Pone Pyin

Pone Pyin

Share

E M O T I O N S. 💔

03/04/2026

မင်းမရှိလို့ အသက်မရှင်နိုင်တဲ့
ဘဝရယ်လို့တော့ မဟုတ်ဘူးပေါ့ အချစ်ရယ်။
တကယ်တမ်း မင်းမရှိတော့...
ဘဝဟာ အသက်ရှုသံ မရပ်ရုံတမယ်ပေါ့။
ရှင်သန်ခြင်းရဲ့ မနက်ဖြန်တိုင်းဟာ
နှလုံးခုန်သံတွေ မဲ့နေဆဲကွယ်။

Dahlia 🌼

26/08/2025
20/08/2025

Oh my shareholders please!! 🤣

20/08/2025

ကျွန်တော်ဟာအရူးအမူးသမား
ခံစားမှုပဲယုံတယ်။
ခင်ဗျားဘယ်လိုခံစားရသလဲ
ဘုရားပဲသိမယ်။

#အောင်ချိမ့်

10/08/2025

မပျော်တဲ့မြေဟာ
ကန္တာရဖြစ်လာတာ သဘာဝပါ
တဖြည်းဖြည်းသွေ့ခြောက်
ဘာတစ်ခုမှ မပေါက်ရောက်တော့

ငါ .... ကြိုးစားစိမ်းစိုနေရတယ်
မင်းလည်း မဖြစ်စေနဲ့ ။

#မြကျေး
#မြကျေးကဗျာများ

06/08/2025

အချစ်ရေ.... 💕
မေတ္တာနဲ့ သိက္ခာတွေဖြန့်ကြဲထားတဲ့
လမ်းတစ်ခုကိုဖြတ်လို့
သတ္တိတွေရင်းပြီး မင်းရဲ့
မေတ္တာခြံ‌ရှေ့အထိ ကိုယ်လျှောက်လှမ်းလာခဲ့ပါတယ်။
မင်းကတော့
မင်းရဲ့နှလုံးအိမ်ထဲကနေ ထွက်‌တွေ့ဖို့ကို
တွေဝေတွန့်ဆုတ်နေပါရော့လား။
မင်းနဲ့ဆုံရမလား မျှော်လင့်ချက်နဲ့
ကိုယ်ခဏတော့ ခြံရှေ့လေးမှာပဲ
ရပ်စောင့်နေဦးမယ်ကွယ်။
အချိန်တန်ရင်တော့
ကိုယ်လာရာလမ်းအတိုင်း
နောက်ပြန်လှည့်သွားပါရစေကွယ်။

21/07/2025

နာကျင်တဲ့ ငိုရှိုက်သံတွေကို မင်းကြားရဲ့လား။
ဒါမှမဟုတ်
မင်းနားရော နားထောင်နေရဲ့လား။
စိတ်ထောင်းလို့
နှလုံးသားတွေ ကြေရပါတယ်။
အချစ်ရယ်.....

10/09/2023

နေမင်းကြီးအတွက် ရွေးချယ်စရာ
နေကြာပန်းတစ်ခင်းရှိနိုင်ပေမဲ့
နေကြာပန်းလေးတစ်ပွင့်အတွက်ကတော့
နေမင်းကြီးက တစ်ဦးဆိုင်နာမ်ပါ။
အကို့မျက်နှာသာ တစ်ကမ္ဘာပေါ့။ 🌻

10/09/2023

မေတ္တာမှာ အသွားအပြန်ရှိမှ
စကားလုံးတွေနဲ့ဖော်ပြနေမှမဟုတ်ပါဘူး။
တစ်စုံတစ်ယောက်ကို မေတ္တာထားမိတဲ့အခါ
သူလျစ်လျူရှုလည်း မေတ္တာမပျက်။
သူ့ဘက်က မေတ္တာမပေးနိုင်လည်း မေတ္တာမပျက်။
အမြဲ အရိပ်တကြည့်ကြည့်ပါပဲ အချစ်ရယ်။
ကိုယ့်ရဲ့ အဝေးကပို့သလျက်မေတ္တာတွေကြောင့်
အကို အမြဲအေးချမ်းပါစေကွယ်။ 🍀

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00