Access Spectrum

Access Spectrum

Share

Your Access to a Spectrum of reliable ICT products and services since 1998! Connecting the dots in your digital transformation.

We wish to become a trusted partner in your digital transformation journey. Access Spectrum is a leading technology solutions provider and distributor, offering a spectrum of products, services and turnkey solutions. We provide innovative information and Communication Technology (ICT) solutions for our customers to be successful in planning, employing and managing their IT infrastructure. Software

11/04/2026

ကျန်းမာ ချမ်းသာ ဘေးဘယာဝေးကွာသည့် မြန်မာ့နှစ်ကူးသင်္ကြန်ချိန်ခါကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Access Spectrum မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏🙏🙏

28/01/2026

VMware ကို Broadcom က acquisition လုပ်ပြီးတဲ့ နောက်ပိုင်းမှာ လူပြောအများဆုံးနဲ့ အကြီးမားဆုံး update တစ်ခုဖြစ်တဲ့ VMware Cloud Foundation (VCF) 9.0 က ထွက်ရှိလို့လာခဲ့ပါပြီ။ အရင်ကလို ရိုးရိုး Data Center ကနေ ခေတ်မီတဲ့ Modern Private Cloud ဆီကို ကူးပြောင်းဖို့ ဘာတွေထူးခြားလာသလဲ၊ လုပ်ငန်းတွေအတွက် ဘယ်လိုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မလဲဆိုတာ ဒီနေ့ post မှာ အသေးစိတ် ဆွေးနွေးပေးသွားပါမယ် ။

VCF 9.0 ဆိုတာ တကယ်တော့ ဘာလဲ?
ရိုးရိုးရှင်းရှင်း ပြောရရင် Compute, Storage, Networking နဲ့ Management အပိုင်းအားလုံးကို Platform တစ်ခုတည်းမှာ စုစည်းပေးထားတဲ့ Integrated Software Stack တစ်ခုပါပဲ ။ Public Cloud မှာ ရရှိတဲ့ လုပ်ဆောင်ချက်မျိုးကို ကိုယ့်ရဲ့ On-premise Data Center မှာတင် စိတ်ကြိုက်သုံးနိုင်အောင် ဖန်တီးပေးထားတဲ့ Private Cloud Platform တစ်ခုလို့ ဆိုနိုင်ပါတယ် ။
VCF 9.0 မှာ ဘာတွေ ထူးခြားသွားလဲ?
ပိုမိုမြန်ဆန်ပြီး Scalable ဖြစ်တဲ့ Private Cloud တစ်ခုအတွက် အောက်ပါ Key Features တွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။
• VMware Private AI: Data Privacy ကို အလေးထားတဲ့ လုပ်ငန်းတွေအတွက် ကိုယ့်ရဲ့ Data တွေကို အပြင်မရောက်စေဘဲ On-prem မှာတင် AI Model တွေကို စိတ်ချလက်ချ Train နိုင်၊ Run နိုင်မှာပါ ။
• VCF Fleets: အရင် VCF version တွေတုန်းကလိုမျိုး VCF instance တွေကို တစ်နေရာချင်းစီ လိုက်ကြည့်နေစရာ မလိုတော့ဘဲ နေရာအနှံ့မှာရှိတဲ့ instances တွေကို တစ်နေရာတည်းကနေ Centralized manage တွေလုပ်နိုင်ပါပြီ ။
• VCF Operations: အခြား Platform တွေလိုမျိုး Monitoring Tools တွေ အများကြီး သုံးပြီး Infrastructure monitoring လုပ်စရာမလိုတော့ဘဲနဲ့ Single Dashboard တစ်ခုတည်းကနေ Infrastructure တစ်ခုလုံးရဲ့ Health, Performance နဲ့ Capacity တွေကို ကြည့်နိုင်သလို အနာဂတ်အတွက် Workloads Utilization Trend တွေကို ကြည့်ပြီး Capacity Planning တွေကိုပါ တွက်ချက်နိုင်မှာပါ ။
• VCF Automation: Cloud Foundation Platform ဆိုတဲ့ အတိုင်း Manual လုပ်ရတဲ့ အလုပ်တွေကို လျှော့ချဖို့အတွက် ပိုကောင်းလာတဲ့ Automation စနစ်တွေပါလာတယ် ။ IT Admin တွေအနေနဲ့ လိုအပ်တဲ့ resources တွေအတွက် Ready to used Template တွေ ပြင်ပြီးတော့ End Users တွေအဆင်သင့် သုံးနိုင်တဲ့ Self-service catalog တွေကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။
• VCF Cloud Director: Enterprise Company တွေနဲ့ Service Provider တွေအတွက် Department အလိုက် ဒါမှမဟုတ် Customer အလိုက် Compute Resources တွေကို ခွဲခြားစီမံနိုင်တဲ့ multi-tenancy စနစ်ကို ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ပေးထားပါတယ် ။

