Lady K Collection
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lady K Collection, Shopping & retail, North Dagon, Yangon.
06/04/2025
( သကြန်မတိုင်ခင်လေး🌟 ရောင်းထုတ်ချင်လို့
တင်ခွင့်ပြုပါနော် ) စိတ်အနှောက်အယှက်ဖြစ်သွားရရင် sorryပါရှင့်🙏
အရမ်းတန်မယ့် အရင်းအတိုင်း ငွေပေါ် လျှော့ဈေး👗bkkအထည်လေးတွေမှာပြီး online shop ဆက်မလုပ်ဖြစ်တော့လို့ Design အသစ် ပါကင်အသစ်💯 ဈေးတန်တန်လေးတွေနဲ့ ရောင်းချင်ပါတယ်
❣️ လိုအပ်တဲ့ customerများ စိတ်ဝင်စားရင် တစ်ပုံချင်းထောက်ကြည့်ပေးသွားပါဦးနော် ။ ယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ် ❣
ရန်ကုန် မြောက်ဒဂုံ
( ကိုယ်တိုင်ရိုက်ပုံများဖြစ်သောကြောင့် ခွင့်ပြုချက်မရှိပဲယူသုံးခွင့်မရှိပါ )
Ph no 09450015980
တည်ငြိမ်သော မမမှ😝 ခရုတိုက်ဆန်လိုက်ပါ😉 only 12000 ks ✨bkk Dee Top 💯 ပစ္စည်းမှန် စျေးမှန် ✨
𝐋𝐚𝐝𝐲 𝐊 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧
☎️ 𝟎𝟗 𝟒𝟓𝟎𝟎 𝟏𝟓 𝟗𝟖𝟎
-K-Collection
18/11/2024
K အကြိုက်😍 အသားအေးပြီး ဝတ်လို့လည်းအရမ်းကောင်းတဲ့ only 12000 ks ✨bkk Dee Top 💯 ပစ္စည်းမှန် စျေးမှန် ✨
𝐋𝐚𝐝𝐲 𝐊 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧
☎️ 𝟎𝟗 𝟒𝟓𝟎𝟎 𝟏𝟓 𝟗𝟖𝟎
-K-Collection
29/04/2022
သူ့အိပ်ချိန်နောက်ကျနေပြီ ခုထိ ခြင်ထောင်မထောင်ပေးသေးလို့ စိတ်ညစ်ပြီး လာစောင့်နေတာ ရုပ်က 😁
29/04/2022
မဆိုသလောက်လေး ကျစ်လာပြီ ( မပိန်ချင်/မဝချင် ) 🏋️♀️ အားရှိတာတွေသေချာမစားဖြစ် ပုံမှန်လောက်ပဲစားတယ် အစားလည်း
မရှောင်တော့ လေ့ကျင့်ခန်းလုပ်သလောက် ခန္ဓာကိုယ် သိပ်ပြီးတိုးတက်ပြောင်းလဲမှုမရှိဘူး။
24/04/2022
နယ်သာလန် တနိုင်ငံလုံး ခဲဝေနေတဲ့
Cherry Kanzan 🌸🌸🌸
Thuzar Khin
18/04/2022
ဆီးကျိတ်ကြီးတဲ့ရောဂါဟာ အသက်ကြီးတဲ့ အမျိုးသားတိုင်းမှာ ဖြစ်ပါသလား❓❓
အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့ အလားအလာ ပိုများလေ ဖြစ်ပါတယ်။ ကြီးတဲ့နှုန်းသာ ကွာတာဖြစ်ပါတယ်။ မြန်မြန်ကြီးတဲ့လူကတော့ စောစောစီးစီး လက္ခဏာတွေ ခံစားရပြီး ဖြည်းဖြည်းချင်းကြီးတဲ့သူကတော့ နောက်ကျမှ ခံစားရတာ ဖြစ်ပါတယ်။
လေ့လာချက်တွေအရ အသက် ၄၀ မတိုင်မီမှာ ၁၀% ၊ အသက် ၅၀ မှာ ၃၀% ၊ အသက် ၆၀ မှာ ၅၀% ၊ အသက် ၇၀ မှာ ၇၀% ၊ အသက် ၈၀ မှာ ၈၀% ၊ အသက် ၉၀ မှာ ၉၀% နဲ့ အသက် ၁၀၀ မှာ ၁၀၀% ဖြစ်ပါတယ်။
