Idea BOX
Delivery Services
ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ
အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက
ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံမှုပါပဲ
မိမိ ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းပြီး
ကြည့်ကောင်းအောင်လည်း အမြဲဂရုစိုက်ဖို့လိုတယ်ဗျ
သေရင်ထားခဲ့ရမှာ မှန်ပေမယ့်
မသေခင်တော့ လူရာ၀င်ဖို့
$ဆံလည်းရှာနိုင်ရမယ်
Sရုပ်လည်း ကြည့်ကောင်းဖို့လိုသေးသဗျ
ကိုယ့်ကိုယ်ကို လည်း ချစ်တတ်ကြပါစေ
တဖက်သားကိုလည်း မေတ္တာထား တတ်ကြပါစေ
02/06/2024
သူရဦးတင်ဦးအတွက် လွမ်းသူ့ပန်းခြင်း ဒေါ်အောင်ဆန်းစုကြည် ပေးပို့
ဧရာဝတီ၊ ဇွန် ၂၊ ၂၀၂၄
သူရဦးတင်ဦး၏ ဈာပနအခမ်းအနားသို့ ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခြင်းကို အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်သားများ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ထို့ပြင် ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦး၏နာရေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း လွမ်းသူ့ပန်းခြင်း ပို့ဆောင်လာကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ပူးတွဲတည်ထောင်ခဲ့သူ သူရဦးတင်ဦးသည် ဇွန် ၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ကွယ်လွန်ခဲ့ကာ၊ ကွယ်လွန်ချိန်၌ အသက် ၉၈ နှစ်ရှိပြီ ဖြစ်သည်။
ဦးတင်ဦး၏ ဈာပနအခမ်းအနားကို ဇွန် ၅ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ပြုလုပ်ကာ ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ချီးမြှင့်ခံခဲ့ရသည်။ ထို့နောက် ၁၉၈၈ ခုနှစ်တွင် NLD ပါတီတည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး စစ်အာ ဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တဦးလည်း ဖြစ်သည်။
ပုံစာ - CJ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
လောကဒဏ်ကြောင့်လဲ
အိမ်မက်တွေကိုလဲထုတ်ရောင်းခဲ့ပြီးပြီ ။
ᴀ ᴛᴀᴛᴇ | | 15.4.2022
29/01/2022
သားမရတော့ဘူး
( Wai Yan Tun )
ကိုယ်ပြန်လာမှ သိမ့်ကိုချော့မယ်နော်
( Nyi Nyi Aung Htet Naing )
ခရီးတွေ အတူတူ သွားကြမယ်လေကွာ
( Htet Wai Htoo )
Morning နောက်ဆုံး တကြိမ်လဲ ဖြစ်ကောင်း
ဖြစ်နိုင်တယ် အရမ်းချစ်တယ် မမေ့နဲ့
( Kyal Sin )
သဲငယ်ကိုကိုက ပါဝါတွေနဲ့လေ သိတယ်မလား
( Htet Myat Aung )
မနဲ့ မခွဲနိုင်ဘူး
( Min Wai Yan Mauk )
တော်လှန်ရေးပြီးရင် လက်ထပ်တော့မှာ
( Kaung Pyae Kyaw )
မိန်းမ ငါ့လိုမသွားတဲ့လူများလာရင် ဒီမိုကရေစီ
မရပဲ နေလိမ့်မယ်
( Chit Min Thu )
ဆန္ဒ ထွက်ပြတာအမေမသိစေနဲ့နော်
( Hein Thant )
တို့က အဖြူနဲ့အစိမ်း ဝတ်ထားတာပဲ
မပစ်လောက်ပါဘူး
( Daw Tin Nwe Yee )
အကောင်းတိုင်းပြန်လာမယ်လို့ အာမ မခံနိုင်တဲ့လမ်းကို သွားတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ။ (သဉ္ဇာဟိန်း)
အသက်တွေရော နှလုံးသားတွေရောရင်းထားရတဲ့
တိုက်ပွဲမို့လို့ သွေးမအေးစေချင်ဘူး😥🙏🙏
Respectfully to Owner
ရင်ထဲမှာစွဲထင်နေတဲ့စကားလေးတွေ
#သွေးအေးသွားတိုင်းပြန်ဖတ်ပါ
20/01/2022
၁။ တစ်ယောက်ယောက်ကို
မကျေနပ်တဲ့ အခါ
တစ်နေ့ကျရင် ခွဲရမှာပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
ဒေါသ မဖြစ်တော့ဘူး။
၂။ တစ်ခုခုကို
ဆုံးရှုံးသွားတဲ့ အခါ…
တစ်နေ့ကျရင် ပျက်ရမှာပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
ရင်ဘတ်စည်တီး မဖြစ်တော့ဘူး။
၃။ ကိုယ်လိုချင်တာကို မရတဲ့ အခါ
လိုတရဘဝဆိုတာ မရှိဘူးလို့တွေးလိုက်ပါ။
ဒါဆိုရင်…
သောက မဖြစ်တော့ဘူး။
၄။ သူများရဲ့အမှားတွေကို တွေ့တဲ့အခါ
ငါလဲ မှားတတ်တာပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
အပြစ် မမြင်တော့ဘူး။
၅။ အဆင်မပြေမှုတွေကို ကြုံရတဲ့အခါ
ဘဝဆိုတာ တိုက်ပွဲပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
အပြုံး မပျက်တော့ဘူး။
အဲဒါကို (ယောနိသောမနသိကာရ)
ငြိမ်းချမ်းသော သင့်မြတ်စွာ
နှလုံးသွင်းခြင်းလို့ ခေါ်ဆိုပါတယ်။
Credit - အရှင်ဒေဝိန္ဒာဘိဝံသ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon