IDentist

IDentist

Share

ခေတ်ရေစီးကြောင်းထဲက သွားဆေးခန်းလေး

10/08/2020

နေ့စဉ် လူအများနဲ့ ပြောဆိုဆက်ဆံနေရတဲ့ လူတိုင်းအတွက် ဂရုစိုက်ရမယ့်အချက်တွေထဲမှာ သွားကျန်းမာရေးကလည်း တစ်ခုအပါအဝင်ပါပဲဗျ….

မိမိရဲ့ သွားတွေ ကျဲနေတာမျိုး၊ မညီမညာဖြစ်နေတာမျိုးနဲ့ ကြုံနေရတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းတာတွေမဖြစ်ရလေအာင် လုပ်လို့ရတဲ့နည်းလမ်းကတော့ Tooth Braces (သွားညှိကရိယာ) တပ်ခြင်းပါပဲ…😇😇

ဘယ်လိုလူတွေတပ်လေ့ရှိကြတာလည်းဆိုတော့……..
သွားနေတာမျိုး၊ သွားအထပ်တွေကို ညှိချင်တာမျိုး၊ ယုန်သွားလိုရှေ့ကိုခေါနေတဲ့ သွားလေးတွေကို ညီချင်တာမျိး လုပ်ချင်တဲ့ သူလေးတွေကတော့ Tooth Braces (သွားညှိကရိယာ) ကိုတပ်လေ့ရှိကြပါတယ်…😁

ဒီလို သွားညှိကရိယာတွေကို ၁၀ နှစ်ကျော်လောက်ကစပြီး အရိုးသန်မာတဲ့အရွယ် လူကြီးပိုင်းအထိကို တပ်လို့ရပါတယ်… သွားညှိကရိယာ စတပ်ခါစ ပထမတစ်ရက် နှစ်ရက်မှာ နည်းနည်းနာနိုင်ပေမယ့် နောက်ပိုင်းမှာနာကျင်တာတွေမရှိနိုင်တာမို့ ကြောက်စရာလည်းမလိုသလို side effect လည်းမရှိနိုင်ပါဘူး…😲

မေးရိုးနဲ့ ပြုပြင်မယ့် သွား အခြေအနေပေါ် မူတည်ပြီး အဓိကအားဖြင့် သွားညှိကုသမှုပုံစံအမျိုးမျိုးလည်း ရှိနိုင်ပါတယ်ခင်ဗျာ…😊

အဓိကအားဖြင့် သွားညှိကုသမှုပုံစံ ၄ မျိုးရှိပါတယ်…
၁။ Fixed Braces (ဖြုတ်တပ်လုပ်လို့ရတာမျိုးမဟုတ်ပဲ bracket တုံးလေးတွေကို သွားပေါ်မှာကပ်ပြီး ကုသတဲ့ပုံစံ) ဆိုတာကတော့ အသုံးအများဆုံးပုံစံဖြစ်ပြီး Fixed Braces ကိုတပ်ထားစဉ်အတွင်းမှာ ပုံမှန်အတိုင်းစားသောက်နိုင်ပါတယ်..ဒါပေမယ့် အချိုရည် နဲ့ မာတဲ့အစားအစာတွေကိုရှောင်ကြဉ်ဖို့တော့ သတိပြုသင့်ပါတယ်.. ထိခိုက်နိုင်တဲ့ အားကစားတွေလုပ်မယ့် အချိန်မှာလည်း အကာအကွယ်တစ်ခုခု တပ်ထားသင့်ပါတယ်..Fixed Braces ဆိုတာ များသောအားဖြင့် သတ္တုရောင်ကိုသုံးတာမို့လို့ တပ်ထားမှန်း သိသာနိုင်ပေမယ့် Clear Bracket တပ်တာမျိုး၊ သွားအပြင်ဘက်ကို Bracket မတပ်ပဲ အတွင်းဘက်မှာတပ်တဲ့ Lingual Braces တပ်တာမျိုးလည်း တပ်လေ့ရှိကြပါတယ်…😌

၂။ Removable Braces ( အရှင်တပ်လို့ရတဲ့ အံကပ်လို့ပုံစံ) ကတော့ သွားကို အနည်းငယ်ပဲပြုပြင်စရာလိုတဲ့သူမျိုးတွေသုံးလေ့ရှိကြပါတယ်.. Removable Braces ကိုဖြုတ်ပြီး သန့်ရှင်းရေးလုပ်လို့ရသလို အားကစားလုပ်တဲ့အခါမျိုးမှာလည်း ဖြုတ်ထားလို့ရနိုင်ပါတယ်..😉

၃။ Functional Appliance ( အရှင်ဖြစ်ပြီး တစ်ခါတရံ အပေါ်သွား အောက်သွားကိုပါချိန်ညှိပေးတဲ့ ပုံစံ) မျိုးတပ်မယ့်သူတွေကတော့ အမြဲတပ်ထားဖို့လိုပြီး အစားစားချိန်မှာ Braces ကိုဖြုတ်ထားပေးရပါမယ်..😊

၄။ Headgear ( အခြားသွားညှိကရိယာတွေနဲ့ တွဲဆက်ပြီးမှကုတဲ့ပုံစံ) ဆိုတာကတော့ ရှေ့သွားတွေကိုကုသနေချိန်မှာ နောက်သွားတွေကိုထိန်းထားပေးဖို့လိုတဲ့အခြေအနေမျိုးမှာ သုံးလေ့ရှိကြပြီး Headgear ကိုတပ်ထားတဲ့ အချိန်မှာတော့ အစားစားလို့မရနိုင်ပါဘူးနော်….😫
တပ်မယ့် သွားညှိကရိယာ နဲ့ မိမိ သွားအခြေအနေပေါ်မူတည်ပြီး တစ်နှစ်ကျော်မှ သုံးနှစ်နီးပါးထိပဲတပ်ရလေ့ရှိတာကြောင့် ဒီလိုအချိန်ကာလအတွင်းမှာ ညီညာတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်…. ပုံမှန် နှုတ်ခမ်း အနေအထားရှိတဲ့သူတွေအနေနဲ့ သွားညှိကိရိယာ တပ်မယ်ဆိုရင်တော့ သွားတွေ ပြန်ကျဲတာ ပြန်ခေါတာမျိုး ဖြစ်လေ့မရှိ်ပါဘူး….😎

ဒီလိုမျိုး သွားညှိကိရိယာတပ်မယ့်သူတွေအနေနဲ့ တစ်လတစ်ကြိမ် ဆေးခန်းကိုပြန်လာပြဖို့ သတိပြုရမှာဖြစ်ပါတယ်…. အပြုံးက လူတိုင်းအတွက် အကောင်းဆုံးအလှ ဆိုတဲ့ အတိုင်း သွားညှိကိရိယာ တပ်ခြင်း ကြောင့် ပေးရတဲ့ကုန်ကျစရိတ် အချိန်နဲ့ ကိုက်ညီအောင် ညီညာလှပတဲ့သွားလေးတွေကို ရရှိနိုင်မှာမို့ လူအများကြားထဲမှာ ယုံကြည်မှုရှိရှိနဲ့ ပြောဆိုရယ်မောနိုင်ပါပြီ….😉😉

ဆေးခန်းကိုဆက်သွယ်ချင်တယ်ဆိုရင်တော့

ဖုန်းနံပါတ်- 09952263630 , 09952263631

ဆေးခန်းလိပ်စာ-အမှတ် (၆၃)သိမ်ဖြူလမ်းအောက်ဆုံးဘလောက် (ကမ်းနားလမ်းအနီး)၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။

05/05/2020

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အလွန်ထူးခြားသော နေ့ထူးနေ့မြတ် ဖြစ်သည့်အလျောက်၊ မိမိတို့ အိမ်က ဘုရားကို ရေသပ္ပာယ် ပူဇော်ကြရင်း မကြာခင်မှာ COVID-19 ကပ်ရောဂါဆိုးကြီးလဲ ချုပ်ငြိမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ.......🙏🙏🙏

11/04/2020

မြန်မာတို့ရဲ့ အပျော်ရွှင်ရဆုံး အချိန်တစ်ခု (သို့) မဟာသင်္ကြန်....

