English Knowledge
I'm sharing english knowledge
1. Vocabulary
2. Grammar
3. Idioms
4. Motto & Proverbs
5. Funny Jokes
21/05/2024
ဝေါဟာရ စုဆောင်းခြင်း (၄)
"စိတ်" (mind) အကြောင်း တစေ့တစောင်း အဘိဓာန်လှန်ကြည့်ခြင်း
စိတ်ဓာတ်= morale, spirit
စိတ်ကစား= flit about (in mind); be unstable in mind
စိတ်ကုန်= lose interest; be fed up with something
စိတ်ကူး= think, imagine, intend, plan
စိတ်ကူး စိတ်သန်း= thought, idea, imagination
စိတ်ကူးဉာဏ်= idea, imagination
စိတ်ကူးပေါက်= have a sudden idea
စိတ်ကူးယဉ်= indulge in fantasy; imagine
စိတ်ကူးယဉ် (ဇာတ်လမ်း) = fictional, imagined
စိတ်ပျက်= be disappointed
စိတ္တဇနာ= mental illness, insanity
စိတ္တဇနာမ်= abstract noun
စိတ္တဇ ပန်းချီ= abstract painting
စိတ်ပညာ= psychology
စိတ်ကောက်= sulk, be cross
စိတ်ဓာတ်ကျသော= depressed
စိတ်ကောင်းရှိသော= be good-natured
စိတ်ခု= resent, harbour resentment
စိတ်ခိုင်= be stoical; have self-control
စိတ်ချ= rest assured
စိတ်ချဉ်ပေါက်= become vexed, annoyed
စိတ်ကြိုက်= preference, choice (noun) ; optional (adjective) ; as desired, to one's heart's content (adverb)
စိတ်ကြီး= (of nerves) be highly-strung
စိတ်ကြီးဝင်/စိတ်နေမြင့်= be conceited, be proud
စိတ်ကြွဆေး= amphetamine
စိတ်နာ= feel hurt; suffer from a sense of injustice; harbour a grievance
စိတ်နု= be immature; be small-minded
စိတ်နောက်ကိုယ်ပါ= impulsively, rashly, thoughtlessly
စိတ်နောက်= be insane; be worried, upset
စိတ်နေသဘောထား= temperament, nature, disposition
စိတ်ထား= attitude, temperament, nature
စိတ်ထက်= have a strong, forceful mind
စိတ်ထက်သန်သော= be eager, keen
စိတ်ထင့်= have misgivings about something; be anxious, be worried
စိတ်ထောင်း= suffer from mental stress
စိတ်ထောင်းကိုယ်ကြေဖြစ်= suffer from stress and strain; be under severe stress and strain
စိတ်ပါ= be willing, keen, interested
စိတ်ပိုင်းဖြတ်= decide, make up one's mind
စိတ်ပူ= be worried, anxious
စိတ်ချလက်ချ/ စိတ်အေးလက်အေး= without worry or care
စိတ်လေ= (of mind) stray, drift; be at a loose end
စိတ်ဖေါက်ပြန်= become mentally deranged; lose one's sense of propriety
စိတ္ဒြိဟ= doubt
စိတ်ဒွိယဖြစ်သည်= be in two minds about something; be in doubt
စိတ်ငယ်= be depressed; be dispirited; be downcast; feel dejected
စိတ်စော= be over-anxious
စိတ်စွဲ= be obsessed with; be preoccupied with
စိတ်ဆတ်= be irritable
စိတ်ညစ်= be troubled in mind; feel unhappy
စိတ်ရှုပ်= be mixed up (in mind); be confused; be muddled up
စိတ်သက်သာ= feel relieved in mind
စိတ်အိုက်= be at one's wit's end; be nonplussed
စိတ်အေး= (of worry, anxiety) be relieved; have peace of mind
စိတ်လေး= hang heavy on the mind; have a premonition
စိတ်ရင်း= innate nature
စိတ်ရင်းကောင်း= good nature
စိတ်ရူးပေါက်= do something in a fit of madness
စိတ်ရောကိုယ်ပါ= with heart and soul; with body and mind; willingly
စိတ်တူ= be of the same mind; share the same view; hold the same opinion
စိတ်တင်း= harden one's heart; keep up one's spirit; steel oneself
စိတ်တွက်= mental maths
စိတ်ရှည်လက်ရှည်= patiently, with patience, with perseverenve
မြန်မာလိုအတွေးကို အင်္ဂလိပ်လို အရေး အပြော ကူးပြောင်းအသုံးချရာမှာ...ဘာသာပြန်ရာမှာ အသုံးဝင်ပါလိမ့်မယ်။ ဒီစကားလုံးတွေ အသုံးတွေကို တကယ်စိတ်ဝင်တစား တတ်ချင်သူ ပိုင်နိုင်စွာသိလိုသူတွေကတော့ dictionary ထပ်ကြည့်ပြီး noun, verb, adjective, adverb စသည်ဖြင့် ခွဲခြားပြီး ထပ်မှတ်ဖို့ အကြံပေးပါရစေ။
With love,
-Dr.Soe Than
17/05/2024
မှတ်သားဖွယ် အင်္ဂလိပ်စကားပုံများ
1. There is no accounting for tastes.
လူတစ်ကိုယ် အကြိုက်တစ်မျိုး။
2. It takes all sorts to make a world.
လူအမျိုးမျိုး စရိုက်အထွေထွေ။
3. All things come to those who wait.
လက်ဖက်ကောင်းစားချင်လျှင် ပလောင်တောင်တက်နှေးရမယ်။
4. Better are small fish than an empty dish.
မစားရတာထက်စာရင် ငါးအသေးလေးတွေစားရတာတော်သေး။
5. Better out than in.
ရင်ထဲမှာ ချုပ်တည်းထားမည့်အစား ထုတ်ပြောလိုက်တော့ ပေါ့သွားတာ။
6. It is better to give than to receive.
ရယူခြင်းထက် ပေးဆပ်ခြင်းကပိုကောင်း၏။
7. Hasty climbers have sudden falls.
အတက်မြန်လွန်းသူများ အကျလည်းမြန်တတ်၏။
8. Clothes make the man.
တောင်းမှာအကွပ်၊ လူမှာအဝတ်။
9. When you are in a hole, stop digging.
ကိုယ့်သေတွင်း ကိုယ်မတူးနဲ့။
10. If you want peace, you must prepare for war.
ငြိမ်းချမ်းရေးလိုချင်လျှင် စစ်ပွဲအတွက် ပြင်ဆင်ထားပါ။
11. Do not throw pearls to swine.
ကျွဲပါးစောင်းတီး မပြုနှင့်။
12. Time is a great healer.
အချိန်သည် အကောင်းဆုံးသမားတော်။
13. Unity is strength.
စည်းလုံးခြင်းသည် ခွန်အား။
14. If you want a thing done well, do it yourself.
ကောင်းစေချင်လျှင် သင်ကိုယ်တိုင်သာလုပ်ပါ။
15. We must learn to walk before we can run.
ပန်းထ်ိမ်မတတ်ခင် ရွှေခိုးမသင်နဲ့။
16. You win a few, you lose a few.
ဘဝဆိုသည်မှာ အနိုင်ရှိသလို အရှုံးလည်းရှိမယ်။
17. Never speak ill of the dead.
ကွယ်လွန်သွားသူများ မကောင်းကြောင်း ဘယ်တော့မှမပြောပါနဲ့။
18. The frog in the well knows nothing of the sea.
ရေတွင်းထဲက ဖါးသူငယ် ပင်လယ်ပြင်ကြီးအကြောင်းမသိသည့်နှယ်။
19. Freedom is not free.
လွတ်လပ်ရေးကို အလကားမရပါ။
20. When the cat's away, the mice will play.
ကြောင်မရှိတော့ ကြွက်ထ။
With love,
Dr.Soe Than
May 17, 2019
07/05/2024
သွားမယ် လာမယ် သယ်မယ် ပို့မယ်ကို Transportation လို့ခေါ်ပါတယ်🛻🚕🛵🏍️🛥️🚲🚁
03/05/2024
ပူးမယ်ဆိုရင်လည်း အင်တာနေရှင်နယ်ဆန်ဆန် ဘိုလိုပူးကြပါလို့😆နတ်ပူးတာကိုပြောတာနော်..တညိုးမထင်ကြနဲ့အူး😜
01/05/2024
Breakfast စားရင်း အင်္ဂလိပ်စာလေ့လာကြမယ်🍪🥐🥖🥞🥚
28/04/2024
12 F*cking Rules to SuccEss👇
25/04/2024
Hotel နှင့်ဆိုင်သော Vocabulary စုစည်းမှု
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
1. Shoe Horn/ Shoe Free. -Shoe ဖိနပ်စီးရာတွင် ဖိနောင့်နေရာ အားကော်ရသော ပစ္စည်း
2. Shampoo. -ခေါင်းလျှော်ရည်
3. Lotion. -အသားလွဆီ
4. Shower Gel. -ရေချိုးဆပ်ပြာ
5. Soap. -ဆပ်ပြာ
6. Shower Cap. -ရေချိုးခန်းသုံး ဦးထုပ်
7. Toothbrush. -သွားတိုက်တံ
8. Toothpaste. -သွားတိုက်ဆေး
9. Cotton Buds. -နားထိုးတံ
10. Sanitary Bag. -တစ်ကိုယ်ရေသုံးပစ္စည်း စွန့်ပစ်အိတ်ငယ်
11. Garbage Bag. -အမှိုက်အိတ်
12. Toilet Roll. -အိမ်သာသုံး စက္ကူလိပ်
13. Bath Towel. -ရေချိုးခန်းသုံး တဘက်ကြီး
14. Hand Towel. -ရေချိုးခန်းသုံး လက်သုတ်ပုဝါ
15. Bath Mat. -ရေချိုးခန်းသုံးခြေသုတ်ပုဝါ
16. Foot Mat. -ခြေသုတ်ခုံ
17. Face Towel. -ရေချိုးခန်းသုံး မျက်နှာသုတ်ပုဝါ%
18. Slipper. -ခြေညှပ်ဖိနပ်ပါး
19. Bathrobe. -ရေချိုးခန်းသုံး အကျီရှည်
20. Umbrella. -ထီး
21. Touch Light. -လက်နှင့်ထိရုံဖြင့်လင်းသောစာကြည့်မီး
22. Laundary Bag. -လျော်ရန်အဝတ် ထည့်သည့်အိတ်
23. High Ball Glass. -ဖျော်ရည်သောက်ဖန်ခွက်ရှည်
24. Rock Glass (Dental Glass) - ပလုပ်ကျင်းဖန်ခွက်
25. Bed Sheet. - အိပ်ယာခင်း
26. Duvet. - ဂွမ်းကပ်ထူ
27. Duvet Cover. -ဂွပ်းကပ် အစွပ်
28. Pillow. - ခေါင်းအုံး
29. Pillow Case. - ခေါင်းအုံးစွပ်
30. Creamer. - နို့မှုန့်
31. Safe Box. -အာမခံ သေတ္တာ
32. Blanket. -စောင်
33. Bedside Table. -အိပ်ယာဘေးရှိ စားပွဲငယ်
34. Coffee Table. -ကော်ဖီသောက်စားပွဲငယ်
35. Lauggage Desk. -ဝန်စည်စလယ်တင်ရန် ခုံနိမ့်
36. Living Room. -ဧည့်ခန်း
37. Dinning Table. -ထမင်းစား စားပွဲ
38. Shaving Kit. -မုတ်ဆိတ်ရိတ်ဓားနှင့် cream
39. Iron. -မီးပူ
40. Ironing Board. -မီးပူတိုက်သည့် မတ်တတ်ခုံမြင့်
41. Tea Pot. -လက်ဖက်ရည်အိုး
42. Kittle. -ရေနွေးတည်အိုး
43. Flask. -ဓာတ်ဘူး
44. Sewing Kit. -အပ်ချုပ်ပစ္စည်းထဲ့ထားသည့်အိတ်ငယ်
45. Match Box/ Lighter. -မီးခြစ်
46. Ash Tray. -ဆေးလိပ်ပြာခွက်
47. Cool Towel. -လက်သုတ်ပုဝါအေး(Check In)
48. Warm Towel. -လက်သုတ်ပုဝါနွေး(Check In)
49. Refrigerator. -ရေခဲသေတ္တာ
50. Microwave Oven. -Microwave မီးဖို
51. Stove. - မီးဖို
52. Toaster. - ပေါင်မုန့် မီးကင်စက်
53. Vacuums Cleaner. - ဖုန်စုပ်စက်
54. Dry Mop (Dust Mop) - ဖုန်မှုန့်ကြမ်းတိုက်တံ
55. Wet Mop. -ရေစွတ်၍တိုက်ရသောကြမ်းတိုက်တံ
56. Stand Brush. -မတ်တပ်ရပ်တိုက်ရသော brush
57. Stand Lamp. -မတ်တတ်မီးအိမ်
58. Bedside Table Lamp. -အိပ်ယာဘေးစားပွဲတင်မီးအိမ်
59. Mattress. -မွေ့ယာ
60. Mattress Protector. -မွေ့ယာမညစ်စေရန်ခင်းသော ရေစုပ်အားကောင်း အလွှာပါး
61. Divan. - ကုတင်၊ညောင်စောင်း၊သလွန်
62. Broom. - တံမြက်စီး
63. Dust Bin. - အမှိုက်ပုံး
64. Dust Pan. - ဂေါ်ပြား
65. Baby Cot. - ဘေးကာပါသော ကလေးအိပ်စင်
66. Baby Sitter. -ကလေးထိုင်ခုံငယ်
67. Hanger. - အင်္ကျီချိတ်
68. Clip Hanger. - ကလစ်ပါသော ချိတ်
69. Coat Hanger. - ကုတ်အင်္ကျီ ချိတ်
70. Silk Hanger. - မိန်းမဝတ် ပိုးအင်္ကျီချိတ်
71. Fat Hanget. -အမျိုးသားဝတ် အင်္ကျီ ချိတ်
