AMT Book Store
A to zထိ ဝတ္ထုစာအုပ်ကောင်းလေးများကို ဖတ?
A to Z၊ကမှ အ အထိ ဝတ္ထုကောင်းလေးများကို ပရိတ်သတ်များအကြိုက် တင်ပေးသွားပါမည်။
13/08/2018
ဆရာဖေမြင့်၏ ရသစာပေ စာအုပ်လေးများကို
အကိုတို့ အမတို့ ကြိုက်နှစ်သက်မယ် ထင်လို့
တင်ပေးလိုက်ပါတယ်။ pdfစာအုပ်များကို
ဒေါင်းလုပ်လုပ်ပီး သိမ်းထားနိုင်ပါပီ။..........
နှလုံးသား အာဟာရ(၁)
👇👇👇
https://mm1ink.net/NiZJNRsc
နှလုံးသား အာဟာရ(၂)
👇👇👇
https://mm1ink.net/YGkA7Jg
ဘဝဒဿန ရသစာများ
👇👇👇
https://mm1ink.net/lIO0KzA
ဟောနည်း ပြောနည်း
ကိုယ့်ဘက်ပါအောင်စည်းရုံးနည်းများ
👇👇👇
https://mm1ink.net/HSyK
အားပြင်းတဲ့မြားတစ်စင်း
👇👇👇
https://mm1ink.net/R0QCw
ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး
👇👇👇
https://mm1ink.net/TU4dAMHX
စီးပွားရေးတွေးခေါ်ရှင်များ
👇👇👇
https://mm1ink.net/QwAvWc
ကိုယ်ပိုင်လုပ်ငန်းနှင့် ကြီးပွားမယ့်ပုဂ္ဂိုလ်
👇👇👇
https://mm1ink.net/Grw9XT
13/08/2018
“ ရထားလမ်း မှ ငိုသံကြီး ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
#ညမဖတ်ရ
( အမှန် တကယ်ကြုံခဲ့သော သူ နေရာမှ ခံစား၍ ရေးသည်။
ဤဇာတ်လမ်းတွင် အမှန်တကယ်ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ၏ အမည်များကို
ချန်လပ်ထားပါသည် ။ )
“ ၀ါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ :) ”
ဤဇာတ်လမ်းလေးကို ရေးသားခွင့်ပြုခဲ့သော
Ko “ Paye Gyi ” ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ :)
စာရေးသူ ငယ်စဉ်အခါက မိသားစုတွေနဲ့
အနီးအနားက ဘုရားပွဲဈေးများသို့ စိတ်ပြေလက်ပျောက်
လမ်းလျှောက်သွားလေ့ရှိတယ် အဲ့ဒီ ဘုရားပွဲလေးကို
ရောက်ဖို့ ရထားလမ်းလေးတစ်ခုကို ဖြတ်ရတယ်
ထိုရထားလမ်းလေးကို ဖြတ်ကူးတော့မယ်ဆိုတာနဲ့
ကျေးဇူးရှင် မေမေ ၏ ပါးစပ်မှ ဘုရားဂုဏ်တော်များ ၊
ဘုရားစာများကို တစ်တွတ်တွတ်ရွတ် ဆို ပြီး
မေတ္တာပို့ အမျှပေးဝေ လေ့ရှိသည် ။
အဘယ့်ကြောင့် မေမေ ထိုသို့ ရွတ်ဆိုသည်ကို
စာရေးသူမှာ ငယ်ရွယ်သဖြင့် သေချာနားမလည်သောကြောင့်
ကျေးဇူးရှင် ဖေဖေ ကို မေးမြန်းမိရာ ဖေဖေ မှ
“ သား မှတ်ထား ရထားလမ်းဆိုတာ မကောင်းတာတွေ
အမြဲလိုလို ဖြစ်ပြီး စီးတဲ့နေရာကွ ”
ဖေဖေ ၏ စကားကြောင့်
ကျွန်တော် နောက်ကျောများစိမ့်သွားပြီး
နောက်ထပ် မမေးရဲတော့ ၊ အဲ့လို ကလေးဘ၀ထဲက
သတ္တိကောင်းတာဗျ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက
ဖေဖေပြောတဲ့ စကားတွေထဲက “ စီး ” တယ်ဆိုတာကို
သိပ်နားမလည်ခဲ့ဘူး ၊ အသက်ကြီးလာမှ တစ်ဖြည်းဖြည်း
နားလည်လာခဲ့တယ် ‘ သရဲစီး တာတို့ ၊ ဘီလူးစီး တာတို့ ’
ရှိသလို တစ်နေရာ ၊ အိမ်တစ်အိမ် ၊ လမ်းတစ်လမ်း က
“ စီး ” နေတယ်လို့ပြောရင် အဲ့နေရာမှာ
မကောင်းတာတွေ ဆက်တိုက်ဖြစ်နေတဲ့
သဘောမျိုးဆိုတာ နားလည်လာခဲ့တယ် ။
ဥပမာ ။ ။ ရန်ကုန် မန္တလေး အဝေးပြေးလမ်းမှာ
ကားတွေ ခဏ ခဏ မှောက် လူတွေသေ
အဲ့တာမျိုးပေါ့ ။
ထားပါတော့ ဒါက ကျွန်တော့် ယူဆချက်
သက်သက်ပါ ၊ အခုဇာတ်လမ်းလေးကလည်း
အဲ့ဒီလို “ စီး ” နေတဲ့ ရထားလမ်းလေးအကြောင်းပါ
တစ်နည်းအားဖြင့် လူစားလဲတယ် အစောင့်လဲတယ်လို့လည်း
သတ်မှတ်နိုင်ပါတယ် ။
မြန်မာပြည် မြေပုံထဲက မြို့ငယ်လေး
“ ဖြူး ” မြို့ ဆိုလျှင် စာဖတ်သူတို့ မသိမရှိပါဘူး ။
အဲ့ဒီ “ ဖြူး ” ဆိုတဲ့ မြို့ ငယ်လေးမှာ
‘ နေလင်းထက် ’ ဆိုတဲ့ ကျွန်တော် ကြီးပြင်းခဲ့ပါတယ် ။
ကျွန်တော်တို့ နေထိုင်ရာ အိမ်ကလေးရဲ့ ရှေ့မှာ
ကန့်လန့်ဖြတ် လမ်းငယ်လေးတစ်ခုရှိပါတယ် ၊
အဲ့ဒီ လမ်းကလေးရဲ့ တစ်ဖက်မှာတော့
အိမ်ကလေးတွေ အစီအရီရှိ နေပြီး
ထို အိမ်ကလေးတွေရဲ့ ရှေ့မှာတော့
“ ဖြူး ” မြို့ ဘူတာသို့ တိုင်အောင် ဖောက်လုပ်ထားသော
ရထားလမ်း တစ်ခုရှိပါတယ် ။
အဲဒီ ရထားလမ်းက နာမည်ကြီးဗျ
အရမ်း “ စီး ” တယ် ။
ညဘက် အဲ့ဒီ ရထားလမ်းနားမှာ
ဆိုရင် အရက်သမား မပြောနဲ့ ခွေးတောင်
သွားမအိပ်ရဲဘူး ၊ ဘာလို့လဲဆိုရင်
သရဲ အရမ်း ခြောက်လို့ ဗျ ………. ။
တစ်ည ကျွန်တော်တို့သူငယ်ချင်းတစ်စု
စာမေးပွဲအောင်လို့ အရက်သောက်ပြီး
အောင်ပွဲခံလာကြတယ် ၊ သီချင်းတွေ သံပြိုင်အော်ဆိုပြီး
တစ်ယောက်ပုခုံး တစ်ယောက်ဖတ်ပြီး
အမူးသမား ချင်းချင်း ထိမ်းပြီး
အိမ်ကို ပြန်လာခဲ့ကြတယ် ။
မှတ်မိသေးတယ် “ ကို ၀န ” ရဲ့
“ အနီးဆုံးလူ ” သီချင်းလေး ၊
ရှေ့ဆုံးက အာဗြဲကြီးနဲ့ တိုင်ပေးတာ
ကျွန်တော်ပဲ ကျန်တဲ့ကောင်တွေက
စာသားမရတဲ့ကောင်တွေ ၀ါးချနေကြတာ
:D ဒီလိုဗျ
“ နတ်သမီးလေး ………
…………. ………………
အချစ်ရဲ့ အနီးဆုံးလူပါ .. ”
သီချင်း ပထမတစ်ပိုဒ် ပြီးတော့
ကျွန်တော်တို့ လျှောက်လာတာ
ကျွန်တော့်အိမ်နားရောက်ခါနီး
အိမ်အရှေ့ ဘက်က ရထားလမ်းမှာဗျ
အဲ့မှာ ဟိုကောင်တွေ ငြိမ်နေတုန်း
ကျွန်တော် သီချင်းနောက်တစ်ပိုဒ်ကို
ထပ် ဆွဲလိုက်တယ်
“ မငိုပါနဲ့ ……. ”
လို့ပဲ အော်ဆို သေးတယ်
ဟိုကောင်တွေ သံယောင်မလိုက်ခင်
မှာပဲ ငိုသံတစ်ခုထွက်လာ တယ်
ကျွန်တော် က မငိုပါနဲ့ ဆိုမှ
ငိုသံကြီး ထွက်လာတော့ နည်းနည်း
ကြောင်သွားတယ် လူက မူးနေပေမယ့်
မျက်လုံးက မြင်သေးတယ်ဗျ
ဘယ်ကောင် နောက်တာလဲဆိုပြီး
အဝေးကလာတဲ့ ငိုသံကို လိုက်ရှာနေတုန်းဗျ
ဘေးက ကောင်တွေက အလိုက်ကမ်းဆိုးမသိဘူး
ကျွန်တော် အစတိုင်ပေးထားတဲ့ သီချင်းကို
ဝူးဝူးဝါးဝါးနဲ့ အာလေးလျှာလေးသံတွေနဲ့
ဝါးချပြီး အော်လို့ကောင်းနေတုန်းဗျ ။
ကျွန်တော်လည်း ငတိတွေကို
နားရင်းတွေလိုက်ရိုက်လိုက်မှ တိတ်သွားတယ်
ဒါတောင် တစ်ကောင်က
“ ယေ့ဟောင် ‘ နေလင်း ’ ငါတို့ မူးနေတာကွ
ဘာလို့ နားရင်းလိုက်ချနေတာလဲ ”
တဲ့ဗျာ ကျွန်တော်လည်း စိတ်မရှည်တော့ပဲ
ကျွန်တော့်ရဲ့ နှုတ်ခမ်းပေါ် လက်ညှိုး တင်ပြီး
အသံတစ်ခုလုပ်ပြလိုက်မှ အကုန်တိတ်သွားတယ်ဗျ
“ ရှူးးးးးးးးး ၊ ဟေ့ကောင်တွေ ခဏလေး
တိတ်တိတ်နေကြ စမ်းကွာ မင်းတို့တွေကြားလိုက်လား
ငိုသံကြီး …… ငါ က မငိုပါနဲ့လို့ သီချင်းဆိုမှ
အဲ့လိုကြီး ထငိုတာကွ ဘယ်ကောင်
ငါတို့ ကို လာနောက်နေတာ လည်းမသိဘူး
သေချာနားထောင်ကြည့်ကြစမ်း ”
လို့ ပြောလိုက်မှ သကောင့်သားတွေ
အကုန် မူးမူးရူးရူးနဲ့ တိတ်သွားကြတယ်
အဲ့ဒီအချိန်မှာပဲ ငိုသံ ကြီးက ထင်ထင်ရှားရှားကြီး
ထက်ထွက်လာတယ် ……
ကျွန်တော်တို့တွေ သေချာငြိမ်ပြီး
နားထောင်ကြည့်မှ ပိုကြားရတယ်ဗျ
မိန်းမတစ်ယောက်ရဲ့ ငိုသံကြီး ၊
ရင်ကွဲပတ်လက်နဲ့ကို အော်ငိုနေတဲ့အသံမျိုးဗျ
ညည်းသံကြီးလည်းပါတယ် ၊ အသံရှင်က
အားရပါးရကို အော်ငိုနေတာ ။
ကျွန်တော်ပထမ မသဲမကွဲကြားရတုန်းက
တစ်ယောက်ယောက်ငါ့ကို လာနောက်တာပေါ့
အခုဟာက ညဘက်ကြီး လူပြတ်တဲ့အချိန်မှ
ရထားလမ်းမှာ မိန်းမတစ်ယောက်ငိုသံကြီးဗျ
အဲ့ဒီ ငိုသံကြီးက ပိုပို ကျယ်လာသလိုပဲ
ကျွန်တော်တို့တွေလဲ ခေါင်းနပန်းတွေကြီးကုန်ပြီး
အမူးပါ ပြေချင်သလိုလိုဖြစ်သွားကြတယ် ။
ပတ်ဝန်းကျင်မှာလဲ ရထားလမ်းနဘေးက
မလင်းတလင်း လမ်းမီးအချိုကသာရှိပြီး
မှောင်မဲနေတဲ့ ပတ်ဝန်းကျင်က ရုတ်တရက်ကြီး
အေးစိမ့်လာသလိုခံစားလိုက်ရတယ် ၊
အသံပိုင်ရှင်ကို လိုက်ရှာတော့လည်း
တစ်ဦးတစ်လေမှ မတွေ့ ။
ထိုအချိန်မှာပဲ ကျွန်တော်တို့ ညာဘက်မှာရှိတဲ့
ရထားလမ်းကနေပြီး သွေးပျက်ဖွယ် ငိုညည်းသံကြီးကို
ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး
ထပ်ပြီးတော့ ကြားလိုက်ကြရတယ် ။
အကုန်လုံး ရဲ့ အနီးကို ငိုသံကြီးက
ပထမကြားနေရတဲ့ နေရာကနေ
ကျွန်တော်တို့ လူစုလား တဖြည်းဖြည်း နီးလာတော့
ကျွန်တော်တို့တွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး
အမှောင်ထဲက ငိုသံကြီးရဲ့ အသံရှင်ကို
လိုက်ရှာနေမိတယ် ။
မြင်မြင်သမျှ ပတ်ဝန်းကျင်မှာ
လူဟူ၍ တစ်ယောက်မှမတွေ့တော့
ကျွန်တော်တို့လူစုလည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
တိုင်ပင်ထားသလိုမျိုး မာရသွန်ပြေးပွဲဝင်ခဲ့ကြတာ
ကျွန်တော်က အိမ်နဲ့နီးတော့ အိမ်ထဲဝင်ပြေးတယ်
ကျန်တဲ့သူငယ်ချင်းတွေက တကွဲစီပြေးသွားကြတယ်
ဘယ်တွေရောက်သွားကြလည်းဆိုတာ
ကျွန်တော်လည်း ဂရုမစိုက်နိုင်တော့ဘူးလေ
အိမ်ရောက်တော့ လည်း ဒီကိစ္စကို ဘယ်သူ့ကိုမှပြန်မပြာရဲဘူး
ကိုယ်က အရက်သောက်ထားတော့
မယုံတဲ့အပြင် အဆူပါခံရနိုင်တယ်လေ ။
ကျွန်တော်လည်း ကိုယ်အခန်းလေးထဲ
တိတ်တိတ်လေး ၀င်ပြီး စောင်ကို ခေါင်းအထိလုံအောင်
ခြုံထားပြီး ကြောက်စရာငိုသံကြီးအကြောင်း
ပြန်တွေးနေမိပြီး အိမ်မက်ဆိုးတွေနဲ့
အိပ်ပျော်သွားခဲ့တယ်
‘ ညဘက်ကြီး ကျွန်တော်တစ်ယောက်တည်း
ကျူရှင်ကနေ အိမ်ကိုပြန်လာခဲ့တယ် ၊
လမ်းပေါ်မှာ ကျွန်တော်တစ်ယောက်တည်းဆိုတော့
နည်းနည်းတော့ကြောက်စိတ်ဝင်မိတယ်
ရထားလမ်းနားရောက်တော့
မီးတိုင်တွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး
ရထာလမ်းပေါ်မှာ လူတစ်ယောက်
ကျွန်တော့်ကို ကျောပေးပြီး ထိုင်ငိုနေတယ်
ကျွန်တော်လည်း ထိုလူကို စူးစမ်းချင်တာနဲ့
သူ့အနားကိုတိုးသွားလိုက်တယ်
သူရဲ့ပုံစံကို အနည်းငယ် ကွဲကွဲပြားပြား မြင်လိုက်ရတယ်
အမျိုးသမီးတစ်ယောက်ဗျ ဆံင်အရှည်ကြီးပဲ
ရထားသံလမ်းကြီးပေါ်မှာ
ညကြီးအချိန်မတော် ထိုင်ငိုနေတာဗျ
ဒီအချိန်က ညရထားတွေ အသွားအလာရှိတက်တော့
ကျွန်တော်လည်း အဲ့ဒီ အမကြီးကို စိတ်ပူသွားပြီး
သူ့နားကို တိုးသွားပြီး လှမ်းခေါ်လိုက်တယ်
“ အမ .. အမ ဘာလိုငိုနေတာလဲ အန္တရယ်များလိုက်တာ
အမဘာပြသနာရှိလိုလည်း ကျွန်တော့်ကိုပြောပါ
ဝိုင်းဖြေရှင်းပေးပါ့မယ် အဲ့နေရာမှာ မနေပါနဲ့
ရထားလာရင် အမကိုကြိတ်မိသွားလိမ့်မယ် ”
လို့ပြောပြီး သူ့အနားကိုတဖြည်းဖြည်းတိုးသွားလိုက်တယ်
သူက ကျွန်တော့်ကို အဖတ်တောင်မလုပ်ဘူးဗျ
သူတော်တော် ၀မ်းနည်းနေပုံပဲ
အဲ့ဒီအချိန်မှာ ရထားဥသြသံကိုကြားလိုက်ရတော့
ကျွန်တော် လည်းသူ့ကို စိတ်ပူသွားပြီး
သူ့အနားကို ပြေးသွားလိုက်တယ် ။
ကျွန်တော့်တို့အနားသို့ ရောက်လုနီးဖြစ်နေသော
ရထားကြောင့် သံလမ်းပေါ်မှာ ခေါင်းငုံပြီး ထိုင်ငိုနေတဲ့
အမကြီး ကိုစိုးရိမ်မိသွားပြီး သူ့ကို လှမ်းခေါ်ဖို့အတွက်
ကျွန်တော့်လက်ကို လှမ်းလိုက်ပြီး သူကရဲ့ပုခုံးကို
လှမ်းပုတ်ပြီး အော်ပြောလိုက်တယ်
“ အမ….. ရထားလာနေပြီး မြန်မြန်ထတော့ ”
ကျွန်တော့်လက်က သူ့ရဲ့ပုခုံးကိုထိလိုက်တော့
ရေခဲတုံးကို လက်နဲ့ ပုတ်လိုက်ရသလိုမျိုး
ခံစားလိုက်ရတယ့်အတွက် ကျွန်တော်
ကြောင်တောင်တောင်ကြီး ဖြစ်နေတုန်း
ကျွန်တော့်ရှေ့မှာ ခေါင်းကြီးငုံပြီးထိုင်ငိုနေတဲ့
အမကြီးရဲ့ ကိုယ်လုံးက လုံးဝလှုပ်လျှားခြင်းမရှိပဲ
သူ့ရဲ့ ခေါင်းကြီက ဆက်ခနဲ့ ကျွန်တော့်ဘက်ကို
လည်ထွက်လာခဲ့တာဗျ သူ့မျက်နှာကြီးက
ကျွန်တော့်ဘက် လှည့်လာခဲ့တယ်
သူ့မျက်နှာမှာ မျက်လုံး ၊ နှုတ်ခမ်း ၊နှာခေါင်း
ဘာဆို ဘာမှမပါဘူး ၊ မျက်နှာက ပြောင်ကြီးဗျ
မျက်လုံးထဲမြင်အောင် ပြောရရင်
စတီးချိုင့်ကြီးကို လက်နဲ့ ဆက်ခနဲ
ဆွဲလှည့်လိုက်သလိုပဲ ပြောင်ပြောင်ကြီးဗျ
ကျွန်တော်လည်း မျက်စိရှေ့က မြင်ကွင်းကြောင့်
ကြောက်စိတ်က ထိမ်းမရတော့ပဲ
အသားတွေ တဆက်ဆက်တုန်လာတယ်
ကျွန်တော်ထင်တယ် ကြက်သီးမွှေးညင်းတင်မဟုတ်ဘူး
ကျွန်တော့်ခေါင်းပေါ်က ဆံပင်တွေပါ
လေပေါ်ထောင်တက်သွားလောက်တယ်
ကျွန်တော့် မျက်လုံးတွေ ကလည်း အဆမတန်ကို ပြူးလာတယ်
ကျွန်တော့်ရှေက သရဲမကြီးကို ကြည့်ပြီး
ပါးစပ်မှ အသံကုန်အော် နေတုန်း
မရှေးမနှောင်းပဲ ရှေ့မီးကို အလင်းကုန်တင်ထားသော
ရထားကြီးက ကျွန်တော့်နဘေးမှကိုအရှိန်နဲ့
ခုတ်မောင်းလာပြီး ကျွန်တော့်ဆီဦးတည်လာတယ်
သရဲမကြီးရဲ့ ငိုသံကြီးက ပိုမို ကျယ်လောင်လျှက် ပင် …. ။
ကျွန်တော် လည်း သရဲမကြီးကိုကြည့်ပြီးအော်နေရာကနေ
ကျွန်တော့်ဆီ ဦးတည်ပြီးလာနေသော ရထားကြီး ၏
ရှေ့မီးကြီးကို ကြည့်ပြီး အော်နေမိတုန်း
ကျွန်တော့်ကို ရထားကြီးက ၀င်တိုက်သွားခဲ့တယ် ။
“ အား……………….. ”
ထိုစဉ်
“ ဒေါက်..ဒေါက်..ဒေါက်..ဒေါက်
သားကြီး နေလင်း ဘယ်နှစ်နာရီရှိပြီလဲ
မထသေးဘူးလား ၊ နေ့လည်စာလေးဘာလေး
ထစားဦးလေ ဒေါက်..ဒေါက်..ဒေါက်..ဒေါက်
သားရေ ” ဆိုတဲ့ ရထားခုတ်မောင်းသံပမာ
တဒေါက်..ဒေါက် နဲ့ အမရဲ့ တံခါးခေါက်သံကြောင့်
ကျွန်တော် အိမ်မက်ဆိုးကနေ လန့်ပြီး နိုးထလာခဲ့တယ် ၊
မျက်နှာရှေ့က နေမင်းကြီးက ရထားရှေ့ကမီးအလင်းထက်
ပိုမို စူးရှတယ် ကျွန်တော့် တစ်ကိုယ်လုံးလည်း
ချွေးစီးတွေပျံလို့ ။
ရေတစ်ခွက်အ၀သောက်ပြီး မျက်နှာသစ်
ကိုယ်လက် သန့်ရှင်းရေးလုပ်ပြီးနေ့လည်စာ စားဖို့
ထမင်းဝိုင်းလေးမှာ ကျွန်တော် သွားထိုင်နေတုန်း
ထမင်းဝိုင်းမှာထိုင်နေတဲ့ အဖေနဲ့ အမေအပြန်အလှန်ပြောနေတဲ့
အကြောင်းအရာကြောင့် ကျွန်တော် စိတ်ဝင်စားသွားတယ် ။
အဖေက “ အမေကြီး ငါတို့ အိမ်ရှေ့က ရထားလမ်းမှာ
မနက်က ရထားနဲက ချိတ်ပါသွားတဲ့ အမျိုးသမီးက
မကျွတ်ဘူးတဲ့ဟ ”
အမေက “ ဘယ်ကျွတ်ပါ့မလဲ ဖေကြီးရ
သူသမီးလေးက ငယ်ငယ်ပဲရှိသေးတာကို
သနားပါတယ် ဟယ်… ” တဲ့ဗျာ
ကျွန်တော် စိတ်ဝင်စားသွားပြီ
အဖေ့ကို မေးလိုက်တယ်
“ အဖေ ရထားလမ်းမှာ
ဘယ်တုန်းက ဘယ်သူ သေသွားတာလဲ ”
ဆိုတော့ အဖေက
“ သြော် ဟုတ်သားပဲ ငါ့သားမသိသေးဘူးပဲ
အေးလေ မင်းက စာမေးပွဲအောင်စာရင်း
ထွက်ပြီး ကတည်းက အိမ် မှမကပ်ပဲ
ကိုယ့်မြို့ ကိုယ်အိမ်နားမှာ
ဖြစ်သွားတာတောင်မှ မသိဘူး
ဒီလိုသားရေ
ငါတို့ အိမ်အရှေ့ ဟိုဘက်က
ရထားသံလမ်း ကို မင်းသိပါတယ် “
“ ဟုတ်သိတယ်အဖေ ”
“ အေး အဲ့ဒီမှာ မနေ့က မနက်က
ရထားလမ်းတစ်ဖက်က
ကျောင်းကို အမျိုးသမီးတစ်ယောက်က
သူ့သမီးလေး သူ့ သမီးလေး
ကျောင်းသွားပို့တာ စက်ဘီးလေးနဲ့
ပြီးတော့ ကျောင်းဆင်းချိန်
ကလေးကို ပြန်ကြိုပြီး
ရထားလမ်းက စက်ဘီးလေးနဲ့
ပြန်အကူးမှာ သေချင်တော့
သူဖြတ်ကူးနေတုန်း
ရထားတစ်စင်းကခုတ်မောင်လာတယ်
အရှိန်နဲ့ အဲ့ အချိန်က ပုံမှန်
ရထားဖြတ်တဲ့ အချိန်မဟုတ်ဘူးကွ
အခုလာနေတဲ့ ရထားက
အနီရောင်လေး စစ်ရပ်ထားလေး
တစ်တွဲတည်းလာတာ
အဲ့ရထားက သူ့ကို တိုက်သွားတာ
သူ့သမီးလေးက လွင့်ထွက်သွားတယ်
သူက ဆံပင်ရှည်တော့
သူ့ ဆံပင်က ရထားနဲ့ ချိတ်ပါသွားပြီး
အဲ့ဒီ အမျိုးသမီး တွန်းလာတဲ့စက်ဘီးလက်ကိုင်က
သူ့ ဦးခေါင်းထဲကို လက် နှစ်ဆစ်လောက်
ဝင်သွားတာကွ ၊ မြင်ကွင်းက တော်တော်ဆိုးတယ်
ရုပ်ပျက်ဆင်းပျက်ပဲ သေနေတာ
တော်ရုံလူဆို မကြည့်ရဲဘူး
ဖြစ်ချင်တော့ ငါက အဲ့နားမှာ
သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတုန်း
ငါ့ရှေ့တင်ဖြစ်သွားလို့ သေချာပြောနိုင်တာ
အဲ့တာ ငါ့သားလဲ သတိထားသွား
သတိထားလာ ရထားလမ်းတွေက စီးနေတာ ”
လို့ ရှည်လျှားစွာ ရှင်းပြတော့မှ
ကျွန်တာ် ညက ကြားရတဲ့ ငိုသံကြီးအကြောင်း
ရိပ်စားမိသွားတယ် အိမ်မက်ကလည်း
တော်တော် တိုက်ဆိုင်တယ်
ကျွန်တော်လည်း ပြန် စဉ်းစားမိပြီး
ခေါင်းနပန်းသွားမိတယ်
အဲ့အချိန်မှာ အမေက
“ ဟဲ့ သား ဘာတွေတွေးနေတာလဲ
စားစရာရှိတာစားလေ ”
ဆိုတော့မှ ကျွန်တော် အသိပြန်ဝင်လာမိတယ် ။
ကျွန်တော် နောက်ညတွေဆို
ဘယ်လောက်နောက်ကျနောက်ကျ
အဲ့ဒီလမ်းက မပြန်ရဲတော့ဘူး
အဲ့ဒီ ရထားလမ်းနဘေးမှာနေတဲ့
အိမ်တွေဆို ကျွန်တော်တို့သူငယ်ချင်းတစ်စု
ကြားခဲ့ရတဲ့ ငိုသံကြီးကို ညသန်းခေါင်ချိန်
ရောက်တိုင်း ကြားရတယ်ဆိုပဲ ။
ထိုအဖြစ်အပျက်ဖြစ်ပြီး
ရက်အနည်းငယ်လောက်မှာ
နောက်သတင်းတစ်ခု ထပ်ကြားလိုက်ရတယ်
ရထားလမ်းနဘေးမှာနေတဲ့
အိမ်တစ်အိမ်က လိပ်ပြာလှသော
အမျိုးသမီးတစ်ဦးကို သရဲဝင်ပူးတဲ့သတင်း
ဖြစ်ပုံက အဲ့ဒီ အမျိုးသမီးက
ညနေစောင်းကြီး ဆံပင်ဖားလျားနဲ့
အိမ်ရှေ့ထွက်ထိုင်နေတုန်း
ဝင်ပူးတာတဲ့ အိမ်ကလူတွေက မူမမှန်မှန်း
သိတာနဲ့ ဘားမှမလုပ်သေးပဲ
အရင်ဆုံး ဘယ်သူလဲ ဘာလိုချင်လို့လဲ
မေးတော့ ပြောတော့တာပဲ
“ သူက ရထားလမ်းမှာ
ဘယ်ရက် ဘယ်အချိန်က
ဘယ်လိုသေသွားတဲ့ မိန်းမတစ်ယောက်ပေါ့
သူ့ယောကျာ်းက သစ္စာမရှိဘူးတဲ့
သူသေပြီးနောက်မိန်းမတန်းယူတယ်
သမီးလေးကိုလဲ သူစိတ်မချဘူးတဲ့
သူညတိုင်း ငိုနေရတယ် သမီးလေးကို
မခွဲနိုင်လို့ ဆိုပြီးပြောတော့ ”
အဲ့ဒီ အိမ်က လူကြီးတွေက
“ နင်အခုလို ဒုက္ခရောက်နေတာ
သာဓုခေါ်ပါလား ငါတို့ အမျှအတန်းပေးမယ်
နင့်အတွက်ရည်စူး ကုသိုလ်
လုပ်ပေးမယ်လေ ”
ဆိုတော့ သရဲမက
“ မခေါ်ဘူး မလုပ်ပေးနဲ့
ငါ့သမီးလေးနဲ့ မခွဲပါရစေနဲ့
သမီးလေး သမီးလေး .. ”
ဆိုပြီး ငိုယိုပြီး ထွက်သွားတယ် တဲ့ဗျာ ။
ကျွန်တော်တို့ တွေလည်း
ကြားရတာ ကြောက်လည်းကြောက်
စိတ်လည်း ထိခိုက်မိကြတယ်
နောက်ရက်တွေ မှာ
ရထားလမ်းနဘေးက အိမ်တွေစု
ဘုန်းကြီးပင်ပြီး သူ့အတွက်
ရည်စူးကုသိုလ်ပြုလုပ်ပေးပေမယ့်
နောင်ညများမှာ ငိုသံကြီးက ကြားနေရတုန်းပဲဗျ
တစ်ချို့ ဆို ရထားသံလမ်းပေါ်မှာ
ညဆိုရင် ဆံပင်ဖားလျားနဲ့
မိန်းမလိုလို မဲမဲ သဏ္ဍန်ကြီးက
ဟိုဒီသွားနေတာကို
တွေ့ကြတယ်ဆိုပဲ ။
ကျွန်တော်တို့
သူငယ်ချင်းတွေကတော့
ပထမဆုံး ဖောက်သည်တွေ ဖြစ်သွားကြတယ်
အဲ့ဒီ သရဲမကြီးက ယခုအချိန်အထိ
မကျွတ်သေးဘူးဗျ ခြောက်လှန့်နေတုန်းပဲ
ရထားသံလမ်းမှာ
ညဆိုအမြဲကြားနေတယ်
ငိုသံကြီး ………… ။
~ မိုးစွေ ~
စာပြီးချိန် - 12.3.2017 ( 11:14 Pm )
12/08/2018
"ဖုတ်ဝင်သောရွာ"
(အစ/အဆုံး)
ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာရဲ့ သုသာန်မှာ အလုပ်ရှုပ်နေတဲ့ လူနှစ်ယောက်ရှိတယ်၊
ဖိုးလုံးနဲ့ပေသီး သောက်ဖော်သောက်ဖတ် ဆိုးဖော် ဆိုးဖက် အခု သုသာန်ထဲ ရောက်လာတဲ့ အကြောင်းက
ပိုးထိပြီ ဆုံးသွားတဲ့ အဘွားကြီးရဲ့ ပါးစပ်ထဲက ရွှေသွားကို လိုချင်တဲ့စိတ်ကြောင့် ဘာကိုမှ မကြောက်နိုင်ပဲ
သုသာန်ထဲ ရောက်နေကျပြီ
ဖိုးလုံး မြန်မြန်တူးပါဟ
ငါကျောချမ်းလာပြီ
အေးပါ ပေတီးရာ ငါလဲတူးနေတာပဲ မင်းသာ ဘေးကိုသေချာကြည့်နေ
တူးရင်းနဲ
ဒုတ်
တစ်ခုခုနဲ့ ထိမိတဲ့ကအသံ ပေတီး အခေါင်းပေါ်ပြီ၊
ပေတီးပါ ကျင်းထဲဆင်းပြီ မြေတွေ ယက်ထုတ် အခေါင်းအဖုံးကို ဖွင့်လိုက်တဲ့အချိန်
မျက်နှာက ညိုမဲပြီ ပရေနရေတွေ တွန့်နေတဲ့ အဘွားကြီးရဲမျက်နှာက လရောင် အောက်မှာ ကြောက်စရားကောင်းနေတယ်၊
ညနေကမှ ချထားတဲကအလောင်းမို့ မပုပ်သေးပေမဲ့ကြောက်စရာတော့ကောင်းနေတယ်
ဖိုးလုံးက ပေတီး ဘာကြောင်နေတာလဲ ရွှေသွားဖြုတ်ရအောင်လေ ဆိုပြီ လုပ်ငန်းစတော့တာပေါ့
ပေတီးက တစ်ယောက်ယောက် ကြည့်နေတယ် လို့ ခံစားကလို့ အပေါ် မော့ကြည့်တော့
သေသွားတဲ့အဘွားကြီး အပေါ်က ငုတ်ြပီ ကြည့်နေတာ တွေ့တော့ ကြောင်ပီ ကြည့်နေတုန်း
ဖိုးလုံးက ပေတီ ဘာကြည့်နေတာလဲ ၀ိုင်းကူအုံးလေးကွာ
အေးအေး
ဆိုပြီ အပေါ်ပြန်ကြည့်တော့အဘွားကြီ မရှိတော့ဘူး မျက်စီမှားတာပါလို့တွေးပြီ ဖိုးလုံးကလဲ အဘွားကြီးသွားကို မရရအောင် ဖြုတ် ရွှေသွား သုံးချောင်းရတော့
ကျင်းပေါ် ပြန်တက်ပြီ မြေပြန်ဖို့ ပြင်တဲ့အချိန် ဘယ်က ရောက်လာမှန်းမသိတဲ့ ကြောင်အနက် တစ်ကောင်
ညောင် ညောင်
ဆိုပြီ ကျင်းနားရောက်လာတယ်၊
ဖိုးလုံးက မောင်းထုတ်တာပေါ့
ဟဲ့ သွားသွား
ညောင် ခွီး
ပြန်ပြီလူကိုရန်ရှာမလို ခုန်တဲ့အချိန် ကျင်းထဲ က အလာင်းရဲ့ ရင်ဘက်ပေါ်တည့်တည့် ကျသွားတယ်
အဲအချိန်
ဝေါ ဝေါ ဖရော ၀ုန်း
တောလဲသံတွေ သစ်ပင်တွေ ယိုင်ထိုးနေတာ ကျင်းထဲက ကြောင်ကလဲ
အတင်းကုတ်ဖဲ့တက်ပြီ ထွက် ပြေးတော့တာပေါ့
ဖိုးလုံးနဲ့ပေတီး ကြောက်လွန်းလို့ အသားတွေ တုန်နေပြီ
ဖိုးလုံးက ပေတီ ကျင်းကို မြန်မြန် ဖို့ကအောင်
အေးအေး ဆိုပြီ
နှစ်ယောက်သား ကျင်းထဲ မျက်စီရောက်သွားတဲ့အချိန်
အဘွားကြီးက မျက်လုံးဖွင့် နေပြီ သူတို့ကို ပြုံးပြနေတာတွေ့ကော
ပြေးပြေးဆိုပြီ နောက်လှည့်ြုပီပြေးတဲ့အချိန်
ဘယ်က ထွက်လာမှန်းမသိတဲ့ မကောင်းဆိုးဝါးတွေ ကြားထဲ ပြေးပေါက်မရှိတော့ တဖြည်းဖြည်းနဲ့နောက်ဆုတ်ရင် ကျင်းထဲ ကျသွားရော ကျင်းထဲကနေ အပေါ်တက်ဖို့ ကြိုးစားပမဲ့
အနောက်လဲ လှည့်ကြည့်ရော
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အသံက သန်းခေါင် ယံမှာ စူးရှစွာ ထွက်လာတယ်
အရာအားလုံး တဖြည်းဖြည်းတဆိတ်သွားပြီ ပကတိ တိတ်ဆိတ်သွားတယ်၊
မနက်မိုးလင်းတော့ အော်သံကြောင့် ရွာသားတွေ သုသာန်ထဲ လာကြည့်တော့
မြင်လိုက်ရတဲ့ မြင်ကွင်က အဘွားကြီးလဲ ကျင်းထဲ ဖိုးလုံးနဲ့ပေတီ ဗိုက်တွေ ပွင့်လျှက်သေဆုံးနေတာ
တွေ့ကပေမဲ့ အဘွားကြီးအလောင်း ပျောက်နေတယ် သုသာန် အနှံရှာပေးမယ် မတွေ့တဲအဆုံး ဖိုးလုံးနဲ့ ပေတီးကို မြေမြှုပ် ပစ်ခဲ့လိုက်တယ်၊သူတို့ကို ချုံပုက်အကွယ်က ချောင်းကြည့်နေတဲ့ တစ်စုံတစ်ယောကို သတိမထားလိုက်ကျဘူး၊
ကလင် ကလင် ကလင်
အမေရေ ဖုန်းလာနေတယ်
ကလင် ကလင် ကလင်
သားကိုင်လိုက်လေ အမေ ဟင်းချက်နေတယ်
ကလင် ကလင်
ဟုတ် အမေ
ဟလို …….
တစ်ဖက်က
နောင်ခန့်လား ငါ ကျော်သူရယ်
အေး ကျော်သူပြောလေ ဘာဖြစ်လိုလဲ ငါဖုန်းမခေါ်ပဲနဲ့
ဘာမှမဖြစ်ပါဘူးဟ မင်း ဖုန်းက ဆက်သွယ်မှုဧရိယာပြင်တဲ့ ငါပြောမလို ဒီတစ်ပက် စနေ နေ့ကျ ငါ ဦလေး ရှိတဲ့ ရွာလည်မလို့ လိုက်မလား နောင်ခန့်
ကျန်တဲ့သူတွေဆီကော ဖုန်းဆက်ပြီပြီလား
ဆက်ပြီပြီ ရန်နိုင် က လိုက်မယ် ဖြူလဲ့ပါ လိုက်မယ်တဲ့
နော်စေးက မင်းပါရင် လိုက်မယ်ပြောတယ် ဘယ်လိုလဲ
ငါလဲ လိုက်မှာပေါ့ဟ
အေးပြီတာပဲ ငါ ကားလက်မှတ်ဖြတ်လိုက်တော့မယ်
ရန်နိုင်ကားနဲ့မသွားဘူးလားဟ
ရွာလမ်းတွေက ဆိုးတယ်ဟ သူကားနဲ့အဆင်မပြေပါဘူးး လမ်းမပေါ်ကနေ ငါတို့ရွာက အထဲ ၀င်ကမှာ
ရွာရောက်ရင် ဦးလေး လာကြိုလိမ့်မယ်၊
အေးအာ့ဆိုလဲ ကားဂိတ်မှာဆုံမယ် ကျော်သူ
အေး နောင်ခန့်
ဒီလိုနဲ့ ကျော်သူ ဦးလေး ဆီ သွားဖို့ ရက်ရောက်လာတယ်၊
ကားက မနက်၈နာရီကနေ ညနေ ၅ အထိ စီးရမှာ
ခရီးသွားခါနီး ရေမိုးချိုး ဘုရားရှိခိုး မနက်စာ စား ဆရာလေး အောင်နိုင်ပေးခဲ့ တဲ့ ကြိမ်လုံးကလေးကို အ၀တ်စဖြူနဲ့ ထုပ် လွယ်အိတ်ထဲကို သေချာထည့် အဖေနဲ့ အမေကို ကန်တော့ ကားဂိတ်ကိုထွက်လာခဲ့တယ်၊
ကားဂိတ်ရောက်တော့ အကုန်ရောက်နေကျပြီ
ကားပေါ်တက် နော်စေးနဲ့ ကျွန်တော်က တစ်ခုံတွဲ ဖြူလဲ့ ရန်နိုင်က တစ်တွဲ ကျော်သူက တစ်ယောက်ထဲ
အရင် သွားခဲ့တဲ့ အိမ်အကြောင်းကိုပြန်ပြော ရယ်ကျနဲ့ ကားက ဂိတ်ကနေ အဝေးပြေးလမ်းမပေါ်တရွ့ရွေ့ပြေးလွှားနေတယ်၊
ကားပေါ် စကားပြောလိုက် ကားပေါ်က ပြတဲ့ ရုပ်ရှင်ကြည့်လိုက်နဲ့ လိုက်လာတာ
အချိန်ကုန်မှန်းမသိ ကုန်သွားတယ် ကျော်သူက စပြီ ရှေ့နားဆို ငါတို့ ဆင်းကတော့မယ်နော်လို့ပြောတော့
အေး
အကုန်လုံးက ပြိုင်တူ အေးလိုက်ကျတယ်၊
ကားပေါ်က ဆင်း အ၀တ်ထုတ်တွေ ကိုယ်ဆီဆွဲ ခဏစောင့်လိုက်တာ
နွားလှည်းနဲ့ ကျော်သူ ဦးလေး ရောက်လာတယ်
ငါတူတွေ တူမတွေ ရောက်တာ ကြာပြီလား
ကျော်သူက
မကြာသေးပါဘူး ဦးလေးရဲ့ အခုလေ တင် ရောက်တာ
လာကွယ့်
လှည်းပေါ်တက်ကျ ကျော်သူက ဒါ ငါဦးလေး ဦးစံပေါ
ဦးလေး ဒါက နောင်ခန့် ဟိုးဘက်က နော်စေး သူတိုက စုံတွဲ ဒီဘက်က ရန်ုနိုင် သူက ဖြူလဲ့ သူတိုလဲ စုံတွဲ
ဦးလေး ဦးစံပေါက
တယ်လိုက်ဖက်တာပဲ
အချိန်မနှောင်းခင် ရွာပြန်မှဖြစ်မယ် လှည်းပေါ်တက်ကျ ကျော်သူက အ၀တ်အိတ်တွေ တင် ကျွန်တော်တို့ စပြီ နွားလှည်းစီးတော့တာပေါ့
နွားလှည်းပေါ်မှာ ကျွန်တော်က ရွာ အကြောင်လျှောက်မေးတာပေါ့
ဦးလေးကလဲ ပြန်ဖြေရှာတယ်
နော်စေးက တော်ယုံမေးပါဟယ် လူကြီးကို အားနားစရာ ဆိုတော့မှ ကျွန်တော် ပါးစပ်ပိတ်သွားတယ်၊
ကျော်သူ ဦးလေးက မင်းအမေ ကော နေကောင်းကျလား
ဟုတ်ကောင်းတယ် ဦးလေး
အဖေနဲ့အမေက ဦးလေးတို့ မိသားစု အတွက် လက်ဆောင်တွေ ထည့်ပေးလိုက်တယ်
အပင်းပန်ခံပါရောလား ကျော်သူရာ လက်ဆောင်မပါလဲ ရပါတယ်
မဟုတ်တာ ဦးလေးရာ
ရန်နိုင်နဲ့ ဖြူလဲ့က တိုးတိုးနဲ့ ဘာတွေပြောနေမှန်းမသိဘူး
စကားပြောရင် တဖြည်းဖြည်း ရွာထဲ ၀င်လာတယ်
တစ်ရွာလုံး တိတ်ဆိတ်နေတာ ကျော်သူက စပြီ
ဦးလေး ကျွန်တော် အရင်လာတုန်းက ဒီလိုမဟုတ်ပါဘူး
ဦလေးက အိမ်ပေါ်ရောက်ရင် ပြောပြမယ်ဆိုပြီ စကားကိုဖြတ်လိုက်တယ်
ခြံဝင်းတစ်ဝင်းထဲ လှည်းဝင်တော့ နှစ်ထပ် ပျဉ်ထောင်အိမ် ရေနံချေး ၀ နေတာပဲ
ဒီလိုနဲ့ ကျော်သူ ဦးလေးက လှည်းဖြုတ် နွားတွေကို ရေတိုက် အစားကျွေးနေရင်
မိန်းမရေ နင်တူတွေရောက်လာပြီ
သမီးရေ နင်အကိုတွေလာတယ် မြန်မြန်လာ
အေးပါလာပါပြီတော် တူလေးတို့ စားဖို့ ဟင်းချက်နေတာ ပင်းပန်းလာကျပြီလား
ကျော်သူက မပင်ပန်းပါဘူးဒေါ်လေးရယ်
ကိုလေး တို့လာတယ် လာလာ ပေးအစ်မ အိတ် ညီမလေး
ပြောပြောဆိုဆိုနဲ့ ၁၆ နှစ်ဝန်းကျင် ကောင်မလေး ထွက်လာတယ်
ဖြူလဲ့ က ရပါတယ် ညီမရယ် အစ်မသယ်နိုင်ပါတယ်
အာ့ဆို ဟိုအစ်မ ပေး ညီမကို
ရပါတယ် အစ်မလဲ
ကဲ
လာ တူလေးတွေကော တူမလေးတွေကော အိမ်ပေါ်တက်ကျ ခဏနားပြီ ရေချိုးကျပေါ
ယောကျာင်္လေးတွေက အိမ်ရှေ့မှာ ချိုးပေါ့ မိန်းကလေးတွေက နောက်မှာချိုးကျ
သမီး အစ်မတွေ ရေချိုချင်ရင် လိုက်ပို့ပေးလိုက်နော်
ဟုတ်အမေ
ကိုယ့်ဆီ ကိုယ့်ဆီ ရေချိုးကျတာပေါ့ ရေချိုးပြီ အ၀တ်စားလဲ အိမ်ရှေ့ထိုင်နေတုန်း
လာတူလေး သူငယ်ချင်တွေပါခေါ် ထမင်းစားကျမယ် ဆိုပြီ ထမင်းဝိုင်းက မလောက်လို့ ကြမ်းပြင်ပေါ် ဖျာခင်း
စားကျတယ်၊ ထမင်းစားရင် ဦးလေး မိန်မး ဒေါ်အုန်း ဒီဘက်က ငါညီမ နှင်းမြ ထပ်မိတ်ဆက်ပေးတယ် တစ်မိသားစုလုံး ခင်ဖို့ကောင်းကျတယ်၊
စားလိုပီတော့ အကြမ်းရေနဲ့လက်ဖက်သုပ်စားရင်
ကျော်သူက ဦးလေး ရွာမှာဘာတွေဖြစ်နေတာလဲ လို မေးတော့
ဦးလေးက ဒီလို ငါတူ
ဦးလေးတို့ အနောက်ပိုင်းက ရွာမှာ အဘွားကြီးတစ်ယောက် ပိုးထိပြီဆုံးကထဲ့ အဲရွာမှာ လူအသေအပျောက်တွေများလာတယ် သေတဲ့သူတွေက ဗိုက်ထဲက ကလီစားတွေ ဆွဲထပ်ခံရပြီသေကျတာ တစ်ချို့က အမျိုးတွေရှိတဲ့ တစ်ခြားရွာတွေကို ပြောင်းပြေးကျတယ်၊
အခုဆို အဲရွာမှာ နေရဲတဲ့သူမရှိတော့ဘူး အခုနောက်ပိုင်တဖြည်းဖြည်းနဲ့ ဦးလေးတို့ ရွာ အစပ်မှာ ညညဆို မကောင်းဆိုးဝါးတွေ လျှောက်နေကျတာ တစ်ရွာလုံးမြင်နေရတယ်၊
အာ့ဒါကြောင့် ညဆို ထမင်းစောစောစား တံခါးပိတ်ပြီ ကြောက်ကြောက်နဲ့နေရတယ်
ဦးလေးတို့ ဘုန်းကြီး ပင့်ပြီ ပရိတ်တွေ ဘာတွေ မရွတ်ဘူးလားလို ကျွန်တော်က ကြားထဲက ၀င်မေးလိုက်တယ်
ဘုန်းဘုန်းက မြို့တက်သွားတာ အခုထိပြန်မလာသေးဘူလေ
ဘာလုပ်ရမှန်းလဲမသိနဲ့ အခတ်အခဲဖြစ်နေကျတယ် ကျော်သူက အိမ်ကြီးကိစွဖောက်သည်ချပါရော
ဦးလေးစံပေါက အားကို တကြီးနဲ့ ကူညီပါအုံးငါတူရယ် လို့
ကျွန်တော်က
ဦးလေး မပူနဲ့ ဦးလေးတို့ ရွာမှာ ပရိတ်ရေ နဲ့ ပရိတ်ကြိုးအိမ်တိုင်း ရှိလား
အေးရှိလောက်တယ်ကွ ဘာလုပ်ဖို့လဲ
ကျွန်တော်တို့ လုပ်စရာလေး ရှိလို တောင်းပေးပါလား
အေး မနက်ဖြန်ကျ သူကြီးပြောပြီ အစီစဉ်ဆွဲကျတာပေါ့လို ပြောပြီ ကျွန်တော်တို့ အိပ်ဖို့ပြင်ကျတာပါ့
နော်စေး ဖြူလဲ့နဲ့ ကျော်သူ ညီမနဲက အခန်းထဲ အိမ် ကျွန်တော်တို့ ယောကျာင်္လေး သုံးယောက်က ဘုရားစင်ရှေ့ အိမ် ကျော်သူ ဦးလေးနဲ သူမိန်းမက တစ်ခန်း
ခရီးကပင်းလာတာနဲ့ အိပ်ပျော်သွားတာ မနက်မိုးလင်းတော့ ကျော်သူ လာနိုးမှ နိုးတယ်၊
မျက်နှာသစ် မနက်စား စားကျတော့
နော်စေးက မောင် ဘယ်လို လုပ်ဖို့ စဉ်းစားထားတုန်း ဟိုအိမ်တုန်းက ဆရာလေး ရောက်လာလို့ ကံကောင်းလို့ မသေတာနော် အခုတစ်ခါက အဆင်မပြေလောက်ဘူး ဆရာလေးလဲ မရှိဘူး
ကျော်သူကလဲ
ဟုတ်တယ် သူငယ်ချင်း ငါတို့ စိတ်မချဘူး
ဖြူလဲ့နဲရန်နိုင်ကဲ အေး ငါတိုလဲ တူတူပဲ လိုဝိုင်းပြောကျတော့တာပေါ့
အမှန် ကျွန်တော်လဲ ဘာလုပ်ရမှန်း မသိသေးဘူး
စာသောက်ပြီတန်း ရှိသေးတယ်
ဗျို့ ဒေါ်အုန်း ဒေါ်အုန်း
လာပါပြီဟဲ့
သူကြီးနဲ့ ဒေါ်အုန်းယောကျာင်္ဦးလေးစံပေါက
မြို့က လာတဲ့ ဧည့်သည်တွေကို ခေါ်ခိုင်လိုက်လို့
အေးအေး ခေါ်သွားလေ တူလေး လိုက်သွားကျလေ
သမီးလေးလိုက်သွားမယ် နော် မေမေ
ဟဲ့ ကလေးမ ကလေးက ကလေးလိုနေစမ်း
မေမေကလဲ
ဘာမေမေကလဲ
နော်စေးက ဟုတ်ပါတယ် ဒေါ်လေးရယ် သမီးတို့လဲ အဖော်ရတာပေါ့ ခေါ်သွားလိုက်ပမယ်
အေးပါအေ တူမလေးတို့ အဆင်ပြေရင် ပြီးတာပဲ
လာခေါ်တဲ့ လူရွယ်က လာအစ်ကိုလေးတို့ အစ်မလေးတို့ ဆိုပြီ ရှေ့က ဦးဆောင် ခေါ်သွားတယ်၊
သိပ်ကြာကြာမလျှောက်ရပါဘူး သူကြီး အိမ်ရောက်လာတယ်
လူရွယ်က သူကြီး မြို့က အကိုတွေ ပါလာကျပြီ
အေးအေး
လာ မောင်ရင် တို့ မောင်ရင်တို့အကြောင်း စံပေါ ပြောလိုသိပြီပြီ ဘယ်လို လုပ်မယ်စဉ်းစားလဲ
မေးလာရော
ပထမ ဆုံး သတိရတာက ၀ါးတွေပေါတာ တွေ့ထားတော့
သူကြီး တစ်တောင်ကျော်ကျော် ၀ါးတွေ လိုချင်တယ် ရိုက်လိုက်ကောင်လောက်မဲ့ လုံးပက်လောက် များလေး ကောင်းလေပဲ သူကြီး
နောက်ပြီ ပရိတ်ရေ တွေ ပရိတ်ကြိုးတွေ လိုချင်တယ်
ကောင်းပီ ဘာမှမလုပ်ပဲ ထိုင်နေတာထက်တစ်ခုခု လုပ်ကျတာပေါ့
နောက်ပြီ အဲရွာထဲ လေ့လာချင်တယ် လိုက်ရဲတဲ့ ရွာသားတစ်ယောက်လောက် ထည့်ပေးလိုက်ပါလား
ဘယ်သူမှလိုက်ရဲလောက်မှ မဟုတ်ဘူး စံပေါ မင်းတူတွေ မင်းပဲ လိုက်ပေါ့လိုက်ပေါ့
ရပါတယ် သူကြီး
မိန်းကလေးတွေ အိမ်ပြန်လိုက်နော် ငါတို့ လေ့လာပြီ ပြန်လာခဲ့မယ်၊
မိန်းကလေးတွေ အိမ်ပြန် အော်သူကြီး မနက်ဖြန်လောက် လုပ်ငန်း စချင်တယ် အဆင်ပြေလား
ပြေအောင်လုပ်ပေးမှာပေါ့ဟ
ဆောနက ကျွန်တော်တို့လာခေါ်တဲ့ ကောင်းလေးကို သူကြီးက
ကြားလာ ဖိုးခွေး အဲအတိုင်း တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ပြောကွာ ဦးစံပေါနဲ့ ကျွန်တော်တို့က အနောက်ပိုင်းက ရွာာကို ရောက်အောင် သွားတာပေါ့ နေခင်းးကြောင်တောင်ဆိုတော့ မကြောက်မိဘူး ရွာထဲ စပြီ ခြေလမ်းလျှောက်တာနဲ
ပထမဆုံး သတိထားမိတာက အပုပ်နံ နံစောနေတာ နွားတွေလဲ ပိန်ညောင်ပြီ သေတဲ့ နွားကသေ ပုပ်ပွ နေတဲက အကောင်ပလောင်တွေ အများကြီး နှံအောင် လျှောက်ကြည့်နေတာနဲ့ တဖြည်းဖြည်း ထမင်းစားချိန်ကျော်ပြီ ညနေတောင် ရောက်လာပီ အာ့ဒါနဲ့ပြန်ခဲ့ကျတယ်၊
အိမ်ရောက်တော ည၄နာရီ့ လောက်ရှိပြီ ရေမိုးချိုးပြီ သူငယ်ချင်းတွေ အကုန်စုထိုင်ပြီ ရန်နိုင် ကျော်သူ မင်းတို့ ငါကို ကူညီပေးမနက်ဖြန်ညကျရင်
အေးပါ ကူညီပေးရမှာပေါ့ဟ
နော်စေးနဲ့ဖြူလဲ့က အိမ်မှာပဲနေနော်
တူလေးတို့ ထမင်းစားကျမယ် လာတော့
ကျော်သူက
ဟုတ်လာပြီ အန်တီ
ထမင်းစားပြီ အိမ်ရှေ့မှာထိုင်
ဦးစံပေါက ကွမ်းလေး ၀ါးပြီ ငယ်ငယ်တုန်းက အကြောင်းတွေပြောပြနဲ့ နေတုန်း
ကယ်ကျပါအုံး ကျမ သားလေး အသက်မရှိတော့ဘူး
လုပ်ကျပါအုံး အရပ်ကတို့ရေ လုပ်ကျပါအုံး
ဦးလေးစံပေါနဲ ကျွန်တော်တို့ အုပ်စုအသံ ကြားရာအိမ်ရှေ့ ရောက်လာကျတယ်
ရွာသားတွေ မီးတုတ်တွေနဲက ရောက်နေကျတယ်
သူကြီးပါ ရောက်နေတယ် ဘယ်လိုဖြစ်တာလဲလို့ သူကြီးက မေးတော့ ကလေးအမေက
ငိုကြီးချက်မနဲ့
မသိပါဘူး အကောင်းကြီးကနေ လဲကျပြီ အခုလိုဖြစ်သွားတာကပဲ
ကလေးက ဗိုက်က အပေါက်ဟောင်းလာင်းနဲ့
ကျွန်တော်တို့ အထာပေါက်လိုက်ပြီ အဘွားကြီးလက်ချက်ဆိုတာ အာာ့ဒါနဲက ကာလသားတွေက အလောင်းကိုပြင် ညတွင်းချင်ပဲ အသုဘ လေးဖြစ်လာတယ်၊
သူကြီးနဲ့ဦးစံပေါက နေခဲ့တယ် ကျွန်တော်တို့ကလဲ မနက် လုပ်စရာ ရှိလို ပြန်လာကျတယ်
ရှပ် ရှပ် ရှပ် ရှပ် ရှပ် ရှပ်
လမ်းတစ်လျှောက် နောက်က တစ်စုံ တစ်ယောက်လိုက်လာသံ ကြားပေမဲ့ နောက်မလှည့်ကြည့်မိဘူး
အဲလိုနဲ့ ကျော်သူ ဦးလေး အိမ်ရောက်တော့် ဒေါ်လေး ပရိတ်ကြိုးရှိလာ ပေးးပါ အရေးကြီးလို့
အေးအေး ဘုရားစင်ပေါ် တူလေး
မြန်မြန် ပရိတ်ကြိုးရှာပြီ အိမ်အောက်ဆင်း အိမ်ကို ပရိတ်ကြိုးနဲ့ လိုက်ပက်လိုက်တယ်
ပက်ပီတော့ အိမ်ပေါ်လဲ ရောက်ရော
တောက် တွေ့ကျသေးတာပေါ့
ကြားလား ကြားလား ဒေါ်အုန်းက ကြောက်လန့်တကြားနဲ့မေးလာတော့
ကျွန်တော်က ဘာကိုလဲ ဒေါ်အုန်း လိုမေးတော့
မကြားလိုက်ဘူးလား တောက်ခေါက်ပြီ ကျိန်းသွားတယ်လေ
အကုန်လုံးက သဘောပေါက်တော့ မဟုတ်ပါဘူး ဒေါ်အုန်းရာ ဆိုတော့ ဇဝေဇ၀ါနဲ့ ဘေးနားက ကျော်သူ ညီမ နှင်းမြက မျက်လုံးလေး ပေကလက်ပေကလက် ကြောင်ကြည့်နေကျတယ် ကျွန်တော်က
ပရိတ်ကြိုးကိုဖြတ်ပြီ ဒေါ်အုန်းနဲ့ နှင်းမြ လည်ပင်းမှာဆွဲခိုင်းထားလိုက်ပြီ အိပ်ယာဝင်ခဲ့ကျတယ်၊
မနက်မိုးလင်းတော့ မျက်နှာသစ် မနက်စားစာ ကျွန်တော်တို့အဖွဲ့သူကြီးအိမ်ကို ထွက်ခဲ့ကျတယ်၊
သူကြီးအိမ်ရောက်တော့ သူကြီးက
လာ လာ ဆိုပြီ ဘုရားစင်ရှေ့မှာ ရေသန့်ဗူးတွေကော အပ်ချည်လုံးတွေကို အများအပြားတွေ
သူကြီး ကို ကျွန်တော်တို့က ဟန်ကျတာပေါ့ ဆိုပြီ ပြောတုန်းရှိသေးတယ်၊
လှည်းနှစ်စည်းနဲ့ တိုက်လာတဲ့ ၀ါးတစ်တောင်ကျော်ကျော်တွေ အပြည့်
လှည်းမောင်းတဲ့ ဦးလေးကြီးတစ်ယောက်က
သူကြီး ဒီမှာ ၀ါးရင်းတုတ်တွေ အပြည့်ပဲ ဘယ်သူရိုက်မလိုတုန်းဗျ
ကျွန်တော်ကနေ
သရဲ ကို ရိုက်ထုတ်မလို ဦးကြီးရဲက
အကုန် မျက်လုံးပြူးကုန်တယ်
သိပ်မကြာဘူး ကျော်သူ ဦးလေး ရောက်လာတယ်
ငါတူတို့ ဘယ်လို စီစဉ်ထားလဲ
ဟုတ် ဒီလို ဦးလေး အခု အိမ်တိုင်း ခြံတိုင်းကို ပရိတ်ကြိုးနဲ့ ပက်ထားပေးပါ အိမ်တွေအကုန်လုံးနော် ဦးလေး
မလောက်ရင် ပရိတ်ရည်နဲ့ စည်းတားထားပါ၊အဲအိမ်ထဲက ဘယ်သူမှမထွက်စေနဲ့ မနက် လေး နာရီ မထိုးမချင်း
နောက်တစ်ခုက မနက် လေးနာရီလောက် ကျရင် ရွာသားတွေအကုန် စုပြီ အိုးခွက်တွေ ဒန်ခွက်တွေ တီးပြီ
အနောက်ပိုင်း ရွာကို လာခဲ့ပါ ကျွန်တော်တို့ သရဲ နှင်ကျရအောင်
အဆင်ပြေပမလား မောင်ရင်
စိတ်မပူပါနဲက သူကြီး
နောက်ပြီ စဉ့်အိုး တွေ ရှိလား သူကြီးဆီ
ရှိပါရောလား နောက်ဖေးမှာ သုံးလုံးတောင်
သူကြီး အဲစဉ်အိုး သုံးလုံးစလုံး ခဏ ယူသုံးမယ် သူကြီး
ရတယ်လေ
လာ ကျော်သူကော ရန်နိုင်ကော အဲစဉ့်အိုး သွားလှိမ့်ရအောင်
စဥ့်အိုး သုံးလေး လှိမ့်ပြီ
သေချာ ရေဆေး ပရိတ်ရေထည့် ၀ါးရင်တုတ်တွေ ထည့်ပြီ ပရိတ် ရေနဲ့ လောင်း ပီရင် ၀ါးရင်တုတ်မှာ
ပရိတ်ကြိုးတွေချည်
ဟိုလုပ်ဒီလုပ်နဲ ၁၂ နာရီ ကျော်လာရော သူကြီးအိမ်မှာထမင်းစား လှည်းတွေ နဲ ၀ါးရင်းတုတ်တွေကို
အနောက်ပိုင်းရွာရှေ့ဘက်မှာပုံထား ရန်နိုင် ကျော်သူ ကျွန်တော် ဘုရားရှိခိုး ပြီ
ဖြူလဲ့ နော်စေးတို့ ကို သေချာ မှာပြီ သရဲ နှင်ထုတ်ဖို့ ပြင်ဆင်ကျတာပေါ့
ကျွန်တော်က မလိုမကာ ဆရာလေး ပေးခဲ့ တဲ့ ကြိမ်လုံးကို သေချာထုပ်ပြီ ယူလာခဲ့တယ်
အရေးအကြောင်းဆို တစ်ခုခု လုပ်လို့ရအောင်
အကုန် ပြန်ဆင်ပြီတော့ ညနေပိုင်း ရောက်လာတော့ သူကြီးကို သေချာမှာထားတာတွေမမေ့ဖို့ အတန်တန်ပြောပြီ ၊
အနောက်ရွာဘက် လမ်းလျှောက်ထွက်လာကျတယ်
ရန်နိုင်က နောင်ခန့် ငါတို့က သူတို့မှ မမြင်ကတာ ဘယ်လို လုပ်မလဲ
ကျော်သူကကော ဘယ်လို လုပ်ရမလဲ စိတ်မပူနဲ့
ရွာရှေ့လဲ ရောက်ရော အကုန် ပုဆိုးတိုတို ပြင်ဝတ် လိုက်ကျတယ်
မဲမဲ မြင်တာ ရိုက် နော်
အေးစိတ်ချ
တဖြည်းဖြည်း မှောင်လာတော့
ကျွန်တော်က အဲရွာထဲ မှာ ရှိကျတဲက မြင်သင့်မမြင့်သင့်တဲ့ မကောင်းဆိုးဝါး အားလုံး
ဝေးရာကို ထွက်သွားကျပါ
သင့်တို့အား နှင်ထုတ်ဖို့ အတွက် ကျုပ် တို့ ရောက် ရှိနေပြီ၊
ဝုန်း ဒုန်း ၀ုန်း ၀ုန်း ဖရော ဟီး ဟားးးးးးးးး ဂါးးးးးးးး
အသံပေါင်းဆုံနဲက ကျွန်တော် တို့ဆီ ရန်မှုဖို့ ပြေးလာကျတယ
သုံးယောက်သာ ကျောချင်းကပ်ပြီ မဲမဲမြင်တာ ရိုတ်တော့တာပဲ
ဖုန်း ဖုန်း ဒုတ် ဖုန်း ဖုန်း
ဂျွတ်
ဖုန်းဖုန်းဖုန်း
တက်လာသမျှ ရိုက်ချ ၀ါးရင်းတုတ်တွေလဲ ကျိုးကုန်တယ်
တစ်ချောင်းကျိုး တစ်ချောင်းနဲက ထပ်ရိုက်
တဖြည်းဖြည်း နဲ့ ၂ နာရီ ၀င်ကျင်လောက် ရောက်လာရော
အဲအချိန် မီးတုတ်တွေနဲ့ ရွာသားတွေ ရောက်လာကျတယ် ညာသံပေးပြီ ရောက်လာရော
ဟေးးးးးးးးးးးးးးးးးးးးးးး
ရွာသားတွေကို ဦးဆောင်လာတာ ဦးလေးစံပေါ ကျွန်တော် ရိုက်နေတာလဲတွေ့ရော ရွာသားတွေလဲ
ဝါးရင်းတုတ် တွေ စွဲပြီ ရိုက်လိုက်ကျတာ
တဖြည်းဖြည်း နဲ့ ရွာနောက်ဖက်ထိ လိုက်ရိုက်ကုန်ရော အားတက်လာကျတာပေါ့
ကိုယ့်တွေဘက်က အားသားလာတော့ တဖြည်းဖြည်း မကောင်းဆိုးဝါးတွေ ထွက်ပြေးကျတာပေါ့
ထွက်ပြေးတဲကအထဲ အဘွားကြီး တစ်ယောက်လဲ မြင်ရာ
ဆရာလေး ပြေးထားတဲ့ ကြိမ်လုံးနဲ့ မီအောင် လိုက်ရိုက်တော့တာပေါ
ဘုန်း ဘုန်း ဘုန်း
ရိုက်ရင် နဲ့ အဘွားကြီး က တဖြည်းဖြည်း အရိုးပေါ် အရေတင်နဲ့ လောက်တွေ တဖွားဖွားနဲ့
ပုတ်စော်တွေ မွှန်နေအောင် နံတော့တာ
အဲအဖွားကြီးအလောင်းကို မီးရှို့ အနောက်ပိုင်းက အိမ်ထဲလဲ ဖျက်အကုန် သန့်ရှင်းလေး လုပ်နေတယ်
ကျွန်တော်က ဦးလေး စံပေါကို
ဦးလေး ဘယ်လိုလုပ် အစောကြီးရောက်လာတာလဲ ငါတူတွေစိတ်မချလို့ ရွာသားတွေခေါ်ပြီလိုက်လာတာ
ဒါနဲ့ ဦးလေးတို့ မကောင်းဆိုးဝါးတွေမြင်ကလား ဆိုတော့
ရွာသားတစ်ယောက်က မမြင်ကဘူး ငါညီရဲ့ ရမ်းပြီ ရိုက်ကျတာ ရယ်ရယ်မောမောပြောရော
မျက်လုံးပြူးတာက ကျော်သူရယ် ကျွန်တော်ရယ် ရန်နိုင်ရယ်
အဲအချိန်
ဆရာတော်နဲ့ ရွာမှာကျန်ခဲ့တဲ့ သူကြီးရောက်လာတော့
ကျွန်တော်က ဖြစ်ကြောင်းကုန်စင် လျှေက်တင်ပြီ အနွာရယ်ကင်း ပရိတ် ရွတ်ဖို့ လျှောက်တင်
ဆရာတော်ကလဲ
သဘောတူပြီ နောက်နေ့မနက်ကျ ရွာသားတွေ အကုန် အနောက်ပိုင်းကရွာမှာ တရားလိုက်နာ
တရားနာပြီတော့ အမျှဝေတော့ ရွာထဲက အမျိုးသမီးတစ်ယောက်ကို ၀င်ပူးတော့တာပေါ့
ဖုတ်ဝင်တာ သူမဟုတ်ကြောင်း သုသာန်ထဲက နှစ်ချို့သရဲကြီးဖြစ်ကြောင်းပြောပြီ ဘုန်းဘုန်းတို့ အမျှပေးတာ ရပါတယ် ဆိုပြီ ပြန်ထွက်သွားးတယ်၊
ရွာသားတွေကလဲ ကျေးဇူးတွေ တင်ပြီ ထမင်းတွေ ဖိတ်ကျွေးကျတာ
ပျော်ပျော်ရွှင်ရွှင် နဲ့ ရွာမှာ တစ်ပက်လောက်ထပ်နေဖြစ်တယ်
ပြီးပါပြီ
Credit - မူရင်းရေးသားသူ
12/08/2018
ရွာပျက်ကြီး (စ/ဆုံး)
========
"ကိုကို...မီးမီးတို့လမ်းများမှားလာတာလားမသိဘူး..."
"မမှားလောက်ပါဘူး ကိုကိုသူငယ်ချင်းပြောတာဒီလမ်းပါပဲ"
"ဟုတ်မှလည်းလုပ်နော် ကိုကို မနက်ကတည်းကလမ်းလျှောက်လာတာ ခုထိရွာမပြောနဲ့ တဲတောင်မတွေ့ဘူး"
"အေးကွာ...အစကတည်းကသေချာမေးခဲ့ရမှာ"
"အဲ့တာကိုကို့အပြစ်လေ သိပြီ သိပြီနဲ့ တသိတည်းသိနေတာ မပြောချင်ဘူး"
မောင်နှမနှစ်ယောက် တညည်းညည်းတငြူငြူလမ်းလျှောက်ရင်း
"ဟာ...ကိုကို...ဟိုမှာသစ်ပင်ကြီးရှိတယ်...သွားနားရအောင်လေနော်...မောနေပြီ...အထုပ်တွေကလည်းအလေးကြီးပဲ"
"လာလေ...အဲ့တာဆိုလည်းသွားနားတာပေါ့...ကိုကိုလည်းပင်ပန်းနေပြီ"
"အယ်...ကိုကို...အပင်အောက်မှာရှင်းနေတာပဲ...အဲ့တာဆိုမီးမီးတို့လမ်းမမှားလောက်ဘူး လူနေလို့သာရှင်းနေတာပေါ့"
"ညည်းပဲအမျိုးမျိုး ခုလမ်းမှာတယ်ပြောလိုက်...လမ်းမှန်တယ်ပြောလိုက်နဲ့"
"အဲ...ကိုကိုကြားလား...လူသံတွေ"
"အေး...ကြားတယ်ငါထကြည့်လိုက်ဦးမယ်"
လာနေတာက အသက်သုံးဆယ်ဝန်းကျင် လောက်ရှိတဲ့လူနှစ်ယောက် တစ်ယောက်ကဗလတောင့်တောင့်နဲ့ နောက်တစ်ယောက်ကပိန်ပိန်သွယ်သွယ် ကျွန်တော်တို့နားနေတဲ့သစ်ပင်နားရောက်တော့
"ဒါ...မြို့ကလာတဲ့ဆရာဝန်လေးလားမသိဘူးခင်ဗျ"
"ဪ...ဟုတ်ပါတယ်ဗျ...ကျွန်တော်နာမည်မြတ်စောနောင်ပါ...သူကကျွန်တော့်ညီမ မြတ်ဧကရီကျော်ပါ"
"ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်ဗျ...သူကြီးကခင်ဗျားတို့လာမယ်ဆိုလို့ အကြိုခိုင်းတာ ခုလိုနောက်ကျနေတဲ့အတွက်တောင်းပန်ပါတယ်"
"ရပါတယ်ဗျာ...မလိုပါဘူး...လူဆိုတာသူ့အခက်ခဲနဲ့သူတော့ရှိမှာပေါ့ဗျာ"
"ခုလိုနားလည်ပေးတဲ့အတွက် ကျေးဇူးပါဗျာ ကျွန်တော့်နာမည် ဗလ ပါ...ဒီကနောင်ကြီးကတော့ ရန်ကြီး"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျ"
"ကဲ...အချိန်မရှိတော့ဘူး သွားကြရအောင်"
ဗလဦးဆောင်ပြီး အထုပ်တွေသယ်ထွက်ခွာသွားတော့ ကျွန်တော်တို့လည်း ပေါ့ပေါ့ပါးပါး လိုက်ရုံပင်...ဟောဗျာ ကျွန်တော်တို့မောင်နှမခက်ခက်ခဲခဲသယ်နေရတဲ့အထုပ်တွေက သူတို့လက်ထဲရောက်တော့ ပေါ့ပါးနေသလားပင်ထင်ရတယ်...ကျွန်တော်တို့တောင်သူတို့ကိုမနဲမှီအောင်လိုက်နေရတဲ့အဖြစ်
"ကဲ...ဆရာလေး သူကြီးအိမ်အရင်ဝင်လိုက်ပါဦး ကျုပ်တို့တော့ ဆရာလေးတို့နေရမယ့် အိမ်ကို အထုပ်တွေသွားထားလိုက်ဦးမယ်"
"ဟော...ဆရာလေးတို့ရောက်လာကြပြီကိုး...လာကွယ့်...အိမ်ထဲသွားရအောင်...ကျုပ်ကဆရာလေးတို့လာမယ်ဆိုလို့မျှော်နေတာ...ကျုပ်ကိုယ်တိုင်လာမကြိုနိုင်တာကိုတော့ နားလည်ပေးပါကွယ်"
"ဟုတ်ကဲ့...ရပါတယ်ဗျ"
အိမ်ထဲကနေထွက်လာပြီး ခရီးဦးကြိုနေတဲ့သူကြီးကိုမ်ြငတော့ စိတ်ထဲတော့မကောင်း နာတာရှည်ရောဂါကြောင့်လားမသိ ရှိရင်းစွဲအသက်ထက်ပင် ပိုပြီးရင့်ရော်နေသလိုပဲ အိမ်ထဲရောက်တော့
"ကဲထိုင်ငါ့တူတို့...ကျုပ်ကတော့ဒီရွာရဲ့သူကြီးဦးဘလူလို့ခေါ်တယ်ကွဲ့...အဲ...ကျုပ်ဇနီးကတော့မယ်မြပေါ့...မယ်မြရေ ဒီမယ်...ဆရာလေးတို့ရောက်နေတယ်ကွဲ့ လက္ဘက်ရည်ကြမ်းလေးယူခဲ့ပါကွယ်...ဒါနဲ့ဆရာလေးတို့နာမည်ကရောကွဲ့"
"ကျွန်တော့်ကတော့် မြတ်စောနောင်ပါ ညီမလေးနာမည်ကတော့ မြတ်ဧကရီကျော်ပါ"
"ဪ...မြို့ကနာမည်တွေဆိုတော့အဆန်းပဲ...ကျုပ်တို့ကတောဆိုတော့ တောဆန်ဆန်ပဲပေါ့ကွယ်...အိမ်း...မနေ့ကတောင်ဆရာဝန်လေးတစ်ယောက်ရောက်လာသေးတယ်ကွဲ့...နာမည်ကလည်းအဆန်းသား သင့်ဆက်ပိုင်တဲ့...မင်းတို့မြို့ကနာမည်တွေကဘာတွေမှန်းလည်းမသိပါဘူးကွယ်...တောနဲ့တော့အတော်ကွာသား...စကားပြောပုံတွေကအစ...ကျုပ်တို့ကတောဆိုတော့ ပွင့်လင်းပြီးစကားပြောကြမ်းတယ်ကွဲ့...မြို့ကတော့စကားပြောအတော်ချိုတာပဲ...ကဲ...ကဲ....ငါ့တူတို့လည်းပင်ပန်းလာပြီ...နားချင်ရောပေါ့...ညစာစားချိန်အခေါ်လွှတ်ခိုင်းလိုက်မယ်ကွဲ့ ဗလတို့တောင်ပြန်လာပြီ...ဗလရေ...ဒီကမောင်ရင်တို့ကိုနားရမယ့်အိမ်လိုက်ပို့လိုက်ပါဦးကွဲ့"
"ဟုတ်ကဲ့...သူကြီး"
ဗလလိုက်ပို့တဲ့အိမ်ရောက်တော့ ခရီးကအတော်ပင်ပန်းလာလို့လားမသိ ဗလပြခဲ့တဲ့ အခန်းနှစ်ခန်းကို တစ်ယောက်တစ်ခန်းဆီယူပြီး နားရင်းဘယ်လိုအိပ်ပျော်သွားမှန်းပင်မသိ ညနေ ဗလ ထမင်းစားလာခေါ်မှ အိပ်ရာကနိုးရတဲ့အဖြစ်
"ဆရာလေးတို့အက်ုနလုံးကို သူကြီးကထမင်းစားခေါ်ခိုင်းလိုက်လို့ခင်ဗျ"
"ဪ...sry ဗျာ...ကျွန်တော်တို့အိပ်ပျော်သွားတယ်"
"ဒါနဲ့ဆရာလေးသင့်ဆက်ပိုင်ရော ဘယ်ရောက်သွားလဲ"
"ဪ...ကျွန်တော်တို့လာကတည်းကမတွေ့မိဘူးဗျ"
"ကိုဗလ...ကျွန်တော်ဒီမှာပါဗျ...ပျင်းလို့ခြံနောက်ထဲဆင်းပြီးလမ်းလျှောက်နေတာပါဗျ"
အသံလာရာဆီသို့ကြည့်တော့ ဖြူဖြူနုနုနဲ့ကောင်လေး ကိုယ့်ထက်နှစ်နှစ်လောက်တော့်ငယ်မညွပုံစံ
"ကဲ...လူစုံရင်လည်းသွားရအောင်ဗျာသူကြီးစောင့်နေတယ်"
သူကြီးအိမ်ရောက်တော့ညစာစား စကားအနဲအကျဉ်းပြောပြီး ပြန်ရောက်တော့ ဘယ်လိုမှန်းမသိ အရမ်းအိပ်ချင်နေ၍ အိပ်ပျော်သွားရပြန်ပြီ မနက်အိပ်ယာကနိုးတော့ ခြောက်နာရီ ဒီချနိဆို ဟိုငတိမ အိပ်ကောင်းတုန်းနေမှာ တွေးရင်း မျက်နှာသစ် ကိုယ်လက်သန့်စင်နေတုန်း
"အကို...နိုးပြီလား"
"ဪ...ညီ...အေးကွခုပဲနိုးတာ...ညကအရမ်းအိပ်ချင်တေနာနဲ့ စကားတောင်ကောင်းကောင်းမပြောရဘူးကွာ"
"အတူတူပါပဲအကိုရာ...ကျွန်တော်လည်းသူကြီးအိမ်ကပြန်လာတာတောင် မျက်လုံးကိုမနဲပြူးပြဲဖွင့်လာရတာဗျ"
"ဟားဟား...ဒါနဲ့ ညီကကိုယ်တို့လိုပရဟိတလာလုပ်တာပဲလား"
"ဟုတ်တယ်လို့ပြောပြန်ရင်လည်းညာရာကျဦးမယ်...အမှန်တိုင်းပြောရရင်တော့ အိမ်ကမိန်းမ ပေးစားမယ်အသံကြားတာနဲ့ထွက်ပြေးလာတာ"
"ဟားဟား...ညီရာဖြစ်မှဖြစ်ရလေ...ဆိုစမ်းပါဦး အိမ်ကပေစားးတဲ့မိန်းမကမချောလို့လား"
"အဲ့တာတော့ကျွန်တော်လည်းမသိဘူး မြင်လည်းမမြင်ဖူးဘူးဗျ "
"ဟေ...ဖြစ်ရတယ်ကွာ...မင်းနှယ်ချောချောလေးဖြစ်နေရင်ဘယ်လိုလုပ်မလဲ"
"အဲ့တာတော့ကံပေါ့ဗျာ ဘယ်တတ်နိုင်မလဲ"
"မင်းကမိန်းမပေးစားတာငြင်းတယ်ဆိုတော့ရည်ရွယ်ထားတဲ့သူများရှိလို့လား"
"အာ...မရှိပါဘူးဗျာ...မယူချင်သေးလို့ပါ...ဒါနဲ့ အကိုကရော...အိမ်ထောင်တွေဘာတွေရှိဘူးလား"
"ဟားဟား...ဒီလောက်သွားလေရာညီမတစ်ယောက်လုံးတောက်တဲ့တွယ်သလိုလိုက်နေမှတော့ ဘယ်လိုလပ်ရှိမှာတုန်းကွ ဒီကြားထဲကြိမ်းလိုက်သေးတယ်...ရည်းစားထားလို့ကတော့အသေပဲတဲ့"
"ဟားဟား...အကိုကညီမကြောက်တာပဲ"
"ကြောက်တာတော့မဟုတ်ဘူးပေါ့ကွာ ချစ်တာပေါ့ ညီမကိုချစ်ကြောက်ရိာုသေတကွ ဟားဟား "
"အကိုလည်းပျော်တတ်တာပဲဗျ"
"ပျော်ပျော်နေသေခဲလေကွာ....ဒါနဲ့မင်းလည်းရန်ကုန်ကပဲလား"
"ဟုတ်တယ်ဗျ...ကျွန်တော်က သင်္ကန်�းကျွန်းဘက်က အကိုတို့ကရော"
"ကိုတို့ကဗိုလ်တစ်ထောင်မှာနေတာကွ"
"ဪ...ကျွန်တော်အာ့ဘက်ခဏခဏရောက်ဖြစ်ပါတယ် အကိုတို့ကိုတော့တစ်ခါမှမ်ြမဖငူးဘူးဗျာ"
"ဖြစ်တတ်ပါတယ်"
"အာ့မှာကျွန်တော့သူငယ်ချင်းရှိတယ်လေ ရန်ပိုင်စိုး အကိုသိလား"
"သိတာပေါ့ကွာ တစ်ရပ်ကွက်ထဲပဲ "
"ကိုကို...နိုးနေတာကို မီးမီးကိုမနှိုးဘူး"
"အမလေးဗျာ...ညည်းကိုပင်ပန်းထားလို့အိပ်ပါစေတော့ဆိုပြီးမနှိုးပဲထားထားတာကိုအပြစ်လာတင်နေတယ်"လာလေမနက်စာစားကြတာာပေါ့...ကျွန်တော်ကော်ဖီဖျော်ထားတယ်ဗျ"
"နေဦး...အဲ့တာဆို...ညီမမှာမုန့်တွေပါတယ် သွားယူလိုက်ဦးမယ်"
ဒီလိုနဲ့ စားရင်းသောက်ရင်း စကားပြောရင်း ခြံထဲကိုဗလအလောတကြီးပြေးဝင်လာပြီး
"ဆရာလေးတို့ ကျွန်တော်နဲ့လိုက်ခဲ့ပါဦးဗျာ...ရွာထဲမှာအရေးပေါ်လူနာရှိလို့"
"အကိုတို့နေခဲ့လေ ကျွန်တော်လိုက်သွားလိုက်မယ်"
"မဟုတ်ဘူးဗျ...အကုန်လုံးလိုက်ခဲ့မှရမယ်ထင်တယ်"
"ကဲ...အဲ့တာဆိုလည်းလိုက်တာပေါ့ဗျာ...ကိုဗလခဏတော့စောင့်ဦး...ကျွန်တော်တို့ပစ္စည်းတွေသွားယူလိုက်ဦးမယ်"
"ဟုတ်ကဲ့ခင်ဗျ...မြန်မြန်လေးတော့လုပ်ကြ"
ယူစရာရှိတာယူပြီး ကျွန်တော်တို့ ဗလခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာရင်း နှစ်ထပ်အိပ်ကြီးရှေ့ရောက်တော့ ဗလက
"ဒီအိမ်ဗျ....ဆရာလေးတို့ဝင်သွားလိုက်လေ"
"ဟုတ်ကဲ့ခင်ဗျ"
အိမ်ထဲရောက်တော့ အန်တီကြီးတစ်ယောက်က
"ဆရာလေးတို့ လာ...လူနာကအိမ်ပေါ်မှာ"
ကျွန်တော်တို့ ထိုအန်တီကြီးနောက်ကလိုက်သွားရင်း လှေကားပေါ်ရောက်တော့ အပုပ်နံ့ကထောင်းခနဲ စိတ်ထဲမှာတော့အပုပ်နံ့ကြောင့်ကြက်သီးထမနေိတာတော့အမှန် အိမ်ပေါ်ရောက်တော့အနံ့ကဆိုးဆိုးဝါးဝါး အသက်တောင်ဝအောင်မရှူနိုင် ဒီကြားထဲတံခါးတွေကလည်းပိတ်ထားသေးတယ် လူနာကရိုင်းရိုင်းပြောရရင် မသေခင်ကတည်းကပုပ်နေသလိုပဲ အသက်ကတော့ရှိသေးတယ်
"လူနာကဖြစ်နေတာဘယ်လောက်ကြာပြီလဲဗျ"
"မကြာသေးပါဘူး...မနက်ကတင်အကောင်းလမ်းတွေဘာတွေထလျှောက်လို့ ခုမှဖြစ်တာ"
"ဗျာ"
"ဘယ်လို"
ကျွန်တော်တို့သုံးယောက်လုံး ပါးစပ်အဟောင်းသား အာမေဍိတ်သံကပြိုင်တူ ခုချိန်ကအံ့သြလည်းနောက်မှ လောလောဆယ် စမ်းသစပ်ရာရှိတာတော့စမ်းသပ်ရမှာပဲ တစ်ခါမှလူနာဆိုမကြောက် လူသေအလောင်းတောင် လက်မရွံ့ဘဲခွဲစိတ်ခဲ့တဲ့ကျွန်တော်က ခုတော့လူနာကိုင်ရမှာပင်လက်ကတုန်တုန်ယင်ယင် ကျွန်တော်လူနာကိုကိုင်ပြီးစစ်ဆေးမည်အပြု
"ဂေ့...ဝေါ့"
"အမလေး"
လန့်အော်တာကကျွန်တော့်ညီမေးလ အော်မပေါ့ ကျွန်တော်တို့တောင် လန့်ပြီးမအော်မိအောင်မနဲထိန်းထားရတဲ့အဖြစ် ဘယ့်နှယ့်ဗျာ ဒီလိုလူနာမျိုး ကျွန်တော့်တစ်သ်ကနဲ့တစ်ကိုယ် ဒါပမထဆုံးပါပဲ လူနာကတော့ဆုံးပြီ....သူအသက်ထွက်တာကလည်းတကယ်လန့်စရာပင် သွေးပုပ်တွေအန်ပြီးအသက်ထွက်သွားရှာတာ ပြီးတော့အန်တဲ့သွေးထဲမှာလည်း လောက်တွေကလှုပ်လှုပ်ရွရွ
"အဒေါ်...လူနာဆုံးသွားပြီ...သဂြိုလ်ဖို့်ပြင်ပါ"
"ဆုံးပြီဆိုတော့လည်းဘယ်တတ်နိုင်ပါ့မလဲ ဒါပေမယ့်သုံးရက်တော့ထားရမှာပဲ"
"ဗျာ"
"ရှင်"
"ဘယ်လို....ဒီအလောင်းကိုသုံးရက်ထားမယ်ဟုတ်လား...ခင်ဗျားတို့ရူးနေကြလား ဟင် ဒီလောက်ပုပ်နေတဲ့အလောင်းကိုသုံးရက်ပြည့်အောင်ဘယ်လိုထားမလဲပြော"
"ညီ....အဲ့လိုမပြောနဲ့လေကွာ...သူုတို့စိတ်ချမ်းသာသလိုလုပ်ပါစေ....ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦးခင်ဗျ"
ကျွန်တော်တို့လည်းနှုတ်ဆက်ပြီးပြန်လာခဲ့ပေမယ့် စိတ်ထဲမှာတော့်အော်ဂလ်ီဆန်နေတာတော့အမှန် အိမ်ရောက်တော့သုံးယောက်သား တိုင်ပင်မထားပဲ ပြိုင်တူထိုးအန်ရင်း
"ကိုကိုရေ...နေ့လည်စာလည်းစားနိုင်မှာမဟုတ်တော့ဘူးသွားနားတော့မယ်"
"အေး...ကိုကိုလည်းစားနိုင်မှာမဟုတ်တော့ဘူး နားလိုက်ဦးမယ်"
နားရင်းနဲ့ အိပ်ပျော်သွားရပြန်ပြီ...အိပ်ယာကနိးုတော့ ညနေငါးနာရီတောင်ခွဲပီ
"ဟာ...ညီနိုးနေတာကြာပြီလား"
"မကြာသေးပါဘူးဗျာ...ကျွန်တော်လည်းအစောကတင် ဗလ ညစာလာပို့လို့နိုးတာ စားဖို့ကတော့အဆင်သင်ဗျ."
"အေး...ကိုယ့်ညီမလေးကိုသွားနှိုးလိုက်ဦးမယ်"
"နိုးပါပြီ...ကိုကိုရာ...ဘာပဲဖြစ်ဖြစ်ညစာတော့စားမယ် ဗိုက်အရမ်းဆာနေပြီ"
"ကဲ...စားဗျာ...ထိုင်"
ဗိုက်ဆာဆာနဲ့သုံးယောက်သားစားဖို့အစပျိုးတုန်းရှိသေး
"အား"
ဧကရီအော်သံကြောင့်လန့်ဖြတ်ပြီး
"ညီမလေးဘာဖြစ်တာတုန်း"
"ဧကရီ ဘာဖြစ်တားတုန်း"
"ဝေါ့...ထမင်း....ထမင်း...ဝေါ့....ထမင်းထဲမှာ...ဝေါ့...လောက်....လောက်တွေ....ဝေါ့"
"ဟာ...ညီမလေးကလည်း ထမင်းကဒီလောက်ပူတေနာဘယ်လိုလုပ်လောက်တွေပါမှာလဲ ညီမလေးမနက်ကအဖြစ်ကိုပြန်မြင်နေလို့နေမှာပါ ရေသောက်လိုက် ရော့..."
"ဟာ...အကို...ဟုတ်တယ်ဗျ...ဟင်းတွေထဲမှာကော...တော်သေးလို့ဗျာ မစားမိသေးလို့"
"ဟင်...ဘယ်လိုဖြစ်တာပါလိမ့်"
"ကိုကိုရယ်...ဒါကရွာမှဟုတ်ရဲ့လား မီးမီးစိတ်ထဲတော့သိပ် မသင်္ကာချင်ဘူး ပြီးတော့ သူကြီးအိမမှာဘုရားစဉ်မရှိဘူး နောက်ပြီးမနက်ကအိမ်မှာလည်းမတွေ့ဘူး ပြီးတော့ဒ်ီအိမ်"
"ဧကရီပြောတာဟုတ်တယ်ဗျ ကျွန်တော်လည်းသတိထားမိတယ် တခြားဘာသာတွေ နတ်တွေများကိုးကွယ်လို့လားလိုက်ရှာတော့လည်းမတွေ့ဘူး"
"အေး...မင်းတို့ပြောတာလည်းစဉ်းစားစရာပဲ"
"ဟင်...ကိုကိုဘာသံကြီးတုန်း ကြားလား"
"အင်း...လာ...အပေါ်ထပ်ကသွားကြည့်ရအောင်..."
"ဟင်...ရွာသားတွေပဲ မီးတုပ်တွေနဲ့ဘယ်သွားတာလဲမသိဘူး ရှေ့ဆံုးကကိုဗလမို့လား"
"အေးကွ...တို့လိုက်ကြည့်ရအောင်"
"ဧကရီလိုက်ရဲပါ့မလား"
"မလိုက်ရဲစရာအကြောင်းမရှိပါဘူး ကဲ...ပြောနေကြာတယ်သွားရအောင်"
သုံးယောက်သားတညီတညွတ်တည်း ရှေ့ကသွားနေတဲ့ဗလတို့နောက်ကတိတ်တဆိတ်လိုက်ရင်း
"ဟင်....ဘယ်ရောက်သွားတာလဲ အစောကတင်ရှေ့မှာပါ"
"မင်းတို့သစ္စာမရှိဘူး မင်းတို့ကိုကျွေးတဲ့ထမင်းကိုလည်းမစားဘူး နေပြီး ငါတို့နောက်ကိုလည်း လိုက်ချောင်းဖို့ကြိုးစားတယ် မင်းတို့သေသင့်နေပြီ မင်းတို့ကိုအရှင်မထားတော့ဘူး"
နောက်ကြောဘက်ဆီမှအသံလာရာဆီကြည့်တော့ ကိုဗလ မျက်နှာကလည်းဖြူဖတ်ဖြူရော်နဲ့ သူ့ကြည့်ရတာ ကျွန်တော်တို့ကိုလည်း တကယ်သတ်မည့်ဟန်
"နေပါဦးကိုဗလရဲ့ ကျွန်တော်တို့အပြစ်က သေသင့်တယ်ဆိုလည်းသဘောပါ ဒါပေမယ့် သိချင်တာတစ်ခေုတော့ဖြေဗျာ...ခင်ဗျားတို့ကဘာလဲ ပြီးတော့ဒီရွာကရော ဘာလဲ"
"အဲ့တာ မင်းတို့သိစရာမလိုဘူး ခုမင်းတို့သိရမှာက သေရတော့မယ်ဆိုတာပဲ"
ထိုစဉ် သင့်ဆက်ကကျွန်တော့နားတိုးတိုးကပ်၍
"အကို ကျွန်တော်တို့ပြေးမှဖြစ်မယ် လူစုတော့မကွဲစေနဲ့"
"အဲ့တာဆိုလည်းပြေးတာပေါ့ကွာ...ဘယ်ဘက်ကိုပြေးမှာလည်း လွတ်လွတ်ကျွတ်ကျွတ်လမ်းကိုပဲရွေး"
"အကိုအနောက်ဘက်ဆို ကျွန်တော်တို့လာခဲ့တဲ့လမ်းပဲ အမြန်ပြေးနိုင်မယ်ဆိုရင်တော့လွတ်မှာပါ"
"အေးကွာ...လုပ် ဝမ်း တူး သရီး ဆိုပြေးတာပေါ့"
"Ok. ကျွန်တော်စရေပြီနော်"
"one
two
three....ပြေး"
ကျွန်တော်တို့လည်းအပြေး နောက်ကလည်းထပ်ကြပ်မကွာလိုက်နဲ့...ညကတော့အကျည်းတန်သွားသည်မသိရင်ကမ္ဘာပျက်သည့်နှယ် ဆူညံပွက်လောထကာ ကျွန်တော်တို့လည်းအားကုန်သုံးပြေားရင်း အမှောင်ကမ္ဘာထဲသို့ရောက်ရှိသွားလေပြီ သတိရ၍မျက်လုံးကိုအားယူဖွင့်ကြည့်တော့ ကျွန်တော့ကိုစိုးရိမ်စွာကြည့်နေတဲ့ ဖေဖေနဲ့မေမေ
"သားသတိရလာပြီလား"
"ညီမလေးရောမေမေ"
"ရှိပါတယ်...သတိတော့မရသေးဘူး"
"နန်းရေ...သမီးလေးသတိရလာပြီ"
"တော်သေးတာ့ပေါ့သားတို့ရယ်မသေကောင်းမပျောက်င်ကေား မေမေတို့နဲ့တွေ့လို့သာပေါ့"
"မေမေတို့ကသားတို့ကိုဘယ်လိုလုပ်တွေ့တာလဲ
"မင်းသူငယ်ချင်း အောင်နိုင်ဖုန်းဆက်တာလေ မင်းတို့လုပ်အားပေးသွားမယ်ဆိုတဲ့ရွာက မင်းတို့ရောက်မလာဘူးလို့ဖုန်းဆက်လို့ မင်းတို့ပျောက်နေမှန်းသိတာ အဲ့တာနဲ့လိုက် ရှာရင်း ညကမင်းတို့သုံးယောက်မေမတို့ကားရှေ့လည်းရောက်ရောမေ့လဲသွားတော့တာပဲ မေမေတို့လည်းလန့်ပြီးဘယ်သူတွေလဲဆင်းကြည့်တော့ မင်းတီု့ဖြစ်နေတာလေ ကံကြီးပေလို့သာပေါ့ "
"ဪ...ဒါနဲ့သင့်ဆက်ပိုင်ရောသတိရပြီလားမေမေ"
"အင်း...ရွှေစင်သားလေးလား သူလည်းမင်းအရင်လေးတင် သတိရတာမကြာသေးပါဘူး"
"ဪ...မေမေသားနားချင်ပြီ"
"အေးအေး...နားလေ...မေမေ့အတွက်သားနဲ့သမီးဘာမှမဖြစ်ရင်ပဲကျေနပ်ပါပြီကွယ်......နေဆုံးမှကျွန်တော်တို့သိရတာက အဲ့ဒီ့ရွာကတစ်ခါတစ်လေတွေ့ရပြီး တစ်ခါတစ်လေပျောက်နေတတ်တယ်လို့ရှေ့မှီနောက်မှီလူကြီးတွေကနေတဆင့်ကြားသိပြီး ကျွန်တော့်ဘဝရဲ့အချိနတိုင်းမှာ ထိတ်လန့်စရောကာင်းတဲ့ညတစ်ညကိုသတိရရင်း။ ။
Credit - မူရင်းရေးသားသူ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
14001