The Book Shelf

The Book Shelf

Share

Reading Is Dreaming With Open Eye.

11/04/2026

ဘယ်ဖက်လက်နဲ့ ညာဖက်လက်တောင်အပေးယူ
မမျှချိန် ရှိပါရဲ့ မင်းနဲ့ကိုယ်နဲ့ နားလည်မှုကရော ထို့အတူဘဲမဟုတ်လား... - ဧ

19/10/2024

မမြဲခြင်းတရားကို ဟောထားပါလျက်
သူ့လက်ကလေးကို ဆုပ်ကိုင်ထားချင်ခဲ့မိတယ် ။
ဘုရားနဲ့ကျနော်ဟာ နားလည်မှုလွဲသွားတယ် ။

#အောင်ချိမ့်

17/09/2024

ငါတို့တိုင်းပြည်မှာတော့ ကပ်သုံးပါးဟာ အနုလုံပဋိလုံ စုံသလောက်ဖြစ်သွားပြီ။

နိဗ္ဗာန်တော့ မသိဘူး
ငရဲဆိုတာကိုတော့ ငါတို့ အရှင်လတ်လတ်
ဖြတ်သန်းဖူးခဲ့ပြီ။

ထွန်းဦး

23/07/2024

"ဆရာဝန်ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမ ကျနော့်ကို ချစ်ပါ
ဒီကောင် လက်နက်ချရမယ်တဲ့ "

#အောင်ချိမ့်

28/02/2024

ချစ်တာပေါ့ ။
ရှားရှားပါးပါး တွယ်တာရတဲ့
အရာလေးမို့ တန်ဖိုးထားတယ် ။

ပင်ပန်းရတာတွေ ပြေပျောက်ရတဲ့အထိ
အများကြီး နွေးထွေးပေးတယ် ။
သူရှိနေရင် စိတ်လုံခြုံမှုလေးတွေရတယ်
တကယ့်ကို အဖိုးတန်လေးပါပဲ

သေချာတာ တစ်ခုက
အများကြီး ချစ်နေမိပြီ အချစ်ရယ်...။

🌻🤍
#ခက်နှောင်

07/01/2024

တကယ်လို့များ ပေါ့
တကယ်လို့များ ထပ်ပြီး တွေ့ဖြစ်ကြတဲ့အခါ
ထပ်ပြီး အဲ့ဒီမျက်ဝန်းတွေကို ငေးဖြစ်တဲ့အခါ
ထပ်ပြီး အဲ့လက်ဖဝါးတွေ ဆုပ်ကိုင်ဖြစ်တဲ့အခါ
အသေချာလေး ဆုပ်ကိုင်ထားမိမယ် ထင်တယ်။
တကယ်လို့များပေါ့….

#ခက်နှောင်

31/12/2023

Happy new year 🎆🎇
နောင်လာမယ့်နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့အတူကိုယ်ချစ်ရတယ့်လူတွေနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့
မင်မင်မှဆုတောင်းပေးလိုက်ရပါတယ်ဗျ

28/12/2023

ကျေးဇူးတင်တာပေါ့ အချစ်ရယ်
ကိုယ့်ကို ရွေးချယ် ပေးခဲ့တာ ရော
ကိုယ်ရှိတဲ့ နေရာ လေးကို တည့်တည့် လေး
လျှောက်လာ ပေးခဲ့တာ ရော
အရာရာ အသက်ရူကြပ်ရတဲ့
ကာလကြီးမှာ လက်ကလေးဆွဲထားပေးတာရော
ကျေးဇူးတင်ရပါတယ်

#ခက်နှောင်
The Book Shelf

27/12/2023

စိတ်ရှိသလောက်သာ
ခံစားမှုနောက်ကို လိုက်ကြေးဆိုရင်
အသက်တောင် ပြန်ပါမလာဘူး
#ကြည်ဇော်အေး
The Book Shelf

25/12/2023

Merry Christmas🌲

22/12/2023

🚬

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tamwe
Yangon