Mr Diesel

Mr Diesel

Share

ဒီဇယ် Common Rail၊ ပန့်၊နော်ဇယ်များ ပြုပြင် ချိန်ညှိပေးသည်

28/05/2026

ဟုတ်
အင်ဂျက်တာ မကောင်းရင် မလဲပါဘူး၊
ပြင်ပေးပါတယ်နော်။

မကောင်းရင် လဲလို့ရတယ်ဆိုပေမယ့်
ယာဉ်ပိုင်ရှင်အတွက် ကုန်ကျစရိတ်သက်သာအောင်၊ လျင်မြန်စွာ ပြန်လည်အသုံးပြုနိုင်အောင် Mr. Diesel မှာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

အင်ဂျက်တာမကောင်းရင် တိုက်ရိုက်လဲစရာမလိုဘဲ ပြင်လို့ရရင် ပြင်သုံးဖို့လဲ တိုက်တွန်းချင်ပါတယ်နော်။

👉Mr Diesel 💪
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)
ဖုန်း - 09788317333, 09788318333

25/05/2026

Timing မမှန်ရင် တိုင်ပတ်တာပဲ

တိုင်မင်မှန်ဖို့ အဆင့်မြင့် ဒီဇယ်မော်တော်ယာဉ်တွေမှာ ထိန်းချုပ်စနစ်တွေ အစုံအလင်ပါဝင်ပါတယ်။ သို့ပေမယ့် အဆိုပါ စနစ်တွေမှာ ပြဿနာတက်တဲ့အခါ သို့မဟုတ် ပန့် အင်ဂျက်တာတွေမှာ ပြဿနာတက်တဲ့အခါ တိုင်မင်တွေ လွဲသွားတတ်ပါတယ်။

တိုင်မင်တွေ လွဲရင် ဆီစားမယ်၊ အဆွဲအရုန်းကျမယ်၊ စက်သံကြမ်းမယ်၊ အချက်ပြမီးလင်းလာပါလိမ့်မယ်။

တိုင်မင်ပြဿနာကို Mr. Diesel မှာ အချိန်တိုအတွင်း စစ်ဆေးပြင်ဆင်ပေးနိုင်ပါတယ်နော်။

👉Mr Diesel 💪
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)
ဖုန်း - 09788317333, 09788318333

Mr Diesel 23/05/2026

Diesel In-line Pump ဆိုတာ ဒီဇယ်အင်ဂျင်တစ်လုံးရဲ့ “နှလုံးသား” လိုမျိုး အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါ။
Inline Pump မကောင်းတော့တဲ့အခါ
ကားပေါ်မှာ ဒီလို လက္ခဏာတွေ ဖြစ်လာတတ်ပါတယ် —

▪️ Engine Start ခက်လာခြင်း
▪️ အင်ဂျင်တုန်ခြင်း / Idle မငြိမ်ခြင်း
▪️ ဆွဲအားကျပြီး Load မနိုင်တော့ခြင်း
▪️ Black Smoke / White Smoke ထွက်ခြင်း
▪️ Fuel စားနှုန်းများလာခြင်း
▪️ Engine Knock သံထွက်ခြင်း

ဖြစ်တတ်တဲ့ အဓိကအကြောင်းရင်းတွေကတော့ —
🔧 ပလန်ဂါနှင့် အတွင်းပိုင်းနံရံတွေ ယိုယွင်းပျက်စီးမှုဖြစ်ခြင်း
🔧 Delivery Valve ယိုစိမ့်ခြင်း
🔧 Governor ကျနေခြင်း
🔧 Timing မကိုက်တော့ခြင်း
🔧 ဆီမသန့်ရှင်းမှုကြောင့် ပန့်အတွင်းပိုင်း ထိခိုက်ပျက်စီးခြင်း
🔧 Internal Pressure မမှန်တော့ခြင်း

Inline Pump Problem ကို ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။
အစောပိုင်း လက္ခဏာတွေကို အမြန်ပြုပြင်နိုင်ရင်
အင်ဂျင်ပျက်စီးမှု ကြီးကြီးမားမား မဖြစ်ခင် ကာကွယ်နိုင်ပါတယ်။

𝗠𝗥. 𝗗𝗜𝗘𝗦𝗘𝗟
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)

ဖုန်း - 09788317333, 09788318333

Mr Diesel

22/05/2026

ဒီဇယ်ဆီသန့်ဖို့လိုပါတယ်၊ မဟုတ်ရင် ပန့် အင်ဂျက်တာ အကုန်ပျက်မှာပါ။
ပန့် အင်ဂျက်တာတွေဟာ မသန့်ရှင်းတဲ့ ဒီဇယ်ဆီထဲမှာပါတဲ့ အမှုန်အမွှား၊ ရေငွေ့တွေကြောင့် ပျက်စီးလွယ်ပါတယ်။

တကယ်လို့ ဆီသန့်ဖို့ သိပ်မသေချာဘူးဆိုရင် ဒီဇယ်ဆီစစ်ကို မကြာခဏ လဲပေးဖို့ တိုက်တွန်းချင်ပါတယ်။

ဆီပြဿနာကြောင့် ပန့် အင်ဂျက်တာတွေ ပျက်ပြီဆို Mr. Diesel မှာ စနစ်တကျ စစ်ဆေးဖြေရှင်းနိုင်ပါတယ်နော်။

👉Mr Diesel 💪
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)
ဖုန်း - 09788317333, 09788318333

18/05/2026

ဆီအထွက်မမှန်ရင် ဆီပိတ်/ဆီယိုနေလို့ပါ။

အင်ဂျက်တာတစ်ခုရဲ့ အဓိကပြဿနာတွေထဲက တစ်ခုက ဆီအထွက်မမှန်တာပါ။
ဒါကို စစ်ဆေးဖို့ စက်ကိရိယာတွေလိုပါတယ်။
ဆီပိတ်/ယိုနေတဲ့အခါ လိုအပ်တာတွေကို လဲလှယ်လိုက်ရင် အင်ဂျက်တာ တစ်လုံးလုံး လဲစရာမလိုဘဲ ကောင်းသွားနိုင်ပါတယ်။
ဒီလိုပြင်ဆင်ဖို့အတွက် စမ်းသပ်စက်တွေလိုပါတယ်။

Mr. Diesel မှာတော့ အဆိုပါ စက်ပစ္စည်းအစုံအလင်နဲ့ ကျွမ်းကျင်ပညာရှင်များက အမြဲ ဝန်ဆောင်မှုပေးနေပါတယ်။

👉Mr Diesel 💪
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)
ဖုန်း - 09788317333, 09788318333

15/05/2026

သေချာမစစ်ရင် ပြဿနာပြန်တက်ပါတယ်။
ပြင်ပြီးသားပြဿနာကို ပြန်ပြင်ရတာလောက် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။

ယာဉ်ပိုင်ရှင်အနေနဲ့လဲ အချိန်ကုန် လူပင်ပန်းတာပေါ့။

ဒီလိုမဖြစ်အောင် စပြင်ကတည်းက ဂရုတစိုက် စစ်ဆေးဖို့လိုပါတယ်။

Scan Tool တွေ စစ်ဆေးစက်တွေအစုံအလင်နဲ့ ဝန်ဆောင်မှုပေးနေတာမို့ Mr. Diesel ကို လာရင် လူကြီးမင်းတို့ စိတ်တိုင်းကျမှာပါနော်။

👉Mr Diesel 💪
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)
ဖုန်း - 09788317333, 09788318333

Mr Diesel 12/05/2026

ဒီဇယ်ကားတစ်စီး မီးခိုးအဖြူလိုက်ရတဲ့ အကြောင်းရင်းတွေက များသောအားဖြင့် Fuel မလောင်ကျွမ်းနိုင်တာ၊ ရေဝင်တာ၊ Compression မကောင်းတာတို့နဲ့ ဆိုင်ပါတယ်။

#အင်ဂျက်တာတွေကြောင့်
အင်ဂျက်တာ ဆီဖြန်းနှုန်း စောလွန်းရင် ဒီဇယ်ဆီက လုံလောက်တဲ့ အပူမရသေးခင်မှာလောင် ကျွမ်းလိုက်တဲ့အတွက် အင်ဂျင်သံကြမ်းခြင်း နဲ့အတူ မီးခိုးဖြူလိုက်ပါမယ်။
ဒါဆိုရင် ဆီဖြန်းနှုန်းနောက်ကျမယ်ဆိုရင်ရော။ သဘောကတော့ တူတူပါပဲ။ မီးမလောင်ပဲ ကျန်တဲ့ ဒီဇယ်ဆီတွေက အိတ်ဇောကတဆင့် မီးခိုးဖြူအဖြစ် ထွက်လာပါလိမ့်မယ်။
ဒီမှာပြောစရာထပ်ရှိတာက အင်ဂျက်တာနော်ဇယ်တွေ အပေါက်ကျယ်သွားပြီး ဖွာမထွက်တော့ပဲ တလဟောကျတာတို့ဆိုရင်လည်း အပေါ်မှာဖော်ပြခဲ့တဲ့ နည်းတူ မီးခိုးဖြူလိုက်လာပါလိမ့်မယ်။
အင်ဂျက်တာတွေရဲ့အတွင်းကလီစာတွေပျက်စီးပြီး ကပ်နေခြင်း၊ ကွန်မွန်းရေးကားတွေမှာဆို Rail Pressure နည်းတဲ့ ပြဿနာတွေရှိခြင်းတို့ကြောင်းလည်းဖြစ်တတ်ပါတယ်။

#အင်ဂျင်ကြောင့်
မီးခိုးဖြူလိုက်ရခြင်းအကြောင်းကလည်း အင်ဂျင်နဲ့ဆက်စပ်မှုရှိပါမယ်။ Piston Ring တွေလျော့ပြီး Compression အရမ်းကျတဲ့အခါ၊ ဘားတွေ မလုံးတော့တဲ့အခါ အဆိုးဆုံးက Gasket ပေါက်ပြီး အအေးပေးရေများ မီးလောင်ခန်းထဲသို့ ကူသွားတဲ့အတွက် မီးခိုးဖြူလိုက်တဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။

#တာဘိုနဲ့ EGR Valve တို့ကြောင့်
တာဘိုဆီးမလုံတဲ့ကားတွေမှာဆို ရေသည် တာဘိုမှတဆင့် မီးလောင်ခန်းထဲသို့ဝင်သွားပါမယ်။ EGR Vavle ပျက်ပြီး အပွင့်မှာတစ်ချိန်လုံး ကပ်နေမယ်ဆိုရင် အောက်ဆီဂျင်ပါဝင်မှု အရမ်းနည်းသွားပြီး မီးခိုးလိုက်နိုင်ပါတယ်။

#ဘယ်လိုဖြေရှင်းသင့်လည်း
ဒီလိုပြဿနာမျိုးစကြုံရပြီဆိုရင်တော့ Computer Scan tools ထိုးပြီး ဘာ Error Code တက်နေလဲဆိုတာအရင်စစ်ဆေးပေးရပါမယ်။ နောက်မှ အင်ဂျက်တာ Test လုပ်ခြင်း၊ Compression တိုင်းခြင်း၊ ရေတိုင်ကီရေ လျော့မလျော့ စစ်ဆေးပေးခြင်း နှင့် နောက်ဆုံး ဆီလိုင်းထဲမှာ ရေပါဝင်မှုရှိမရှိကို သေချာစွာ စစ်ဆေးပေးသင့်ပါတယ်။

👉𝗠𝗥. 𝗗𝗜𝗘𝗦𝗘𝗟💪💪

လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)

ဖုန်း - 09788317333, 09788318333

Mr Diesel

12/05/2026

အင်ဂျင်သံဆူညံရင်

တိုင်မင်မမှန်ရင် အင်ဂျင်သံ ဆူညံပါတယ်။
မီးသံခေါက်ရင်လဲ အင်ဂျင်သံ ဆူလာပါတယ်။
ဆီပိတ်နေတာမျိုး၊ ဆီယိုနေတာမျိုးတွေမှာလဲ အင်ဂျင်သံ မမှန်တာမျိုး ခံစားရမှာပါ။
အဆိုးဆုံးကတော့ EGR ပိုင်းမှာ ပြဿနာတက်နေတာမျိုးပါ။

အင်ဂျင်သံဆူနေရင် Mr. Diesel မှာလာရောက်ပြုပြင်နိုင်ပါတယ်နော်။

👉Mr Diesel 💪
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)
ဖုန်း - 09788317333, 09788318333

Mr Diesel 09/05/2026

ဒီဇယ်ယာဉ်တွေကို ပြင်ရင် တိကျဖို့လိုတယ်။

မတိကျရင် ခံသွားရမယ်။ ဘာလို့ဆို အင်ဂျက်တာတွေ ပန့်တွေက Tolerance အရမ်းနည်းလို့ပဲ။
ဟိုလိုလေး ထင်ပါတယ်၊ ဒီလိုလေး ထင်ပါတယ်ဆိုပြီး သွားလုပ်လို့ မရဘူး။ အကုန်ပျက်ကုန်လိမ့်မယ်။

တိကျစွာ ဝန်ဆောင်မှုပေးနိုင်ဖို့ ခေတ်မီ စမ်းသပ်စက်များကို Mr. Diesel မှာ ဝယ်ယူအားဖြည့်ထားပါတယ်။
ဒါကြောင့် စိတ်ပူစရာမလို လျင်မြန်စွာ ပြဿနာများကို ဖြေရှင်းပေးသွားမှာပါ။

👉Mr Diesel 💪
လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)
ဖုန်း - 09788317333, 09788318333

Mr Diesel

07/05/2026

ဒီဇယ်ကားတွေမှာ ပါတဲ့ EGR စနစ်

EGR Valve အလုပ်ကောင်းကောင်းမလုပ်တော့ဘူးဆိုင်ရင်?

Engine တုန်မယ်၊ အထနှေးမယ်၊ မီးခိုးမဲနည်းနည်းလိုက်မယ်၊ ဆီပိုစားမယ်၊ တာဘိုဖိအားမမှန်ခြင်း၊ စက်နှိုးရင် စက်ပြန်သေသွားခြင်း စတဲ့အချက်တွေ ဖြစ်ပေါ်လာနိုင်ပါမယ်။

𝗠𝗥. 𝗗𝗜𝗘𝗦𝗘𝗟

လိပ်စာ - အမှတ်(၆၃/က)၊ သီရိမင်္ဂလာလမ်း၊ အရှေ့ရွာမ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (မြို့တော်ဂေါက်ကွင်းအနီး)

ဖုန်း - 09788317333, 09788318333

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. (63/A), Thiri Mingalar Road, East Ywarma Ward, Insein Tsp
Yangon
11011