Radiance
https://bit.ly/radiancecomputer
https://bit.ly/radianceinfo
နည်းပညာခရီးသွားများအတွက် လမ်းပြကြယ်
High Tech,Low Tech, No Tech နည်းပညာမျိုးစုံ ပေါင်းစပ်ပြီး
လုပ်ငန်းတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနေတာ 15 နှစ်တောင် ရှိခဲ့ပါပြီ။ 🎯
https://bit.ly/radiancecomputer
https://bit.ly/radianceinfo
31/05/2026
မိတ်ဆွေတို့ရေ ၊ မောင်ပီစီပါ
ဆိုတာ
Sunday တိုင်းမှာ
တင်ဆက်လေ့ရှိတဲ့
အတွေးအမြင်ဖလှယ်ရေး
အစီအစဥ်လေးဖြစ်တယ်။
ရည်ရွယ်ချက်ကတော့
စိတ်ကူးစိတ်သန်းကောင်းလေးတွေ ၊
စိတ်ဓါတ်ခွန်အားပေးတဲ့
အကြောင်းအရာတွေ
မျှဝေဖို့ဖြစ်ပါတယ်
လက်တွေ့ကျတဲ့ ဘဝနေနည်းတွေ
ယဥ်ကျေးမှုဆိုင်ရာအမြင်သစ်တွေ ၊
ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ဖို့နည်းလမ်း
အတွေးအခေါ် တွေရောပေါ့
ကဲ ..
ဒီနေ့ အတွက်
SundayThoughts တွေက
ဘာများဖြစ်မလဲ စောင့်ပြီး
ဖတ်ရှုလေ့လာလို့ရပါတယ်။
မိတ်ဆွေတို့ရဲ့ မောင်ပီစီ
30/05/2026
ပျော်ရွှင်ခြင်းရဲ့ မျက်နှာဖုံး
တစ်ခုခု လိုချင်လို့ ဝယ်လိုက်တယ်။
ခဏ ပျော်တယ်။
ပြီးတော့ နောက်တစ်ခု လိုချင်ပြန်တယ်။
ဖုန်းကို scroll တယ်။
ခဏ ကြည်နူးတယ်။
နောက်တော့ ဘာမှ မကျန်ဘူး။
အဲ့ဒါ ပျော်ရွှင်ခြင်း မဟုတ်ပါဘူး။
ဦးနှောက်ထဲက Dopamine "hit" တစ်ခုပါ။
တက်တာ မြန်သလို၊ ပြန်ပျောက်တာလည်း မြန်တယ်။
ပင်လယ်ရေ သောက်သလိုပါ။
သောက်လေ သောက်လေ ငတ်မပြေ။ 🌊
Dr. Robert Lustig က ပြောဖူးတယ် —
"ခံစားမှု (pleasure) ကို လိုက်ရှာလေလေ၊
ပျော်ရွှင်မှု (happiness) လျော့လေလေ။" တဲ့
ခံစားမှုက Dopamine — မိနစ်ပိုင်း။
ပျော်ရွှင်မှုက Serotonin — ရေရှည်။
နှစ်ခု မတူပါဘူး။
ခဏတာ "hit" များလေလေ
တကယ့်ပျော်ရွှင်မှုက တိတ်တဆိတ် ဆုတ်ခွာသွားလေ။
ကိုယ့်ရဲ့ "ပျော်တယ်" ထင်နေတဲ့ အရာတွေထဲ
ဘယ်ဟာက ခဏတာ hit လဲ?
ဘယ်ဟာက တကယ့် ပျော်ရွှင်မှုလဲ?