72. Peek Hole. - ချောင်းကြည့်ပေါက်
73. Chain Lock. -သံကြိုးပါ Double Lock
74. Bed Head. -ကုတင် ခေါင်းရင်း
75. Coaster. - ဖန်ခွက်အောက်ခံပြား
76. Bath Tub. - ရေချိုးကန်
78. Basin. - မျက်နှာ၊ လက် ဆေးကြောရန်ခွက်
79. Stopper. - အဆို့ ၊ အပိတ်
80. Curtain. - ခန်းဆီး၊ လိုက်ကာ
81. Carpet. - ကော်ဇောအခင်း
82. Balcony. - ဝန္တာ
83. Gutter. - ရေမြောင်း၊တူးမြောင်းငယ်
84. Bath Foam. - ရေချိုးကန်တွင်ထည့်သောအမြှုပ်
85. Spong. -ဆေးကြောရာတွက်သုံးသောရေမြှုပ်
86. Latter Head. -Hotel Logo ပါ စာရေးစက္ကူ
87. Mirror. - ကြည့်မှန်
88. Glass. - မှန်အကြည်၊ ဖန်ခွက်
89. Writing Table. - စာရေးစားပွဲ
90. Ceiling. - မျက်နှာကြက်
91. Wall Lamp. - နံရံကပ် မီးအိမ်
92. Bulb. - မီးလုံး
93. Bulb Fuse. - မီးလုံး ကျွမ်းနေသည်
94. Weight Scale. - ကိုယ်အလေးချိန်စက်
95. Bed Skirting. - ကုတင်တွင်ပတ်သောအလှဆင်ပိတ်ပါး
96. Shaving Mirror. - မုဆိတ်ရိတ်စဉ်ကြည့်မှန်
97. Shoe Sheives. - ဖိနပ်စင်
98. Door Bell. - လူခေါ်ခေါင်းလောင်း
99. Envelope. - စာအိတ်
100. Chair. - ကုလားထိုင်
101. Arm Chair. - လက်တင်စရာပါသောကုလားထိုင်
102. Luxury chair(Dream Bed)-နောက်မှီစရာနှင့် အိပ်နိုင်သောကုလားထိုင်
103. Decaffeinated Coffee. - ကဖိန်းဓာတ်မပါသောကော်ဖီ
104. Brown Sugar. - သကြားညို
105. White Sugar. - သကြားဖြူ
106. Cashew Nut. - သီဟိုဠ်စေ့
107. Watermelon Seed. - ကွာစေ့၊ ဖရဲစေ့
108. Pumpkin Seed. - ဖရုံစေ့
109. Pickied Tea Leaves Salad. - လက်ဖက်သုပ်
110. Duster (Cleaing Cloth) - ဖုန်သုတ်သည့်အဝတ်
111. Feather Duster. - ကြက်မွှေးတံမြက်စည်း
112. Backet (Pail) - ရေပုံး
113. Ladder. - လှေကား
114. Shoe Shine. - Shoe ဖိနပ် အရောင်တောက်ပရန်သုံးသောပစ္စည်း
115. Drawer. - အံဆွဲ
116. Stool. - ခွေးခြေ ခုံပု
117. Foot Stool. - ခြေထောက်တင် ခွေးခြေခုံ
118. Toilet Flush. - အိမ်သာရေဆွဲချသည်
119. Nail File. - လက်သည်းညှိသည့် တံစဉ်းပြား
120. Comb. - ဘီး
121. Cotton Pad. - အမျိုးသမီးသုံး တို့ပတ်
122. Switch On. - ခလုတ်ဖွင့်သည်
123. Switch Off. - ခလုတ်ပိတ်သည်
124. Gloves. - လက်အိတ်
125. Gentleman. - ယောကျာင်္း၊ အမျိုးသား
126. Ladies. - မိန်းမ၊ အမျိုးသမီး
127. Unit Price - ကုန်ပစ္စည်းတစ်ခုချင်းအတွက် တောင်းခံသောစျေး
128. Daily service(24hrs Service)-တစ်နေ့တာ ရနိုင်သောပုံမှန်ဝန်ဆောင်မှု
129. Express Service. - အထူးအမြန်နှုန်းဖြင့် ဝန်ဆောင်မှု
130. Pressing Service. - မီးပူတိုက်ပေးသော ဝန်ဆောင်မှု
131. Laundry Service. - အဝတ်လျှော် ဝန်ဆောင်မှု
132. Laundry List. - အဝတ်လျှော်မည့် စာရင်း
133. Laundry Bag. - လျော်မည့်အဝတ်များထည့်သည့် အိတ်
134. T-Shirt. - ရှပ်အင်္ကျီ
135. Sport Shirt. - စပို့ရှပ်
136. Trousers. - ဘောင်းဘီ
137. Underpants. - အတွင်းခံဘောင်းဘီ
138. Undershirt. - အတွင်းခံ အင်္ကျီ
139. Pajamas. - ညဝတ်အင်္ကျီ
140. Jacket. - အပေါ်ဝတ်အင်္ကျီ
141. Handkerchief. - လက်ကိုင်ပဝါ
142. Blouse. - ဘလောက်အင်္ကျီ
143. Skirt. - စကတ်
144. Vest. - ခါးတို၊ ချိုင်းပြတ်၊ အပေါ်ဝတ်အင်္ကျီ
145. Stocking. - မိန်းမဝတ် ခြေအိတ်အပါးအရှည်
146. Scarf. - လည်စီးပဝါ
147. Brassiese. - ဘရာစီယာ
148. Suit. - အနောက်တိုင်းဝတ်စုံ (အထက်အောက်)
149. Jeans. - ဂျင်းဘောင်းဘီ ၊အင်္ကျီ
150. Mosquito net. - ခြင်ထောင်
151. Short. - ဘောင်းဘီတို
152. Hat. - ဦးထုပ်
153. Reservation. - ကြိုတင်မှာယူခြင်း
154. Cashier. - ငွေလက်ခံရာ ဌာန
155. Guest Relation Officer (GRO) - ဧည့်သည်အားပူးတွဲ လိုက်ပါ စောင့်ရှောက်သူ
156. Information. - သတင်းအချက်အလက်
157. Concierge. - ဧည့်သည်လိုအပ်ချက်များ ဖြည့်ဆည်းပေးသူ
158. Bell Boy. -ဧည့်သည်၏ပစ္စည်းများ ပို့ဆောင်ပေးသူ
159. Business Center.- Computer နှင့် ဆက်စပ်ပစ္စည်းများ ဝန်ဆောင်မှုပေးသော ဌာန
160. Single Room. - တစ်ယောက်ခန်း
161. Double Room. - နှစ်ယောက်ခန်း
162. Twin Room. - တစ်ယောက်အိပ်ကုတင် 2လုံးပါသော အခန်း
163. Suite Room. - ဧည့်ခန်းပါသော အခန်း
164. Exhibition Room.-အရောင်းအဝယ်စ္စည်းများပြသရန်အခန်း
165. Connection Room- သီးသန့်တံခါးဖြင့်ဆက်ထားသော တွဲလျက်အခန်း
66. Adjoining Room. - ဘေးချင်းယှဉ်လျက် တစ်စပ်တည်း နှစ်ခန်း
167. Bill. - ငွေတောင်းခံလွှာ
168. Booking. - ကြိုတင်စာရင်းပေးသွင်းခြင်း
169. Brochure. - ကြော်ငြာလက်ကမ်း စာစောင်
170. Reservation Clerk. - ကြိုတင်မှာကြားမှုကို တာဝန်ယူရသူ
171. Cash. - လက်ငင်းငွေ
172. Casher Desk. - ငွေကခုင်စာရေး ကောင်တာ
173. Front Desk (FO Counter) - ဧည့်ကြို ကောင်တာ
174. Charge. - အဖိုးအခအဖြစ်တောင်းသည်
175. Check. - စစ်ဆေးသည်
176. Client. - လာရောက်တည်းခိုနေကျ ဖောက်သည်
177. Cover Expenses. - ကြိုတင်ပေးထားရသော အာမခံငွေ
178. Confirm. - အတည်ပြုသည်
179. Deposit. - စရံငွေ / အာမခံငွေ
180. Dresser. - ဗီရိုပန်းကန်စင်
181. Dresser Trolley. - မုန့်သယ်သော လှည်း
182. Dining Room. - ထမင်းစားခန်း
183. Doorway. - တံခါးပေါက်
184. Downstairs. - အောက်ထက်
185. Full Price. - စျေးနှုန်းပြည့်
186. Employee. - ဝန်ထမ်း၊ အလုပ်သမား
187. Floor. - အထပ်
188. Exchange rate. - ငွေလဲလှယ်နှုန်း
189. Elevator / Lift. - ဓာတ်လှေကား
190. Foreign Currency. - နိုင်ငံခြားသုံးငွေ
191. Guarantee. - အာမခံခြင်း
192. Swimming Pool. - ရေကူးကန်
193. Lounge. - နားနေရန် အခန်း
194. Tax. - အခွန် အခ
195. Tour. - ခရီးလှည့်လည်ခြင်း
196. Flight Number. - လေယာဉ် ခရီးစဉ်နံပါတ်
197. Hall Porter. - ဧည့်သည်များ၏ လုပ်ငန်းအဝဝ ကိုဆောင်ရွက်ပေးသူ
198. Laundry Incharge. - အဝတ်လျော်အလုပ်သမားခေါင်းဆောင်
199. Luggage / Baggage. - ဝန်စည်စလယ် အထုတ်အပိုး
200. Excess Baggage. - ဝန်ပို အလေးချိန်ပို
201. Sauna. - ရေနွေးငွေ့ ရေချိုးခန်း
202. Package Plan. - အုပ်စုနဲ့လာသော ပစီအစဉ်
203. Poter. - ပစ္စည်းသယ်သူ
204. Rent. - ငှါးရမ်းသည်
205. Reserve. - ကြိုတင်စာရင်းပေးထားသည်
206. Return / Round Trip. - အသွားအပြန် ခရီး
207. Passport. - နိုင်ငံကူး လက်မှတ်
208. Portion. - တစ်ယောက်စာပြင်ပေးသော
209. Register. - မှတ်ပုံတင်သည်
210. Personal Cheque. - ကိုယ်ပိုင်ချက်လက်မှတ်
211. Reduction. - လျော့စျေး
212. Shower. - ရေချိုးသည့် ရေပန်း
213. Surname. - မျိုးရိုးအမည်
214. Wardrobe. - အဝတ်ချိတ်ရန် အကန့်ပါသည့် ဗီရို
215. Travel Agent. - ခရီးသွားလာရေး ကိုယ်စားလှယ်
216. Waiting List. - တန်းစီ ဇယား
217. Traveller's Cheque. - ခရီးဆောင် ချက်လက်မှတ်
218. Wheelchair. - ဘီးတပ်ကုလားထိုင်
219. Signature. - လက်မှတ်
220. Sign. - လက်မှတ်ထိုးသည်
221. Airport Hotel. - လေဆိပ် ဟိုတယ်
222. Congress Hotel. - အစည်းအဝေး၊ ပြပွဲ ပြုလုပ်နိုင်သော ဟိုတယ်
223. Night Auditor. - ညဘက် စာရင်းစစ်ဆေးသူ
224. F I T. - Free Independent Tour. - လွတ်လပ်စွာ သွားလာသူ
225. Motel. - မော်တော်ယဉ်များ ခဏရပ်နားကာ တည်းခိုသည့် နေရာ
226. General Manager. - အထွေထွေမန်နေဂျာ
227. Assistant Manager. - လက်ထောက်မန်နေဂျာ
228. Front Office Manager- ရှေ့တန်းလုပ်ငန်းမန်နေဂျာ
229. Human Resources Manager - ဝန်ထမ်းရေးရာ မန်နေဂျာ
230. Reservation Manager. - ကြိုတင်ပြင်ဆင်မှုဆိုင်ရာ မန်နေဂျာ
231. Sales Manager. - အရောင်းမန်နေဂျာ
232. Convention Manager. - ဧည့်ခံပွဲဆိုင်ရာ မန်နေဂျာ
233. Banquet Manager. - စားသောက်ပွဲဆိုင်ရာ မန်နေဂျာ
234. Food & Beverage Manager - အစားအသောက်၊ အဖျော်ယမကာ ဆ်ုင်ရာ မန်နေဂျာ
235. Executive Housekeeper - အိပ်ခန်းဆောင်တာဝန်ခံ
236. Guest Relations Manager - ဧည့်သည်ဆက်ဆံရေး မန်နေဂျာ
237. Financial Controller. - ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲသူ
238. Chief Engineer. - အင်ဂျင်နီယာချုပ်
239. Executive Chef. - စားဖိုမှူးချုပ်
240. Security Manager. - လုံခြုံရေး မန်နေဂျာ
(- ကမ္ဘာပထမဆုံး Hospitality Industry ကို 1750 B.C ဘေဘီလုံခေတ် (Babylonia) တွင် Tavern ဟုခေါ်သော အရက်ဆိုင် တည်းခိုခန်းများမှ အစပြုခဲ့သည်။
ဤ Post အားဖတ်၍ ဗဟုသုတတစ်ခု တိုးလျှင်ကျေနပ်ပါသည်..ကျေးဇူးတင်ပါတယ်...
22/04/2024
ယခုလိုနွေရာသီမှာ ရင်ကိုအေးမြစေမယ့် အဖျော်ယမကာတွေကို English လိုဘယ်လိုခေါ်မလဲ🍹🧉🍺
19/04/2024
ကိုယ်ချစ်တဲ့ ကောင်မလေးကို English လို
ခပ်လှလှလေးဘယ်လိုခေါ်မလဲ❓❤️❓
ခေါ်နေကြ sweetheart တွေ Darlingတွေ
ခနခေါက်ထားပီး ပိုလှ ပိုRoတာလေးတွေ
လေ့လာကြည့်ရအောင်ဗျာ 😊
(1) My little sparrow(ကိုယ့်ရဲ့ စာကလေး)🐦
သူမ စကားပြောနေပုံလေးက
ချစ်ဖို့အရမ်းကောင်းနေတဲ့ အခါမျိုးမှာ😍
သူမကိုချစ်စနိုးနဲ့😘
ဒါမျိုးလေးခေါ်လို့ရပါတယ်ခမျာ❤️
(2) Mona (မိုနာ)?🖤
မိုနာလီဇာ အပြုံးကိုမြင်ဖူးတယ်မလား😄
သူမရဲ့ အပြုံးလေးတွေက အရမ်းလှနေတဲ့
အချိန်မျိုးမှာ ဒါမျိုးလေးသုံးလို့ရပါတယ်🤗
(3) My spring(မောင့်နွေဦး)🍃
သူတို့အနောက်နိုင်ငံတွေမှာ နွေဦးကာလက
တစ်နှစ်လုံးမှာ အသာယာဆုံးနဲ့ အလှပဆုံး
အချိန်ပါပဲ ဒါ့ကြောင့် 😊
"သူမက ကိုယ့်ဘဝရဲ့ အလှပဆုံးသော
အစိတ်ပိုင်းလေးတခုပါ" လို့ 😍
ပြောချင်ရင် ဒါမျိုးလေး သုံးပါခမျာ❣️
(4)My sugar girl(ကိုယ့်ရဲ့သကြားကောင်မလေး)
💜💜💜
ကိုယ့်ကောင်မလေးက အရမ်းကိုဖြူစင်ပီး
အပြုံးချိုချိုပိုင်ရှင်လေးတစ်ယောက်ဆိုရင် 😊
ဒီစကားလုံးလေးက
အရမ်းကို သင့်တော်မှာပါခမျာ😉
(5)Crystal(ကျောက်သလင်းတုံးလေး) 💎
သူမက အရမ်းကိုအပြစ်ကင်းစင်ပီး
ဖြူစင်ရိုးသားတယ် ပီးတော့💙
Virgin ဖြစ်တယ်ဆိုရင်
ဒါမျိုးလေး သုံးလို့ရပါတယ်ခမျာ🌚
ကဲ ဒီတော့ ညီလေးတွေ
အလုပ်ဖြစ်ကြမယ်လို့ ကိုကြီးထင်တယ်ကွာ😉
လက်တွေ့မခေါ်ရဲရင်လဲ
mention လေးသာခေါ်သွားလိုက်
သူတို့လာကြည့်လိမ့်မယ် ✌️
ကိုယ်ချစ်တဲ့ ကောင်လေးကိုကော English လို
ခပ်လှလှလေး ဘယ်လိုခေါ်မလဲ❓❤️❓
ခေါ်နေကျ ပျင်းစရာ အသုံးနှုန်းဟောင်းတွေကို
ကျောက်ခေတ်မှာ ထားခဲ့လိုက်ပါတော့
ပိုလှ ပိုro တာလေးတွေ လေ့လာကြည့်ရအောင်ဗျာ
(1) Honey Bear(ပျားဝက်ဝံလေး)🐻❤️
သူက အရမ်းပျော်တတ်တယ် 🤸♂️🤸♂️🤸♂️
ကိုယ့်ကိုလဲပျော်အောင်ထားတယ် ပီးတော့
Cute typeလေးဆိုရင် 👦
ဒါမျိုးလေးသာ ခေါ်လိုက်ပါ
(အရမ်းro ပါတယ် 😊)
(2) Hot Chocolate(ချောကလက်ပူပူလေး)☕🖤
သူက အရပ်ရှည်တယ် 🕺
အသားလေးကလဲ ခပ်ညိုညို ပီးတော့
ယောက်ျားပီသတဲ့ Handsome typeပါ 💪
ဆိုရင်တော့ ဒါမျိုးလေးသုံးပါ❤️
(Admin ကိုကြီးရဲ့ အမျိုးသမီးလေးကိုလည်း ဒါမျိုးလေးခေါ်ခိုင်းမယ် 🌚😁)
(3)My fantasy (အိပ်မက်မင်းသားလေး) ❤️🤴❤️
ကိုယ်ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့
အိပ်မက်တိုင်းမှာ စိုးမိုးခဲ့တဲ့
ကိုယ်စိတ်ကူးယဥ်ခဲ့ရတဲ့
ကောင်လေးမျိုးဆိုရင် ဒါမျိုးလေးသုံးပါ 🖤✌️
(4)Little heart hacker(အသည်းသူခိုးလေး)❤️🏃
ကိုယ့်နှလုံးသားလေး ခိုးယူခံလိုက်ရသလို
ဒီကောင်လေးကိုမှ အရူးအမူး ချစ်မိသွားပါပီ😊
ဆိုရင်တော့ ဒါမျိုးလေးသာ
ခေါ်လိုက်ပါတော့ 😉
(5) My anchor(မယ့် ကျောက်ဆူးလေး) ⚓🛳️⚓
ယောက်ျားပီးသတယ် ခပ်ကြမ်းကြမ်းပဲ 🌚
(😁ဥပမာ Admin ကိုကြီး😁)
ပီးတော့ သူနဲ့ကျမှ နှလုံးသားလေး❤️
ကျောက်ချလိုက်သလို အရမ်းချစ်မိသွားပါပီ
သူ့ကိုပဲ မြင်ပီး ကျန်တာတွေ ဖွဲဆန်ကွဲပါဆိုရင်
ဒါမျိုးလေးသာ ခေါ်လိုက်ပါတော့😉✌️
ကဲ ရေးခိုင်းထားတဲ့ ညီမလေးတွေ❤️
ကိုကြီးရေးပေးခဲ့ပီနော် ✌️😊✌️
ညီလေးတွေလဲ သဘောကျမယ်လို့ထင်တယ် 🤔
ကိုယ်ချစ်ရတဲ့သူကို တိုက်ရိုက်မခေါ်ရဲရင်လဲ
Mention လေးသာခေါ်ပေးလိုက်ပါ 😉
သူတို့ လာကြည့်လိမ့်မယ် 😁👍
သဘောကျတယ်ဆိုရင်
Like and Share လေးနဲ့
Support ပေးခဲ့ပါအုန်းခမျာ... 💞
With Love,
(Terry Lim)
22/03/2024
Re- ရှေ့ဆက်ပုဒ် အသုံး
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
👉🏿 Re- သည် (prefix) ရှေ့ဆက်ပုဒ်ဖြစ်သည်
👉🏿 Again..." ပြန်လည်၍၊ ထပ်ပြီး၊ နောက်ထပ်".... အဓိပ္ပါယ်ရပါသည်
👉🏿 Root Word (မူရင်းစကားလုံး) တစ်လုံးရဲ့ရှေ့မှာ
Re- ရှေ့ဆက်ပုဒ် ထည့်သုံးပါသည်
*********************
❇️ Re-act (v) ပြန်လည်တုံ့ပြန်သည်
❇️ Re-do (v) ပြန်လုပ်သည်၊ ထပ်လုပ်သည်
❇️ Re-work (v) ပြန်လုပ်သည်
❇️ Re-think (v) ပြန်လည်စဉ်းစားသည်
❇️ Re-read (v) ပြန်ဖတ်သည်၊ ထပ်ဖတ်သည်
❇️ Re-write (v) ပြန်ရေးသည်
❇️ Re-name (v) နာမည်ပြန်ပေးသည်
❇️ Re-view (v) ပြန်လည်သုံးသတ်သည်
❇️ Re-count (v) ပြန်ရေတွက်၊ ထပ်မံတွက်သည်
❇️ Re-fill (v) Fill again
❇️ Re-make (v) make again
❇️ Re-start (v) ပြန်စသည်
❇️ Re-open (v) ပြန်ဖွင့်သည်
❇️ Re-organize (v) ပြန်လည်ဖွဲ့စည်းသည်
❇️ Re-constitute (v) ပြန်လည်ဖွဲ့စည်းသည်
❇️ Re-build (v) ပြန်လည်တည်ဆောက်သည်
❇️ Re-hear (v) ပြန်လည်ကြားနာသည်
❇️ Re-order (v) ထက်မှာသည်၊ ပြန်စဉ်သည်
❇️ Re-unify (v) ပြန်လည်ပေါင်းစည်းသည်
❇️ Re-unite (v)
❇️ Re-consider (v) ပြန်စဉ်းစား၊ ပြန်သုံးသပ်သည်
❇️ Re-play (v) ပြန်ကစားသည်
❇️ Re-pay (v) အကြွေးပြန်ဆပ်သည်
🔺Example Sentences
*********************************
👉🏿 Don’t react with anger. ဒေါသနဲ့ မတုံ့ပြန်နဲ့
👉🏿 Action has reaction.
👉🏿 You should redo it. ပြန်လုပ်ပါ
👉🏿 You should rethink. ပြန်စဉ်းစားပါ
👉🏿 You should reread. ပြန်ဖတ်ပါ
👉🏿 You should rewrite. ပြန်ရေးပါ
👉🏿 You should review. ပြန်သုံးသပ်ပါ
👉🏿 You should recount. ပြန်တွက်ပါ
👉🏿 They have to replay. ပြန်ကစားရတယ်
👉🏿 The class will reopen. ပြန်လည်ဖွင့်မယ်
👉🏿 They are reunified. ပြန်လည်ပေါင်းစည်းသည်
👉🏿 Rehear the Dhamma. ထပ်နားကြားပါ
👉🏿 Reconsider it. ပြန်လည်သုံးသပ်ပါ
👉🏿 Re-name. နာမည်ပြန်ပြောင်းပါ
👉🏿 Refill ink. မင်ပြန်ဖြည့်ပါ
👉🏿 Remake it. ပြန်လုပ်ပါ
👉🏿 Reorder it. ထပ်မှာလိုက် ၊ ပြန်စဉ်လိုက်
👉🏿 Rebuild hope. ယုံကြည်မှုကို ပြန်တည်ဆောက်ပါ
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
မေတ္တာများစွာဖြင့်.......... မောင်ဝမ်း(ချောင်းဦး)
20/03/2024
Figures of Speech!
05/03/2024
Sea Animals 🦈🪼🦑🐙🦀
Click here to claim your Sponsored Listing.
Category
Website
Address
Yangon