Ah Htet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ah Htet, Health/Beauty, Yangon.
01/10/2025
😃ရွာလေးတစ်ရွာရဲ့
ဘုန်းကြီးကျောင်း ကို ဒကာတစ်ရောက်က ပိန္နဲသီးတစ်လုံးလာကပ်တာနဲ့ ကျောင်းထိုင်
ဆရာတော်က ဆွမ်းဘုန်းခါနီးခွဲခိုင်းပါတယ် ...
ပိန္နဲသီးကအလုံးကြီးတော့ အများကြီးဖြစ်နေတာနဲ့ဆရာတော်က ကိုရင်လေးနဲ့ ကျောင်းသားလေးတွေကိုနည်းနည်းစီ
ဝေခိုင်းပြီးကျန်တာကိုနောက်တစ်နေ့ဆွမ်း
ဘုန်းရင် စားဖို့သိမ်းထားခိုင်းပါတယ်။
အဲ့လို ပိန္နဲသီးနည်းနည်းစီလိုက်ဝေတဲ့အချိန်မှာဘုန်ကြီးကျောင်းသားလေး ချက်ကြီးကမယူတာတွေ့တော့ ဆရာတော်ကမေးကြည့်တာပေါ့..
``ဟဲ့..ချက်ကြီး ပိန္နဲသီးဝေပေးတာကိုဘာလို့မယူတာလည်း`` လို့မေးတော့.ချက်ကြီးက...
``တပည့်တော်မကြိုက်လို့ပါ..ဘုရာ့`` လို့
ပြန်ဖြေသတဲ့...
ညလည်းကျရော ........
ချက်ကြီးက သိမ်းထားတဲ့ပိန္နဲသီးတွေကို
ဘယ်သူမှမသိ့ခင်အကုန်ခိုးစားပြစ်သတဲ့
အဲ့လိုနဲ့ နောက်တစ်နေ့ဆွမ်းဘုန်းချိန်
လည်းရောက် ရော သိမ်းထားခိုင်းတဲ့
ပိန္နဲသီးကိုယူလာခိုင်းတဲ့အချိန်မှာ
တစ်ခု့မှမကျန်တာလည်း သိတော့
ဆရာတော်က ....
`သိမ်းထားတဲ့ ပိန္နဲသီးတွေကို
ဘယ်သူခိုးစားတာလဲ`လို့ မေးတော့
ဘယ်သူမှပြန်မဖြေကြတာနဲ့ ဆရာတော်
လည်း.စိတ်ဒေါသ ဖြစ်ပြီး....
``ကဲ..မနေ့က ပိန္နဲသီးမကြိုက်ဘူးဆိုတဲ့ ချက်ကြီးကလွဲရင် ကျန်တဲ့ကိုရင်တွေနဲ့ ကျောင်းသားလေးတွေအကုန်လာစမ်း``လို့ ခေါ်ပြီး...
ပိန္နဲသီးခိုးစားတဲ့ချက်ကြီးကလွဲရင်
ကျန်တဲ့ကိုရင်လေးတွေနဲ့ကျောင်းသား
လေးတွေအကုန်လုံးကို ဆရာတော်
က ကြိမ်လုံးနဲ့ ရိုက်ပါလေရော သတဲ့..ဗျာ..
ချက်ကြီးကတော့ ပိန္နဲသီးမကြိုက်ဘူး ဆိုတဲ့အချက်နဲ့တင်ကြိမ်လုံးနဲ့ အရိုက်မခံရပါဘူး။
ဒါကြောင့် တစ်ခါတစ်ရံမှာ အပြစ်ရှိတဲ့သူတွေရဲ့ကြိုတင်အကွက်ချ စီမံလုပ်ဆောင်မူ့ကြောင့်
အပြစ်မဲ့တဲ့သူတွေက အပြစ်ဒဏ်ခံရတာတွေရှိတတ်တတ်တာမို့ .......
တွေးချိန်ချင့်စရာပါ
19/02/2025
အခန်းအနံ့တွေရှိရင် သက်သာစေတဲ့နည်းတဲ့ ဒီနေ့ပဲ
လုပ်ကြည့်တယ် လိုအပ်တဲ့ပစ္စည်းတွေက သံပုရာသီး
တစ်လုံး ဆားကြမ်း အဝတ်အမွှေးရည်
သံပုရာသီးက 4ပိုင်းခွဲအလယ်က ဆားကြမ်းထည့်
ပြီးရင် အဝတ်အမွှေးရည်ထည့် အိမ်သာရေချိုး
ခန်းထဲထားတာ တော်တော်မွှေးတယ် 🫶
12/01/2025
🤍
06/01/2025
ကုသိုလ်ယူနိုင်ကြပါစေ🙏🏻
05/01/2025
26/11/2024
ရန်ကုန် 😮😮 ကနေ နေ့ချင်ပြန်သွားလို့ရမယ့် ''Camp" လေး 👈👈
ရန်ကုန်- မှော်ဘီအနီးတစ်ဝိုက်က
အပန်းဖြေစခန်း နေရာအသစ်လေးဆီသို့
နေ့ချင်းပြန် အပန်းဖြေနိုင်မယ့် နေရာလေးအသစ်လေး
Camp လှလှလေးတွေနဲ့ ဓာတ်ပုံရို.က်၍လှသောနေရာ
"Forex King Camp"
🙅ခရီးအဝေးကြီးလည်းမသွားချင်ဘူး၊ နေ့ချင်းပြန် မနီးမဝေးလေးပဲသွားချင်တယ်ဆိုတဲ့သူတွေအတွက်
ကိုယ်ပိုင် Private Camp လေးတွေနဲ့ အေးဆေးအနားယူပြီး အရသာရှိတဲ့အစားအသောက်တွေသုံးဆောင်ရင်းနဲ့အပန်းဖြေကြမယ်
မြို့ပြင်ဖြစ်တဲ့အတွက် သဘာဝရဲ့ အရသာကိုပါ ခံစားရမှာ အသေချာပဲ
ဒါတွေတင်မကဘူး 😍😍😍 Activity လေးတွေလည်း လုပ်လို့ရသေးဗျာ
စက်ဘီးစီးချင်လား
ငါးမျှားမလား
ကြက်တောင်ရို.က်မလား
ဘောကန်မလား
ရေကူးမလား
စုံစိနေအောင် ရတဲ့ အပြင်
ဝါသနာအိုးတွေအတွက် သီချင်းဆိုချင်လည်း ရစေရမယ်
DJ နဲ့ ဒွန့်ချင်လည်း ရတယ်တဲ့ဗျာ
မြေ၊လေ၊ရေ၊နေ
ဓာတ်ကြီးလေးပါး
Energy ဖြင့်
လုံခြုံကြွယ်ဝစေဖို့
energy healing mediation
လုပ်ကြစို့
လာမဲ့စနေ (7/12/2024)
11am-3 pm
Basic mediation class
1/5 principle mediation
2/7 chakra cleaning mediation
3/ energy cleaning mediation
4/money healing meadiation
5/ relationship healing mediation
Mediation fees 90000
လာမဲ့ sunday (8/12/2024)
11-3pm
Safety mediationclass
1/ Energy cleaning
2/ Reikii sample
3/ Reikii sandwish
4/ Cover mediation
5/ Safety mediation
Mediation fees:90000
Lunch not include
Teatime include
Forex king camps
ဆက်သွယ်ရန်ဖုန်းနံပါတ်
0943088422
တည်နေရာ
