Professional Development Institute

Professional Development Institute

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Professional Development Institute, Consulting Agency, No. 36 Seiktha Thukha Street, Yangon.

Photos from Prevent Plastics+'s post 06/04/2025
13/11/2022

သင်တန်းဖွင့်လှစ်မည့်ရက် ကြော်ငြာခြင်း
LCCI LEVEL I,II Vs Practical Accounting New Class (Face To Face)
သင်တန်းလေးကို အခုလာမယ့် November 21 ရက်နေ့ကနေ စတင်၍ဖွင့်လှစ်ပါတော့မယ်..။
ယခုသင်တန်းကိုအပတ်စဉ် တနင်္လာ ၊ ကြာသပတေး နှင့် စနေ နေ့တို့တွင် ညနေ ၆နာရီခွဲမှ ည၈နာရီခွဲ အချိန်အထိ တစ်ပတ်လျှင် ၃ ရက်နှင့် သင်တန်းကာလ ၅လ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ပိတ်ရက်များတွင်လည်း အချိန်ညှိပြီး Course
ကိုမပြတ်ပြတ်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
တက်‌ရောက်မည့် သင်တန်းသားများအနေဖြင့် LCCI LEVEL I,II စာမေးပွဲကို ယခုလာမည့် 2023 April လတွင် ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်‌..။
ဒီသင်တန်းလေးဟာ စာရင်းကိုင်ပညာရပ်ကို စာတွေ့တွင်သာမက လုပ်ငန်းခွင်မှာပါ Professional တစ်ယောက်အဖြစ် လက်တွေ့အသုံးချတတ်စေရန် ဘာသာရပ်နှစ်ခုကို ပေါင်းစပ်၍ စည်းစနစ်ကျကျ သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်၊၊ဒီလိုသင်ကြားပေးတဲ့အတွက် ‌ကျောင်းသူ/သားများအနေဖြင့် ခက်ခဲသောစာရင်းကိုင်ပညာရပ် ကို လက်တွေ့နှင့်ချိတ်ဆက်ပြီး သင်ယူရခြင်းဖြစ်သဖြင့် မပင်မပန်းပဲစာမေးပွဲကို လွယ်ကူစွာအောင်မြင်နိုင်မှာ ဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း စတင်ဝင်ရောက်ရန် အဆင်သင့် ဖြစ်စေမှာဖြစ်ပါတယ်။
ယခင် 2022 July စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သောကျောင်းသား/သူများ၏ အောင်ချက်ရာခိုင်နှုန်းမှာ 85% အထိရှိခဲ့ပြီး ဂုဏ်ထူးရသူ 50% အထိရှိခဲ့ပါတယ်။ ယခု အချိန်မှာတော့ အားလုံးဟာ လုပ်ငန်းခွင်သို့ စာရင်းကိုင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။
LCCI နဲ့ပက်သတ်တဲ့ စာမေးပွဲတွေဟာ 2023 September မှစတင်၍ ဖြေဆိုခွင့် မရှိတော့ပဲ လေ့လာခွင့်သာရရှိတော့မှာဖြစ်တဲ့ အတွက် ဒီအခွင့်အရေးလေးကို အမိအရ ရယူရန်လိုပါတယ်။ဒီသင်တန်းလေးကို လက်တွေ့လုပ်ငန်းခွင်Finance Department တွင် လက်ရှိလုပ်ကိုင်ဆဲဖြစ်သော ဝါရင့် Professional များမှသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ လူဦး‌ရေကန့်သတ်ထားတဲ့ သင်တန်းလေးဖြစ်လို့ မြန်မြန်လေးစာရင်းပေးဖို့တော့လိုပါမယ်နော်...။
သင်တန်းတက်‌ရောက်မည့် ကျောင်းသား/သူများ အနေဖြင့် အမည် ၊ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တို့ကို Page ရဲ့ Chat Box
ကနေတဆင့် လာရောက်စာရင်းပေးလို့ရပါပြီ၊၊
အသေးစိတ်အချက်အလက်များကို Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
သင်တန်းကျောင်း လိပ်စာ
No. (36), Sate-Ta-Thukha street, Ward 7, Hlaing Township, Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
09-73040322, 09-758156860

Photos from Professional Development Institute's post 02/11/2022

LCCI LEVEL I,II & Practical Accounting New Class

ကိုယ့် Career life ကိုရွေးချယ်တဲ့နေရာမှာတွေဝေနေတုန်းလား?
အလုပ်အကိုင်အခွင့်အလမ်းရှားမှာ တွေးပူနေလား?