ဒီနှစ် သင်္ကြန်... ကျွန်တော်တို့ မျှော်လင့်သလိုမဖြစ်လာခဲ့ဘူး.....☹

ဘယ်လိုအခက်အခဲတွေ ရှိနေပါစေ ... ကျွန်တော်တို့ရဲ့ နှစ်သစ်ကိုတော့
ဘယ်အရာမှ ညစ်နွမ်းအောင်မလုပ်နိုင်တာမို့ ဖြူစင်သန့်ရှင်းခြင်းတွေအပြည့်နဲ့ နှစ်သစ်မှာ
ပြန်ဆုံကြဖို့ အိမ်မှာပဲနေပြီး နှစ်သစ်ကိုကြိုဆိုကြပါနော်.... 🙏🏻

ဘာပဲဖြစ်ဖြစ် အားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့
ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ IDentist မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🏻


#မြန်မာ့နှစ်သစ်ကူး

01/03/2020

ကျေးဇူးရှင်တွေဖြစ်တဲ့ တောင်သူလယ်သမားတွေကို ဂုဏ်ပြုသောအားဖြင့် ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့ကို ကျွန်တော်တို့ iDentist မိသားစုက တစ်နိုင်ငံလုံးက ညီကိုမောင်နှမများနဲ့ ထပ်တူဂုဏ်ယူဝမ်းသာစွာ ကြိုဆိုပါတယ်ခင်ဗျာ


#တောင်သူလယ်သမားနေ့

19/02/2020

အရင်ကသွားကြဲခဲ့တော့ သွားကြဲကြီး ဆိုပြီး အဖက်မလုပ်ခဲ့ သူက အခုတော့ အပြုံးလေးကအရမ်းလှလို့ ချစ်တယ်တဲ့လား💗

ကျေးဇူးပါ Identistရေ 😘

17/02/2020

သူက ခန့်တယ်၊ ယောက်ျားလည်း ပီသတယ်

ကျွန်မကိုလည်း သဘောကျနေပုံရတယ်❤️

တစ်ဖက်ဝိုင်းက သူနဲ့ အကြည့်ချင်းတွေ ဖလှယ်နေမိတယ်

ကျွန်မကို ကြည့်ပြီး သူပြုံးပြလိုက်တယ်...

အို..... သူ့ရဲ့ အဲ့လိုမျိုး ညီညာတဲ့ သွားလေးတွေက ကျွန်မရဲ့ ရင်ခုန်သံကို ပိုမြန်လာစေပါတယ် 🥺

ညီညာနေတဲ့ ပုလဲလုံးတွေလို သွားလေးတွေကပဲ တည်ငြိမ်တဲ့ ကျွန်မနှလုံးသားကို ဆွဲဆောင်နိုင်ခဲ့ပါပြီ❤️




လူအများရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ သင့်ရဲ့ ပုလဲလုံးလေးတွေကို I-Dentist မှာ Orthodontic Treatment ပြုလုပ်နိုင်ပါပြီ🦷

ညီညီညာညာ ဖြစ်သွားမယ့် သွားလေးတွေနဲ့အတူ လူအများကြားထဲမှာ ခန့်ခန့်ထည်ထည်ကြီး နေလို့ရပါပြီ မိတ်ဆွေ🤗

13/02/2020

မနက်နိုးတာနဲ့ သွားတိုက်ရမယ်ဆိုတာ လူတိုင်းသိကြသလို မေ့နေတတ်တဲ့အချိန်တွေလည်းရှိနေနိုင်ပါသေးတယ်။

တစ်နေ့ကို သွားဘယ်နှစ်ကြိမ်တိုက်သင့်တယ်ဆိုတာ သွားဆရာဝန်တွေနဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက Guide Line ချပေးထားတာတွေလည်းရှိပါတယ်။

သင်ရော သွားပုံမှန်တိုက်ဖြစ်ရဲ့လား။ ❓တစ်နေ့ ဘယ်နှကြိမ်လောက် သွားတိုက်ဖြစ်လဲ ဖြေပေးကြပါဦး....

သင့်သူငယ်ချင်းတွေထဲမှာ သွားပုံမှန်မတိုက်တတ်တဲ့သူတွေကိုလည်း Mention ခေါ်ခဲ့လိုက်ပါဦး...😝

11/02/2020

ဒီနေ့မှာ ကျရောက်လာတဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့လေးကို တိုင်းရင်းသား ညီကိုမောင်နှမများနှင့်ထပ်တူ iDentist မိသားစုမှ လှိုက်လှဲဝမ်းသာစွာ ကြိုဆိုပါတယ်

06/02/2020

နာကျင်မှုတွေထဲမှာ သွားကြောင့်ခံစားရတဲ့ ဝေဒနာတွေက အပြင်းထန်ဆုံးပါပဲ။

တစ်ခုခု စိတ်ညစ်လို့ ခံစားရတာထက် သွားကြောင့်ခံစားရတဲ့ နာကျင်မှုဝေဒနာက ပိုပြီး အသည်းနင့်ပါတယ်😫

ဒါကြောင့် ကြိုတင်ပြီးတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တယုတယနဲ့ ပိုးမွေးသလို ထိန်းသိမ်းသင့်ပါတယ်နော်။

သွားနှုတ်ခြင်း၊ အံဆုံးနှုတ်ခြင်းစတဲ့ သွားနဲ့ပတ်သက်ပြီးတော့ တိုင်ပင်ဆွေးနွေးကုသချင်တယ်ဆိုရင်တော့ IDentist ကို သတိရလိုက်ပါ။

သင့်သွားကိစ္စရေးရာ အားလုံးအတွက် IDentist ကနေပြီး ကူညီဖြေရှင်းပေးပါရစေ ခင်ဗျာ။




🔖လိပ်စာ - အမှတ် ၆၃ သိမ်ဖြူလမ်း (Strand လမ်းမအနီး) ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

☎️Ph no - 09 952 263 630 , 09 952 263 631

02/02/2020

အသက်ကြီးလို့နဖူးပြောင်တာက ကြည့်လို့ကောင်းတဲ့အပြင် အထာပါပိုကျလို့ 😎

ဒီဘက်ခေတ်မှာ Gentleman ဆန်တဲ့
အန်ကယ်ကြီးတွေဆိုပြီး ကောင်မလေးတွေ အသေကြွေတယ်ဆိုပေမယ့်

အသက်ကြီးလို့ 'သွား' တွေ ယိုယွင်းပျက်ဆီးနေရင်တော့🤧

အရမ်းအေးတာတွေ ရှောင်ရ၊ အစာမာတွေစားလို့မရတဲ့ အဖိုးကြီး👴 လုံးလုံး ဖြစ်ပြီး

ဘယ်လိုမှ Gentleman မဆန်တော့မှာစိုးရိမ်ရလို့
IDentist မှာ သင့် 'သွား' တွေကို
ပုံမှန်စစ်ဆေးပြီး အသက်ကြီးပေမယ့်

မပျက်စီးသေးတဲ့ Gentleman အန်ကယ်ကြီးဖြစ်ကြောင်း သက်သေပြလိုက်ပါ မိတ်ဆွေ✨

☑️လိပ်စာ - အမှတ် ၆၃ သိမ်ဖြူလမ်း (Strand လမ်းမအနီး) ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

☎️Ph no - 09 952 263 630 , 09 952 263 631

#အသက်ကြီးပေမဲ့မပျက်စီးသေး

24/01/2020

Happy Chinese New Year!

ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေးဖြစ်ပါစေနော်။

ဒီနေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါလေးမှာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ IDentist မှ နှစ်သစ်ချိန်ခါ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 63 Thein Phyu Road(near Strand Road), Botataung Township
Yangon
11161

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 14:00