Saung

Saung

Share

Dear reader

Photos from Saung's post 01/01/2026

အားလုံးဘဲ နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ဘဝမှာအကောင်းဆုံးတွေဘဲရရှိနိုင်ကြပါစေ ၂၀၂၆ခုနှစ် နှစ်အစလေးမှာ ကံထူးသွားတဲ့ကံထူးရှင်အသီးသီးထွက်ပေါ်လာပြီမို့ မိမိပါလားဆိုတာအမြန်ကြည့်လိုက်ကြရအောင်နော် တဦးတယောက်ချင်းစီရဲ့ပျော်ရွှင်ရတဲ့အခိုက်တန့်လေးတွေကိုအတူမျှဝေခံစားရအောင်ရေးပေးကြတဲ့စာဖတ်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့် ကဲ ဒါဆိုရင် ဆုငွေလေးကိုcbမှာလာရောက်ထုတ်ယူနိုင်ပြီနော် ကံထူးရှင်အစစ်မှန်ကိုဘဲပေးချင်တာမို့ အချိန်လေးများကြာသွားရင်ကြိုပြီးအသိပေးအပ်ပါတယ်ရှင့် ပုံလေးတွေအောက်မှာလဲရေးပေးထားပါတယ် kpayနဲ့လွှဲပေးသွားမှာဖြစ်ပါတယ်ရှင့်

27/12/2025

စာဖတ်သူလေးတို့ရေ ပြိုင်ပွဲလေးပါဝင်ပြီးသွားပြီလားနော် ကံထူးရှင်လေးတွေကို၂၀၂၆ ရဲ့၁လပိုင်း ၁ရက်နေ့မှာကြေညာပေးမှာမို့မပါဝင်ရသေးရင်အမြန်လေးပါဝင်လိုက်ကြနော်

ဒါလေးက ပြိုင်ပွဲဝင်ရမယ့်linkလေးပါ

https://www.facebook.com/share/p/17KQ4E4iyu/

15/12/2025

#ေရွးပြီး
ကံထူးရှင်လေးတွေအားလုံးငွေလွှဲပြီးပါရှင် တဆက်တည်း ပြိုင်ပွဲလေးလုပ်ပေးချင်ပါတယ် နောက်လအစလေးမှာရွေးမှာပါ ကံထူးရှင် ကြေညာမယ့်ရက်ကိုနီးရင်ကြေညာပေးပါ့မယ် ဘာပြိုင်ပွဲလည်းဆိုတော့ ကိုယ့်ဘဝမှာ စိတ်အကြည်နူးရဆုံးဖြစ်ရပ်လေးသို့မဟုတ် အောင်မြင်မှုရခဲ့တဲ့အချိန်လေးကိုပြောပြပေးရမှာပါ အကြောင်းအရာလေးကိုရှင်းရှင်းလင်းလင်းနဲ့ စာလေးရေးပြီးcomment မန့်ပေးရမှာဖြစ်ပါတယ် ကံထူးရှင်လေးတွေကိုတော့၃ယောက်တိတိရွေးပြီး နှစ်သိမ့်ဆုကိုတော့၂ယောက်ရွေးမှာဖြစ်ပါတယ်
ပထမ ၂၁၀၀၀
ဒုတိယ ၁၄၀၀၀
တတိယ ၉၀၀၀
နှစ်သိမ့်ဆု ၃၀၀၀
နှစ်သိမ့်ဆု ၃၀၀၀ ပါ

အခုချိန်ကစလို့commentမန့်လို့ရပြီဖြစ်ပါတယ် သို့ပေမယ့်လို့ ခေါင်းအေးအေးနဲ့သေချာတွေးပြီး အကြည်နူးရဆုံးအချိန်လေးအောင်မြင်မှုရခဲ့တဲ့အချိန်
လေးကို သေချာလေးရေးမယ်ဆိုရင်ကိုယ့်အတွက်လည်းတဖန်ပြန်ပြီး အဲ့တုန်းကအချိန်လေးကိုပြန်ခံစားမိစေမယ်လို့ထင်ပါတယ် ဒါဆိုရင်တော့ စာဖတ်သူလေးတွေအားလုံးGood luckပါရှင် ကံထူးရှင်တွေကိုဘယ်လိုruleနဲ့ရွေးမလည်းဆိုရင် ruleရယ်လို့မရှိဘဲ စာဖတ်သူလေးတို့ရဲ့စာသားအပေါ်မူတည်ပါတယ် စိတ်ခံစားချက်နဲ့ပြိုင်တဲ့ပြိုင်ပွဲမို့ ကံမထူးခဲ့ရင်တောင် မကျေနပ်မှုမရှိစေမယ့်ပြိုင်ပွဲလေးလို့ယူဆစေချင်ပါတယ် ပြိုင်ပွဲဆိုတာထက် စာဖတ်သူလေးတွေရဲ့စိတ်လေးတဖန်ပြန်ကြည်နူးမိစေမယ်လို့လဲယုံကြည်ပါတယ် အားလုံးဘဲ နေ့ရက်တိုင်းကံကောင်းကြပါစေရှင် postလေးကိုshareပေးခြင်းဖြင့်လည်းပြိုင်ပွဲဝင်လေးတွေကိုဖိတ်ခေါ်ပေးနိုင်ပါတယ် like and follow လေးနှိပ်ပေးသွားကြပါဦးနော်