အသက်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရင် ခါတိုင်းလို မဟုတ်ဘဲ အချိန်ကြာကြာသွားရတာ ဆီးကျိတ်ကြီးတာနဲ့ ဆိုင်ပါသလား❓❓
ဆိုင်နိုင်ပါတယ်။ ဆီးကျိတ်ကြီးလာရင် ဆီးကျိတ်ရဲ့ အလယ်ကနေ ဖြတ်သွားတဲ့ ဆီးသွားပြွန်ကို ဖိပါတယ်။ အဲ့ဒီအခါမှာ ဆီးနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဓိက အုပ်စု (၂) ခုခွဲထားပါတယ်။
(၁) Obstructive symptoms (ပိတ်ဆို့မှုကြောင့်ဖြစ်သော လက္ခဏာများ)
==================
- ဆီးစပြီးသွားဖို့ ခက်ခဲပါတယ်
- စသွားရင်လည်း ခါတိုင်းလိုတစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားရတတ်ပါတယ်
- ဆီးသွားလို့ပြီးသွားရင်လည်း ဆီးအိတ်ထဲမှာ ဆီးကျန်သလို ခံစားရပါတယ်
(၂) Irritative symptoms (လှုံ့ဆော်မှုကြောင့်ဖြစ်သော လက္ခဏာများ)
===============
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးခဏခဏလဲ သွားပါတယ်
- ဆီးသွားချင်ပြီဆိုတာနဲ့ ခါတိုင်းလိုမအောင့်ထားနိုင်ဘဲ ချက်ချင်းသွားတတ်ပါတယ်
- ဆီးသွားတဲ့အခါမှာ ဆီးပြွန်တစ်လျှောက် ကျင်တာတို့ နာတာတို့ ဖြစ်တတ်ပါတယ်
အဲ့ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးရောဂါ ဖြစ်နေပြီလို့ သတိပြုသင့်ပါတယ်။
ဆီးကျိတ်ကြီးတဲ့ရောဂါဟာ ဘယ်လိုလူမျိုးမှာ ပိုပြီး စောစောဖြစ်ပါသလဲ❓❓
ဆီးကျိတ်ကြီးတဲ့ရောဂါ (BPH) ဖြစ်ရခြင်းဟာ လူတွေရဲ့မျိုးရိုးဗီဇ၊ အနေအထိုင်၊ အစားအသောက်ပေါ် မူတည်ပြီးတော့ ကွာခြားမှုရှိပါတယ်။
🔺 မျိုးရိုးဗီဇနဲ့ကြည့်ရင် အဖိုးတို့အဖေတို့မှာ ဆီးကျိတ်ကြီးတာစောခဲ့ရင် သားလုပ်တဲ့သူမှာလဲ ပိုပြီးဖြစ်တတ်ပါတယ်။
🔺 အိမ်ထောင်သည်အမျိုးသားတွေဟာ တစ်ကိုယ်ရေလူပျိုကြီးတွေထက် ပိုပြီးဖြစ်လေ့ရှိပါတယ်။
🔺 ကမ္ဘာ့အနောက်ခြမ်း ဥပမာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အနေအထိုင် အစားအသောက်ပုံစံကြောင့် ဖြစ်ပါတယ်။
🔺 အရက်သောက်တဲ့သူ အထူးသဖြင့် ဘီယာသောက်သုံးမှုများတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။
🔺 ဝမ်းချုပ်လေ့ရှိတဲ့သူတွေ (Chronic constipation) မှာ ပိုဖြစ်တတ်ပါတယ်။
🔺 အဆီအစိမ့်တွေ (Fatty diet) များများစားသူတွေမှာ ပိုအဖြစ်များပြီး ဟင်းသီးဟင်းရွက်စားသူ (Vegetarian) တွေမှာ အဖြစ်နည်းပါတယ်။
🔺 လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်သူတွေမှာ အဖြစ်နည်းပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မလုပ်သူတွေမှာ ပိုဖြစ်ပါတယ်။
🔺 စိတ်ပူပင်သောက (Stress) များသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ သဘာဝအသီးအနှံ များများစား၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၊ အရက်ဘီယာတို့ကိုရှောင်ပြီး စိတ်ပူပင်မှုအဖြစ်မခံဘဲ ပျော်အောင်နေတတ်မယ်ဆိုရင် ဆီးကျိတ်ရောဂါ မဖြစ်အောင် ကာကွယ်ပြီးဖြစ်တယ်လို့ ပြောလိုပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)
17/04/2022
နှစ်သစ်မှစ ကိုယ်စိတ်နှစ်ပါးလုံးအေးချမ်းပြီး ✨ ကောင်းသောအလုပ်များ ဆောင်ရွက်နိုင်ပါစေ ကျန်းမာပြီး ဘေးအပေါင်းမှ ကင်းဝေးကြပါစေလို့ တောင်းဆုပြုပါတယ်နော် 🙏
16/04/2022
#နှစ်သစ်လက်ဆောင် 💓
ကိုယ်တိုင်လည်းဝတ်လို့ချစ်စရာကောင်း လက်ဆောင်ပေးချင်လည်း ပေးလို့လှပါသော bkk quality💯💃 မကြာသေးခင်ကပဲ admin ကြိုက်လို့ဝယ်ထားတဲ့ ဂါဝန်လေးတွေပါ ၃ဦး မဲဖောက်ပေးပါမယ်နော် (၅ထည်ဝယ်ထားတာ ဝတ်ထားတဲ့ အပြာလေးက၂ ထည်ပါလာလို့ အပြာလေးနဲ့ ကြိုက်တဲ့အရောင် ရွေးလို့ရပါတယ် ကျန်ခဲ့တဲ့ အရောင် admin ယူပါမယ်) bkk quality မို့ #ဆေးမကျ #အသားမပါး ပေါင် 135 ထိဝတ်လို့ရ 💓 ရေစိုစပန့်မို့ ဝတ်လိုက်ရင်ပိုလှပြီး အပြင်မှာစျေး 1သောင်းဝန်းကျင် ရှိမယ်ထင်ပါတယ်
မဲပေါက်ခဲ့ရင် 😊 ရန်ကုန်မြို့နယ်တွင်း အနီးအဝေးပေါ်မူတည်ပြီး deli 2000/2500 ဝန်းကျင်တော့ ကျသင့်ပါမယ်ရှင်...
✌ ခုပိုစ်လေးကို public နဲ့ ရှယ်ပြီး ss မန့်ပေးနော် အပန်းမကြီးရင်လည်း page လေး like လုပ်ပေးပါဦးနော်
✌လိုချင်တဲ့ အရောင်လေးပါ မန့်ပေးနော်
အက်မင့်ဆီမှာ ဝယ်ဖူးသူဖြစ်စေ/မဝယ်ဖူးသူဖြစ်စေ အားလုံးကို ပါဝင်ကံစမ်းဖို့ ဖိတ်ခေါ်ပါတယ်နော် 🤗 နောက်တပတ်ထဲ မဲဖောက်ပေးပါမယ်
🌻 နှစ်သစ်မှစ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာပြီး ရွှင်လန်းနိုင်ကြပါစေ 🌻
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် ☺
https://www.facebook.com/JUE-House-Healthy-Foods-2058809827725886/
16/04/2022
အကြည်ဓာတ်လေးကူးစက် စိတ်အေးချမ်း
စေလို့ ပြန်တင်မိတယ် 🌼🌸🌷🌿💓
ကိုယ့် ပန်းခြံကို လှလိုက်တာလို့ ဖြစ်စေချင်ရင် စိုက်ထားပြီးရော မဟုတ်ပဲ အပင်နဲ့ ပန်းရဲ့အရောင်အဆင် အနိမ့်အမြင့် အမျိုးအစား အနေအထား အားလုံး လိုက်ဖက် အောင် စိုက်တတ်မှ….
ပြောတာသာလွယ်တာပါ အမြင်ရှိဖို့ဆိုတာ...ပါရမီပါမှ သို့မဟုတ် အတွေ့အမြင်များမှ
ကိုယ်တိုင်လည်း ပါရမီနည်း သူများအိမ်က ပန်းတွေကြည့် ..သဘောကျ မုဒိတာပွားနေရတဲ့ဘဝမို့... အနီးအနားက မြင်သမျှ
#နယ်သာလန်
Thuzar Khin
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon