Cosmic Connections
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cosmic Connections, Astrologist & Psychic, Yangon.
23-Nov-2024 မှ 30-Nov-2024 ထိ
Energy Reading...✨
✨တချို့ကိစ္စလေးတွေ ဆုံးဖြတ်ချက်ချတဲ့အခါ ကျဉ်းထဲကျပ်ထဲရောက်နေနိုင်ပြီး စိတ်ရှုပ်ထွေးတာ စိတ်တိုပြီး ဒေါသများနေနိုင်ပါတယ်။ စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပဲ ခေါင်းအေးအေးထားပြီးဆုံးဖြတ်တာမျိုး စိတ်တည်ငြိမ်အောင်အရင်လုပ်ပြီးမှ ဆုံးဖြတ်ချက်ချတာမျိုး လုပ်သင့်ပါတယ်။
✨ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကနေ ပြဿနာ ကြီးသွားနိုင်တာ ဆတ်ဆတ်ထိမခံဖြစ်တာ စကားများတာတွေထိ ဖြစ်နိုင်လို့ အတတ်နိုင်ဆုံး ဒီရက်ပိုင်းမှာစကားကို လိုအပ်သလောက်ပဲပြောတာမျိုး သတိထားပေးပါ။
✨တချို့လူတွေအတွက် ကြိုးစားခဲ့သမျှအရာထင်ပြီး
အောင်မြင်မှုလေးတွေ ရနိုင်ပါတယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း အပြည့်ရှိနေပါတယ်။
✨တချို့လူတွေမှာတော့ အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှုတွေ ရရှိပြီးဖြစ်ပေမဲ့ စိတ်မပျော်ရွှင်တာမျိုး ဟန်လုပ်ပြီးပျော်ရွှင်ပြနေရတာမျိုး ရှိနေပါတယ်။
✨RS တွေမှာ ပူလောင်မှုမပါပဲ အဆင်ပြေအေးချမ်းနေပါတယ်။ ကောင်းချီးပေးခံရတာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးတာမျိုးရှိလာနိုင်ပါတယ်။ တဖက်မှာလည်းမနာလိုသူတွေ သွေးထိုးသူတွေလည်း ရှိနေတဲ့အတွက် ဒီ RS ကိုနားလည်မှုမလွဲအောင် ရေရှည်အတွက်ကြိုးစားညှိနှိုင်းဖို့ အကြံပြုပါတယ်။
✨ကျန်းမာရေးကတော့ ခြေထောက်ပိုင်း၊ ဦးခေါင်းပိုင်း ဂရုစိုက်ပါ ရေများများသောက်ပါ။
✨ကိုယ်ယုံကြည်ရာ ဘာသာတရားအလိုက် ရွတ်ဖတ်ပူဇော်တာ၊ Mindful Meditation ထိုင်တာမျိုး ပြုလုပ်ပေးပါ။
09/11/2024
Hello မင်္ဂလာပါ!
Cosmic Connections Page ကနေ ကြိုဆိုပါတယ်။
Page လေးစဖွင့်တဲ့ အထိမ်းမှတ်အနေနဲ့
November တစ်လလုံးကို Tarot ပညာဒါန ဟောကြားပေးမှာဖြစ်ပါတယ်။
မိမိရဲ့ကံကြမ္မာအကျိုးအကြောင်း အလှည့်အပြောင်းတွေကို ကဒ်တွေကနေ တဆင့် နိမိတ်ဖတ်ဟောကြားပေးပြီးလိုအပ်တဲ့ message တွေပါပြောပြပေးမှာဖြစ်လို့ တိုင်ပင်ဆွေးနွေးလို သူများ Page လေးကို like and share လုပ်ပြီး Screenshot နဲ့အတူ မိမိမေးလိုသော မေးခွန်း၃ခုအား chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင်။💫
Click here to claim your Sponsored Listing.
Category
Website
Address
Yangon