ဒါဆိုရင်တော့ Accounting စာရင်းကိုင်ပညာကိုသင်ယူဖို့တိုက်တွန်းပါရစေ
လုပ်ငန်းတိုင်းဟာ စာရင်းတွေနဲ့ရှေ့ဆက်နေရတဲ့အညီ စာရင်းကိုင်တွေကိုမရှိမဖြစ်လိုအပ်တာမို့ အလုပ်အကိုင်ရှားမှာတော့ စိတ်ပူစရာမလိုပါဘူးနော်
အလုပ်ရလွယ်ကူပြီး စိတ်ဝင်စားမှုသာရှိလျှင် သင်ယူဖို့လွယ်ကူတာမို့ မိန်းကလေး၊ ယောကျာ်းလေးမရွေးတဲ့ Career တစ်ခုဖြစ်ပါတယ်။

ကဲဒါဆို စာရင်းကိုင် Accountant တစ်ယောက်ဖြစ်ဖို့ဘာတွေလိုမလဲ?
စာရင်းကိုင်ပညာရဲ့ အခြေခံဖြစ်တဲ့ LCCI level I,II သင်ယူဖို့လိုပါတယ်

LCCI level I,II နဲ့ အလုပ်လုပ်ဖို့ လုံလောက်ပြီလား?
လုံလောက်ပါတယ် ဒါပေမဲ့...
LCCI level I,II တစ်ခုတည်းနဲ့ဆို အခြားသူတွေနဲ့ပြိုင်ဆိုင်ရတဲ့အခါ မလွယ်ကူတော့ပါဘူး။
LCCI level I,II သည် စာရင်းကိုင်ပညာရပ်တစ်ခုဖြစ်သော်လည်း လက်တွေ့လုပ်ငန်းခွင်နှင့် ကွာခြားချက်များစွာရှိတာကြောင့် တကယ့်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ လုပ်ငန်းစဥ် Procedures/ Practices များကိုသိရန်လိုအပ်ပါတယ်။

ထိုလုပ်ငန်းစဥ်များကို သင်ယူနိုင်မဲ့ဘာသာရပ်ကတော့ Practical Accounting လက်တွေ့အသုံးချစာရင်းကိုင်ပညာပဲဖြစ်ပါတယ်
ကျွန်တော်တို့ Professional Development Institute ဟာဆိုရင် LCCI level I,II နဲ့ Practical Accounting ကို တပြိုင်နက်တည်း ချိတ်ဆက်သင်ကြားပေးနေတဲ့သင်တန်းပဲဖြစ်ပါတယ်

ကျွန်တော်တို့သင်တန်း၏သင်ကြားပေးမည့်ပုံစံ
Accountant တို့မဖြစ်မနေသိရှိထားရမဲ့ Accounting Flow ကိုအသေးစိတ်သင်ကြားပေးမှာဖြစ်ပြီး တကယ့်လုပ်ငန်းခွင်မှာအသုံးပြုနေတဲ့ manual, excel တို့ဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်၊၊
ဒါ့အပြင် Finance Department ၏ Cashier position မှစ၍ Chief Accountant position အထိ Procedure အဆင့်ဆင့်ကိုသင်ကြားပေးသွားမှာပါ။

ဘယ်သူတွေက သင်ကြားပေးမှာလဲ
လုပ်ငန်းခွင်တွင် အထူးသဖြင့် Finance, Accounting & Audit Areas များတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေသော Professional Trainers ဆရာ/မ များနှင့် Accounting & Auditing Paper များ (International Paper များ) အောင်မြင်ထားသည့် ပညာရှင်များမှ သင်ကြားပေးသွားမှာဖြစ်ပါတယ်

