Canvas
Size : 20’’ 24’’

05/07/2024

မိခင်တစ်ယောက်ဖြစ်ပိုင်ခွင့် ရှိခြင်းကလည်း ကျမတို့ အမျိုးသမီးတွေရဲ့ ထူးခြားပြီး လေးနက်တဲ့ ဖြစ်တည်မှု တစ်ခုဖြစ်ပြီး လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ခွင့်တွေလည်း တစ်ဆက်တည်းမှာ ရှိသင့်တာမျိုးပေ့ါ မိခင်ဘဝကို ရွေးချယ်မှုက မိန်းမတစ်ယောက်ကို ဘယ်သူမှ မျှမကူနိုင်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေလို့ပါပဲ

Having the right to be a mother is a unique and profound existence of us women, and the freedom to choose and decide should be in line with it, because the choice of motherhood is a choice that no one can help a woman make.

Artist: Cho Cho Naing
Title: Mom to be (July ,2022)
Series: The Women
Medium: Acrylic on Canvas
Size : 36’’ 24’’

04/07/2024

ကျမတို့ကို မိန်းမကြမ်းကြီး လို့ သတ်မှတ်နိုင်တဲ့ အချိန် သတ်မှတ်ချင်ကြတဲ့ အခါဆိုတာရှိမှာပေ့ါ သတ်မှတ်နိုင်ပါတယ် အမျိုးသမီးတွေ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ လောကဓံကို အံတုနိုင်ဖို့ ကျမတို့ ဒီလောက်တော့ ကြမ်းတမ်းဖို့ လိုတယ်လေ ကြိုက်သလိုသာ ခေါင်းစဥ် တပ်လိုက်ကြစမ်းပါ
There will be times when people want to define as difficult and tough women, of cause they can. Because we need to be that tough and difficulties in order to defy the world which is giving us a lot to fight. So Just label us as you want.

Artist: Cho Cho Naing
Title: Call me a monster for what I fight with (Jan ,2021)
Series: The Women
Medium: Acrylic on Canvas
Size : 36’’ 24’’

03/07/2024

ကျမတို့ အမျိုးသမီးတွေမှာ ရှင်းပြလို့ မရတဲ့ လျှိုဝှက်ဆန်းကြယ်တဲ့ ခံစားချက်တွေ ဖြစ်တည်မှုတွေ ရှုတ်ထွေးမှုတွေ လည်း ရှိတယ် ကျမတို့ရှင်းပြဖိုလည်း မကြိုးစားတော့ဘူး ဖြစ်တည်မှုနဲ့ ပဲ သက်သေပြချင်တယ်

We women have mysterious and mysterious feelings that cannot be explained. We don't even try to explain it we just want to prove it with our existence.

Artist: Cho Cho Naing
Title: Arcane (Jan ,2020)
Series: The Women
Medium: Acrylic on Canvas
Size : 20’’ 24’’

02/07/2024

ကျမတို့ အမျိုးသမီးတွေမှာ ဖြစ်ချင်တဲ့ အိမ်မက်တွေ စွဲလမ်းနှစ်ခြိုက်တဲ့ အရာတွေရှိပါတယ် အဲ့ဒီအရာတွေကို ရယူနိုင်ဖို့ ပြင်းထန်တဲ့ စိတ်ဆန္ဒတွေလည်း ရှိပါတယ် ဘယ်လို အခက်အခဲ အပိတ်အပင် အတားအဆီး တွေရှိနေပါစေ ကျော်ဖြတ်ပြီး ရအောင်ယူဖို့ လက်နက်ရော သတ္တိရော ကျမတို့မှာ ရှိပြီးသားပါပဲ

We women have things that we like to dream and like to be, and we also have a strong desire to get those things. No matter what difficulties and obstacles there are, we are our own weapons and courage to overcome them.

Artist: Cho Cho Naing
Title: Passion (Jan ,2020)
Series: The Women
Medium: Acrylic on Canvas
Size : 18’’ 24’’

01/07/2024

အခုမှ စမ်းကြည့်မလို့
😁😁

01/07/2024

အမျိုးသမီးတွေက ပွင့်ဖူးတတ်တဲ့ သဘောရှိတယ် အလှတရားနဲ့အတူ မေတ္တာတရားတွေရောပေါ့ အလှတရားရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ကျမတို့ရဲ့ တည်ကြည်ရဲရင့်ခြင်းနဲ့ ထိန်းကျောင်းရတာပေါ့ရှင့်

Women have a blossoming nature, beauty and love, and the good and bad of beauty must be controlled with our steadfastness and courage.

Artist: Cho Cho Naing
Title: Blooming (Sep,2019)
Series: The Women
Medium: Watercolor on paper
Size : 10’’ 18’’

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon