Venture Synergy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Venture Synergy, Consulting Agency, No. 994/A, Thuzita 4 Street, 2 Qtz, North Okkalarpa Tsp, Yangon.
18/02/2026
Our Director
Daw Theint Thandar Oo 👏👏👏🏅🏆🎖
For the achievement of the best insurance agent of marine insurance in Myanmar by Global World Insurance.
04/02/2026
◼ သဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲပြုလုပ်
Logistics & SCM Magazine မဂ္ဂဇင်းနှင့် Venture Synergy ကုမ္ပဏီတို့ပူးပေါင်းစီစဉ်သည့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အာမခံ'' ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ၇ မိုင်ခွဲ၊ ပြည်လမ်းရှိ EFI General ရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် EFI General မှ MD ဦးအေးမင်းသိန်းက အမှာစကားပြောကြားပြီး ကိုတင်မောင်ဦး (Founder of Logistics & SCM magazine)၊ Mr. William(Author/Advisor)၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဒေါာမို့မို့အောင်၊ Venture Synergy ကုမ္ပဏီမှအကြံပေးဦးခင်မောင်မြင့် တို့ကအဓိကပါဝင်ဆွေးနွေးခဲ့သည်။
ထို့ပြင် တက်ရောက်လာသည့် အာမခံဆိုင်ရာစိတ်ဝင်စားသူများ၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
02/02/2026
#နောင်ဆွေးနွေးပွဲများအားယခုထက်လူဦးရေများများတက်ရောက်နိုင်ရန်ကြိုးစားသွားပါမည်။
Feb 4ရက်နေ့တွင် ကျင်းပမည့် #သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲ အတွက်တက်ရောက်မည့် လူဦးရေနှင့် ထိုင်ခုံနေရာပြည့်သွားပြီ ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးခြင်းအား ရပ်ဆိုင်းလိုက်ပါသည်။
ယခုလို စိတ်ဝင်စားအားပေးမှုများအတွက် Venture Synergy Co.,Ltd မိသားစုမှ ကျေးဇူးအထူးတင်ရှိပါသည်။
Logistics & SCM Magazine
28/01/2026
#သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲဖိတ်ကြားခြင်း
Logistics & Suply Chain Management မဂ္ဂဇင်းနှင့် Venture SYNERGY ကုမ္ပဏီတို့ပူးပေါင်းစီစဉ်ပြီး EFI General Insurance က အဓိကပံပိုးကူညီသည့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အာမခံ'' ခေါင်းစဉ်ဖြင့် Panel Discussion ကို အောက်ပါအစီစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသည်။
#ပါဝင်ဆွေးနွေးမည့်သူများ
▶ ဦးတင်မောင်ဦး (Founder of Logistics & SCM magazine)
▶ Mr. William
Author/Advisor
▶ Daw Moh Moh Aung (Chairman MRESA)
▶ ဦးခင်မောင်မြင့် (Advisor) Venture SYNERGY Co.,Ltd
နေ့ရက် - ၄ ဖေဖော်ဝါရီ ၂ဝ၂၆ (ဗုဒ္ဓဟူးနေ့)
အချိန် - မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ
နေရာ - EFI General Office ၊ ၇ မိုင်ခွဲ၊ ပြည်လမ်း၊ Cycle & Carriage, Mercedes Car Showroom ရှေ့
💥 ထိုင်ခုံနေရာ ကန့်သတ်ချက်ရှိပါသဖြင့် မသဲသဲ (ဝ၉၄၂ဝ၁၄၂၈၈ဝ) သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#သဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အာမခံဆွေးနွေးပွဲဖိတ်ကြားခြင်း
Logistics & Suply Chain Management မဂ္ဂဇင်းနှင့် Venture SYNERGY ကုမ္ပဏီတို့ပူးပေါင်းစီစဉ်ပြီး EFI General Insurance က အဓိကပံပိုးကူညီသည့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အာမခံ'' ခေါင်းစဉ်ဖြင့် Panel Discussion ကို အောက်ပါအစီစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသည်။
#ပါဝင်ဆွေးနွေးမည့်သူများ
▶ ကိုတင်မောင်ဦး (Founder of Logistics & SCM magazine)
▶ Mr. William
Author/Advisor
▶ Daw Moh Moh Aung (Chairman MRESA)
▶ ဦးခင်မောင်မြင့် (Advisor) Venture SYNERGY Co.,Ltd
နေ့ရက် - ၄ ဖေဖော်ဝါရီ ၂ဝ၂၆ (ဗုဒ္ဓဟူးနေ့)
အချိန် - မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ
နေရာ - EFI General Office ၊ ၇ မိုင်ခွဲ၊ ပြည်လမ်း၊ Cycle & Carriage, Mercedes Car Showroom ရှေ့
💥 ထိုင်ခုံနေရာ ကန့်သတ်ချက်ရှိပါသဖြင့် မသဲသဲ (ဝ၉၄၂ဝ၁၄၂၈၈ဝ) သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
12/02/2025
2025 မတ်လ ထဲတွင် In Person ပွဲတစ်ခုအား စီစဉ်ပါမည်။
Ranoung - Kawthaung - Yangon Shipment နှင့်ပတ်သတ်၍ ဆွေးနွေးပွဲအား မတ်လ အတွင်းစီစဥ်ထားပါသည်။
၎င်းပွဲနှင့် ပတ်သတ်သည့် ပွဲရက် နှင့် အချိန်အား Venture Synergy Page တွင် အချိန်နှင့်တပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း နှင့် Page အား Like & follow လုပ်ထားနိုင်ပါရန်
စိတ်ဝင်စားသူများအနေဖြင့် comment တွင် yes လို့ ဆန္ဒပြုပေးပါဦးနော်
Logistics & SCM Magazine
09/02/2025
⚫ BCMS-Business Continuity Management System ခေါင်းစဉ်ဖြင့် စကားဝိုင်းအစီအစဉ်တင်ဆက်
------------------
Logistics & SCM/ဖေဖော်ဝါရီ ၈ ရက်
Logistics & Supply Chain Management မဂ္ဂဇင်းနှင့် Venture Synergy ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်ပြီး EFI General Insurance က အဓိကပံ့ပိုးကူညီသည့် ''BCMS-Business Continuity Management System'' ခေါင်းစဉ်ဖြင့် စကားဝိုင်းအစီအစဉ် (panel discussion) ကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ၇ မိုင်ခွဲရှိ EFI General Office ခန်းမ၌ ဖေဖော်ဝါရီ ၈ ရက်၊ ယနေ့ မွန်းလွဲ ၁ နာရီက တင်ဆက်ခဲ့သည်။
BCMS-Business Continuity Management System နှင့်ပတ်သက်ပြီး ဦးဝင်းနိုင်ညွန့် (ကပ္ပတိန်ဝင်း) က logistics လုပ်ငန်းတိုင်းတွင်သာမက လူတစ်ဦးချင်းစီတိုင်းအတွက်ပါအရေးပါသက်ဆိုင်နေသည့် BCMS ဆိုင်ရာအသိပညာများကို အကျယ်တဝင့် ဝေမျှဆွေးနွေးခဲ့သည်။
အဆိုပါစကားဝိုင်းမှာ ဦးတင်မောင်ဦး(Founder of LSCM Magazine) က moderator အဖြစ်ဆောင်ရွက်ပြီး ဦးဝင်းနိုင်ညွန့်(ကပ္ပတိန်ဝင်း) ဒါရိုက်တာ Commercial & operation kerry logistics, Sr.ကိုပြုံး Chairman Strategy logistics group myanmar ကုမ္ပဏီ၊ ဦးခင်မောင်မြင့်(Advisor - Venture Synergy Co.,Ltd) တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
Venture Synergy
Ko Pyone
Logistics Knowledge Sharing by Ko Pyone
Logistics & SCM Magazine
Excellent Fortune General Insurance Captain Win
photo by Rkar
31/01/2025
Invitation
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။📣
-------------------------------
Logistics & Supply Chain Management မဂ္ဂဇင်းနှင့် Venture Synergy Co.,Ltd တို့ ပူးပေါင်းစီစဉ်ပြီး
EFI General Insurance က အဓိကပံ့ပိုးကူညီသည့်
“BCMS-Business Continuity Management System” ခေါင်းစဉ်ဖြင့်
🔹ဦးတင်မောင်ဦး (Founder of LSCM Magazine)
🔹ဦးဝင်းနိုင်ညွန့် (ကပ္ပတိန်ဝင်း) (ဒါရိုက်တာ (Commercial & Operation) Kerry Logistics)
🔹Sr. ကိုပြုံး (Chairman – Strategy Logistics Group (Myanmar) Co.,Ltd)
🔹ဦးခင်မောင်မြင့် (Advisor - Venture Synergy Co.,Ltd) တို့က အောက်ပါအစီအစဥ်အတိုင်း
Panel Discussion အခမ်းအနားကျင်းပမည်ဖြစ်ပါ၍ တက်ရောက်ပေးနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် >>> ဖေဖော်ဝါရီလ ၈ရက် (စနေနေ့)၊ ၂၀၂၅ ခုနှစ်
အချိန် >>> နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ
နေရာ >>> EFI General Office
၇ မိုင်ခွဲ၊ ပြည်လမ်း (Cycle & Carriage, Mercedes Car Showroom ရှေ့)
[ထိုင်ခုံနေရာ ကန့်သတ်ချက်ရှိပါသဖြင့် မသဲသဲ 09420142880 ထံသို့ phone (or) Viber ဖြင့် ကြိုတင်စာရင်းသွင်းနိုင်ပါသည်]
#မဂ္ဂဇင်း
Logistics & SCM Magazine
Captain Win
Ko Pyone
Logistics Knowledge Sharing by Ko Pyone
Excellent Fortune General Insurance
31/12/2024
🎉 Happy New Year 🎊
မကြာမီ ကူးပြောင်းရောက်ရှိတော့မည့် 2025 နှစ်သစ်တွင် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စီးပွားလာဘ်လာဘများလည်းတိုးတက် ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Venture Synergy Co.,Ltdမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
29/12/2024
ကရင်နှစ်သစ်ကူး ဆုတောင်း 🙏🙏🙏
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ် နေ့ထူးနေ့မြတ်မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း VentureSynergy မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
#ကရင်နှစ်သစ်ကူး
Venture Synergy
24/12/2024
Venture Synergy
Click here to claim your Sponsored Listing.
Category
Website
Address
No. 994/A, Thuzita 4 Street, 2 Qtz, North Okkalarpa Tsp
Yangon