ခွဲခြားတတ်တာကိုက... skill တစ်ခုပါ။
ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မောင်ပီစီ
30/05/2026
ဆိုတာ
မောင်ပီစီတို့ရဲ့ Radiance က
စနေနေ့တိုင်း ပုံမှန်လုပ်ဆောင်နေတဲ့
Facebook အစီအစဥ်လေးတစ်ခုပါ
အသုံးဝင်တဲ့ နည်းပညာဆိုင်ရာ အကြံဉာဏ်လေးတွေ
လက်တွေ့လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို
မျှဝေပေးလေ့ရှိပါတယ်။
ဥပမာ - ကွန်ပျူတာ ထိန်းသိမ်းနည်းတွေ
ဆော့ဖ်ဝဲလ်တွေ အသုံးပြုနည်းတွေ
လုံခြုံရေးဆိုင်ရာ အကြံပြုချက်တွေ စတာတွေပေါ့။
ရည်ရွယ်ချက်ကတော့ မိတ်ဆွေတို့လို မိသားစုရှိတဲ့
အလုပ်လုပ်နေတဲ့ ပညာရှင်တွေရဲ့ နည်းပညာဆိုင်ရာ
ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့ပါပဲ။
ဒီအစီအစဥ်က မိတ်ဆွေတို့ အတွက်
တစ်ပတ်တစ်ခါ နည်းပညာဗဟုသုတအသစ်တွေ ရစေသလို
မိသားစုနဲ့အတူ စိတ်ဝင်စားဖွယ် လုပ်ဆောင်နိုင်တဲ့
အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် Radiance ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့
သတင်းအချက်အလက်တွေကိုလည်း တစ်ခါတလေ
ထည့်သွင်းဖော်ပြပေးလေ့ရှိပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီ ကို
အမြဲစောင့်ကြည့်ပြီး ဖတ်ပေးတာကျေးဇူးတင်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ
ထပ်မံတင်ဆက်ပေးသွားပါ့မယ်နော်။ 😊🖥️
29/05/2026
လေ မတိုက်တဲ့နေရာမှာ ကြီးတဲ့ သစ်ပင်ဟာ
ပထမဆုံး မုန်တိုင်းနဲ့ ပြိုလဲတတ်တယ်။
လေနဲ့ ရုန်းကန်ဖူးတဲ့ အမြစ်တွေ မရှိလို့။
တကယ်တော့ လေတိုက်ခံရတိုင်း
သစ်ပင်ရဲ့ အမြစ်က ပိုမြဲသွားတာ။
မိဘတိုင်းက သားသမီးကို
လေ မတိုက်တဲ့နေရာမှာ ထားချင်ကြတယ်။
အခက်အခဲ မလာစေချင်ဘူး။
စိတ်ဆင်းရဲတာ မခံစားစေချင်ဘူး။
ဒါပေမယ့် နာကျင်မှု အကုန် ဖယ်ပေးလိုက်ရင်
အသဲကြော်ပဲလှော်လေးတွေ
အမြစ် သန်စွမ်းဖို့မလွယ်တော့ဘူး။
မုန်တိုင်းတစ်ခု လာတဲ့အခါ
ပြိုလဲဖို့ပဲ ကျန်တော့တယ်။
သားသမီး ခိုင်ခံ့လာဖို့
လေ မတိုက်အောင် ကာပေးတာ မဟုတ်ဘူး —
လေထဲမှာ မိတ်ဆွေ ဘေးက ရှိနေပေးတာ။
ချစ်လို့ ကာပေးတဲ့ လက်ဟာ
တစ်ခါတလေ သူ့တို့ကို အားနည်းစေတတ်တယ်ဆိုတာ
သတိထားမိဖူးလား?
The wind you fear is what makes them strong.
ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မောင်ပီစီ
29/05/2026
မင်္ဂလာပါ ၊ မောင်ပီစီတို့ Radiance က
နည်းပညာနဲ့ မိဘတာဝန်ကို ပေါင်းစပ်ပေးမယ့်
အစီအစဥ်သစ်ကို
ပြန်လည် စတင်လိုက်ပါပြီ!
သောကြာနေ့တိုင်း မိတ်ဆွေတို့အတွက်
- Digital Parenting Tips
- အသဲကြော်ပဲလှော်လေးတွေရဲ့
ဉာဏ်ရည်တိုးတက်စေမယ့် နည်းလမ်းများ
- Online Safety အကြံဉာဏ်များ
- မိသားစု Screen Time စီမံခန့်ခွဲနည်းများ
ကောင်းမွန်သာယာတဲ့နေ့လေးဖြစ်ပါစေ။
28/05/2026
Viber ဖွင့်လိုက်တိုင်း
မသိတဲ့နံပါတ်တွေဆီက Spam တွေ ဝင်လာဖူးလား?