fans

Photos from Saung's post 15/12/2025

Hello စာဖတ်သူလေးတို့ရေ အများကြီးဝင်ကံစမ်းပေးလို့ကျေးဇူးအများကြီးပါနော် ဒီတခါမပေါက်လည်းနောက်တခေါက်ပေါက်မှာပါ ကံကဒီတိုင်းမနေပါဘူးဇွဲရှိဖို့ဘဲလိုတယ်နော်
ကံထူးသွားတဲ့စာဖတ်သူလေးတွေလည်းcongratulations ပါရှင့် cbမှာkpayနံပါတ်လေးတွေပို့ထားပေးပါနော် ကံထူးရှင်အစစ်ကိုစစ်ဖို့အချိန်လေးကြာသွားရင်ကြိုပြီးတောင်းပန်ပါတယ်နော် တကယ့်ကံထူးရှင်လေးတွေကိုဘဲရစေချင်လို့ပါ
ကဲနံပါတ်လေးတွေပို့ထားလိုက်ကြပါနော် amoutလေးတွေပုံလေးတွေမှာရေးပေးထားသလိုပုံအောက်မှာလည်းရေးပေးထားပါတယ်ရှင့်

fans

14/12/2025

မဲဖောက်ပြီး
Hello စာဖတ်သူလေးတို့ရေ 🤗
Give away လေးတွေမပေးတာကြာပြီမို့ pocket money အဖြစ် Kpay 3K 3ယောက် နဲ့ 2k 2ယောက် မဲဖောက်ပေးပါမယ်ရှင့် comment လေးမှာကြိုက်တာမန့်သွားလို့ရပါတယ် မနက်ဖြန်မှာကံထူးရှင်လေးတွေရွေးပေးပါမယ်ရှင့် Good luck to everyone ❣️
fans

10/11/2025

တနေ့တာ

အလုပ်က၇နာရီခွဲဝင်ရမှာမို့ မနက်၅ခွဲနှိုးစက်ပိတ် အိပ်ယာထပြီးထမင်းအိုးတည် ညကဟင်းနွေးပြီး အိပ်ချင်မူးတူးနဲ့ဘဲ ရေချိုးဖို့ရေချိုးခန်းထဲဝင်သွားလိုက်တယ် ဆောင်းတွင်းကို ရေပန်းဖွင့်ဖွင့်ချင်းအေးစက်နေတဲ့ရေကြောင့်အိပ်ချင်ပြေသွားပြီး အလုပ်မှာဘယ်သူနဲ့အတူလုပ်ရမှာလဲ ဒီနေ့ရောအဆင်ပြေပါ့မလား ငါပြသနာတခုခုလုပ်မိရင်ရောဆိုတာတွေကိုရေချိုးရင်းတခုပြီးတခုအဆက်မပြတ်စဥ်းစားနေမိတယ်
ခနနေတော့ ရေချိုးအဝတ်စားလဲပြီးအချိန်ဟာ၁နာရီလို့မထင်ရလောက်အောင် မနက်စာမစားရသေးဘဲ၆နာရီခွဲသွားခဲ့ပြီ ဒီလိုနဲ့ဘုရားဆွမ်းတော်ကမန်းကတန်းတင်ပြီး လွယ်အိတ်ဆွဲကာ အလုပ်ကိုစက်ဘီးနဲ့ထွက်ခဲ့တယ် လမ်းမှာလည်းကိုယ်မသိတဲ့လူတွေ ကိုယ်စီကိုယ်စီလမ်းလျှောက်လို့ တချို့ကျစက်ဘီးနဲ့ တချို့ကျတော့လဲကားနဲ့ပေါ့ စက်ဘီးနင်းရင်းနဲ့လဲတွေးမိပြန်ရော ဒီနေ့အလုပ်မှာအဆင်ပြေပါ့မလား ပြေမှာပါ မပြေပြေအောင်နေရမှာငါ့အလုပ်လေဆိုပြီးပြန်တွေးရင်း.
အလုပ်ရောက်ပြီ တွေ့သမျှလူခါးကိုင်းကာ ပြုံးပြနှုတ်ဆက်ကိုယ့်ရဲ့ဖော်ရွေမှုကိုအတတ်နိုင်ဆုံးပြကာ အလုပ်လုပ်ဖို့အသင့်အနေထားဖြင့် နာရီကြည့်တော့ အလုပ်လုပ်ဖို့၁၀မီနစ်အလို အချို့ဝန်ထမ်းတွေ နာရီမရောက်မချင်းအလုပ်ခန်းထဲမဝင်တာကြည့်ပြီးငါလဲစောင့်ရင်ရောတွေး​တော့ မဖြစ်သေးဘူး ငါကအသစ်လေ စောဝင်ရမယ် လုပ်စရာရှိတာကြိုလုပ်ထားတော့ပြသနာမရှိတော့ဘူးပေါ့တွေးကာ အလုပ်ခန်းထဲစောရောက်လာခဲ့တယ်
ဟူး.....အလုပ်ပြီးပြီ ငါအကောင်းဆုံးလုပ်ခဲ့တယ် အလုပ်ကအကျီလဲခန်းထဲရောက်တော့ ကိုယ့်မျက်နှာကိုယ်မှန်ထဲကြည့်မိ မျက်နှာမှာမနက်ကအနဲငယ်လူးလာတဲ့ နေလောင်ကာခရင်မ်မရှိတော့နှုတ်ခမ်းမှာလဲဆောင်းတွင်းမို့ခြောက်နေပြီးအနဲငယ်လန်နေတယ် ကိုယ့်မျက်နှာကိုယ်ကြည့်ပြီးလွယ်အိတ်ထဲကအသင့်ပါလာတဲ့နှုတ်ခမ်းနီအကြည်ရောင်လေးထုတ်ဆိုးကာ ကိုယ့်ဘာသာပြန်ပြုံးပြ အတွေးထဲမှာ ငါဒီနေ့ပြသနာအလုပ်ခဲ့ဘူး အရမ်းတော်တယ် တယ်တော်တဲ့ငါလို့ချီးကျူးရင်းမိန့်မိန့်ကြီးနဲ့ အခန်းထဲဝင်လာတဲ့လူတွေကိုပြုံးပြနှုတ်ဆက်ပြီး မြောက်ကြွကြွနဲ့စက်ဘီးစီးပြန်ခဲ့ပြီ
အပြန်လမ်းက အသွားထက် မြန်ဆန်နေပြီး အလုပ်နောက်ကျမှာစိုးရိမ်စိတ်တွေမရှိတော့ ကိုယ်ပါးပြင်ကိုလာထိတဲ့လေအေးအေးတွေကိုအပြည့်အဝခံယူရင်း ပါးစပ်ကနေသီချင်းကလေးတိုးတိုးညီးကာ အိမ်ပြန်ခဲ့ပြီ
အိမ်ပြန်ရောက်တော့အဝတ်စားလဲ မနက်ကချန်ခဲ့တဲ့ဟင်းနဲ့ထမင်းကိုခနနွေးပြီး ဗိုက်ဖြည့် အိမ်ကအမေနဲ့ဖုန်းပြောပြီး စမတ်ဖုန်းလေးဖွင့်ရင်းအပြည့်အဝအနားယူလိုက်တယ် မနက်အတွက်နှိုးစက်ပေးအိပ်ယာပေါ်ကျောဆန့်ခြေဆန့်ခြေပစ်လက်ပစ်ကာ မနက်ဖြန်အတွက်အားတွေမွေးပြီးတဖန်ပြန်ကြိုးစားဖို့ အိမ်မက်တွေဖြစ်မြောက်ဖို့ ငါလိုချင်တဲ့အနာဂတ်ရဖို့ တွေးရင်းတွေးရင်းတွေးရင်း အပြုံးတပွင့်နဲ့အိပ်ယာဝင်ခဲ့ပြန်တယ်......

ချစ်သောreadersလေးတွေ 😘
ဆောင်း


စာလေးတွေမရေးတာကြာလို့မေ့နေကြပြီလားရှင် ပြန်ရေးမယ်တွေးပေမယ့် မအားလို့မရေးဖြစ် အခုတော့ပြန်ရေးပါတော့မယ် ကိုယ့်ရဲ့အနားယူရာလေးတခုပြန်ဖြစ်အောင်လုပ်မယ် ကျွန်မ ရေးတဲ့စာလေးတွေဖတ်ပြီး ကောမန့်လေးတွေရေးကာအမြင်လေးတွေပြောပြပေးနိုင်ပါတယ်

29/07/2025

ပင်ပန်းနေပြီလား...

-- မနေ့တနေ့ကလိုဘဲ အမေခွံ့ကျွေးတဲ့ထမင်းစားခဲ့တာ
-- မနေ့တနေ့ကလိုဘဲ အဖေနဲ့အတူဆိုင်ကယ်စီးရင်လေတွေတဖြူးဖြူးတိုက်တဲ့ အဖေ့အရှေ့ကနေဘဲစီးခဲ့တာ
-- မနေ့တနေ့ကလိုဘဲ အမေရိုက်လို့ မွေးရာပါအကျီလေးနဲ့ပတ်ပြေးခဲ့တာ
-- မနေ့ကပျော်ခဲ့ပေမယ့် ဒီနေ့ငိုနေရပြီ
လွမ်းတယ် ပြန်မရနိုင်တော့တဲ့အချိန်တွေ
လွမ်းတယ် အရင်ကပျော်ခဲ့ရတဲ့အချိန်တွေ

အခုချိန်မှာ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ခြေလှမ်းစလှမ်းနေပြီဆိုပေမယ့် ဖြစ်နိုင်ရင်ဒီနေရာမှာရပ်လိုက်ချင်တယ် အရင်ကလိုဘဲ အမေ့နားမှာကလေးလေးလိုနေချင်တယ် အဖေ့ဆီကအားပေးစကားတွေအရမ်းလိုချင်တယ် ဟန်ဆောင်နေရတဲ့နေရာတခုမှာသမီးခံနိုင်ရည်ရှိပါ့မလားဖေဖေ အပြုံးတုတွေအောက်ကစိတ်ဓါတ်တွေကိုသမီးမြင်လာပြီ ဒါတောင်ခြေလှမ်းတခုပါ ခြေလှမ်းတလှမ်းနဲ့တင်သမီး ဆက်မလျှောက်ချင်တော့ဘူး........
သူများတွေအတွက်လွယ်တဲ့အရာဟာသမီးအတွက်ဘဲခက်နေတာလား လူတိုင်းကြုံတွေ့ရတဲ့ပြသနာတခုလား လောကဓံဆိုတဲ့စကားလုံးက ဒါကိုပြောတာလား မေးခွန်းတွေအတွက်အဖြေဟာတခုဘဲထွက်လာတယ် နင်ရွေးတဲ့လမ်းနင်သာဆက်လျှောက်တဲ့ သမီးဆက်လျှောက်ဖို့ အားမရှိရင်ရော ဒီနေရာမှာရပ်လိုက်ရင်ဘာဖြစ်သွားမှာလဲ
ဟုတ်တယ် ပြိုလဲသွားလိမ့်မယ် ကြိုးစားခဲ့တာတွေအလဟသဖြစ်ကုန်လိမ့်မယ် ဒါကိုလက်ခံနိုင်ရင်ရပ်လိုက်ပါတဲ့...........
ကြိုးစားခဲ့ရတဲ့အချိန်ဟာ မွေးကတည်းကပါ အမေကျွေးတဲ့ထမင်းအဖေဆင်တဲ့တန်ဆာတွေနဲ့နေခဲ့ပေမယ့် တကယ်တမ်းအကောင်းအဆိုးကိုလက်ခံရတာကိုယ်ကိုယ်တိုင်ဘဲမို့ ဒီအသက်ရွယ်ထိကြိုးစားခဲ့တာတွေလက်လျှော့လိုက်တော့မှာလား အောင်မြင်မှုတခုရဖို့ပေးဆပ်ရတာတွေမနဲပါဘူး ဒါတွေဟာကျွန်မရဲ့မသိစိတ်ကသိနှင့်နေပြီးသားအသိညဏ် ဒါကိုမှကျွန်မဘာလို့လက်လျှော့ချင်နေရတာလဲ မသိနိုင်ပါဘူး အခက်အခဲတွေများလွန်းတယ် အောင်မြင်မှုတခုရဖို့ပေးဆပ်လိုက်ရတာဘယ်လောက်လောက်လဲ ကျွန်မသိချင်တယ် စာဖတ်သူတို့ရောဘယ်လောက်ထိပေးဆပ်ခဲ့ပြီလဲ အောင်မြင်နေပြီလား အောင်မြင်တယ်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းတာတခုရောက်တာဘဲ ပင်ပန်းနေပြီလား ဒါဟာအောင်မြင်ဖို့အတွက်ပါ ကျွန်မအောင်မြင်နေပြီလားမေးရင်

ပေးဆပ်နေဆဲပါ..........

ချစ်သော စာဖတ်သူများအတွက်
ဆောင်း

Photos from Saung's post 05/03/2025

ဒီ active လေးတွေကcbမှာ 1k စီလာယူနော် Top fanလေးတွေစုပြီးသက်သက်ပေးပါဦးမယ် အားလုံးပေါင်း၇ယောက်ရှိတာ အဲ့၇ယောက်သက်သက်စုပေးဦးမယ်နော်နောက်ရက်ကျ Activeလေးတွေကိုလဲအမြဲစောင့်ကြည့်နေမှာမို့ pageကိုဝန်းရံပေးကြပါဦးရှင့် postလေးတွေတိုင်းရှိနေဖို့တော့လိုတယ်နော်🤥

Photos from Saung's post 05/03/2025

Congratulations 🎊 Giveaway winners 🏆 လေးတွေပါ ပုံအောက်လေးတွေပါ ရတဲ့amountလေးရေးပေးထားတယ်နော် လူနဲနဲများလို့ 1k 2ယောက်ပိုဖောက်ပေးထားပါတယ်ရှင် ကံထူးရှင်လေးတွေcbမှာ kpay noလေးတွေလာပေးပါဦးရှင့် မပေါက်တဲ့သူလေးတွေလည်းစိတ်မကောင်းမဖြစ်နဲ့နော် နောက်လည်းဖောက်ပေးမှာမို့ pageလေးကိုစောင့်ကြည့်ပေးပါဦးနော် 🤗🤗
fans

02/03/2025

ငရဲတမျှ အပိုင်းလေးတွေစုပေးထားတာပါရှင့်

အပိုင်း ၁
https://www.facebook.com/share/p/1EQGV8aDmk/
အပိုင်း ၂
https://www.facebook.com/share/p/166CoGuw8f/
အပိုင်း ၃
https://www.facebook.com/share/p/1L2etNZhu4/
အပိုင်း ၄
https://www.facebook.com/share/p/19zXtrp2s8/
အပိုင်း ၅
https://www.facebook.com/share/p/1A2PeU7CwH/
အပိုင်း ၆
https://www.facebook.com/share/p/1BPUw9MR9C/
အပိုင်း ၇
https://www.facebook.com/share/p/18hdDLtY5t/
အပိုင်း ၈
https://www.facebook.com/share/p/1MeiQJCFvK/
ဇာတ်သိမ်းပိုင်း
https://www.facebook.com/share/p/14tTYKVaxC/

01/03/2025

ငရဲတမျှ
ဇာတ်သိမ်းပိုင်း

"ရှူး တိုးတိုး လာထ "
"ဟင့် သော် ပြန်လာတယ်နော် "
"လာအသက် တိုးတိုးနေ အမစျေးသွားတယ် ထ "
ကျွန်မအားယူပြီးထလိုက်တော့ ဟန်ချက်ပျက်ကာခွေကျသွားတယ်
"အသက် ဘာဖြစ်တာလဲ ဟင် "
"ခြေထောက်က အသက်ခြေထောက်က မရတော့ဘူး "
"ဘာ ဘာဖြစ်တယ် ကို့ကိုသေချာပြောစမ်း "
"လှုပ်လို့မရဘူး ဟင့် လှုပ်လို့မရတော့ဘူး သော်အသက်ကိုကယ်ပါနော် နော် အသက်မသေချင်ဘူး"
သော်က ကျွန်မခြေထောက်ကိုကြည့်ကာ မျက်ရည်များကျလာသည်
"ကို ကိုတောင်းပန်ပါတယ်အသက်ရယ် ကို့အပစ်တွေပါ "
"သော် ဘယ်လိုဖြစ်ပြီးပြန်ရောက်လာတာလည်းဟင် "
"ယမင်းဖုန်းဆက်တာ အသက်ကိုမတွေ့ဘူးဆိုလို့ အမေကပြောတာအလုပ်သွားတယ်ပြောတော့ အသက်မသွားတာကိုသိတယ်လေ ဒါကြောင့်တခုခုဖြစ်နေပြီထင်လိုက်တာ အသက်တခြား ဘယ်နေရာထိခိုက်မိသေးလည်း "
"ဟင့်အင်း အသက်ဒီကနေသွားချင်တယ် ဒီမှာမ မနေချင်ဘူး ခေါ်သွားပေးပါ"
"သော်လင်း "
အမက အခန်းထဲဝင်လာပြီး ကျွန်မတို့နှစ်ယောက်ဆီကိုဓါတ်မီးနဲ့ထိုးထားတယ်
"အမ "
"နင်ဘာပြန်လာလုပ်တာလဲ "
"အမ အသက်ကိုဘာလုပ်လိုက်တာလဲ အသက်က ကျွန်တော့မိန်းမပါ သူကကိုယ်ဝန်ဆောင်သည်လေ အခုတော့ အမလွန်သွားပြီ"
"အဲ့တော့နင်ကဘာလုပ်ချင်လို့လည်း နင့်မိန်းမသူ့နေရာသူနေရင်ဘာမှမဖြစ်ဘူး ငါ့ကိစ္စကိုလာရှုပ်တာတော့သည်းမခံနိုင်ဘူး အေးလိုအပ်ရင်သတ်ပါသတ်ပစ်လို့ရတယ်"
ကျွန်မသော့်လက်ကိုတင်းကျပ်စွာဆုပ်ကိုင်မိတယ် သော်ကကျွန်မကိုကြည့်ရင်း
"အသက် ကို မင်းကိုပြောခဲ့တယ်လေ ဝင်မပါနဲ့လို့ ဟုတ်ပြီ ကျွန်တော်တို့ဒီကထွက်သွားမယ် နောက်ဘယ်တော့မှပြန်မလာဘူး သွားခွင့်ပေး"
"ဟ ရမလား နင်ငါတို့ကိုရဲတိုင်ရင်ရော "
"မလုပ်ဘူး စိတ်ချ "
"ဟုတ်ပါတယ် အသက်တို့ကို သွားခွင့်ဘဲပေးပါ နောက်ဘယ်တော့မှပြန်မလာပါဘူး ကတိပေးပါတယ်"
"သားလေး သားရေ အမေ့ကိုထားမသွားပါနဲ့သားရယ် သားလေးရေ"
အမေက သော်ဆီပြေးလာကာ ဖက်ထားသည် ကျွန်မအနောက်ဆုတ်ပြီး အမေ့ကိုကြည့်တော့ အမေ့လက်ထဲဓါးချွန်တချောင်းကိုင်ထားသည်
"သော် ဓါး"
"အာ့....အ အမေ "
"သားလေး အမေ့ကိုထားမသွားရဘူးလေ သားရယ် သားကအမေ့သားလေ "
အမေကငိုရင်း သော့်လည်ပင်းကိုထိုးနေသည်
"မလုပ်ပါနဲ့ သော် အမေ မလုပ်ပါနဲ့ သော်က သော်ကအမေ့သားပါ မလုပ်ပါနဲ့ သော် သော် ထပါ ထပါဦး"
လည်ပင်းမှသွေးများပန်းထွက်နေပြီး ကြမ်းပြင်ပေါ်လဲနေတဲ့ သော်က ကျွန်မကိုတင်းကျပ်စွာဖက်ထားပြီး တခုခုပြောဖို့ကြိုးစားနေသည်
"အ အ ဖေ က ကလေး...ကို အသက်"
"သော် သော် မလုပ်ပါနဲ့ ဟင့် အင်း..အသက်ကိုထားမသွားပါနဲ့သော်ရယ်.... မလုပ်ပါနဲ့... သော့်ကလေးလေး အသက်ဆီမှာရှိတယ်လေသော်ရယ် အသက်ကိုတယောက်တည်းမထားခဲ့ပါနဲ့"
"အဲ့ကောင်မပါသတ်လိုက်တော့ "
အမေကထိုသို့ပြောရင်း ထွက်သွားတော့သည် အမကသော့်ကိုကျွန်မဆီမှဆွဲထုတ်နေပြီး
"ဂြိုလ်ဆိုးမ ငါ့မောင်နင့်ကြောင့်သေသွားရပြီ လွှတ်စမ်း "
"ဟင့်အင်း သော် မလုပ်ပါနဲ့ မခေါ်သွားပါနဲ့ "
"ဖယ်စမ်း နင့်ကိုငါသတ်မယ် "
အမက လက်ထဲမှသံတုတ်ဖြင့် ကျွန်မကိုထိုးရန်လုပ်တော့သည်
"မ မလုပ်ပါနဲ့ အမ မ လုပ်ပါနဲ့ "
"အ..."
ဒိုင်း.....
သေနတ်သံထွက်လာပြီး အမကကျွန်မရှေ့လဲကျလာသည် ထို့နောက် အခန်းထဲသို့မီးရောင်များဝင်လာပြီး လူရိပ်တွေ တွေ့လိုက်ပေမယ့် ကျွန်မမျက်ရည်များကြောင့်မျက်လုံးများဝေဝါးလာသည် မျက်ရည်များကိုပြန်သိမ်းရင်းသော့်ကိုတင်းကျပ်စွာဖက်ထားမိသည်
"သော် ...သော်ရေ"
"သမီး သမီး သတိထားဦး သမီး မကြောက်နဲ့တော့နော် သား သားသော်လင်းရေ အဖေလာပြီလေ သား "
"ဦး ဦးလေး သော်က ဟင့် သော်ကလေ ဟင့် သော်က"
။။။။။။။။။
။။။။။။။။
ကျွန်မအကုန်လုံးကိုလွှတ်ချလိုက်ပြီး သော်နဲ့အတူအေးချမ်းတဲ့ဘဝလေးဆီကလေးနဲ့အတူသွားရန်အသင့်ဖြစ်နေပြီ
"အသက်ရေ အမြန်လာလေကွာ ဆေးခန်းသွားရအောင် ဟာ ငါ့မိန်းမကတော့ သိပ်လှအောင်မဝတ်နဲ့ကွာ "
"သော် အသက်လှလားဟင် "
"ပြောစရာလိုလို့လားကွာ ဒီမိန်းမကတော့ လာပါဦး ကို့ဆီ"
သော်ကကျွန်မကိုလက်လှမ်းပေးရင်းပြုံးကာကြည့်နေသည် ကျွန်မသော်ဆီလက်လှမ်းနေပေမယ့်သော်ကတဖြည်းဖြည်းကျွန်မမြင်ကွင်းထဲမှပျောက်ကွယ်သွားတော့သည်
"သော် သော် အသက်ကိုခေါ်ပါဦး "
ကျွန်မခေါ်နေပေမယ့် သော့်ကို မတွေ့ရတော့ ကျွန်မမျက်လုံးများဖွင့်ကာသေချာကြည့်တော့ မီးအလင်းရောင်များစူးနေပြီး အဖြူရောင်မျက်နှာကျက်ကြီးတွေ့ရတယ် ထိုနောက်လူတယောက်ပေါ်လာသည် ကျွန်မမျက်လုံးထဲတွင်အမေနှင့်အမရဲ့ပုံရိပ်များသာမြင်နေရတာကြောင့်ကျွန်မကြောက်စိတ်များဝင်လာမိသည်
"သမီး "
"မ မလုပ်ပါနဲ့ "
"သမီး ဦးလေးပါ သေချာကြည့်ပါဦး မကြောက်ပါနဲ့ "
ကျွန်မ သေချာကြည့်တဲ့အခါ ယောကျ်ားတယောက်ဖြစ်နေပြီး ထိုလူ့ကိုတခါမှမမြင်ဖူးပါ
"သမီး ဦးလေးကသော်လင်းအဖေပါ "
"သော် သော်ရောဟင် "
"သားက သားကမရှိတော့ဘူးလေသမီးရယ် "
ထိုလူက ယောကျ်ားတန်မဲ့ ရှိုက်ကြီးတငင်ငိုကြွေးလာတော့သည် တကယ်ကိုသော်မရှိတော့ပါ ကျွန်မကိုထားသွားခဲ့ပြီ သူ့ကိုယ်ပွားလေးဘဲကျွန်မနဲ့ထားပေးခဲ့ပြီး ကျွန်မကိုထားသွားခဲ့ပြီ ...
သော့်အဖေက အမေ့ကိုလူသတ်မှုတွေနဲ့ဖမ်းလိုက်ပြီး အမကတော့ထိုနေ့ကပင်ဆုံးသွားခဲ့တယ် ကျွန်မထိုအိမ်တွင်တခနလေးတောင်မနေချင်ပါ ငရဲတမျှခံစားခဲ့ရတဲ့အရိပ်မဲကြီးကလွတ်မြောက်ချင်နေပါပြီ ကျွန်မဘဝထဲထိုအရာများကိုအပြီးပိုင်ထုတ်လိုက်ပါတော့မယ်.........
။။။။။။။။။။။
ငရဲတမျှဘဝမှလွှတ်ငြိမ်းခဲ့ပြီ..........
ပြီးပါပြီရှင်🤗
ချစ်သောreaders လေးတွေ 😘
စာရေးသူကျွန်မတော့ဒီအပိုင်းလေး ရေးရင်းငိုမိပါတယ် စာဖတ်သူလေးတွေရော ဖတ်ရတာအဆင်ပြေရဲ့လားနော်
ဒီဝတ္ထုလေးက အစကပြောခဲ့သလိုဘဲ Psychological ဝတ္ထုလေးမို့နဲနဲတော့ ယုတ္တိမဆန်ဖြစ်သွားပါတယ် တကယ်လို့ထောက်ပြချင်တာလေးများရှိရင်အကြံပြုရေးသားခဲ့နိုင်ပါတယ်စာဖတ်သူလေးတို့ရေ😘

01/03/2025

ငရဲတမျှ
အပိုင်း ၈

"သတ်လိုက်ပါ အသေသာ... သတ်လိုက်ပါတော့ "
အမကကျွန်မလက်ထဲမှာဖုန်းကိုယူကာခြေထောက်နဲ့တက်နင်းသည်
"လာ..ခဲ့ "
ထိုသို့ပြောကာ ခြေထောက်မှဆွဲ၍ အခန်းပြင်ထုတ်သွားသည် ပြီးတော့ထိုအခန်းထဲထပ်သွင်းသွားပြန်သည်
"သမီး အမြန်ချက်လိုက် အမေဆာနေပြီ"
အမေ့ရဲ့ပျော်ရွှင်နေတဲ့အသံကြားရပြီး ကျွန်မဘက်မှကြည့်လျှင်ဇောက်ထိုးမြင်နေရသောအမေသည် အနီရောင် သွေးလွှမ်းနေသောအရာကို မြိန်ရည်လျှက်ရည် စားနေလေသည်
"စားချင်လို့လား ရော့ "
ကျွန်မပါးစပ်ထဲသို့ ထိုအရာကိုထိုးထည့်လာတော့သည်
"အွင်း...အော့ "
"အမေ ထားလိုက် သူ့ကျွေးလဲဘာမှန်းသိတာမဟုတ်ဘူး "
အမကကျွန်မခြေထောက်ကိုဆောင့်ကာပစ်ချပြီး အမေပေးလိုက်သောအရာကိုယူသွားသည် ကျွန်မခန္ဓာကိုယ်ကအားမရှိတော့သလိုမတ်တပ်ရပ်ဖို့ပင်မတတ်နိုင်ပေ နံရံထောင့်ကပ်ကာ သော့်ကိုသာ ခေါ်နေမိတယ် ခုချိန်သာသော်ရှိရင် ......
။။။။။။။။။။။။။။။
အမေကထိုစက်ကြီးဆီ ရဲရဲ့ခြေထောက်မှဆွဲပြီးစက်အလယ်ကိုထည့်လိုက်တယ်နောက်ခလုတ်နှိပ်လိုက်တဲ့အခါ စက်ကအပေါ်မှအောက်သို့ဖိချတော့တယ် အရိုးတွေအစိတ်စိတ်အမွှာမွှာဖြစ်သွားပြီးကျွန်မရှိရာဆီသွေးတွေနဲ့အသားစတွေလွင့်လာတော့သည် လူတယောက်ကိုရက်ရက်စက်စက်သတ်ဖြတ်နေတဲ့အမေက လူတယောက်နဲ့ပင်မတူတော့ မျက်နှာမှာအပြုံးတခုဆင်မြန်းလျက် ကြမ်းပြင်မှသွေးတွေကိုကုန်းကာလျှာနဲ့လျက်နေပြန်သည် အမေကအလောင်းကိုအောက်သို့ပြန်ဆွဲချကာ တခြားအကောင်းတိုင်းရှိနေတဲ့နေရာကိုထိုနည်းလည်းကောင်းဖိချပြန်သည် အမေနဲ့ကျွန်မသာအခန်းထဲရှိပြီးအမကအပြင်ထွက်သွားတာမို့ကျွန်မထွက်ပြေးဖို့တွေးလိုက်သည် အမေ့ကိုကြည့်တော့ သွေးတွေပေကျံနေပြီး ပျော်ရွှင်နေကာ ဟားတိုက်ရယ်နေလေသည် ကျွန်မတရွတ်တိုက်ကာ အခန်းအပြင်သို့မလှုပ်မရပ်အနေထားဖြင့်ထွက်ခဲ့သည် ထိုအချိန်ထိအမေမသိသေးပေ ကျွန်မအိမ်ပြင်ထွက်ဖို့လဲသော့မရှိတာကြောင့်အိမ်ထဲတနေရာမှာပုန်းနေဖို့ဆုံးဖြတ်လိုက်သည်
ထိုချိန်တွင်
"အမေ အမေ သိပ်တော့မနူးသေးဘူးစားလို့တော့ရပြီ မြည်းကြည့်ဦး"
ဟုဆိုကာ အမကအခန်းဘက်လျှောက်လာသည် မီးဖိုချောင်မှထိုအခန်းသို့ စတိုခန်းကျော်မှရောက်တာကြောင့် ကျွန်မရန်သူရဲ့အနီးဆုံးနေရာဖြစ်ပြီး သူတို့မထင်မှတ်ထားတဲ့နေရာတွင်ပုန်းဖို့ဆုံးဖြတ်လိုက်သည် ထိုနေရာကတော့အမေတို့အခန်းပင်
"အသက် "
ကျွန်မအမေ့ကုတင်နှင့်ဗီဒိုကြားတွင်ရှိသောဖျာလိပ်ထဲဝင်နေလိုက်သည် ဖျာလိပ်ကချောင်ကျတဲ့နေရာမို့သူတို့မတွေးမိလောက်ဘူးလို့ထင်တယ်
"ကောင်မ နင်ပြေးလွတ်မယ်မထင်နဲ့ ဒီအိမ်ထဲကတဖဝါးခွာတာနဲ့ နင့်ဗိုက်ထဲကကလေးပါအသက်ရှင်လိမ့်မယ်မထင်လိုက်နဲ့ ငါပြောတာကြားလား ကြားရင်အခုထွက်ခဲ့ "
ကျွန်မ ဗိုက်ကိုကိုင်ကာဆုတောင်းရင်းဘုရားစာသာရွတ်နေမိသည်( အရှင်ဘုရားတပည့်တော်မတို့သားအမိကိုဒီငရဲတွင်းထဲမှကယ်တော်မူပါ သော့်ကိုလဲအမြန်ဆုံးခေါ်လာပေးပါ)
အပြင်မှအသံများတိတ်သွားပြီး သံရိုက်သံလိုခြစ်သံလိုကြားရသည် အနီးနားမှအသံဖြစ်ပြီး တဖြည်းဖြည်းပိုနီးလာသည်