ဒီလိုသင်လို့ဘာတွေအကျိုးအမြတ်ရနိုင်မလဲ?
1.စာတွေ့လက်တွေ့ချိတ်ဆက်သင်ကြားမှုကြောင့် သင်ခန်းစာများကိုပုံမှန်ထက်နားလည်လွယ်ခြင်း
2.Finance Department ၏ Work Flow ကိုအသေးစိတ်လေ့လာထားမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းယှဥ်ပြိုင်ရာတွင် အများနှင့်ရင်ဘောင်တန်းနိုင်ခြင်း
3.လုပ်ငန်းခွင်ရောက်ပြီး Department အတွင်း မိမိနယ်ပယ်သာမက အခြားသောနယ်ပယ်များကိုပါနားလည်မှုကြောင့် smart ကျကျအလုပ်လုပ်နိုင်ခြင်း
ကျွန်တော်တို့ Professional Development Institute သည် Exam Focus တစ်ခုထည်းသာဉီးတည်ခြင်း မဟုတ်ဘဲ အမှန်တကယ် နားလည်တတ်ကျွမ်းပြီး လုပ်ငန်းခွင်အတွင်း Finance and Accounting professional များဖြစ်စေရန် ဦးတည်ပါတယ် ဒါကြောင့် Accounting ပညာရပ်ကို Career အဖြစ်ရွေးချယ်ထားသည့်သူများ ကျွန်တော်တို့ Professional Development Institute ကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်..
(လူဦးရေကန့်သတ်ထားတဲ့ အတန်းလေးဖြစ်တာကြောင့် စာရင်းမြန်မြန်လာပေး ဖို့တော့လိုပါလိမ့်မယ်နော်...)

အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား..။
သင်တန်းကျောင်း လိပ်စာ
No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
09-73040322 , 09-758156860

20/07/2022

LCCI LEVEL I,II & Practical Accounting Class

ကျွန်တော်တို့ Professional Development Institute သင်တန်းတွင်မကြာခင် LCCI level I & II အတန်းသစ်လေး ပြန်လည် ဖွင့်ပါတော့မယ်ခင်ဗျာ.။ဒီသင်တန်းလေးရဲ့ထူးခြားချက်လေးကတော့…

စာတွေ့နှင့် လက်တွေ့ချိတ်ဆက်သင်ကြားပေးခြင်း

စာတွေ့သင်ကြားပေးခြင်းတွင်
• LCCI level I & II စာမေးပွဲအတွက် Chapter တစ်ခုချင်း Notes များ ၊ Theory များကို ခရေစေ့တွင်းကျစနစ်တကျ သင်ကြားပို့ချပေးခြင်း၊
• မေးခွန်းဟောင်းများကို နားလည်သဘောပေါက်စွာ ဖတ်ရှုနိုင်ပြီး Concept များကို ချိတ်ဆက်နိုင် အောင် ပြောဆိုရှင်းပြပေးခြင်း
• စာမေးပွဲအတွက်အနီးကပ် အထူးကြပ်မတ်လေ့ကျင့်ပေးခြင်း၊
• သင်တန်းသား၏ ကျွမ်းကျင်မှု အရည်အချင်းကိုသိရှိနိုင်စေရန် လစဥ် စာမေးပွဲများ စစ်ဆေး ပေးခြင်း များပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
သို့အတွက် စာမေးပွဲ ကိုလည်း လက်တွေ့တွင်အခက်အခဲမရှိအလွယ်တကူ အောင်မြင်စွာ စနစ်ကျကျ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

လက်တွေ့သင်ကြားပေးခြင်းတွင်
• လက်ရှိနိုင်ငံတကာ လုပ်ငန်းခွင်များ၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနေကြသော စာရင်းအင်းဆိုင်ရာ လုပ်ဆောင်ချက်များ ၊ အချက်အလက်များကို လက်တွေ့ ကောင်းစွာ အသုံးပြုနိုင် စေရန် Practical Accounting ပညာရပ်နှင့်တွဲဖက်သင်ကြားပို့ချခြင်း၊
• Voucher များ Invoiceများ နှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးပြုသော Documents Flow များကို သင်ထောက်ကူအဖြစ်အသုံးပြုကာ သင်ကြား ပေးခြင်း
• နောက်ဆုံးတွင် စာရင်းအင်းများကို Excel Software များကို အသုံးပြု၍ Financial Statement ဆွဲတတ်သည်အထိ စနစ်တကျသင်ကြားပေးခြင်းများ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်၊၊

ထိုသို့ စာတွေ့လက်တွေ့နှစ်ခုချိတ်ဆက်၍ တွဲဖက်သင်ကြားခြင်းပြုလုပ်ပြီးပါက သင်တန်းကာလပြီးသည့်အချိန်တွင် သင်တန်းသားအနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် Professional Accountant တစ်ယောက်အနေဖြင့် smart ကျကျ အလုပ်တာဝန်များကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ခင်ဗျာ..။

အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား..။

သင်တန်းကျောင်း လိပ်စာ
📬No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
☎️09-73040322 , 09-758156860

08/04/2022

ကျနော်တို့ Professional Development Institute (PDI) ကနေ ဒီတခေါက်မိတ်ဆက်ပေးချင်တဲ့ သင်တန်းလေးကတော့ …
Applied Accounting & Auditing (AAA) လို့ခေါ်တဲ့ စာရင်လက်တွေ့ရေးဆွဲခြင်းဖြင့် လချုပ်အစီရင်ခံစာတင်ပြနိုင်ရန် သင်ကြားပေးသော လက်တွေ့သင်တန်းလေးပဲဖြစ်ပါတယ်။နှစ်ဖက်သွင်း စာရင်းစနစ်၏ အနှစ်သာရဖြစ်သော Double Entry Domain ကို စာရင်းစစ်ဆေးခြင်း၏ အခြေခံ Control points တွေနဲ့ချိတ်ဆက်ပြီး စာရွက်စာတမ်း အထောက်အထားများဖြင့် Financial Statement ထွက်သည်အထိလက်တွေ့ရေးဆွဲတတ်ရန်သင်ကြားပေးသော သင်တန်းဖြစ်ပါတယ်..။
Cashier မှ Accountant , Accountant မှ Finance Manager ထိ Academic Knowledge ပေါ် အခြေခံ၍ အဆင့်ဆင့် လက်တွေ.လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဒီသင်တန်းလေးဟာဆိုရင် လက်တွေ့စီးပွားရေးလုပ်ငန်းခွင်တွင် Financial Statement ဆွဲတတ်ရန်၊ အရှုံးအမြတ်စာရင်းများတွက်ချက်တတ်ရန်၊ လုပ်ငန်းခွင်တွင်ရှိသော ကုန်လက်ကျန်များ၊ငွေလက်ကျန်များ၊ပိုင်ဆိုင်ပစ္စည်းများ ( Ground Balances) သည် လက်ကျန်ရှင်းတမ်းများ၊ အရှုံးအမြတ်စာရင်းများနှင့် အမှန်တကယ်ကိုက်ညီမှု ရှိမရှိကို စစ်ဆေးနိုင်စေရန် စတဲ့ စာရင်းရေးဆွဲခြင်း ဆိုင်ရာ လက်တွေ့သဘောတရားများကို သင်ကြားရမှာဖြစ်ပါတယ်..။

ဒီသင်တန်းလေးကိုတက်ရောက်ချင်တဲ့ သင်တန်းသား/သူ များအနေနဲ့ LCCI level (I,II,III)သင်တန်းတက်ထားပြီးရန် လိုပါတယ်..။ဒီသင်တန်းလေးကို ဘယ်လိုလူတွေတတ်ရောက်သင့်သလဲဆိုရင်-
LCCI level (I,II,III) စာရင်းကိုင်သင်တန်းများ တက်ပြီးသော်လည်း စာတွေ့နဲ့လက်တွေ့မချိတ်ဆက်တတ်သူများ/ စာရင်းကိုင်လက်မှတ် ကိုင်ဆောင်ထားသော်လည်း လုပ်ငန်းအတွေ့အကြုံ မရှိ၍ လုပ်ငန်းခွင်အတွင်းဝင်ရောက်ရန် ခက်ခဲသူများ /စာရင်းနှင့်ပတ်သက်ပြီး နှစ်ချုပ် /လချုပ်စာရင်းများကို ကျွမ်းကျင်စွာရေးဆွဲတတ်လိုသူများ/လက်တွေ့လုပ်ငန်းခွင်မှာ စာရင်းများကိုလျှင်မြန် မှန်ကန်စွာ အသုံးပြုချင်သူများအနေနဲ့ PDI ရဲ့ Applied Accounting & Auditing (AAA) သင်တန်းလေးကို တက်ရောက်သင့်ပါတယ်..။

အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား...

သင်တန်းကျောင်း လိပ်စာ
📬No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
☎️09-73040322 , 09-758156860

05/04/2022

ကျနော်တို့ Professional Development Institute (PDI) ကနေ Aprilလနောက်ဆုံးအပတ်မှာ Compulsory Soft skill (CSS) သင်တန်းလေးကိုဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

-လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ Professional တစ်ယောက်အတွက်Hard Skills တွေသာမကပဲ Soft Skills တွေဟာလည်း မရှိမဖြစ်လိုအပ်ပါတယ်။
-လုပ်ဖော်ကိုင်ဖက်တွေ... အကျိုးတူလုပ်ဆောင်သူတွေ... ဖောက်သည်တွေနဲ့ နေ့စဉ် ဆက်သွယ်ပြောဆိုရာမှာ ဖြစ်စေ လုပ်ငန်းခွင် ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာဖြစ်စေ Soft Skills တွေက ကူညီပေးပါတယ်။
မရှိမဖြစ် လိုအပ်တဲ့ Soft Skills တွေဖြစ်တဲ့
-Communication
-Leadership
-Presentation
-Reporting
-Team work
-Critical Thinking
-Problem Solving .. စတာတွေကို ယခု Compulsory Soft Skills သင်တန်းလေးမှာ သင်ကြားရမှာဖြစ်ပါတယ်
အခြေခံ စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီတွေအပြင် လုပ်ငန်းခွင်က Case studies တွေကို တစ်ဦးချင်း assignmentပုံစံ၊ အုပ်စုငယ်ဆွေးနွေးမှု Small group ပုံစံ၊ စုပေါင်းတင်ပြဆွေးနွေးမှု Plenary discussion ပုံစံမျိုးစုံဖြင့် လေ့လာသင်ကြားချင်တယ်ဆိုရင် ဒီနေ့ပဲ စာရင်းပေးသွင်းလိုက်ပါနော်....

အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား...

သင်တန်းကျောင်း လိပ်စာ
📬No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
☎️09-73040322 , 09-758156860

01/04/2022

Professional Development Institute ကနေ တတိယမြောက်တခုအနေနဲ့ ဖွင့်လှစ်သင်ကြားပေးမယ့်
သင်တန်းလေးကတော့
Basic IT Course Helpful IT Couse (HIT) လေးပဲဖြစ်ပါတယ် ။
ဒီသင်တန်းလေးမှာဆိုရင် IT (Information Technical ) ပညာရပ်ကို စိတ်ဝင်စားတဲ့ လူငယ်များ၊ Computer ကိုကျွမ်းကျင်စွာ အသုံးပြုချင်သူများ ၊ လုပ်ငန်းခွင်တွင် အများကအားကိုးရတဲ့ IT ပညာရှင်ကောင်းတယောက်ဖြစ်ချင်သူများ အတွက် အခြေခံကနေစပြီးလေ့လာသင်ယူရမှာ ဖြစ်ပါတယ်..။
ဒီအခြေခံ IT သင်တန်းလေးမှာသင်ကြားပေးမယ့် Exercise လေးတွေကတော့ -
1 Gmail Group
2 IT Shortcut
3 Zoom Meeting
4 Software install and uninstall
5 Window and Office Activate
6 Install Font and Keyboard
7 Gmail ဖွင့်နည်း
8 စက်ရှင်းနည်း
9 Outlook အသုံးပြုနည်း
10 Share Folder
11 Cloud ပေါ်တွင် file သိမ်းနည်း
12 Printer ချိတ်နည်း
13 Virus Scan ဖတ်နည်း
14 User Account ဖွင့်နည်း
15 Microsoft Team ဖွင့်နည်း
16 Screen Record လုပ်နည်း
စတဲ့အခြေခံ Exercise လေးတွေပါဝင်မှာဖြစ်ပါတယ်..။ computer နှင့်ပတ်သတ်လျှင် ကိုယ်တိုင်ပြုလုပ်တတ်ရန်အတွက် လက်တွေ့ လုပ်ငန်းခွင်တွင်အမှန်တကယ်လုပ်ကိုင်လျှက်ရှိသော ဆရာများမှသေချာစွာသင်ကြားပေးမှာဖြစ်ပါတယ် ၊၊
Computer နှင့်ပတ်သတ်၍ကျွမ်းကျင်စွာအသုံးပြုချင်ရင် ဒီသင်တန်းလေးကို လာရောက်သင်ကြားဖို့ ဖိတ်ခေါ်ချင်ပါတယ်။

အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား...
သင်တန်းကျောင်း လိပ်စာ
📬No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
☎️09-73040322 , 09-758156860

12/03/2022

PDI သင်တန်း​ကျောင်းရဲ့ Road to Professional Development သင်တန်း ထဲက Applied Microsoft Office (AMO) Course လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်......
ရုံးလုပ်ငန်း စီးပွားရေး လုပ်ငန်းတွေမှာ ကွန်ပျူတာကို Professional ကျကျ အသုံးပြုတတ်စေရန် သင်ကြားပေးမယ့် ဘာသာရပ်များကတော့...

💻Basic Typing (အခြေခံစာစီစာရိုက်- မြန်မာစာ၊ အင်္ဂလိပ်စာ)
📑Microsoft Word (ရုံးစာရွက် စာတမ်းများ ပြင်ဆင်ခြင်း)
💶Microsoft Excel (စာရင်းဇယားတွက်ချက်ခြင်း)
📊Microsoft PowerPoint (Presentation များ ပြင်ဆင်ခြင်း)
📩Microsoft Outlook (ရုံးစာများ၊ Email များ ဆက်သွယ်အသုံးပြုခြင်း)

အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား...

သင်တန်းကျောင်း လိပ်စာ
📬No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
☎️09-73040322 , 09-758156860

10/03/2022

Road to Professional Development Course ရဲ့ Foundation Course များထဲမှ Everyday Effective English (EEE) သင်တန်း အကြောင်းကို မိတ်ဆက် ပေးပါရစေ....

🌿နေ့စဉ်လူမှုဆက်ဆံရေးတွင် မရှိမဖြစ် အရေးပါသော English စာကို Professional level ထိ သင်ယူချင်လေ့လာချင်သူများ
🍀English စာကို နေ့စဉ်လူမူဘဝတွင် confident ရှိရှိ အသုံးပြုချင်သူများ
☘️လုပ်ငန်းခွင်အတွင်းရောက်ရှိနေပြီး တခြားသူများနည်းတူ English စကားကျွမ်းကျင်စွာ ပြောဆိုတတ်ချင်သူများ
⭐️နိုင်ငံရပ်ခြားသို့သွားရောက်ပညာသင်ယူ ချင်သူများ
💫နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင် ချင်သူများ တက် ရောက်သင့်ပါတယ်....

Speaking, Reading, Writing, Listening စွမ်းရည် (၄)မျိုးစုံလင်စွာ သင်ကြားပေးမည့် 4 Skills course ဖြစ်ပါတယ်....

🗒သင်တန်းကာလ (၃)လ

နှစ်သက်ရာ သင်တန်းအချိန်များတွင် တက် ရောက်နိုင်ပါတယ်...

⏰တနင်္လာ ဗုဒ္ဓဟူး သောကြာ နေ့တိုင်း ည နေ (၃း၃၀) မှ (၅း၀၀) နာရီ

⏱ စနေ တနင်္ဂနွေ ညနေ (၄း၀၀) မှ (၆း၀၀) နာရီ

အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား...

သင်တန်းကျောင်း လိပ်စာ
📬No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
☎️09-73040322 , 09-758156860

08/03/2022

အောင်မြင်သောသူတစ်ယောက်ဖြစ်ရန် အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ လိုပါတယ်... မိမိကိုယ်ကို Professional တစ်ယောက်အဖြစ် မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းချင်တယ်ဆိုရင်တော့ PDI ရဲ့ "Road to Professional Development" သင်တန်း Package လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...

သင်တန်းကာလ (၆)လအတွင်း သင်ရမယ့် Professional Development Package လေးပဲဖြစ်ပါတယ်...

သင်တန်းကို လာမယ့် April 2022 လဆန်းပိုင်းမှာ စတင်မှာဖြစ်ပါတယ်...

Package မှာ ပါဝင်မယ့် သင်တန်းလေးတွေကတော့

Foundation (5 Courses)
1. Everyday Effective English(EEE)
နေ့စဉ်သုံး အင်္ဂလိပ်စာ (4 skills)
2. Applied Microsoft Office (AMO)
ရုံးသုံး အခြေခံ ကွန်ပျူတာ Software များ
3. Helpful IT Couse (HIT)
ရုံးလုပ်ငန်းဆိုင်ရာ IT နည်းပညာများ
4. Compulsory Soft skills (CSS)
မရှိမဖြစ်လိုအပ်သော လူမှုဆက်ဆံရေး နည်းလမ်းများ
5. Essential Ethics (EE)
အရေးပါသော ကျင့်ဝတ်သိက္ခာ ဘာသာရပ်

Foundation Courses တွေပြီးတဲ့အခါ မိမိစိတ်ဝင်စားတဲ့ Professional Development Course (၃) ခုထဲက နှစ်သက်ရာ တစ်ခုမှာ ဆက်လက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်....

Accounting Professional Courses
A1. Certified Accounting (LCCI Level I & II)
နိုင်ငံတကာ အသိအမှတ်ပြု စာရင်းကိုင် လက်မှတ် သင်တန်းများ
A2. Applied Accounting & Auditing (AAA)
လက် တွေ့ အသုံးချ စာရင်းကိုင် နှင့် စာရင်းစစ် ပညာရပ်

HR Professional Courses
HR1. Basic Human Resource Management
အခြေခံ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သင်တန်း
HR2. Applied Human Resource Management
လက်တွေ့အသုံးချ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သင်တန်း

Marketing Professional Courses
M1. Basic of Marketing Management
အခြေခံ ဈေးကွက်ပညာဆိုင်ရာ သင်တန်း
M2. Applied Marketing Course
လက်တွေ့အသုံးချ ဈေးကွက်ဆိုင်ရာ သင်တန်း

တက်ရောက်ချင်သော ကျောင်းသား/သူများအနေဖြင့် ယခုဖွင့်လှစ်မယ့် သင်တန်းလေးမှာ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်တခုချင်းစီဖြစ်စေ ၊ Package တခုလုံးဖြစ်စေ အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ရဲ့ Professional Development Institute Page ရဲ့ Chat box ကနေတဆင့် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား...

သင်တန်းကျောင်း လိပ်စာ
No.(36), Sate-Ta-Thukha street, Ward 7, Hlaing Township , Yangon (လှိုင်ဘူတာရုံလမ်း မှတ်တိုင်၊ ဗဟိုလမ်းမကြီး)
09-73040322 , 09-758156860

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 36 Seiktha Thukha Street
Yangon