အဟောင်းတွေကို ဖယ်ရှားပြီး အသစ်တွေနဲ့ အစားထိုးခြင်း (Removed vs Added)
VCF 9.0 မှာ နောက်တစ်ခု ထူးခြားတာက အရင် VCF version တွေမှာတုန်းက ရှိခဲ့တဲ့ အရမ်း complex ဖြစ်တဲ့ အရာတွေကို ဖယ်ရှားလိုက်ပြီးတော့ IT Admin တွေရဲ့ အလုပ်တွေကို ပိုမိုလွယ်ကူသွားစေအောင် လုပ်ထားတဲ့ အပြောင်းအလဲလေးတွေလဲ ရှိပါတယ်။
အဲဒီ အပြောင်းအလဲတွေကတော့ -
• Unified Operations: အရင်တုန်းက vSphere, vSAN နဲ့ NSX ဆိုပြီး သပ်သပ်စီခွဲပြီး Manage လုပ်နေရတဲ့ Siloed Tools တွေအစား "Single Pane of Glass" လို့ ခေါ်တဲ့ VCF Operations အောက်မှာ Manage လုပ်နိုင်ဖို့ တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ ။
• Simplified Licensing: Separate License Key တွေထည့်ပြီး သုံးရတာမျိုး မဟုတ်တော့ဘဲ Portal ကနေ License တစ်ခုတည်းနဲ့ သုံးနိုင်မယ့် Subscription model ကို ပြောင်းလဲအသုံးပြုရတဲ့အတွက် Licensing ကို ပိုမို ရိုးရှင်းစေပါတယ်။
• Automatic Deployment: အရင်လို VCF deployment အပိုင်းမှာ Server နဲ့ Storage တွေကို Manual လိုက်ပြင်နေပြီးတော့ Deploy လုပ်ရတာမျိုး မဟုတ်တော့ဘဲ VCF Installer ကနေ Automatic Deployment တွေလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
• Default Security: Security ကို Option တစ်ခုအနေနဲ့ လိုအပ်မှ ဖွင့်တာမျိုး မဟုတ်ဘဲ FIPS 140-2/3 standard ကို Default အမြဲ ပွင့်နေစေမယ့် "Hardened by default" စနစ်ကို ပြောင်းလဲထားပါတယ် ။

VCF 9 က ဘယ်သူတွေအတွက်လဲ?
🏢 Enterprise IT Organizations: Complex ဖြစ်နေတဲ့ IT infrastructure ကို ရှင်းလင်းလွယ်ကူအောင် ပြောင်းချင်သူများ။
🏦 Financial & Banking Sector: Data Security နဲ့ Compliance ပိုင်းကို အဓိက ထားတဲ့ ဘဏ်လုပ်ငန်းများ။
📡 Telecom & Service Providers: Customer တွေကို Cloud Service ပြန်ပေးနေတဲ့ အဖွဲ့အစည်းများ။
⚙️ Mission-critical Systems: System Down လို့မရတဲ့ အရေးကြီး System Owner များ။
🔒 On-prem Control: Public Cloud ကို မသွားချင်ဘဲ ကိုယ့် Data ကို ကိုယ်ပိုင် Data Center မှာပဲ Secure ဖြစ်အောင် Run ထားချင်သူများ။

အကျဉ်းချုပ်ပြောရမယ်ဆိုရင် VCF 9 ဟာ ကိုယ့်အဖွဲ့အစည်းရဲ့ Operational Cost ကို လျှော့ချပေးနိုင်သလို ဒီနေ့ AI ခေတ်လိုမျိုး ခေတ်မီနည်းပညာတွေကို လုံခြုံစွာ အသုံးချပြီး ကိုယ့်ရဲ့ လုပ်ငန်းကို အရှိန်အဟုန်နဲ့ တိုးတက်စေဖို့ များစွာ အသုံးဝင်မှာ ဖြစ်ပါတယ်။

VCF 9.0 အကြောင်း အသေးစိတ် သိလိုတာရှိရင် ဒါမှမဟုတ် မိမိတို့ရဲ့ Infrastructure နဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆွေးနွေးချင်တယ်ဆိုရင် Myanmar နိုင်ငံရဲ့ တစ်ခုတည်းသော VMware Premier Partner ဖြစ်တဲ့ Access Spectrum Co., Ltd. ကို အခုပဲ ဆက်သွယ်လိုက်ပါ ။
📞 95-1-386567, 380900, 95-9-96400 2468, 3156 8400. 9643 64366
📧 [email protected]
🌐 www.accessspectrum.net
VCF 9.0 နဲ့ ကိုယ်ရဲ့ Infrastructure ကို Upgrade လုပ်ဖို့ အဆင်သင့် ဖြစ်ပြီလား?
ဒါမှမဟုတ် လက်ရှိ Infrastructure ကို modernize လုပ်ဖို့ ဘယ်ကစရမလဲ သိချင်ပါသလား?
ကျွန်တော်တို့ဘက်က infrastructure assessment တစ်ခု အခမဲ့ လုပ်ပေးမယ်ဆိုရင် သင့်အနေနဲ့ စိတ်ဝင်စားပါသလား?
အောက်က Comments ထဲမှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦး ......

31/12/2025

✨ Welcome 2026 ✨

Grateful for your trust, support, and the journey we share.
Here’s to new possibilities, shared success, and meaningful moments ahead.

Wishing everyone a joyful, healthy, and inspiring New Year.

— Access Spectrum 💙

24/12/2025

Merry Christmas from Access Spectrum

Wishing you a joyful Christmas and a prosperous New Year 2026.
Thank you for your trust and partnership—we look forward to growing together in the year ahead.

Warm regards,
Access Spectrum Team

05/12/2025

Dell PowerStore: Data Center Storage ရဲ့ အနာဂတ် ဖြစ်လာစေတဲ့ အကြောင်းရင်းများ

🚀 Powerhouse ကို မိတ်ဆက်ခြင်း

ဒီနေ့ခေတ်လိုမျိုး AI, Machine Learning, Edge Computing နှင့် Multicloud နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်မှာ Data တွေရဲ့ လိုအပ်ချက်တွေက မြန်ဆန် စမတ်ကျပြီး၊ လိုသလို ပြောင်းလဲအသုံးပြုနိုင်တဲ့ Enterprise Storage မျိုးတွေ များစွာ လိုအပ်လာနေပြီ ဖြစ်ပါတယ်။
ဒီလိုလိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တဲ့ Storage မျိုးကို လိုက်ရှာနေတယ်ဆိုရင် တော့ Dell EMC ရဲ့ All-Flash Storage ဖြစ်တဲ့ Dell PowerStore လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
DellEMC PowerStore Storage သည် NVMe Disk Type ကိုအသုံးပြုထားသောကြောင့် မြန်ဆန်သော Performance ကိုသာ ပေးနိုင်ရုံမဟုတ်ဘဲ Intelligent Automation နဲ့ ပေါင်းစပ်ထားသောကြောင့် သင့်ရဲ့ အရေးကြီးဆုံး Applications တွေကိုလျင်မြန်စွာ Run နိုင်ရုံသာမက Data များကိုလဲ ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ Storage ဆိုတာ Disks တွေဘဲ ပါပြီး Data သိမ်းရုံဘဲဟု သင်ထင်ခဲ့လျှင်၊ ယခုအခါ ပြန်စဉ်းစားဖို့လိုအပ်ပါသည်။

💡 သင်သိထားရမယ့် အဓိက Tech အချက်အလက်များ

1️⃣ All-Flash NVMe Speed နှင့် Guaranteed Efficiency
• Performance: PowerStore ဟာဆိုရင် End-to-End NVMe Architecture ပေါ်မှာ တည်ဆောက်ထားသောကြောင့် Performance မြင့်မားပြီး Latency အလွန်နည်းသလို Database Workloads တွေ၊ High Transaction Application တွေအတွက်လည်း အထူးသင့်တော်တဲ့ Enterprise Storage ဖြစ်ပါတယ်။
• Efficiency: PowerStore က Data Reduction Raito(DRR) ကို 5:1 အထိ အာမခံပေးထားလို့ ဒေတာ ကို ၅ဆ ပိုပြီးသိမ်းဆည်းနိုင်ပါတယ်။ Deduplication နှင့် Compression တွေက်ိုလဲ “always-on” inline Deduplication နှင့် Compression Methods တွေကိုသုံးထားသောကြောင့် Performance ကိုမထိခိုက်စေဘဲ သိသာသော Storage Capacity နှင့် Energy အတွက်ဖြစ်သော Power၊ Cooling၊ Rack Space အတွက်ကုန်ကျစရိတ်များကို ချွေတာပေးပါတယ်။
(Note: သိမ်းမယ့် Data Type အပေါ် မူတည်ပြီး DRR ပြောင်းလဲမှု ရှိနိုင်ပါတယ်။)

2️⃣ AppsON: Compute နှင့် Storage ပေါင်းစည်းခြင်း
• The Game Changer: PowerStore ဟာ VMware virtual machines တွေကို Appliance ပေါ်မှာ တိုက်ရိုက် run လို့ရတဲ့တစ်ခုတည်းသော Major Storage Array ဖြစ်ပါတယ်။
• Use Case: Infrastructure ကို ရိုးရှင်းအောင်ပြုလုပ်ဖို့နဲ့ Footprint ကို လျှော့ချဖို့ အရေးကြီးတဲ့ Edge Computing၊ Remote Office တွေနဲ့ Data-intensive Applications တွေအတွက် လည်းအကောင်းဆုံး ဖြစ်ပါတယ်။

3️⃣ AI-Powered Simplicity နှင့် Automation
• Intelligent Management: Built-in Machine Learning နဲ့ AIOps (Artificial Intelligence for IT Operations) တွေပါဝင်သောကြောင့် Initial Data Placement နဲ့ Dynamic Load Balancing အပါအဝင် Manual Tasks တွေကိုလျော့ချပြီး Automated လုပ်ဆောင်ပေးပါတယ်။
• Proactive Health: CloudIQ ဟာ Proactive ဖြစ်တဲ့ Cloud-based Monitoring နဲ့ Predictive Analytics တွေကိုပါ လုပ်ဆောင်ပေးနိုင်သော Features များစွာပါသောကြောင့် IT team တွေအနေနဲ့ "six-nines" (99.9999%) availability ကို သေချာစေဖို့ ကူညီပေးပါတယ်။

4️⃣ Next-Gen Cyber Resiliency
• Business Continuity: Business Continuity အတွက်ဆိုရင်လည်း Metro Volume လို Features တွေအပြင် DC/DR Site နှစ်ခုအကြားမှာ Active-Active Synchronous Replication ကို သုံးပြီးတော့ Zero-RPO၊ Active-Active Synchronous Replication ထိရရှိအောင် လုပ်ထားလို့ရပြီး ၊ Instant Failover နဲ့ Disaster Recovery တွေက DC or DR sites တွေမှာ တစ်ခုခုဖြစ်ခဲ့ရင် RPO/RTO အနည်းဆုံးနှင့် Business Operations ကို မြန်မြန်ဆန်ဆန် ပြန်လည် ရရှိအောင် လုပ်ဆောင်နိုင်သောကြောင့် Business Impact ကိုအနည်းဆုံးဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
• Ransomware Defense: Data Protection အပိုင်းမှာ ဆိုရင်လည်း PowerStore ဟာ PowerProtect နဲ့ Native Integration ပြုလုပ်ထားပြီး End-to-end immutable backup copies တွေကို Air Gap Technology သုံးပြီး သီးခြားထားသော Vault Location တွေမှာ သိမ်းထားလို့ရသလို Highly Secure ဖြစ်တဲ့ Locked Snapshots features များလဲ ပါဝင်နေ၍ Ransomware ကြောင့် Data ပျက်စီးခံရတာမျိုးကို ကောင်းမွန်စွာ ကာကွယ်နိုင်ပါတယ်။
• Data Protection: DellEMC Storage သည် DellEMC ၏ No.1 Data Protection Storage ဖြစ်သော PowerProtect (DataDomain) နှင့်လဲ Integration လုပ်ထားသောကြောင့် Storage တွင်ရှိသော Data များကို Backup လုပ်ရန် မည်သည့် Backup Software မှမလိုဘဲ PowerStore to PowerProtect ကိုတ်ိုက်ရိုက် Backup လုပ်နိုင်သောကြောင့် Backup Software License Cost ကိုလျော့ချပေးနိုင်ရုံသာမက မလိုအပ်သော Backup Traffic ကိုလဲ Network ထဲတွင်လျော့ချနိုင်ပါသည်။

IT or Storage Admin တွေရဲ့နေ့စဉ်လုပ်ငန်းတွေကိုရိုးရှင်းအောင်၊ Storage Management Tasks တွေဖြစ်သော ဥပမာ- LUN provisioning၊ Firmware updates၊ Balancing workloads တွေကို Automated လုပ်ဆောင်ချင်တယ်ဆိုလျှင် ဘယ်လို Storages မျိုးကို ရွေးချယ်မလဲ?
သင့် Data Center ၏ Storage Infrastructure ကို ခေတ်မီပြီး Future-Ready ဖြစ်စေရန် စီစဉ်နေပါက Dell PowerStore Storage Solution သည် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဆိုတာ ပြိုင်ငြင်းစရာ မလိုတော့ပါဘူး။

🤝 သင့်ရဲ့ Data Center ကို ခေတ်မီအောင် ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား?

သင့်ရဲ့ Data Center Storage လိုအပ်ချက်များအတွက် DellEMC ၏ Official Platinum Partner လည်းဖြစ်၊ DellEMC ၏ Storage များကို Deployment and Support ပါလုပ်ခွင့် DellEMC မှ Officially ရရှိထားသော ကျွန်ုပ်တို့ကို ဆက်သွယ်ပြီး Free Consulting Service ကို ယနေ့ဘဲ ရယူလိုက်ပါ။

email: [email protected]
web: https://accessspectrum.net/Contact%20Us/

03/11/2025

မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်သည် ရိုးရှင်းသော အခမ်းအနားတစ်ခုမျှသာ မဟုတ်ပါ။ ၎င်းသည် ပေးဝေမှု၏ ရက်ရောခြင်း၊ နှလုံးသားချင်းဆက်သွယ်သော စည်းလုံးညီညွတ်ခြင်းနှင့် ဂုဏ်ယူဖွယ် ယဉ်ကျေးမှုအမွေအနှစ်တို့ စုစည်းရာ ပျော်ရွှင်ခြင်း၏ ဗဟိုချက်ပင် ဖြစ်ပါသည်။

ဤမင်္ဂလာအခါသမယမှစ၍...

မိတ်ဆွေအပေါင်းတို့၏ ဘဝခရီးလမ်းသည် ပွဲတော်ည၏ ကောင်းကင်မီးပန်းများကဲ့သို့ ထူးကဲစွာ တောက်ပဝင်းပနေပါစေ။ ရွှင်လန်းကြည်နူးမှု၊ အေးမြသော မေတ္တာတရားနှင့် စိတ်၏အဆုံးစွန် ငြိမ်းချမ်းခြင်းတို့ဖြင့် အစဉ်ထာဝရ ပြည့်နှက်နေပါစေကြောင်း...

Access Spectrum မိသားစုမှ စေတနာအရင်းခံဖြင့် ဆုမွန်ကောင်းများ တောင်းဆုပြုအပ်ပါသည်။

🙏🙏🙏

05/10/2025

သီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့တွင် အောင်မြင်ပြည့်စုံ၊ ကြည်နူးအေးမြ၊ စိတ်ငြိမ်းရသည့် ဘေးဘယာဝေးကွာသော သီတင်းကျွတ်အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Access Spectrum မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏

Photos from Access Spectrum's post 11/09/2025

𝐋𝐞𝐭’𝐬 𝐌𝐢𝐭𝐢𝐠𝐚𝐭𝐞 𝐄𝐧𝐭𝐫𝐚𝐈𝐃 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 𝐒𝐩𝐫𝐚𝐲 𝐀𝐭𝐭𝐚𝐜𝐤𝐬

EntraID အသုံးပြုသူတိုင်း ကြုံရလေ့ရှိသော Password Spray Attack များကို ကာကွယ်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။
တစ်ပုံချင်းစီနှိပ်၍ ဖတ်ရှုနိုင်ပါသည်။

17/06/2025

🚀 𝗔𝗰𝗰𝗲𝘀𝘀 𝗦𝗽𝗲𝗰𝘁𝗿𝘂𝗺 𝘅 𝗩𝗠𝘄𝗮𝗿𝗲 𝗯𝘆 𝗕𝗿𝗼𝗮𝗱𝗰𝗼𝗺
Empowering the Future of Enterprise IT
We’re excited to strengthen our partnership with VMware by Broadcom — delivering cutting-edge virtualization, cloud infrastructure, and enterprise automation solutions that power today’s digital transformation.
🛠️𝗪𝗵𝗮𝘁 𝗪𝗲 𝗢𝗳𝗳𝗲𝗿:
✔️ VMware Cloud Foundation (VCF) Deployment & Optimization
✔️ Private/Hybrid Cloud Design & Integration
✔️ VMware Public Cloud Infrastructure Management
✔️ Software-Defined Data Center (SDDC) Solutions
✔️ Secure Virtual Desktop Infrastructure (VDI)
✔️ Enterprise Licensing & Cost Optimization
✔️ IT Resilience, High Availability, and Disaster Recovery Planning
✔️ Design & Build of Infrastructure for Kubernetes & Tanzu Modern App Platforms.
💡𝗥𝗲𝗮𝗰𝗵 𝗼𝘂𝘁 𝘁𝗼 𝘂𝘀
Whether you are modernizing your data center, securing workloads, or scaling hybrid infrastructure, our certified experts are here to help you 𝗽𝗹𝗮𝗻, 𝗯𝘂𝗶𝗹𝗱, 𝗮𝗻𝗱 𝗿𝘂𝗻 𝘀𝗺𝗮𝗿𝘁𝗲𝗿.
📣 𝗝𝗼𝗶𝗻 𝗨𝘀!
We’re on the lookout for passionate Presales professionals to join our future-ready team at the forefront of digital infrastructure:
• 𝗣𝗿𝗲𝘀𝗮𝗹𝗲𝘀 / 𝗦𝗮𝗹𝗲𝘀 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝘀 – bridging customer needs with tailored solutions
• 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻𝘀 𝗔𝗿𝗰𝗵𝗶𝘁𝗲𝗰𝘁𝘀 – designing scalable, integrated IT strategies
• 𝗖𝗹𝗼𝘂𝗱 𝗜𝗻𝗳𝗿𝗮𝘀𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁𝘀 – guiding hybrid cloud and data center transformation
• 𝗩𝗠𝘄𝗮𝗿𝗲 𝗣𝗿𝗲𝘀𝗮𝗹𝗲𝘀 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝘀 – delivering value through expert virtualization and SDDC design
Let’s build the next generation of enterprise IT — together.
📩 Message us to explore solutions or career opportunities.

12/04/2025

We wish you and your family a blessed and peaceful Myanmar Thingyan.
May this new year bring good health, safety, and prosperity to all. 🙏

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 58, Gonyi Shophouse, Plot 6, Corner Of Upper Pansodan Road And Myanma Gonyi Road, Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00