SandaKuu Is Selling
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SandaKuu Is Selling, Shopping Service, Yangon.
14/06/2026
Retinol Cream တစ်ဘူးကို တစ်သောင်းစွန်းစွန်းလေးနဲ့ သုံးရမဲ့အခွင့်အရေးမို့ လက်မလွှတ်တန်းယူကြပါရှင် 🥳
Shein မှာ No.1 Best Seller လူကြိုက်အများဆုံးဖြစ်နေတဲ့creamကို Sale ချနေတာမို့ တစ်ဘူးမှ 13500 နဲ့သုံးရမယ်ေနာ် 🔥🔥
✅ ဂျိုင်းမဲ၊ ဒူးမဲ ၊ တံတောင်ဆစ်မဲ ၊ ခြေဆစ်မဲတာတွေ အချိန်တိုအတွင်း ဖြူလာစေမဲ့ Retionol Brightening Cream ပါ
✅ မဲတဲ့နေရာ အကုန်လိမ်းလို့ရနော် နေလောင်တာတွေ အတွက်လိမ်းလည်း ပြန်လည်ဖြူ၀င်းလာစေတယ်
✅ Retinol ကြောင့် သိသာစေမဲ့အပြင် Hydration ပါပေးတာမို့ အသားအရည်ကို နူးညံ့စိုပြေလာစေပါသေးတယ်
Body အတွက်ပဲနော် Faceအတွက်မရပါ ❗️
Price - 13500
14/06/2026
( 5pcs )ပါ တစ်တွဲလုံးမှ 9500 ပဲပေးရမဲ့Kitchen cleaning Towels Sale📣📣📣
✔️Kitchen အတွက်မရှိမဖြစ်ပုဝါလေး❗
✔️Kitchen ထဲ ဝင်ရင် အဓိကက သန့်ရှင်းရေးလုပ်တဲ့ ပုဝါလေးတွေက မရှိမဖြစ်လေးနော် ❤️🔥
✔️ အသားလေးက ဆေးကြောသန့်စင်ရလွယ်ကူပြီး ရေခြောက်တာမြန်တာမို့ အိမ်တိုင်းရှိသင့်တာမို့ယူထားပါနော်❤️🔥
✔️ပန်းကန်ခွက်ယောက်၊ပုလင်း ၊ထမင်းချိုင့်တွေ ရေဆေးပြီး အလွယ်တကူ ခြောက်အောင်ဒါလေးနဲ့ သုတ်လို့ရတယ်ရှင်✅
✔️ပြတင်း ပေါက် အဝနဲ့ ဘီရို တွေ မှာကပ်နေတဲ့ဖုန်တွေ သုတ်လည်း အဆင်ပြေတယ်နော်❗
Sale Price -9500 (5pcs)❤️
13/06/2026
✨20500 ထဲနဲ့ ဒီလောက်လှတဲ့ဖိနပ်ကိုရမယ်ရှင်🫠
🌸 ပေါ့ပါးပြီး ဝတ်ရတာသက်တောင့်သက်သာရှိတယ်
🌸 တောက်ပတဲ့ Crystal Design လေးနဲ့ ခြေထောက်ကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်
🌸 Dress လေးနဲ့ပဲဖြစ်ဖြစ်၊ Jeans လေးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်လွန်းချက်😍
အရမ်းလှလို့ စီးလိုက်တာနဲ့ မချွတ်ချင်တော့မယ့် Item လေးပါနော်🩷🩷
Size - 36-37 , 38-39 , 40-41
Preorder 🥰
13/06/2026
ားသွင်းကြိတ်စက်ကိုမေးကြလွန်းလို့ရောင်းပေးအုံးမယ်🤗
Color - Navy Blue
🙆အိမ်ရှင်မတိုင်းရဲ့မီးဖိုချောင်မှာလိုအပ်တာလေးနော်
ဓါးက ဒလက်တွေအများကြီးနဲ့မို့ ကြေညတ်နေရောပဲ🙆
အသားငါး/ ကြက်သွန် /ငရုတ် ကြိတ်လို့အရမ်းအဆင်ပြေပဲ
Price - 18500
babyလေးတို့အတွက်အသီးအနှံပဲကြိတ်ကြိတ် ကြိုက်ရာအကုန်ကြိတ် ကြေညက်နေတာပဲနော်
Preorder 💕💕
13/06/2026
ကားလမ်းနဲ့သယ်လို့ရတုန်းလေးအရမ်းတန်တဲ့ရေဗူးလေးရောင်းအုံးမယ်♥️♥️
ရေဗူးဆိုဒ်က တအားနေရာစားလို့ Air နဲ့ဆို သယ်ပေးတဲ့သူက
မနောပျက်လို့မရောင်ပေးတော့တာ နေရာယူပြီး အလေးချိန်မပါတော့
သူတို့လဲစိတ်ကောက်တာပေါ့😆
ရေကို ရေဘူးလှလှလေးနဲ့ဆိုတော့ ပိုသောက်ဖြစ်တာပေါ့လို့🤪
Ice.Cream Bottle
Price = 15800 mmk(1300ml)
အရင်တစ်ခေါက်က 17500ရောင်းခဲ့တာနော်
အခုက Coupons လေးရထားလို့ ပိုသက်သာတာ
ဘယ်မှာရှာ၀ယ်၀ယ် 2သောင်းကျော်3သောင်း၀န်းကျင်တွေကြီးပဲ
ဒီဈေးရတုန်း ရောင်စုံယူထားမမှားဘူး
တအားချစ်ဖို့ကောင်းလို့ လက်ဆောင်ပေးရင် မျက်နှာရမှာ🥰
ရေသောက်ရမှာပျင်းတဲ့သူ / မ သောက်ဖြစ်တဲ့ သူတွေ အတွက် အရမ်းအဆင်ပြေတယ်
ဒါလေး တဘူးလောက်ဆောင်ထားရင်တော့ တနေ့အနည်းဆုံး ရေ 2 Liter တော့သောက်ဖြစ်ပြီ
ကျန်းမာရေးအတွက် အဆင်ပြေတယ်လေ..နော်
အားကစားလိုက်စားတဲ့သူ , workout လုပ်တဲ့
လူတွေအတွက် အဆင်ပြေစေတယ်. နော်
Detox Water လေးအနေနဲ့လည်း လုပ်သောက်လို့လဲရပါတယ်
စိတ်ရှုပ်စရာက Detox စိမ်တဲ့အခါ အရွက်တွေ အသီးတွေကို သောက်ခါနီးတိုင်း စစ်နေရတာပါပဲ
ဒီဘူးလေးကတော့ စိမ်ဖို့ အသီးလေးတွေ ပူစီနံလိုအရွက်လေးတွေထည့်ရတဲ့ အကန့်လေး သီးသန့်ပါတာမို့ သောက်ခါနီးရင် စစ်နေစရာမလိုတော့ဘူးရယ်နော်
Preorder 2လ၀န်းကျင်
မလောဘဲစောင့်နိုင်မှမှာပေးပါနော်သဲလေးတို့✨✨
13/06/2026
မြန်မာငွေ2သောင်းစွန်းစွန်းလေးနဲ့ High Quality ဖိနပ်လေးမို့ ရအောင်သာယူ🎉
🌸 ပေါ့ပေါ့ပါးပါးလည်း စီးချင်တယ်... Fashion လည်း မပျက်ချင်ဘူးဆိုရင် ဒီ Sandal လေးကိုသာ ရွေးလိုက်နော် 💖
ေးလို့ယူနေကြဆိုဒ်ထက်တစ်ဆိုဒ်တိုးယူပေးပါရှင့်‼️
Good Reviews တွေလဲမနည်းဘူးရတဲ့Itemလေးပါရှင့်🫠
Price - 23500
✨ အောက်ခံလေးကSoftဖြစ်လို့ ခြေထောက်မနာပဲ တစ်နေ့လုံး သက်တောင့်သက်သာစီးနိုင်တယ်
✨ Jeans, Dress, Shorts Skirt /Pant ဘာနဲ့တွဲတွဲ လှနေစေမယ့် Design
✨ Black / Red / Brown အရောင်လေးတွေက Outfit တိုင်းနဲ့ အလိုက်ဖက်ဆုံးလေးတွေပါရှင့်
💥 ဈေးတန်ပြီး Quality ကောင်းတဲ့ Item လေးမို့ အမြန်လေး လာမှာယူထားမှ စိတ်ချရမယ်နော် 🛍️
Size - 36, 37 , 38 , 39 , 40
ေးလို့တစ်ဆိုဒ်တိုးယူပေးပါရှင့်🙏
Preorder 🩷🩷
13/06/2026
ခြေထောက်လေး ဖြူဖွေးအုပြီး
သန့်”လေးဖြစ်ဖို့ - Silicone ခြေအိတ်လေး
အရမ်းအသုံးဝင်တာနော် 🫶🏻🥰
Foot Mask တွေဈေးကြီးပေးပြီးမသိသာရင်
ဒီလိုလေးပြောင်း Try ကြည့်နော်♥️
တစ်စုံမှ 7000တည်းပဲနော်
Quality အများကြီးရှိတဲ့အထဲမှ
အကောင်းကိုပဲရွေးရောင်းလို့ ဘယ်လောက်ဆွဲဆွဲ
မပြဲလွယ်ပါဘူးနော်
ခြေအိတ်ထဲကို Lotion / foot cream ထည့်ပြီးနှပ်ထားပေးနော် ခြေထောက်လေး အစိုဓာတ်ရပြီး
ဖွေးဖွေးလေး ဖြစ်စေတယ်
ခြေထောက် အသားမာတက်တာ
ခြေဖနောင့်ကွဲတာတွေ
တကယ်ကို သက်သာတာ👏🏻
တစ်ခါသုံးမဟုတ်ဘူးမဟုတ်တဲ့အတွက်
ရေးဆေးပြီးခဏခဏပြန်သုံးလို့လဲရ😍
Preorder 5/6Weeks🙏
13/06/2026
Gym Pantအတို Buy 1 Get 1မို့လို့ တစ်ထည်ဝယ်ပြီး ကြိုက်တဲ့ 1ထည် လက်ဆောင်ယူရှင့်🥰🥰
✨ ဝတ်လိုက်တာနဲ့ Body Shape ကို ပိုလှပပြီး ယုံကြည်မှုအပြည့်ရှိစေမယ့် Hip Lift Pants လေး ✨
💖 တင်ပါးပုံစံကို သဘာဝကျကျ ပိုမိုလှပစေတယ်
💖 ဗိုက်သားကို ထိန်းပေးပြီး ခါးလိုင်းကို ပိုသပ်ရပ်စေတယ်
💖 Elastic ကောင်းလို့ တင်းကျပ်မနေဘဲ သက်တောင့်သက်သာဝတ်ဆင်နိုင်တယ်
🔥 ဝတ်လိုက်တာနဲ့ ပိုပြီးအချိုးကျတဲ့ Body Shape ကို ရရှိစေမယ့် Must Have Item လေးပါရှင့် 🔥
Price - 16200 (Buy 1 Get 1)
13/06/2026
အရှည်3မီတာမို့ ကြိုးဖိုးပဲပေး😁
Extensionကြိုးလေးတောင်းဆိုကြလို့
ဈေးတန်ပြီးပစ္စည်းကောင်းတဲ့ ထိုင်းBrand လေးရှာပေးထားပြီ
အခုခေတ်မှာ ဒီလောက်အပေါက်စုံတဲ့ ထိုင်းထုတ် Extension ဆို
35000လောက်အနိမ့်လေးပဲ
မင့်ဆီ 17800တည်းနဲ့ရမယ်နော်
မူရင်း၀ယ်ဈေးတင် 38000 သယ်ခ အမြတ် မပါသေး
Coupons ရှိသလောက်ပဲဒီဈေးရမှာမို့
စဉ်းစားနေရင် တက်ဈေးနဲ့တိုးမယ်နော် မမတို့ညညတို့ရေ
အိမ်ကမီးဘုတ်က အပေါက်နည်းနေလို့
အားလုသွင်းနေရတယ်ဆို ဒါကိုယူချ🤭
ကာလာရွေးမရပါ
1ယူ2ယူ အခုပဲမန့်ပေးနော်😘😘
Price 17800
Preorder 6/8Weeks
13/06/2026
လက်ရှိ အခြေအနေနဲ့ ညီမတို့ အလုပ်လုပ်ပုံကို မသိသေးတဲ့ သူတွေအတွက် တချက်လေး ရှင်းပြပါရစေရှင်
"တန်ရမယ် မှန်ရမယ်"
ဒါ ညီမတို့ထားတဲ့ စံပါ
ညီမတို့စီက ရောင်းချပေးနေတဲ့ ပစ္စည်းတွေသည် Quality မှန်ရမယ် ၊ ပစ္စည်းမှန်ရမယ် ၊ ဈေးလည်း တန်ရမယ်
ဒီ့အတွက်ကြောင့် ဘယ်လောက် ပေါချောင်ကောင်းပဲရရ
စိတ်မချရတဲ့နေရာ ၊ အာမခံချက်မပေးနိုင်တဲ့နေရာကနေ ညီမတို့ ထမင်းငတ်သွားပါစေ ဘယ်တော့မှ ယူမရောင်းပါဘူး
ပစ္စည်းအားလုံးကို Official Store ကနေပဲ ယူရောင်းပါတယ်
အဝတ်အထည်လူသုံးကုန်ဆိုလည်း Quality သေချာစစ်ပြီးမှ ဝယ်ပေမယ့် ရောက်လာတဲ့အခါ အပြင် Quality က သူ့ဈေးနဲ့ မတန်နေဘူးဆို အရှုံးခံတာပါ
ဘယ်တော့မှ Customer စီ မပို့ပါဘူး
ဒါပစ္စည်းပိုင်းပါ
တန်ရမယ်ဆိုတဲ့နေရာမှာလည်း ညီမတို့က Customer လက်ထဲ ဈေးတန်တန်ထည့်ချင်တာမလို့ တကီလို 4 သောင်း 5 သောင်းပေးပြီး ဘယ်တော့မှ မသယ်ပါဘူး
ဆင်ဖိုးထက် ချွန်းဖိုးကြီးတဲ့ အလုပ်တွေ ညီမတို့ မလုပ်ပါဘူး
အဆင်ပြေတဲ့ လမ်းကြောင်းလေးရရင် ကီလို ရာချီပြီးတင်တယ်
ဇာတာကျနေရင် လမ်းမှာ လချီပိတ်ခံရတယ်
ဒါကြောင့်များသောအားဖြင့် လမ်းကြောင်းအခြေအနေမကောင်းရင် ကိုယ်တိုင် ပင်ပင်ပန်းပန်း Air Cargo ကို အသိမိတ်ဆွေတွေကို အကူအညီတောင်းပြီး အဆင်ပြေတဲ့ဈေးလေးရမှ ပို့ပါတယ်
Air Cargo ဆိုတာလည်း သိတဲ့အတိုင်းပါ တမျိုးကို 3-4 ခုထက် ပိုထည့်လို့မရပါဘူး
ညီမတို့ဘက်က အပြီးအစီး တကိုယ်စာ Luggage လေးတွေပြင်ပြီး ထည့်ပေးရပါတယ်
ဒါကြောင့် ရာချီပြီး ရောင်းရတဲ့ ပစ္စည်းတွေမှာ နည်းနည်းစီသယ်ရတာမလို့ ရောက်တာလေးတွေကို အစဉ်လိုက်တိုင်းပို့တဲ့အခါ ကြန့်ကြာမှုလေးတွေရှိတတ်ပါတယ်
ဒါ သယ်ယူပို့ဆောင်ရေးအပိုင်းပါ
ဒီနောက်ဆုံးအပိုင်းကိုတော့ ရင့်တယ် မထင်စေချင်ပါဘူး
အကျိုးသင့် အကြောင်းသင့်ရှင်းပြဖို့ လိုလို့ ထည့်ရေးတာပါ
ညီမတို့သည် စရပ်တည်လာတဲ့ 2021 ထဲကနေ ခုချိန်ထိ (သိန်းဆယ်ကြီးဝယ်တဲ့ Customer တချို့ကလွဲလို့) ၅ နှစ်တာ ကာလအတွင်း ဘယ် Customer ကိုမှ ပစ္စည်းမရောက်မချင်း ငွေတပြားတချပ်မှ ကြိုမယူပါဘူး
ဘာလို့မယူလဲဆိုတော့ အခြေအနေအရပ်ရပ်ကြောင့် ပစ္စည်းကြန့်ကြာနေတဲ့အခါ "မရောက်သေးဘူးလား" ထက်ပိုပြီး ဘယ်သူ့နင်ပဲငစပြောတာမှ မခံနိုင်လို့ပါ (တချို့တွေ စကားပြောပုံ တော်တော်လွန်လို့ ဒါအရိုးသားဆုံး ရှင်းရှင်းပြောတာပါ)
ဒီ့အပြင် ညီမတို့ ပြောထားတာထက် ပစ္စည်းအရမ်းကြာသွားခဲ့ရင်လည်း လွတ်လပ်စွာ Cancel ပေးလုပ်ပါတယ်
Live ရောင်းတဲ့အခါတောင် ယူမယ် တစာစာအော်ပြီး ပျောက်သွားတဲ့သူတွေ ဒုနဲ့ဒေးပါ
တခါမှလည်း ဘယ်သူ့ကိုမှ Cancel လို့ ၊ ပစ္စည်းမယူလို့ဆိုပြီး နာမည်တက်မဖျက်ဖူးပါဘူး
ညီမတို့ ဘယ်တော့မှ စကားပြောမရင့်ပါဘူး
အမြဲ ပြေလည်အောင်ပဲ တောင်းပန်ဖြေရှင်းပါတယ်
ဝန်ထမ်းတွေကိုလည်း ဒီလိုပဲ သင်ထားပါတယ်
ညီမ ဒီလုပ်ငန်းလေးကို စီးပွားဖြစ်လုပ်တာမဟုတ်ပါဘူး
ပစ္စည်းကောင်း မှန်မှန်ကန်ကန်ကို ဈေးတော်တော်လေးနဲ့ ရရင်ကို ပျော်ရမယ့် အခြေအနေရောက်နေတဲ့ ကိုယ့်နိုင်ငံက စားသုံးသူတွေ အဆင်ပြေစေချင်တဲ့ စေတနာက နံပတ် ၁ ပါ
ပြီးတော့ ညီမဝန်ထမ်းလေးတွေ အပိုဝင်ငွေရအောင် ဖန်တီးပေးထားတဲ့ လုပ်ငန်းလေးပါ
ညီမအတွက် ရင်းရတဲ့ငွေ ၊ Risk ၊ ရှုပ်ရတဲ့စိတ် ၊ သုံးရတဲ့ လူအင်အား ၊ ပြန်ရတဲ့ အမြတ်ပမာဏကိုသာကြည့်ပြီး စီးပွားရေးဆန်ဆန်လုပ်မယ်ဆိုရင် ဒီလုပ်ငန်းက ရပ်ထားတာ ကြာလှပါပြီ
ကုသိုလ်လည်းရ ဝမ်းလည်းဝ Run နေတာမလို့ ဒီလောက်သက်တမ်းရှည်နေတာပါ
ဒါ ချေမိုးပြီးပြောတာမဟုတ်ပါဘူး
ကိုယ့်ဘက်က စေတနာထားတာလေးကို မီးမောင်းထိုးပြပြီး တဖက်ကလည်း နားလည်ပေးတာမျိုးလေးကို မျှော်လင့်လို့ပါရှင်
အချုပ်ပြောရရင်တော့ ဈေးတန်တာ ပစ္စည်းစိတ်ချရတာလိုချင်တယ်ဆိုရင် ညီမတို့စီမှာ အဆင်ပြေပါတယ်
နောက်တခု လောတယ် Cargo ခ ဘယ်လောက်ကျကျ သယ်ချင်တယ်ဆိုလည်း ပြောပါ ချက်ချင်းစီစဉ်ပေးမယ် ***
မဟုတ်ဘူး တန်လည်းတန်ချင်တယ် မှန်လည်းမှန်ချင်တယ် အချိန်ကွက်တိလည်းလိုချင်တယ် ဈေးလည်း ပိုမပေးနိုင်ဘူး ဆိုရင်တော့ အဆင်မပြေလောက်ပါဘူးလို့ အသိပေးပါရစေရှင်
နောက်ဆုံးတော့ ယနေ့ချိန်ထိ စိတ်ရှည်နားလည်ပေးပြီး အားပေးကြသော Customer အရောက်စီတိုင်းကို ညီမတို့ Team က ဦးထိတ်ပန်ဆင်ပြီး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်း ပြောရင်း ဒီအကြောင်းကြားစာလေးကို နိဂုံးချုပ်ပါရစေရှင် 🙏💕
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11041