APF Engineering Co.,Ltd.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from APF Engineering Co.,Ltd., Construction Company, နာနတ်တောလမ်း, Yangon.
31/12/2025
🙏 ၂၀၂၆ နှစ်သစ်မှာ မြန်မာပြည်သူပြည်သား အပေါင်းအသင်း မိတ်ဆွေများအားလုံး အဆင်ပြေချောမွေ့ ကျန်းမာပျော်ရွှင်ကြပါစေ 🙏
25/12/2025
🎄🎄🎄🎄𝙒𝙞𝙨𝙝𝙞𝙣𝙜 𝙮𝙤𝙪 𝙃𝙖𝙥𝙥𝙞𝙣𝙚𝙨𝙨 𝙖𝙣𝙙 𝙜𝙤𝙤𝙙 𝙃𝙚𝙖𝙡𝙩𝙝 𝙩𝙝𝙞𝙨 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨𝙩𝙞𝙢𝙚🎄🎄🎄🎄
🌲ချစ်ရတဲ့မိတ်ဆွေများ အားလုံး ပါခင်ဗျာ
🌲 Christmas အချိန်ခါ သမယတွင် 🌲
🎄 ကျန်းမာခြင်းသုခ နင့် ပြည့်စုံခြင်း 🌲
🎄 ချမ်းသာခြင်းသုခ နှင့် ပြည့်စုံခြင်း 🌲
🎄 ပျော်ရွှင်အေးချမ်းသာယာသော
🎄 ခရစ်စမတ်ကာလလေးကို ပိုင်ဆိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ
🎄 အေးမြတဲ့ ခရစ်စမတ်ကာလလေးကို ချစ်ရသူတွေနဲ့လဲ အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။
Merry Christmas !
19/12/2025
🎈🌲 🌾 Happy Karen New Year 🎈 🎄 🌾
❤️ 🪴💐 ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့ အခါသမယမှာ ကျွန်တော်တို့၏ မိတ်ဖက်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကရင်လူမျိုးများအားလုံး ကျန်းမာချမ်းသာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် ❤️
04/11/2025
🕯️🙏 💐🪷 တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်၏ကျန်းမာခြင်း , စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံကြပြီး စီးပွါးလာဘ်လာဘများလဲ ဒီရေအလားတိုးတက်ကြပါစေကြောင်း APF Engineering Co., Ltd. မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏🪷💐🪴
သာမညဖလ အခါတော်နေ့🙏🪷💐
(တန်ဆောင်မုန်းလပြည့်နေ့)
🪷မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။
🪷ယင်းတို့အနက် သာမညဖလ အခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုသည်။
🪷အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။
🪷သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ တရားတော်ကို ဟောပြောတော်မူသည်။
🪷သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာ နောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။
🪷ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။
ရဟန်းပြုခြင်းဖြင့်-
၁။မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
၂။အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
၃။ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
၄။ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
၅။ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
၆။နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
၇။ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
၈။သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
၉။သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
၁၀။နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
၁၁။ဈာန်တရား ရနိုင်ခြင်း။
၁၂။ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။
🪷ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။
🪷ထို သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။ ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။
🙏 မူရင်းရေးသားသူအား ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည် 🙏
#တန်ဆောင်မုန်းလပြည့်နေ့
#
#ဓမ္မစာပေဗဟုသုတ
01/11/2025
🙏 ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့
APF Engineering Co., Ltd. ဝန်ထမ်းမိသားစုမှ ကထိန်အလှူတော် မင်္ဂလာ🙏
🙏 လှည်းကူးမြို့နယ် ကုသလကာရီကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား အာရုဏ်ဆွမ်း , နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း , ရဟန်းသံဃာများအတွက် သင်္ကန်း (၁၀၉) စုံ , ဖိနပ် သွားတိုက်တံ သွားတိုက်ဆေး ဆပ်ပြာမှုန့်
ဆပ်ပြာခဲ အချိုရည် (၁၀၉) မျိုးစီ လှူဒါန်းခြင်း ,ကျောင်းတိုက်ပဒေသာပင်အတွက် နဝကမ္မ သိန်း (၅၀) လှူဒါန်းခြင်း , ဆရာတော်သံဃာတော်များအတွက် နဝကမ္မ လှူဒါန်းခြင်း နှင့် ပင့်သံဃာများအား လှူဖွယ်ဝတ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်
🙏 ဤကောင်းမှုကုသိုလ် အစုစုတို့အတွက် APF ကိုလုပ်ငန်းအပ်နှံကြသော လုပ်ငန်းရှင် မိဘများနှင့် မိမိတို့၏ ဝန်ထမ်းမိသားစုများ , ကာယလုပ်သား ညာဏလုပ်သားများအားလုံး ကုသိုလ်ထပ်တူထပ်မျှ ရကြပါစေသောဝ်🙏🙏🙏🙏
09/10/2025
🙏 အိမ်တအိမ် ၏ စိတ်အေးချမ်းဆုံးနေရာ တခု 🙏
#ဘုရားကျောင်းဆောင်
06/10/2025
🙏 🕯️သီတင်းကျွတ်လပြည့်နေ့ “ အဘိဓမ္မာအခါတော်နေ့ “
မှာ လုပ်ငန်းရှင်မိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း APF Engineering Co.,Ltd မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏 🕯️
#သီတင်းကျွတ်
29/07/2025
🙏 မင်္ဂလာပါခင်ဗျာ 🙏
🙏 ဘားအံမြို့ မြိုင်ကလေးရှိ ဓမ္မဝိနယဝိနည်းတက္ကသိုလ်ကျောင်း၏ သိမ်တော်ကြီး Design အတွက် APF Engineering Co.,Ltd. မှ ကုသိုလ်ပါဝင်လှူဒါန်းထားပါသည်
🙏 ဤသို့ပြုရ ကုသိုလ်အစုစုတို့အတွက် APF ကို လုပ်ငန်းအပ်နှံကြသော လုပ်ငန်းရှင်များအားလုံးအား ကုသိုလ်ထပ်တူထပ်မျှရကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်
25/07/2025
🖼️ APF ရဲ့ လက်ရာတွေထဲက အနုပညာဆန်ဆန် ကျွန်းသစ်ဖြင့် ဖန်တီးထားသော ပန်းချီကားတချပ် မကြာမီ ပြီးစီးပါတော့မည်
🪟 Parami Valley Condo တွင် အလှဆင်ထားခြင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး စိတ်ကြိုက်ဖန်တီးခွင့်ပေးသော အိမ်ရှင် အစ်ကို နှင့် အစ်မ အား ကျေးဇူးတင်မှုပေါင်း မြောက်မြားစွာဖြင့် ❤️❤️❤️
&GFloor
19/07/2025
“ (၇၈) နှစ်မြောက် အာဇာနည်နေ့"
💔ဆယ့်ကိုး ဇူလိုင် မမေ့နိုင်၊ အာဇာနည်နေ့ ဒို့မမေ့💔
🗓️ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါသည်။
Engineering
#အာဇာနည်နေ့
09/07/2025
🏛️ မကြာမီ ပြီးစီးတော့မည့် အစစအရာရာ ပြီးပြည့်စုံသော Luxury အိမ်လေးတလုံး
🌼 စိတ်ရှည်သည်းခံပေးသော အိမ်ရှင် ညီလေးမိသားစု ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်
09/07/2025
🙏ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ 🙏
🙏ယနေ့တွင် ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့တွင် မြန်မာပြည်သူပြည်သား အပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း APF Engineering Co.,Ltd. မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
နာနတ်တောလမ်း
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |