Student Like

Student Like

Share

Bookstore, Publisher, Book Distributor

15/11/2024

𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗦𝗲𝘀𝘀𝗶𝗼𝗻

🆃🅸🆃🅻🅴 - "𝐓𝐚𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐍𝐞𝐱𝐭 𝐒𝐭𝐞𝐩: 𝐏𝐮𝐫𝐬𝐮𝐢𝐧𝐠 𝐚 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫’𝐬 𝐃𝐞𝐠𝐫𝐞𝐞 𝐀𝐛𝐫𝐨𝐚𝐝"

နားထောင်သင့်သူများ

✅ လက်ရှိတက်ရောက်နေသော International education pathway များမှတစ်ဆင့် နိုင်ငံခြားတွင်ဘွဲ့ဒီဂရီရယူလိုသော ကျောင်းသားများ၊

✅ အထက်တန်းအဆင့် ရောက်ရှိပြီး နောက်ဆက်တွဲ ပညာသင်ကြားမှုအတွက် နိုင်ငံခြားမှာ ပညာသင်ကြားလိုသော ကျောင်းသားများ၊

✅ သားသမီးများကို နိုင်ငံခြားပညာတော်သင်အတွက် ပို့လွှတ်ရန် စိတ်ဝင်စားနေသူ မိဘများ၊

✅ ကျောင်းသားများအတွက် လမ်းညွှန်နိုင်ရန် နိုင်ငံခြားတက္ကသိုလ်များနှင့် အစီအစဉ်များကို ပိုမိုနားလည်လိုသည့် ပညာရေးကဏ္ဍမှ တာဝန်ရှိသူများ၊

အကျိုးကျေးဇူးများ

♦️ နိုင်ငံတကာပညာရေးမှ တန်ဖိုးရှိသော အတွေ့အကြုံ၊ မတူကွဲပြားသော ယဉ်ကျေးမှုများ၊ သင်ကြားမှုစနစ်များနှင့် ဗီဇာ အဆင့်ဆင့်ကို နားလည်နိုင်ခြင်း၊

♦️ မိမိတက်ရောက်နေသော ဘာသာရပ်နှင့် education pathway အလိုက် ဘယ်နိုင်ငံကို ရွေးသင့်သလဲ၊ ဘယ်တက္ကသိုလ်ကို သွားသင့်သည်ကို သုံးသပ်နိုင်ခြင်း၊

♦️ ပညာသင်ဆုများ၊ ငွေကြေး အထောက်အပံ့များ၊ ပညာသင်ဆုရရှိနိုင်ရေးနှင့်ပတ်သက်သော အကြံဉာဏ်များကို ရယူနိုင်ခြင်း၊

♦️ နိုင်ငံတကာဘွဲ့ရမှ တစ်ဆင့် ကမ္ဘာအနှံ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊

♦️ နိုင်ငံတကာကျောင်းသားများ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံမှု ဖွဲ့စည်းပုံများ အကြောင်းကို သိရှိနိုင်ခြင်း၊

𝐃𝐚𝐭𝐞 - 𝟐𝟒.𝟏𝟏.𝟐𝟎𝟐𝟒 (𝐒𝐮𝐧𝐝𝐚𝐲)
𝐓𝐢𝐦𝐞 - 𝟏𝟎:𝟎𝟎 𝐀𝐌 - 𝟏𝟐:𝟎𝟎 𝐏𝐌

စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။ FEG College သို့ လူကိုယ်တိုင်လာရောက်ရန်အဆင်မပြေပါက Online မှလည်းတက်ရောက်နိုင်ပါသည်။

တက်ရောက်ရန် Register လုပ်လိုပါက အောက်ပါ google form ကို ဖြည့်စွက်ပေးပါ online မှ တက်လိုသူများအတွက် Zoom link meeting info ပို့ပေးပါမယ်

https://docs.google.com/forms/d/e/1FAIpQLSdUA_edbjvMpMl7XJ6BdHNmOCs0PDdAOkEgXZKgvhAP87_Avg/viewform?usp=sf_link

𝗙𝗘𝗚 𝗖𝗼𝗹𝗹𝗲𝗴𝗲
📞 𝟎𝟗 𝟕𝟗 𝟓𝟗 𝟐𝟔 𝟐𝟓𝟓

📍 ဆိပ်ကမ်းသာလမ်း - အထက်ဘလောက် (ဗိုလ်ချုပ်လမ်းနှင့်အနော်ရထာလမ်းကြား)၊ ၃၈လမ်းစျေးပလာဇာ - ဒုတိယထပ် ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

#သင်တန်း

15/11/2024
04/08/2023

"𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐕𝐞𝐡𝐢𝐜𝐥𝐞 𝐒𝐮𝐩𝐩𝐥𝐲 𝐄𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭 (𝐄𝐕𝐒𝐄) 𝐒𝐲𝐬𝐭𝐞𝐦"

"𝗘𝗩 𝘾𝙝𝙖𝙧𝙜𝙚𝙧 များအကြောင်း လေ့လာခြင်း"

စာရေးသူ ➡ ဖြိုးသက်ပိုင်
အမျိုးအစား ➡ အင်ဂျင်နီယာဆိုင်ရာနည်းပညာ
တန်ဖိုး ➡ ၁၈၀၀၀ ကျပ်
( တိုက်ရိုက်မှာယူမှုအတွက် ၁၀% off )
စာမျက်နှာ ➡ ၂၃၂ (4 colour)
စာအုပ်ဆိုဒ် ➡ ၁၈.၂ cm x ၂၅.၅ cm

#ဖော်ပြချက်

ကျွန်တော်သည် EV Charging Station များအကြောင်းကို စိတ်ဝင်စားမိခဲ့ပြီး လုပ်ငန်းသဘောအရ charging station များ၏ specification များကိုလည်း နှိုင်းယှဉ်လေ့လာဖြစ်ခဲ့ပါသည်။ ယခုအချိန်တွင် လျှပ်စစ်ကားအသုံးပြုမှုနည်းနေသော်လည်း အခြားနိုင်ငံများတွင် အသုံးတွင်ကျယ်လာသည်။

ထိုင်းနိုင်ငံ MEA, PEA အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသော "Electrical installation standards for electric vehicle power supply equipment" နှင့် Electric Vehicle Supply Equipment (EVSE) များအတွက် ထုတ်ပြန်ထားသော IEC စံနှုန်းများထဲမှ အကြောင်းအရာအနည်းငယ်ကို လေ့လာဖြစ်ခဲ့ပါသည်။ ထို့ကြောင့် လေ့လာဖတ်ရှုမိသော အကြောင်းရာများကို ပြန်လည်မျှဝေလိုသော ဆန္ဒဖြင့် ပြုစုဖြစ်ခဲ့ပါသည်။

ယခုစာအုပ်တွင် EV charger အကြောင်းအရာများကိုသာ အဓိကဖော်ပြထားပါသည်။ EV နှင့် ပတ်သက်သော အကြောင်းအရာမှာ ဗဟုသုတအဖြစ်အနည်းငယ်သာပါရှိသည်။ နည်းပညာရပ်များသည် တစ်နေ့ ထက်တစ်နေ့ ပိုပြီးတိုးတက်လာနေသည်ဖြစ်ရာ ယခုစာအုပ်တွင် General knowledge အဆင့်၊ Application အဆင့်အထိသာ ပါရှိမည်ဖြစ်ပြီး၊ Design and Analysis အပိုင်းအထိ မပါရှိပါ။

သို့သော်လည်းစာဖတ်သူများအတွက် EV charger များနှင့် ပတ်သက်ပြီး ဗဟုသုတရရှိစေရန်နှင့် လုပ်ငန်းခွင်တွင်အသုံးချနိုင်စေရန် လေ့လာမိသမျှကို စနစ်တကျပြုစုထားပါသည်။ ကျွန်တော်လေ့လာ ပြုစုထားသော အကြောင်းအရာများသည် လျှပ်စစ်ပညာကို စိတ်ဝင်စားသူများအတွက် အကျိုးရှိမည် ဟု ယုံကြည်မိပါသည်။

လေးစားစွာဖြင့်
ဖြိုးသက်ပိုင်

စာရေးသူ Review Link

https://youtu.be/O2g-k5EYtI8

🚴‍♀️ မှာယူလိုပါက 🚴‍♀️

🔴 page နှင့် 🔴 📳 - 09 765 155 373 သို့ ဆက်သွယ် မှာယူနိုင်ပါသည်။

🇲🇲 မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါမည်။

#လိပ်စာ

FEG Institute

၃၈လမ်းစျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်း နှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်။

☎ 09 765 155 373
☎ 09 515 537 3

01/08/2023

ⒽⒶⓃⒹ ⒷⓄⓄⓀ
of 𝗖𝗜𝗩𝗜𝗟
ENGINEERING

စာရေးသူ ➡ ဆရာစိုင်း (FEG)
အမျိုးအစား ➡ အင်ဂျင်နီယာဆိုင်ရာနည်းပညာ
တန်ဖိုး ➡ ၂၅,၀၀၀ကျပ်

(လက်ရှိ ၂၀% discount ပေးထားတဲ့အတွက် ၅၀၀၀ ကျပ် သက်သာပါမယ်)

စာမျက်နှာ ➡ ၆၁၂
စာအုပ်ဆိုဒ် ➡ 13 cm x 20.5 cm

#ဤစာအုပ်သည် -

♦ အင်ဂျင်နီယာများ
♦ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်လုပ်သားများ
♦ မြို့ပြအင်ဂျင်နီယာကျောင်းသား / ကျောင်းသူများ
♦ မြို့ပြအင်ဂျင်နီယာလုပ်ငန်းနယ်ပယ်နှင့် ဆက်စပ်နေသူများ အားလုံးအတွက် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ အခြေခံသိပ္ပံ၊ သင်္ချာမှသည် လက်တွေ့အသုံးချနိုင်သည့် မြို့ပြအင်ဂျင်နီယာဆိုင်ရာ အချက်အလက်ပေါင်များစွာကို ပြည့်ပြည့်စုံစုံပြုစု၍စုစည်းဖော်ပြပေးထားပါသည်။

#မာတိကာဖတ်ရန်

https://m.facebook.com/story.php?story_fbid=682938197182896&id=100064001645072&mibextid=Nif5oz

🇲🇲 မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါသည်။

🚴‍♀️ မှာယူလိုပါက 🚴‍♀️

🔴 page 🔴 နှင့်

☎ 09 765155373
☎ 09 5155373

သို့ ဆက်သွယ် မှာယူနိုင်ပါသည်။

🏬 FEG သင်တန်းကျောင်းတည်ရှိရာ -

၃၈လမ်းစျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်း နှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်။

Photos from FEG Vocational College's post 08/03/2023
01/02/2023

Professional Assessor ဆရာဦးတင်မောင်ထွေးရဲ့ သင်ကြားမှုဖြင့် Professional Engineer တိုင်း အတွက် Career ကို Polish လုပ်ဖို့ အခွင့်အရေးရှိလာပါပြီ။

သင်ကြားပေးမဲ့အကြောင်းအရာတွေကတော့

၁. တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ ဆောက်လုပ်ရေးဆိုင်ရာ Civil နည်းစနစ် တွေရဲ့ သိကိုသိထားရမဲ့ လုပ်ဆောင်ချက်အားလုံး။

၂. Professional Level အဆင့် အသေးစိတ် (Tolerance) တွေနဲ့ စစ်ဆေးတဲ့ Quality Control System များ။

၃. သက်ဆိုင်ရာ BQ တွက်ချက်ပုံကို Unit 2 မျိုးနဲ့ ဆရာ့ ကိုယ်ပိုင် software မှတစ်ဆင့်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့

➡ နံပါတ် ၁ အနေနဲ့ ပြည်ပမှာသွားပြီး အလုပ်လုပ်ကိုင်တဲ့အခါ မြန်မာနိုင်ငံက Civil Engineer တွေ အနေနဲ့ ဘယ်နိုင်ငံသားကို မဆို ရင်ဘောင်တန်း ဆက်ဆံနိုင်ရန်။

➡ နံပါတ် ၂ ကတော့ ပြည်တွင်းက Civil Engineer တွေလဲ Construction Professional အနေနဲ့ အသက်မွေးတဲ့အခါ အထောက်ကူရန် ဖြစ်ပါတယ်။

U Tin Maung Htwe

Asian Chartered Professional Engineer ( ACPE- 00698/mm),

Professional Assessor (P.A.G)
B.E (Civil) ( MES- Asean engineer - 01788 AFEO,

Senior License Engineer LS -268 YCDC (PE) 0060 MBE. Civil Consultant

🌠 ၁၃.၂.၂၀၂၃ ရက်နေ့ စတင်ဖွင့်လှစ်မဲ့ ဒီသင်တန်းဟာ ၄ ရက်တာ ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းကြေးကတော့ ၈ သောင်းကျပ်ဖြစ်ပါတယ် 🌠

1:30pm - 3:30pm
(Monday, Tuesday, Wednesday, Thursday)

အသေးစိတ်ကို ကျောင်းရဲ့ Chat box ကိုလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

🏢 FEG Institute
၃၈လမ်းစျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်း နှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်။

☎ 0979 5926255

https://www.feginstitute.com/

13/04/2022

#ပန့်_နော်ဇယ်_ဂါဗာနာ

စာရေးသူ ➡ ဦးအုန်းမြင့်(ဒီဇယ်)
အမျိုးအစား ➡ အင်ဂျင်နီယာဆိုင်ရာနည်းပညာ
တန်ဖိုး ➡ ၈,၅၀၀ကျပ်
ထုတ်ဝေမှုအကြိမ် ➡ ဒုတိယအကြိမ်
စာမျက်နှာ ➡ ၃၂၀
စာအုပ်ဆိုဒ် ➡ ၁၈.၂ cm x ၂၅.၅ cm

🚴‍♀️ မှာယူလိုပါက 🚴‍♀️

🔴 page 🔴နှင့်
📳 0976 5155373 📳
သို့ ဆက်သွယ် မှာယူနိုင်ပါသည်။

🇲🇲 မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါသည်။

ဤစာအုပ်တွင်

🛑 ဒီဇယ်အင်ဂျင်တစ်လုံးတွင် ပါ၀င်တည်ဆောက်ထားသော စနစ်များအနက် အရေးအပါဆုံးနှင့် အဓိကအကျဆုံး စနစ်တစ်ခုမှာ ဒီဇယ်ဆီပို့စနစ် (Fuel Injection System) ပင်ဖြစ်သည်။ ၄င်းစနစ် ကောင်းမွန်ပါက အင်ဂျင် သက်တမ်းကြာရှည်ပြီး အင်ဂျင်စွမ်းအားပြည့်ထုတ်လုပ်သုံးစွဲနိုင်သည်။ ၄င်းစနစ်ညံ့ဖျင်းပါက အင်ဂျင်သက်တမ်း တိုစေပါသည်။ ထို့ကြောင့် အင်ဂျင်ထုတ်လုပ်သူများမှာ ဒီဇယ်ဆီပို့စနစ်ကို ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်စေရန် အထူးကြိုးစားပြီး ထုတ်လုပ်ကြပါသည်။

🛑 ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ချိန်တွင် ဂျာမဏီနိုင်ငံ Bosch ကုမ္ပဏီမှ အဆိုပါ Fuel Injection System ၏ အစိတ်အပိုင်းများဖြစ်သော Injection Pump နှင့် Pipe Line များကို ထုတ်လုပ်ခဲ့ကြသည်။ နောက်ပိုင်း၌ အမေရိကန်တွင် American Bosch၊ အင်္ဂလန်တွင် CAVSIMMS စသော ကုမ္ပဏီများမှ ဖော်ပြပါအစိတ်အပိုင်း များကို ထုတ်လုပ်ခဲ့ကြသည်။ ထို့အတူ အင်ဂျင်ထုတ်လုပ်သော Detroit, Cummins နှင့် Caterpillar စသော ကုမ္ပဏီများမှ မိမိတို့အင်ဂျင်များအတွက် ကိုယ်ပိုင် Fuel Injection System များကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ဂျပန်ကုမ္ပဏီ နှစ်ခုဖြစ်သော Diesel KI KI နှင့် Nippon Denso ကုမ္ပဏီများသည် Bosch ကုမ္ပဏီမှ လိုင်စင်ရယူပြီး Fuel Injection System အစိတ်အပိုင်းများကို ထုတ်လုပ်ခဲ့ကြသည်။ ထိုကဲ့သို့ နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ထုတ်လုပ်ကြသော Fuel Injection System များမှာ ဒီဇိုင်းအမျိုးမျိုးနှင့် ပုံစံ အမျိုးမျိုး တည်ရှိကြသည်။

🛑 American Bosch, Robert Bosch, CAV-SIMMS, Cummins, Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သော ပန့်များ၊ နော်ဇယ်များနှင့် Governor များအကြောင်းကို ပြည့်စုံစွာ ဖော်ပြထားပါ သည်။ ပါ၀င်သောအစိတ်အပိုင်းများ၊ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ ချိန်ညှိခြင်း၊ ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် အပြစ်ရှာဖွေခြင်းတို့ကို အသေးစိတ်ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် ဒီဇယ်အင်ဂျင်အသုံးပြုသူများ၊ ဒီဇယ်အင်ဂျင်ပြုပြင်သူများ၊ ပန့်ဆိုင်များ၊ ကုမ္ပဏီများ၊ ဒီဇယ်အင်ဂျင်အကြောင်း လေ့လာလိုသူများ၊ အင်ဂျင်နီယာ ကျောင်းသား /သူများအတွက် အထူးသင့်လျော်ပါသည်။ အထူးသဖြင့် ဒီဇယ်အင်ဂျင်အတွက် အခက်အခဲတွေ့နေကြသော အင်ဂျင်နီယာများ အတွက် ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟု ယုံကြည်မိပါသည်။

ဦးအုန်းမြင့်(ဒီဇယ်)

🏬
အမှတ်-၁၇၀ ဒုတိယထပ်၊
၃၇ လမ်း (အလယ်ဘလောက်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
☎ 0976 5155373

Photos from FEG EP Classes's post 12/04/2022
Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


ဒုတိယထပ်၊ ၃၈ လမ်းစျေးပလာဇာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်
Yangon