NMK Group
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NMK Group, Clothing (Brand), Yangon.
19/06/2022
ပါမစ်တွေ လာပါပြီ
25/11/2021
24/11/2021
ဗြိတိန်တွင် ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၄သောင်းကျော် စစ်ဆေးတွေ့ရှိ
လန်ဒန်၊ နိုဝင်ဘာ ၂၁
ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၄၀,၉၄၁ ဦးစစ်ဆေးတွေရှိခဲ့ကြောင်း ဗြိတိန် ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်သည်။
၂၄ နာရီအတွင်း COVID-19 ကြောင့် ထပ်မံသေဆုံးသူ ၁၅ဝရှိကြောင်းသိရသည်။
ထို့ကြောင့် ဗြိတိန်တွင် COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၉,၈၀၆,၀၃၄ ဦးရှိပြီဖြစ်ပြီး၊ သေဆုံးသူစုစုပေါင်းမှာ ၁၄၃,၈၆၆ ဦးရှိလာပြီဖြစ်သည်။
ဗြိတိန်အပါအဝင် ဥရောပနိုင်ငံများတွင် COVID-19 ကူးစက်မှုသည် တကျော့ပြန် ပြန်လည်မြင့်တက်လာနေကြောင်းသိရသည်။
ကိုးကား
UK records another 40,941 new coronavirus cases
07/11/2021
လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန်ကြေညာ
နေပြည်တော်၊အောက်တိုဘာ-၃၀
နစကရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်(၁၉)ရောဂါကူးစက်မှုကို လျော့နည်းကျဆင်းစေဖို့ ထိန်းချုပ်တဲ့အနေနဲ့ ခြွင်းချက်ထားတဲ့ကိစ္စတွေကအပ ဘယ်နေရာမှာမဆို လူ ၅၀ ဦးထက်ပိုပြီးစုဝေးခြင်းမပြုဖို့ ကြေညာထားခဲ့ပါတယ်။
အခုချိန်မှာတော့ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှုန်းဟာလျော့နည်းလာတာကြောင့် ခြွင်းချက်ထားတဲ့ကိစ္စတွေမဟုတ်ရင် လူ ၁၀၀ ဦးထက်ပိုစုဝေးခြင်းမပြုဖို့ကို အောက်တိုဘာ ၂၉ ရက်က ပြောင်းလဲ ကြေညာခဲ့ပါတယ်။
အခုလို ကျန်းမာရေးဝန်ကြီးဌာနရယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားတဲ့ အမိန့်၊ညွှန်ကြားချက် မလိုက်နာသူတွေက ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာရေးသားထားပါတယ်။
07/11/2021
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက်
ကောက်ခံမည့်နှုန်းထားများ
07/11/2021
ယာဉ်မောင်းလိုင်စင်အမျိုးအစားနှင့်
သက်တမ်းသတ်မှတ်ချက်
31/10/2021
facebook ကုမ္ပဏီအား Meta ဟု နာမည်ပြောင်းလိုက်ပြီဖြစ်သော်လည်း၊ APP များ ယခင်နာမည်များအတိုင်းသာ ဆက်ရှိနေမည်
ကယ်လီဖိုးနီးယား၊ အောက်တိုဘာ ၂၉
facebook ကုမ္ပဏီအား အောက်တိုဘာ ၂၈ ရက်မှစတင်၍ Meta ဟု အမည်ပြောင်းလိုက်ပြီဖြစ်သော်လည်း၊ ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် facebook, Instagram, WhatsApp, Messenger အစရှိသည့် APP များကိုမူ ယခင်အမည်များအတိုင်းသာလျှင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် မူလအတိုင်းပင် ဆက်လက်အသုံးပြုနိုင်ကြသည်။
ဥပဒေပြုအမတ်များ၊ အစိုးရတာဝန်ရှိသူများ၏ ဝေဖန်မှု ထိုးနှက်များကိုခံခဲ့ရပြီးသည့်နောက် ကမ႓ာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီကြီးသည် ယခုကဲ့သို့ အမည်ပြောင်းလိုက်ရခြင်းဖြစ်သည်။
ကိုးကား
Facebook changes name to Meta as it refocuses on virtual reality
Photo: Mark Zuckerberg
21/10/2021
🟦facebook ကို နာမည်ပြောင်းတော့မည်🟦
******t******h******u******r***"**a******
ကယ်လီဖိုးနီးယား၊ အောက်တိုဘာ ၂၀
လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေပြုအမတ်များ၏ ဝေဖန်မှုကို တောက်လျှောက်ခံနေရသော facebook သည် ပရိသတ်များ စိတ်ဝင်စားမှုကို အခြေခံသည့် အမည်သစ်တစ်ခုကို ပြောင်းလဲရန် စီစဉ်နေကြောင်း The Verge သတင်းဌာနကို ကိုးကား၍ Reuters သတင်းဌာနက ရေးသားထားသည်။
ပြောင်းလဲမည့် အမည်သစ်အတွက် the metaverse ဟူသည့် အမည်ကို အထူးအာရုံစိုက်နေကြောင်းသိရသည်။
ထိုသို့အမည်ပြောင်းလဲခြင်းကို လာမည့်ရက်သတ္တပတ်တွင်ကြေညာမည်ဖြစ်ကြောင်း တိုက်ရိုက်သိသော သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ The Verge က ရေးသားထားသည်။
ယင်းအပြောင်းအလဲသည် Instagram နှင့် WhatsApp ကဲ့သို့သော အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် မိခင်ကုမ္ပဏီကြီးတစ်ခုအတွက် ကြီးမားသော အပြောင်းအလဲဖြစ်နိုင်ကြောင်းဆိုကြသည်။
ယင်းသတင်းနှင့်ပတ်သက်၍ ကောလဟာဟတစ်ခုဟုလည်းကောင်း၊ သတင်းမှားဟုလည်းကောင်း facebook က မှတ်ချက်ပြုခြင်း မရှိချေ။
ကိုးကား
Facebook plans rebrand with new name, says The Verge(Reuters)
Source- Popular News Journal
https://www.facebook.com/287336421282160/posts/5262247213791031/
20 - 10 - 2021
Photo - Credit
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
12/04/2024