Max Myanmar Group

Max Myanmar Group

Share

Max Myanmar Group of Companies was originally established as Max Myanmar Co., Ltd. in 1993.

Max Myanmar Co., Ltd is principally engaged in the business of trading, mainly in the supply of private and commercial vehicles and heavy machinery. The Company is the sole agent in Myanmar which distributes the Japanese brand of generators “Airman”. In the construction sector, the Company participated in the project of constructing three sports centre, two in Nay Pyi Daw and one in Mandalay, for

10/05/2026

💞💝လောကမှာ အနွေးထွေးဆုံး မေတ္တာက အမေ့ရဲ့ မေတ္တာပါ။ အမေရဲ့ အပြုံးက သားသမီးတွေအတွက် အင်အားတစ်ခုပါ။ အမေများနေ့မှာ ကမ္ဘာပေါ်က အမေများအားလုံး အေးချမ်းပျော်ရွှင်ပြီး ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ.........🙏🙏🙏

30/04/2026

မေလ (၁) ရက် ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် လုပ်ငန်းခွင်အသီးသီး၌ မိမိတို့၏ ကာယ၊ ဉာဏစွမ်းအားများဖြင့် နိုင်ငံတော်နှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကိုယ်စီ ထမ်းဆောင်နေကြသည့် အလုပ်သမားကြီးများအားလုံးကို Max Myanmar Group မိသားစုမှ လှိုက်လှဲစွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။

အလုပ်သမားထုတစ်ရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် မိမိတို့၏ ဘဝပန်းတိုင်များကို အောင်မြင်စွာ တက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။"

30/04/2026

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)

ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ ဗုဒ္ဓဝင်အကျဉ်း ဟောကြားတော်မူခြင်းနှင့် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းစသည့် မြတ်ဗုဒ္ဓ၏ ဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သောနေ့ ဖြစ်သောကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဟု ဆိုခဲ့ကြပါသည်။

ထူးခြားတိုက်ဆိုင်မှုများနှင့် ပြည့်စုံသည့် ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာ ကုသိုလ်တရားများ ပွားများအားထုတ်နိုင်ပါစေကြောင်း Max MYanmar Group မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

25/04/2026

Max Myanmar Group၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Max Highway Co.,ltd.ရှိ သက်ဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ယူလုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် ဝန်ထမ်းသစ်များ ခေါ်ယူလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ Max Highway Co.,ltd ရှိ ရုံးချုပ်/ဌာနခွဲများအတွက် (Head Office / Department)နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း လမ်းပိုင်းရှိ နယ်မြေလုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါ ရာထူးနေရာများတွင် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

Photos from Max Energy's post 22/04/2026

ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က ၁၁၅ မိုင် နားနေစခန်းဟာ ခရီးသွားပြည်သူတွေနဲ့ ခရီးသွားကားတွေအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ၁၁၅ မိုင်ဟာ ရန်ကုန်နဲ့ မန္တလေးကြား (စုစုပေါင်း ၃၆၆ မိုင်ခန့်) ခရီးစဉ်ရဲ့ သုံးပုံတစ်ပုံ (သို့မဟုတ်) အရေးပါတဲ့ နားနေရာ တစ်ခုလိုလည်း ဆိုနိုင်ပါတယ်။

ရန်ကုန်ကနေ ထွက်လာတဲ့ ကားတွေအတွက် စက်သုံးဆီ ဖြည့်တင်းဖို့ အချိန်ကိုက်နေရာ တစ်ခုလို့ ဆိုရမှာပါ။ အခုဆိုရင် အကောင်းဆုံးစံနှုန်းတွေနဲ့ အညီ ဖြန့်ဖြူးထားတဲ့ Max Energy စက်သုံးဆီအရောင်းဆိုင် အသစ်ကို(၁၁၅ မိုင်) ယာဉ်ရပ်နားစခန်း အနီးမှာ ဖွင့်လှစ်လိုက်ပြီဖြစ်လို့ လူကြီးမင်းတို့ရဲ့ ကား အတွက်သာမက ခရီးလမ်းအတွက်ပါ ဘေးကင်းလုံခြုံစွာနဲ့ ယုံကြည်စိတ်ချစွာ စက်သုံးဆီ ဖြည့်တင်း အသုံးပြုနိုင်ပါတယ်။

“ လူကြီးမင်းတို့အတွက် စိတ်ချယုံကြည် Max Energy “

21/04/2026

ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်များတဖြည်းဖြည်း မြင့်တက်လာနေသော သက်ရောက်မှုထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ မိုးလေဝသ ခန့်မှန်းချက်တွေအရ အချို့ဒေသတွေမှာ နေ့အပူချိန်တွေ မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ နေရောင်အောက်မှာ အလုပ်လုပ်ရသူတွေအတွက် အရေးကြီးဆုံးက အပူဒဏ်ကို ကာကွယ်ပြီး ကိုယ်ခန္ဓာကို အေးမြစေဖို့ လိုအပ်တာကြောင့် အောက်ပါအချက်တွေက အထူးလိုက်နာရန်လိုပါတယ်။

💧 ရေဓာတ်ပြည့်ဝအောင် လုပ်ဆောင်ပါ

ရေကို များများ၊ မကြာခဏ သောက်ပါ (မဆာချိန် သောက်တာက ပိုကောင်းပါတယ်)။
အပူချိန်ပြင်းတဲ့အခါ ဓာတ်ဆားပါဝင်တဲ့အရည်တွေက ပိုအသုံးဝင်ပါတယ်။ (သွေးတိုးရောဂါရှိသူများ သတိထား သောက်သုံးသင့်ပါတယ်)

👕 သင့်တော်သော အဝတ်အစားများကို ရွေးချယ်ပါ

ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်တွေ ဝတ်ပါ။
အရောင်ဖျော့ (အဖြူ၊ အပြာဖျော့) တွေက နေရောင်ပြန်ပြီး အေးမြစေပါတယ်။
ဦးခေါင်းကို ဦးထုပ်၊ ပဝါ တို့ဖြင့် ကာကွယ်ပါ။

🕶️ ပြင်းထန်သော နေရောင်ခြည်မှ ကာကွယ်ပါ

နေရောင်ပြင်းထန်တဲ့အချိန် (၁၂နာရီ–၃နာရီ) အတွင်း အလုပ်ကို လျှော့ချနိုင်ရင် လျှော့ပါ။
နေရောင်ကာလိမ်းဆီ (Sunscreen ) အသုံးပြုပါ။

⏱️ အနားယူချိန် ထားရှိပါ

အလုပ်ချိန်ကြားထဲမှာ မကြာခဏ အရိပ်ရသောနေရာမှာ ခေတ္တခဏ အနားယူပါ။
ရေများများသောက်ပြီး ခန္ဓာကိုယ်အပူလျော့အောင် လုပ်ဆောင်ပါ။

⚠️ အပူလွန်ကဲမှုကို သတိထားပါ

Heatstroke လက္ခဏာ — မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးမထွက်တော့ခြင်း
ဒီလိုလက္ခဏာတွေရှိလာရင် ချက်ချင်း အနားယူပြီး ဆေးကုသမှု ခံယူဖို့လိုပါတယ်။

🥗 ရေဓာတ်ပြည့်ဝသော အစားအစာများ စားပါ

အသီးအနှံများ (သံပုရာရည်၊ ဖရဲသီး) စားသုံးပြီး ရေဓာတ်ဖြည့်တင်းပါ။
အရမ်းအဆီများတဲ့အစားအစာတွေကို လျှော့ပါ။

အထက်ပါ အချက်တွေကို အထူးဂရုစိုက် လိုက်နာခြင်းဖြင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ထိခိုက်မှုတွေကို လျှော့ချပြီး Heatstroke ဖြစ်ခြင်းမှ ကာကွယ်နိုင်စေဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Photos from Max Myanmar Group's post 17/04/2026

မက်စ်မြန်မာကုမ္ပဏီ၏ နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းပြုလုပ်

မက်စ်မြန်မာကုမ္ပဏီက ပြုလုပ်မြဲဖြစ်သည့် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကို ၂၀၂၆ခုနှစ် ဧပြီလ ၁၇ရက်နေ့ ညနေ ၄နာရီတွင် မက်စ်မြန်မာကုမ္ပဏီရုံးအတွင်း ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ သြကာသ ကန်တော့ချိုးဖြင့် ဘုရားကန်တော့၍ ဆရာတော်ဦးဆောင်သည့် ပင့်သံဃာတော်များထံတွင်(၅)ပါး သီလ ခံယူခဲ့ကြပါသည်။ ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များမှ အန္တရာယ်ကင်း ပရိတ်တရားများကို ရွတ်ဖတ်ပေးခဲ့ကြပြီး ကုမ္ပဏီ၏ အုပ်ချုပ်မှုတာဝန်ခံများမှ ဆရာတော်နှင့် ပင့်သံဃာတော်များကို လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကုသိုလ်ကောင်းမှူ အစုစုကို ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။




#နှစ်ဆန်းတစ်ရက်နေ့

16/04/2026

နှစ်သစ်မှာ ဘေးဥပဒ်အပေါင်းမှ ကင်းဝေးပြီး၊ လိုအင်ဆန္ဒများ ပြည့်ဝကာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေကြောင်း Max Myanmar Groupမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

12/04/2026

မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အချိန်အခါလေးပဲ ဖြစ်ပါတယ်။ ပန်းပိတောက်တို့ ပွင့်ဖူးတဲ့ နှစ်သစ်ကူး အချိန်အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးဘယာတွေ ဝေးကွာကြပါစေ.... စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်စေကာ ကြံစည်တိုင်းအောင် ဆောင်တိုင်း မြောက်ပါစေကြောင်း Max Myanmar Group မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။




#မဟာသင်္ကြန်

01/04/2026

Congratulations Max Highway! 🎉

(၁၈) နှစ်တာ ခရီးလမ်းအတွက် Max Myanmar Group အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

Max Highway အနေဖြင့်
ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။

Photos from Max Hotels Group's post 13/02/2026
Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


123, Alan Pya Pagoda Road, Dagon Township
Yangon
DAGON.

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30