မှော်ဘီမြို့၊ သင်တောရိုးကျေးရွာ၊ သဲအင်းဂူကျောင်းအနီးက လေး
"Forex King Camp" တစ်ခု
15/09/2024
ရှမ်းပြည်နယ်တောင်ပိုင်း
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာအသီးသီးများမှ တောင်ကျရေ နှင့် မြေပြိုမှုကြောင့် အိမ်ခြေ(၁၀၀)ကျော်ခန့် မျောပါပျက်စီးပြီး လူ(၂၀)ဦးကျော် ပျောက်ဆုံးနေကြောင်း အသိပေးအပ်ပါတယ်😥
ဖုန်းလိုင်းမရကြတော့တော်တော်များများသတင်းတက်လာတာသိပ်မတွေ့ရဘူး😢
ဒီဘက်ဒေသကိုလည်းနိုင်သလောက်ဝိုင်းကူကြရအောင်နော်🙏
Paoh Stars
15/09/2024
ဘာပြောချင်လဲ တစ်ယောက်တစ်ခွန်းလောက်🫢
❗️❗️❗️တောင်သူရွာဘုန်းကြီးကျောင်းမှာ ဘုန်းကြီးနှစ်ပါးပိတ်မိနေပါတယ်
ဆွမ်းမဘုန်းရတာ နှစ်ရက်ရှိပါပီတဲ့
ကယ်ဆယ်ပေးကြပါအုံးရှင်
09676124396 ပိတ်မိနေတဲ့ဘုန်းဘုန်းနံပါတ်ပါ။
Edit: အုတ်တွင်းနားကတောင်သူရွာပါ သာယာကုန်းဘုန်းကြီးကျောင်းနဲမျက်နှာချင်းဆိုင်ပါတဲ့ နေရာလေးမေးနေကြလို့ တောင်ငူအုတ်တွင်းပါ
13/09/2024
ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး ကရေတွေ အားလုံး 🚨 ဧရာဝတီ 🚨ကို စုပါမယ်။
ပေါင်းလောင်း၊ဆင်သေ၊ငလိုက်
စစ်တောင်း၊နေပြည်တော်
တပ်ကုန်း က ရေတွေအားလုံး
🚨ပဲခူး🚨ကို ရောက်ပါမယ်။
ရှမ်းပြည် က ရေတွေအားလုံး
🚨မော်လမြိုင်🚨ကို ဆင်းပါမယ်။
အောက်ပြည်အောက်ရွာက မိတ်ဆွေများ
{ပြင်ဆင်ချိန် ၂ ရက်ခန့်} ရပါမယ်။
လုပ်စရာရှိတာ အခုလုပ်ကြပါ...
ကူကယ်ရာ မရနိုင်တဲ့ အခြေအနေမို့
ဝရိယ စိုက်ကြပါ...
အားလုံးဘေးကင်းကြပါစေ...
အားလုံး သတိရှိကြပါ...
🚨မြန်မာပြည် အထက်ပိုင်း နဲ့
အလယ်ပိုင်း က ရေတွေအားလုံး
နောက်(၃)ရက် ကနေ (၅)ရက်အတွင်း
မြန်မာပြည်အောက်ပိုင်းကို ရောက်လာမှာပါ🚨
မိုးရွာလို့ ရေဝင်ဖူးတဲ့နေရာတွေ
အိမ်တွေ၊ခြံတွေ ပစ္စည်းကြိုရွေ့ထားပါ။
အပျက်အစီးကို ကြိုတွေးပြီး
ပြင်ဆင်ထားကြပါ။
ရေကြီးနေတုန်း မိုးထပ်မရွာဖို့
ဆုတောင်းပါ။
မိုးထပ်ရွာရင် ရေဆင်းဖို့
အချိန်ပေးရတဲ့အခါ
ဒုက္ခတွေ ပိုကြာပါလိမ့်မယ်။
နောက်(၃)ရက် ကနေ (၅)ရက်အတွင်း
🚨 #ရန်ကုန် #ဧရာဝတီ သတိရှိပါ🚨
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Yangon