မိတ်ဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး။
အများစုက ဖျက်ပစ်လိုက်ရုံနဲ့ ပြီးတယ်ထင်တယ်။
ဒါပေမယ့် ဖျက်လိုက်ရုံနဲ့ သူတို့ ပျောက်မသွားပါဘူး။
ဒါကြောင့် ဖျက်ရုံတင်မက Block လုပ်ပါ။
ပြီးတော့ Report Spam ကိုပါ နှိပ်ပေးပါ။
Block လုပ်ရင် သူ ကိုယ့်ဆီ ထပ်မပို့နိုင်တော့ဘူး။
Report လုပ်ရင်တော့ အဲဒီနံပါတ်ကို
တခြားသူတွေဆီ ရောက်တဲ့အခါ "Spam" လို့ ကြိုတင် သတိပေးပေးတယ်။
ဆိုလိုတာက မိတ်ဆွေ နှိပ်လိုက်တဲ့ Report တစ်ချက်က
မိတ်ဆွေ မသိတဲ့ တခြားတစ်ယောက်ကို ကာကွယ်ပေးနေတာ။
ကိုယ့်အသဲကြော်ပဲလှော်လေးတွေ၊ မိဘ အဘိုးအဘွားတွေ
ဖုန်းမှာလည်း ဒီအတိုင်း သင်ပေးထားလို့ရတယ်။
ဖျက်ပစ်တာ ကိုယ့်အတွက်။
Report လုပ်တာ အားလုံးအတွက်။
Block to protect yourself. Report to protect everyone.
ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မောင်ပီစီ
28/05/2026
🚀 မိတ်ဆွေတို့ရဲ့ နည်းပညာမိတ်ဆွေ မောင်ပီစီနဲ့
မှာ တွေ့ဆုံဖို့ အဆင်သင့်ပဲလား? 🤓💻
မင်္ဂလာပါ မိတ်ဆွေတို့ 👋 မောင်ပီစီပါ။
နည်းပညာဗဟုသုတနောက်မကျစေရဆိုတဲ့ ဆောင်ပုဒ်နဲ့
အညီ Radiance ရဲ့ အစီအစဥ်ကနေ
ကြာသပတေးနေ့တိုင်း မိတ်ဆွေတို့အတွက်
နည်းပညာနဲ့ပတ်သက်တဲ့ အသုံးဝင်တဲ့
Tips လေးတွေ မျှဝေပေးနေပါတယ်။
ဥပမာ -
🖥️ ကွန်ပျူတာသုံးစွဲမှု အကြံဉာဏ်များ
📱 မိုဘိုင်းဖုန်း လုံခြုံရေးအချက်များ
💾 ဆော့ဖ်ဝဲလ် အသုံးပြုနည်းများ
🔧 နည်းပညာ ထိန်းသိမ်းရေးအချက်များ
မိတ်ဆွေတို့ရဲ့ နေ့စဥ်ဘဝမှာ နည်းပညာကို
ပိုမိုထိရောက်စွာ အသုံးချနိုင်ဖို့ ကူညီပေးနေပါတယ်။
သားသားမီးမီးတို့အတွက်
Digital Parenting Tips
တွေလည်း ပါဝင်မှာပါ။ 👨👩👧👦
ဒီနေ့မှာ ဘာ Tip များ ရမလဲ...
စောင့်မျှော်ကြည့်ရှုပေးလို့ရပါတယ်! 🎉
မိတ်ဆွေတို့ သိချင်တဲ့ နည်းပညာဆိုင်ရာ
မေးခွန်းတွေ ရှိရင်လည်း Comment
ရေးပေးခဲ့လို့ရပါတယ်နော် 💬
#နည်းပညာဗဟုသုတနောက်မကျစေရ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
178, 49th Street (Upper Lucky7 Block), Pazundaung Township, Myanmar (Burma)
Yangon
11171