AWS User Group Myanmar
Hope anyone can join and collaborate with AWS User Group Myanmar for your AWS Knowledge.
02/11/2025
အားလုံးပဲ မင်္ဂလာပါရှင်
ကျွန်မတို့ရဲ့ AWS Community Day Myanmar 2025 ကို တက်ရောက်ကြတဲ့ ညီအကိုမောင်နှမတွေ အနေဖြင့်
အောက်ပါ hashtag လေးကို အသုံးပြုပြီး
မိမိရဲ့ Social Media မှာ မျှဝေတဲ့အခါ သုံးပေးဖို့ တောင်းဆိုချင်ပါတယ် ရှင့်
comment ကနေ copy ယူလို့ရပါတယ်ရှင့်
02/11/2025
အားလုံးပဲ မင်္ဂလာပါရှင့်
ကျွန်မတို့ရဲ့ AWS Community Day 2025 ကို Online မှတဆင့် လေ့လာလိုသူများအတွက်
ရန်ကုန်မြို့မှာ ကျင်းပမည့် Main Event ရဲ့ Live Stream ကို AWS UserGroup Myanmar ရဲ့ Youtube Channel မှာ တိုက်ရိုက်ကြည့်ရှူ့နိုင်မှာဖြစ်ပြီး ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Lightning Talk Topics များရဲ့ Live Stream ကိုတော့ ကျွန်တော်တို့ရဲ့ ယခု Facebook စာမျက်နှာမှာ
ကြည့်ရှူ့နိုင်မှာပဲ ဖြစ်ပါတယ်။ (Technial အခက်အခဲကြောင့် DevKTOps Youtube Channel မှာပဲ Live Stream ပြုလုပ်လိုက်ရပါတယ်ရှင်။)
Youtube Main Event Live Stream Link :
https://youtube.com/?si=uTqHfQ4Iy3OzftlQ
Youtube Lighting Talk (BKK) Event Live Stream Link:
https://www.youtube.com/watch?v=P9z-zhYrPB4
02/11/2025
အားလုံးပဲ မင်္ဂလာပါရှင့်
ယနေ့ မိုးလေဝသ ခန့်မှန်းချက်တွေအရ
ရန်ကုန်မြို့ရော ဘန်ကောက်မြို့မှာပါ မိုးရွာနိုင်ချေရှိသည့်အတွက် မိုးကားဖြစ်စေ ထီးဖြစ်စေ ယူဆောင်လာကြဖို့
အသိပေးအပ်ပါတယ်ရှင့်
အားလုံးပဲ နေ့လည်ကြဆုံကြပါမယ်ရှင့် 🙏
01/11/2025
အားလုံးပဲ မင်္ဂလာပါခဗျာ
ကျွန်တော်တို့ရဲ့ AWS Community Day Myanmar 2025 ကို ဘန်ကောက်မြို့မှ တဆင့် တက်ရောက်လေ့လာကြမယ့် ညီအကိုမောင်နှမများအနေဖြင့်
မိ်မိတို့ရဲ့ Passport ဖြစ်စေ ထိုင်းနိုင်ငံယာဥ်မောင်းလိုင်စင်ဖြစ်စေ ကျောင်းသားကတ်ဖြစ်စေ တခုခုတော့ ယူခဲ့ဖို့ မမေ့ပါနဲ့ခဗျာ။
ထိုနည်းတူပဲ ဘန်ကောက်မြို့ပွဲမှာ ကြိုတင်ပြီး AWS Office Building ကို register ပြုလုပ်ရတာဖြစ်သည့်အတွက် Walk-ins တက်ရောက်သူများကို လက်ခံလို့မရနိုင်ပါဘူးခဗျာ။ အဆင်မပြေမှုတွေရှိသွားခဲ့ပါကလည်း အနူးအညွှတ် တောင်းပန်ပါတယ်ခဗျာ
ကဲ အားလုံးပဲ မနက်ဖြန် ဘန်ကောက်မြို့မှာ Main Event Watch Party အပြင် Lightning Talks အစီအစဥ်ကို in-person လေ့လာရမှာမို့ Register ပြုလုပ်ထားသူများ အနေဖြင့် တက်ရောက်ကြဖို့ ဖိတ်ခေါ်ချင်တယ်ခဗျာ
Organizer Team
AWS UserGroup Myanmar
31/10/2025
အားလုံးပဲ မင်္ဂလာပါခဗျာ
လာမည့် တနင်္ဂနွေနေ့ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် AWS Community Day Myanmar 2025 ရဲ့ Main Topic Speakers များ ကိုမိတ်ဆက်ပေးချင်ပါတယ်ခဗျာ။
ပုံတခုချင်းစီမှာ Speaker တစ်ယောက်ချင်းစီရဲ့ Biography များကိုလည်း ဖော်ပြပေးထားပါတယ်ခဗျာ။
အားလုံးပဲ ကျွန်တော်တို့ရဲ့ Awesome Speaker Line Up နှင့်အတူ Career Development နှင့် ပတ်သက်သည့် အကြောင်းအရာ၊ AI ခေတ် မှာ ဘယ်လိုမျိုး တည်ဆောက်ကြမလဲ? Code to Production ကို ဘယ်လိုမျိုး AI အသုံးပြုပြီး လုပ်ဆောင်နိုင်မလဲ ဆိုတာတွေအပြင် Amazon ECS နှင့် Aurora Serverless ကိုအသုံးပြုပြီး ဘယ်လိုမျိုး API Gateway တခုကို တည်ဆောက်မလဲဆိုတာတွေကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
Main Topic Speakers များအနေဖြင့် ရန်ကုန်မြို့မှာ ဆွေးနွေးသွားမှာဖြစ်ပြီး ဘန်ကောက်မြို့မှလည်း Watch Party အဖြစ် Live ကြည့်ရှူ့ကာ လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
အားလုံးနဲ့အတူတူ လာမည့် နိုဝင်ဘာလ (၂) ရက်နေ့မှာ ဆုံကြပါမယ်ခဗျာ။
မျှဝေပေးလို့ရပါတယ်ခဗျာ။
29/10/2025
အားလုံးပဲ မင်္ဂလာပါခဗျာ
ကျွန်တော်တို့ AWS Community Day Myanmar 2025 အတွက် ပထမဦးစွာ Lightning Talk မှာ ဝင်ရောက် ဆွေးနွေးမျှဝေပေးမည့် Speakers များနှင့် အချိန်ဇယားကို မျှဝေလိုပါတယ်ခဗျာ။
ဘန်ကောက်မြို့မှာ ရှိတဲ့ AWS Office မှာ Lightning Talk speaker များမှ အချိန်ဇယားပါ topic များကို ဆွေးနွေးကြမှာ ဖြစ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ Lightning Talk ခန်းမကနေ Watch Party ပြုလုပ်ပြီး ဝင်ရောက် ဆွေးနွေးနိုင်မှာပဲ ဖြစ်ပါတယ်။
Bonus Track အနေဖြင့် "AWS Community Builder" စကားဝိုင်းအနေဖြင့် Panel Discussion တခုလည်း ပါဝင်သွားမှာဖြစ်ပြီး AWS Community Builder တွေဖြစ်ကြတဲ့ Speakers အရောက်စီတိုင်းကို မေးမြန်းလိုသည့် AWS နှင့်ပတ်သက်သည့် မေးခွန်းတွေကိုလည်း ဒီပို့စ်ရဲ့ကော့မန့်မှာ မေးထားလို့လည်း ရပါကြောင်း အသိပေးလိုပါတယ်ခဗျာ။
ကဲ လာမည့် နိုဝင်ဘာလ (၂) ရက်နေ့မှာ ဒီ Lightning Talk speaker တွေရဲ့ Cloud/DevOps အကြောင်းအရာများ Agentic AI နှင့်ပတ်သက်သည်များ Platform Engineering နှင့်ပတ်သက်သည်များကို အတူတကွလေ့လာကြပါမယ်ဗျို့...
ဝေမျှပေးလို့ရပါတယ်ခဗျာ။
24/10/2025
အားလုံးပဲ မင်္ဂလာပါခဗျာ။
ကျွန်တော်တို့ရဲ့ AWS Community Day Myanmar 2025 ကို စိတ်ဝင်စားကြပြီး ၁ ရက်လောက်အတွင်းမှာပဲ Registration ပြုလုပ်သူတွေက များပြားစွာရရှိပြီး form ပါ ပိတ်သွားသည်အထိဖြစ်ရတဲ့အတွက် အလွန်ပင် ဝမ်းသာပီတိဖြစ်ရပါတယ်ခဗျာ။
သို့သော် အထူးမေတ္တာရပ်ခံပြီး တောင်းဆိုချင်တာကတော့
ရန်ကုန်အတွက် Registration လုပ်လို့မရလို့ ထိုင်းဘက်မှာ သွားလုပ်တာမျိုးလုပ်ထားမိခဲ့ရင် ကျေးဇူးပြုပြီး Cancel လုပ်ပေးကြပါခဗျာ။ မှားပြီး လုပ်ထားမိတာတွေရှိခဲ့ရင်လည်း Cancel လုပ်ပေးကြပါခဗျာ။
ဒီလိုပဲ မိမိတက်ရောက်မည့် event မဟုတ်ပဲ မှားပြီး registration ပြုလုပ်ထားမိပါက မိမိကိုယ်တိုင် Cancel လုပ်ခြင်းဖြင့်ဖြစ်စေ ကျွန်တော်တို့ page messager ထံသို့ မိမိရဲ့ email နဲ့ဖြစ်စေ အကြောင်းကြားပေးလို့ရပါတယ်။ မိမိရဲ့ မှားပြီး ပြုလုပ်ထားတဲ့ Seat တခုစာအတွက် တက်ရောက်ချင်တဲ့တစ်ယောက်ကို နစ်နာစေလို့ဖြစ်ပါတယ်။
ကျွန်တော်တို့အနေဖြင့် စိတ်ပါဝင်စားသူအားလုံးကို တက်ရောက်စေချင်ပါတယ်။သို့သော် အဖက်ဖက်က နေ ကြိုတင်ပြင်ဆင်မှုများ၊ Budget အရ လက်ခံနိုင်သည့် ပမာဏထက် ကျော်လို့မရသည်များလည်း ရှိနေသည်ကို နားလည်ပေးစေလိုပါတယ်။
Registration ပြုလုပ်လို့မရသည့်သူများအတွက်လည်း Online LiveStreaming ပြုလုပ်ပေးဖို့လည်း ရှိလာမှာမို့ Online ကနေလည်း Join ပေးလို့ရပါတယ်ခဗျာ။
Organizer Team
AWS UserGroup Myanmar
24/10/2025
အားလုံးပဲ မင်္ဂလာပါခဗျာ
ရန်ကုန်ပွဲအတွက် လူအရေအတွက်ကို ထပ်မံတိုးချဲ့ပြီး လက်ခံထားပါတယ်။
အယောက် (၅၀) အတွက် ထပ်တိုးထားပါတယ်။
ပွဲတက်ရောက်ဖို့ စိတ်ဝင်စားသူများအနေဖြင့် အောက်ပါလင့်ကနေ ဖြစ်စေ QR code မှ ဖြစ်စေ register ပြုလုပ်လို့ရပါတယ်။
Link: https://www.eventbrite.sg/e/aws-community-day-myanmar-2025-yangon-main-event-tickets-1852806747859
လူအရေအတွက် အကန့်အသတ်ရှိလို့ မြန်မြန်လုပ်မှရပါမယ်ခဗျာ။
23/10/2025
🎉 AWS Community Day Myanmar 2025 (Watch Party & Lightning Talk) Registration Open Now! 🇲🇲🚀
အားလုံးပဲ မင်္ဂလာပါခဗျာ 👋
AWS User Group Myanmar နဲ့ AWS တို့ ပူးပေါင်းပြီး ပြုလုပ်မယ့် AWS Community Day Myanmar 2025 (Watch Party နှင့် Lightning Talk) အတွက်
📢 Registration ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ 🎊
AMCHAM Myanmar မှလည်း ပူပေါင်းကူညီပံပိုးပေးထားပါတယ်။
ဘန်ကောက်မြို့မှာ ကျင်းပမည့် event မှာတော့ ရန်ကုန်မှာကျင်းပတဲ့ Main Event ကို Watch Party ကြည့်ရမည့်အပြင် Lightning Talk Speaker များရဲ့ တိုက်ရိုက် ဆွေးနွေးမျှဝေမှုများကို ဘန်ကောက် event မှာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့မှာ ကျင်းပမည့် WatchParty Event နှင့် Lightning Talk event အတွက် Register ပြုလုပ်ဖို့
👇 အောက်ပါ link မှ ဖြစ်စေ၊ ပုံအောက်က QR Code ကို scan ဖတ်ပြီး ဖြစ်စေ လုပ်နိုင်ပါတယ်။
Link :
https://www.eventbrite.sg/e/aws-community-day-myanmar-2025-watchparty-bangkok-tickets-1853041921269
📍 ပွဲအချက်အလက်များ
🗓️ ပွဲရက် – နိုဝင်ဘာလ (၂) ရက်၊ ၂၀၂၅ ခုနှစ်
🕛 အချိန် – နေ့လည် (၁၂) နာရီ ခွဲ မှ ညနေ (၅) နာရီ ခွဲ အထိ (ဘန်ကောက်စံတော်ချိန်)
🏨 နေရာ – AWS Office, Bangkok, Thailand
📦 မှတ်ချက် – လူအရေအတွက် အကန့်အသတ်ရှိပြီး, swag အရေအတွက်လည်း အကန့်အသတ်ရှိတာဖြစ်ပါတယ်။
ဘန်ကောက်မှာ တက်ရောက်မည့် သူများသာ ဖြည့်စွက်ရန် ဖြစ်ပါတယ်။
အချိန်မီ Register လုပ်ပြီး တက်ရောက်ဖို့ မမေ့ပါနဲ့နော် 😉
🎤 မကြာခင်အချိန်အတွင်းမှာပါဝင်မည့် Speakers lineup ကိုလည်း ကြေညာပေးသွားပါမယ်။
23/10/2025
🎉 AWS Community Day Myanmar 2025 Registration Open Now! 🇲🇲🚀
အားလုံးပဲ မင်္ဂလာပါခဗျာ 👋
AWS User Group Myanmar နဲ့ AWS တို့ ပူးပေါင်းပြီး ပြုလုပ်မယ့် AWS Community Day Myanmar 2025 အတွက်
📢 Registration ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ 🎊
AMCHAM Myanmar မှလည်း ပူပေါင်းကူညီပံပိုးပေးထားပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပမည့် Main Event အတွက် Register ပြုလုပ်ဖို့
👇 အောက်ပါ link မှ ဖြစ်စေ၊ ပုံအောက်က QR Code ကို scan ဖတ်ပြီး ဖြစ်စေ လုပ်နိုင်ပါတယ်။
Link : https://www.eventbrite.sg/e/aws-community-day-myanmar-2025-yangon-main-event-tickets-1852806747859
📍 ပွဲအချက်အလက်များ
🗓️ ပွဲရက် – နိုဝင်ဘာလ (၂) ရက်၊ ၂၀၂၅ ခုနှစ်
🕛 အချိန် – နေ့လည် (၁၂) နာရီမှ ညနေ (၅) နာရီထိ
🏨 နေရာ – Novotel Yangon Max Hotel
🇹🇭 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တပြိုင်နက်တည်း ကျင်းပမည့် Watch Party Event အတွက် Registration ကိုတော့
နောက်ပို့စ်တစ်ခုအနေနဲ့ ကြေညာပေးပါမယ်ခဗျာ 💬
📦 မှတ်ချက် – လူအရေအတွက် အကန့်အသတ်ရှိပြီး, swag အရေအတွက်လည်း အကန့်အသတ်ရှိတာဖြစ်ပါတယ်။
အချိန်မီ Register လုပ်ပြီး တက်ရောက်ဖို့ မမေ့ပါနဲ့နော် 😉
🎤 မကြာခင်အချိန်အတွင်းမှာပါဝင်မည့် Speakers lineup ကိုလည်း ကြေညာပေးသွားပါမယ်။
03/10/2025
2023 & 2024
How about 2025???
06/09/2025
Hi Our Cloud/DevOps Community, Especially AWS Community!
We will be at VarCamp tomorrow.
Please come and join with us at our Community Corner.
See you all
Click here to claim your Sponsored Listing.
Vision & Mission
AWS User Group Myanmar တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Amazon Web Service နဲ့ပတ်သက်တဲ့ Ecosystem, Environment, Knowledge စတဲ့ မိမိသိရှိထားတဲ့ အကြောင်းအရာများကို User များအချင်းချင်း ဆွေးနွေးနိုင်ရန်, အသစ်အသစ်သောနည်းပညာများကို လေ့လာမျှဝေသင်ယူနိုင်ဖို့နဲ့ User များအချင်းချင်းခင်မင်ရင်နှီးကာ မိတ်ဆွေအသစ်များရရှိစေဖို့ ပဲဖြစ်ပါတယ်။ Amazon Web Services နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာဆည်းပူး ဆွေးနွေးလိုသူ မည်သူမဆိုလွတ်လပ်စွာ ကျွန်တော်တို့ရဲ့ AWS User Group Myanmar ( AWSUGMM ) မှာပါဝင်နိုင်ပါတယ်။
Category
Contact the organization
Website
Address
Yangon