"အသက်ရေ ဘယ်မှာလဲညီမလေး "
အမကအခန်းထဲရောက်နေပြီဖြစ်သည် ကျွန်မခန္ဓာကိုယ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထားကာ အသက်မရှူမိအောင်နေနေပေမယ့်
"အာ့ အား မလုပ်ပါနဲ့ ဟင့် သော်ရေ သော် ဟင့်မသတ်ပါနဲ့ တောင်းပန်ပါတယ်"
အမကဖျာလိပ်အပေါ်မှကျွန်မဆံပင်ကိုဆွဲကာ တရွတ်တိုက်ဆွဲပြီးအပြင်ဘက်သို့ထုတ်လာသည် ခနနေတော့
" လင်ကိုတနေတယ်ဟုတ်လား အမေ့ ဒီကောင်မကိုဘယ်လိုလုပ်ရမလဲ ဒီထဲမှာအမေ့ချွေးမက"
"ငါလုပ်မယ် ငါ့ကိုပေး ငါ့ကိုပေး "
ကျွန်မအမေ့ကိုဖျာလိပ်ကြားထဲမှမြင်ရတဲ့အခါ အမေက ကလေးတယောက်လိုခုန်နေပြီး အမလက်ထဲမှသံတူရွင်းကိုယူကာကျွန်မဆီလျှောက်လာသည်
ဂျီ....ဂျီ ....ဖောင်း ...
"အား ....အ...မလုပ် ..အမေ မလုပ်ပါနဲ့ နောက်မလုပ်တော့ပါဘူး အမေ့..."
အမေကဖျာလိပ်ပေါ်မှကျွန်မခြေထောက်ကိုသံတူရွင်းနဲ့ရိုက်နေတာဖြစ်သည်
"နောက်ပြေးဦးမလား ပြေးဦးမလား ဟားဟား ရော့သမီး သမီးရိုက် "
ကျွန်မခြေထောက်မှအရိုးများကြေမွသွားသည်ဟုပင်ထင်ရသည် ကျွန်မအသက်ရှင်နေပေမယ့်ခြေထာက်တွေလှုပ်ရှားမရတော့
"ဒီတခါဘယ်ကိုရွေးရမလဲ အမ် ဒီကိုရော အသက် ဘယ်လိုလဲ"
ကျွန်မ၏ဗိုက်ကိုထိုးကာ ပြောနေတာကြောင့် ကျွန်မမရှိတဲ့အားကိုစုကာ ထိုဖျာလိပ်ထဲမှထွက်ခဲ့သည် အပြင်ရောက်တဲ့အခါကျွန်မခြေထောက်မှခံစားမှုမရှိတော့ ကျွန်မလှုပ်ရှား၍မရတော့
"မလုပ်ပါနဲ့ အသက်မပြေးတော့ပါဘူး ဟင့် ကျေနပ်ပါတော့ ကလေးကိုတော့မလုပ်ပါနဲ့အမရယ် တောင်း တောင်းပန်ပါတယ် "
"သော်လင်းပြန်မလာခင်နင့်အချိုးပြင်ထား မဟုတ်ရင် နောက်တခါဒီထက်ဆိုးမယ် ဒါနောက်ဆုံးဖြစ်ပါစေ သွား အဲ့အလောင်း နေရာကိုသေချာသန့်ရှင်းထား"
။။။။။။။။။။။။။
ကျွန်မအစာမစားရတာ ဒီနေ့ဆို၃ရက်တိတိရှိခဲ့ပြီး ရေခဲသေတ္တာထဲမှာ ဒေါ်ထားထားနှင့်ရဲ၏အသားများသာရှိသည် ရေအစားသွေးများသာရှိပြီး တခြားစားစရာဘာမှမရှိပေ ကျွန်မခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရပေမယ့် ကျန်တဖက်ကအပေါ်ကတစ်ဖက်နှင့်ခံနေ၍ မကျိုးသွားတာကြောင့်တော်သေးသည် အခန်းထဲတွင် မီးတစ်ချောင်းသာရှိပြီး အမေ့အတွက်စားစရာလာယူချိန်တချိန်သာ ကျွန်မအတွက်မီးချောင်းလဲပေးသည်
လစ်ဟာနေတဲ့ဝမ်းဗိုက်အတွက် ကျွန်မအတွက်ရွေးချယ်စရာမရှိခဲ့ အခန်းထဲမှဘေ့စ်ဘောတုတ်ကိုအမှီပြုကာ ရေခဲသေတ္တာဆီကျွန်မသွားခဲ့တယ်
ဖွင့်လိုက်ချင်း ဆိုးရွားလွန်းတဲ့အနံ့ကြောင့်ကျွန်မဘာမှမရှိတဲ့လေများသာအန်နေမိတယ် သွေးဗူးတဗူးယူပြီးအသက်အောင့်ကာ သောက်လိုက်မိတယ်
"အော့..အဟွတ် ..ဟင့် ...သော်..ကယ်ပါ.."
ကျွန်မထိုနေရာမှာလှဲကာ အမြန်သေသွားဖို့သာဆုတောင်းမိတော့တယ် ....

ထိုနေရာမှာအိပ်ပျော်သွားပြီး အသံတစ်သံကြောင့်ကျွန်မနိုးလာတယ်
"အသက်...အသက်.."
"ဟင် သော် သော်လားဟင်"

နောက်အပိုင်းလေးကဇာတ်သိမ်းလေးပါရှင်ခနနေတင်ပါ့မယ်ရှင့်
ချစ်သော readers လေးတွေ😘

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon