Challenge Gym

Challenge Gym

Share

Challenge Gym is ready for your beautiful, healthy life & body call-09420021383

04/06/2026

🙈🙈🙈

လစ်ရင်လစ်သလို တွယ်ရမှာဘဲ🤪🤪

13/05/2026

🔴 Gym ဆော့နေရင်း Mood out သွားလို့ ဆက်မသွားတော့ဘူးဆိုသူများအတွက်

Gymတော့သွားပါရဲ့။ ၃လ၊ ၆လလောက်လည်း ကျော်ရော မသွားချင်တော့ဘူးဆိုတဲ့ သူတွေ၊ Gymသွားပြီး ပြောင်းလဲမှုနှေးတယ် ထင်နေတဲ့သူတွေအတွက် နည်းနည်းဆွေးနွေးပေးမယ် 💪

(၁) Gymမှာ အချိန်အကြာကြီးဖြုန်းနေမိလား❓

Gymမှာ ၃နာရီလောက်ဆော့ရင် တစ်နေ့မှ ၃နာရီမပေးနိုင်ရင် ဆော့မရဘူးထင်သွားရော။ ဒီတော့ နည်းနည်းမအားတာနဲ့မသွားဘူး။ ဒါပါပဲ။
🟢 _(ဒီတော့Gymမှာ တစ်ကယ်ဆော့ရင် ၁နာရီဆိုလုံလောက်ပါတယ်မိတ်ဆွေ)✔️

(၂) Programတစ်ခုကို ရေရှည်ဆော့နေလား ❓

ဒါချည်းပဲ နှစ်နဲ့ချီရင် ပျင်းမှာပဲလေ နော်။ ဒီတော့ ပျင်းတယ် ပျင်းရင်မသွားဘူးဗျာ။ ဟုတ်လား။
🟢_ (အပြောင်းအလဲလေး လုပ်ကြည့်ပါမိတ်ဆွေ)✔️

(၃) ခဏခဏ ဝိတ်ချိန်နေလား ❓

မိန်းကလေးတွေ သတိထားပါ။ နေ့တိုင်းချိန်တယ်။ မပြောင်းဘူးဆိုပြီး ပန်းနုသွေးတယ်။ Dဝင်တယ်။ Gymကိုစိတ်ကောက်ပြီး မသွားဘူး။
🟢_( ၁လ ၁ခါ ချိန်ရင် လုံလောက်ပါတယ် အမိတို့)✔️

(၄) Crash Dietတွေ စားမိနေလား❓

မိတ်ဆွေက အလွန်အကျွံ ထမင်းဖြတ်၊ ညစာဖြတ် စတာတွေလုပ်နေရင်တော့ လူက weakလာပြီး စိတ်အဆင်မပြေရင် Mood Outပြီး အနားယူသွားရနိုင်ပါတယ်။
🟢_( အဓိက အချို၊အဆီအဆိမ့်တွေလျော့စားပေးနော်)

(၅) ဘူကောင်တွေ အနားမှာရှိနေလား❓

ဥပမာပေါ့ဗျာ _မလှသေးလို့ Gymမှာ လာကြိုးစားနေပါတယ်ဆိုကာမှ မြင်တာနဲ့ “ဟယ်…ဗိုက်မကျဘူး” တို့ “🍼ပြားသွားတယ်” “🍑ရှူးသွားတယ်” ဘာညာပြောနေရင် သင်ပါ ဘူပြီး Motiပျောက်သွားမှာပါ။
🟢_( လက်ခလယ်ထောင်ပြပြီး ရုန်းထွက်ခဲ့လိုက်ပါ)😎

(၆) ရက်ရှည်Gymပျက်မိသွားလား❓

မိတ်ဆွေက Gymကို အစပြုပြီးပြီဆို ဘယ်လိုမအားပါစေ။ နာရီဝက်လောက်တော့ ကိုယ်ကစားရမယ့်ရက်မှာ ဖြစ်အောင်ကစားပါ။ မိတ်ဆွေ ၁၀ရက်ကျော်အောင် နားလိုက်တာနဲ့ မိုတီပျောက် Gymအပြင်ရောက်ပြီသာမှတ်ဗျို့။ 😉

✅ ပုံမှန်စားနိုင်တဲ့ Dietကိုစားပါ။
✅ Blamersတွေကို ရှောင်ခဲ့ပါ
✅ ရက်ရှည် Gymမပျက်ပါနဲ့။

အပေါ်က အချက်တွေကို ခေါက်တုံ့ခေါက်ပြန်ဖတ်ကြည့်ပါ။ သင်လုပ်
မိနေတာ ဘယ်နှချက်ပါလဲ။ ပါနေရင် ပြင်ကြည့်ပါ။ အချိန်တိုတွင်းသိသာစေတဲ့ ရလာဒ်တွေရလာပါလိမ့်မယ် ။

01/05/2026

Happy Birthday Sir.AungZinPhyo😬

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ဒီထက် ပို ဂေါက်နိုင် ပေါနိင် ပါစေ😬😬

29/04/2026

မနက်ဖန် 30.4.2026(ကြာသပတေး)နေ့တွင် ကျရောက်သော ဗုဒ္ဓနေ့ ကဆုန်လပြည့် တွင် Challenge Gym အား တစ်ရက် ပိတ်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင်

1ရက်နေ့မှာ ပြန်တွေ့မယ်နော် 🥰🥰🥰

22/04/2026

CG memberများအားလုံးပဲမင်္ဂလာပါရှင်

Challenge Gym membership လစဉ်ကြေးစျေးနုန်းလေးတွေ
1.5.2026 မှစ၍ a little ပြောင်းလဲပါတော့မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင်💪🏻💪🏻

ဒါကြောင့် ယခုလ (30.4.2026)ရက်နေ့အထိ
စျေးနှုန်းမပြောင်းခင်လေး
ကိုယ့်မန်ဘာတို့
မူရင်းစျေးနှုန်းအဟောင်းလေးအတိုင်း ကြိုသွင်းထားလို့ရပါပြီနော်

ပုံထဲက စျေးနုန်းလေးတွေက update price ပါရှင်

Pt ကြေးကတော့ မပြောင်းမလဲ အရင်
အတိုင်းပါဘဲရှင့်

ဆိုင်လိပ်စာ
အမှတ်(၄၃၉)၊သမိုင်း(၁)ရပ်ကွက်၊မြို့ဟောင်း(၈)လမ်း(ဒုတိယအဖြတ်)၊မရမ်းကုန်းမြို့နယ်

Ph : 09420021383

18/04/2026

CG memberများ၏ သင်္ကြန်ပြီးအခြေအနေ🫠🫠😬😬😂😂

11/04/2026

သင်္ကြန်ပိတ်ရက်ကြေငြာခြင်း

CG member တို့ရေ
နှစ်သစ်မှာစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပြီး အသက်ရှုတိုင်းငွေဝင်ပါစေနော်

မင်တို့ Challenge Gym အား
(13.4.2026) သင်္ကြန်အကြိုနေ့
မှ
(17.4.2026)နှစ်ဆန်းတစ်ရက်နေ့ ထိ
သင်္ကြန်ပိတ်ရက်များအဖြစ် Gymပိတ်ပါမည်ရှင်

နစ်ဆန်းနစ်ရက်နေ့ကစပြီး အရင်အတ်ိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါတယ်ရှင့်

ပြန်လည်ဖွင့်လှစ်သည့် နစ်ဆန်းနစ်ရက်နေ့တွင်
လာရောက်သောသူများအား ရက်အစားပြန်လည်ပေးအပ်ပါမည်။
ရက်အစား အမှီလိုအပ်ခဲ့ရင် အဲ့ဒီနေ့လေးလာခဲ့နော်

နောက်နေ့ ရတော့ဘူးနော် 🙈🥰🥰😬

CG memberများအားလုံး ၂၀၂၆သင်္ကြန်မှာ သေချာလေး ပျော်ခဲ့ကြပါရှင့်🥰

Happy Myanmar Thingyan 2026

See u again 🥰🥰🥰

16/03/2026

နေအုံး တွက်ပြမယ် 😬😬

11/03/2026

ဝိတ်ချ (အဆီချ) နေသူတိုင်း သိထားရမဲ့
အခြေခံသဘောတရား (3)ချက်

#1 ဝဖူးတဲ့လူက_ပြန်ဝဖို့လွယ်တယ်

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အဆီအိတ်လေးတွေ ရှိတယ်။
နေ့စဉ်စားသောက်တာတွေဟာ ခန္ဓာကိုယ်က သုံးတာထက်
ပိုတဲ့အခါ အဆီအိတ်အသစ်လေးတွေ ခန္ဓာကိုယ်ထဲမှာ
ဖြစ်လာတယ်။

ဝိတ်တက်လာလေ၊ အဆီအိတ်အသစ်လေးတွေ
များလာလေ၊ ပိုဝလာလေပေါ့။

ဒါပေမယ့် လေ့ကျင့်ခန်းတွေလုပ်၊ Diet တွေလုပ်ပြီး
အဆီချဖို့ Lifestyle ပြောင်းလိုက်တဲ့အခါ
ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်တွေကို
အဆီအိတ်လေးတွေဆီကယူသုံးမယ်၊ ပြီးရင်
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ပြောင်းပြစ်လိုက်တယ်။

ပြောရရင် အသက်ရှူထုတ်၊ ချွေးထွေအဖြစ်
ထုတ်လိုက်တာဖြစ်တယ်။
ဒါပေမယ့် ဒီနေရာမှာ သုံးလိုက်တဲ့ အဆီအိတ်လေးတွေက ပိန်ရှုံ့သွားတာပဲဖြစ်ပြီး ပျောက်သွားတာ မဟုတ်ဘူး၊
အိတ်အခွံအဖြစ်ကျန်ရှိနေအုန်းမယ်။

ဒါ့ကြောင့် အရင် ဝဖူးတဲ့လူတစ်ယောက်ဟာ အစား လိုတာထက်ပိုစားမိတဲ့အခါ အလွယ် Weight ပြန်တက်လာမှာမလို့ Weight ထိန်းတဲ့အခါ သာမန်လူတွေထက် ပိုသတိထားရတယ်။
____________

#2 အဆီကျတဲ့အခါ ဘယ်အစိတ်အပိုင်းတွေက အရင်ကျသလဲ ?

ဘယ်နေရာအရင်ကျသလဲ မပြောခင် ဘယ်နေရာကျဖို့ ခက်လဲဆိုရင်

➡️ ယောက်ျားလေးဆိုရင် ဗိုက်
➡️ မိန်းကလေးဆိုရင် တင်ပါး၊ ပေါင်

နေရာတွေဟာ အဆီကျဖို့ အရမ်းခက်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တူညီမှာတော့ မဟုတ်ပေမယ့် ဒီနေရာတွေဟာ အဆီချရခက်တဲ့၊ ခေါင်းမာတဲ့နေရာတွေပေါ့။

" ဒီနေရာပြီးသွားရင် ဒီနေရာကျမယ် "လို့

100% ပြောနိုင်တာမျိုး မရှိပေမယ့် နောင်အဖြေတစ်ခုက

#နောက်ဆုံးအဆီတက်တဲ့နေရာဟာအရင်ဆုံးအဆီပြန်ကျမယ့်နေရာ လို့ခန့်မှန်းနိုင်ပါတယ်။

ဥပမာ -
ဝတာတော့ ဝလာနေတာပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး မျက်နှာကြီး ဖောင်းလာတာ၊ လက်မောင်းကြီးတုတ်လာတာမျိုး ရှိခဲ့ရင် အဆီချတဲ့အခါ အဲမျက်နှာတို့၊ လက်မောင်းတို့က အရင်ကျပါလိမ့်မယ်။

•ဗိုက်ပူလာတယ်၊
•ပေါင်တွေတုတ်လာတယ်၊
•လက်မောင်းကြီးလာတယ်၊
•မျက်နှာဖောင်းလာတယ် ဆိုရင် အဆီချတဲ့အခါ

-မျက်နှာပြန်သွယ်လာမယ်
-လက်မောင်း နည်းနည်းပြန်စစ်လာမယ်
-ပေါင်တုတ်တာ ဘောင်းဘီထဲ ပြန်ချောင်လာမယ်
-ဗိုက်ဖြေးဖြေးချင်း ပြန်ကျလာမယ်

နေရာစုံက မျှပြီး တဖြေးဖြေးချင်း ကျမယ်။ နောက်ဆုံး Body fat

➡️ ယောက်ျားလေးဆို 12-14% ဝန်းကျင်
➡️ မိန်းကလေးဆို 18-22% ဝန်းကျင်

အထိ အဆီကျလာတဲ့အခါ ခန္ဓာကိုယ်က Lean ဖြစ်ပြီး နေရာစုံမှာ ကျစ်ကျစ်လျစ်လျစ်အဖြစ်ကို ရောက်ပြီ။

____________

#3 ဒါတွေသိထားတော့ ဘာထူးသွားသလဲ ?

အဆီရဲ့ သ​ဘော​တရား၊
အဆီကျတဲ့ နေရာတွေ၊
တဖြေးဖြေး ဘယ်လိုတွေကျမယ်၊

ကိုယ်က ဘာရလဒ် Result ကိုမျှော်မှန်းနိုင်မလဲ သိထားတဲ့အခါ လေ့ကျင့်ခန်း Workout လုပ်ရတာ ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်။

နေရာစုံကနေ မျှတပြီး အဆီကျပါလားသိထားတော့

" ဟာ၊ လက်မောင်းတွေလုပ်တာ လက်မောင်းအဆီကျမလာပါလား "

" ခါးလှည့်တာ ခါးလဲ သေးမလာဘူး "

" ဗိုက်ကိုလုပ်တာ ဗိုက်လဲရှပ်မလာဘူး "

ဆိုပြီး စိတ်ဓာတ်တွေ မကျတော့ဘူး။

" ဗိုက်ရှပ်ဖို့ဆိုတာ ကိုယ်မမြင်ရတဲ့ ပေါင်တွေ၊ ကျောတွေ၊ မျက်နှာတွေမှာ တဖြေးဖြေးကျဖို့ စောင့်ရအုန်းမှာပဲ။

ပေါင်ချိန်ကျနေသရွေ့၊ ပိုသန်မာလာသရွေ့ ကိုယ်ဟာ လမ်းကြောင်းပေါ်ရှိတယ်။ "

ဒီအသိမှန်မှန်နဲ့ စိတ်ရှည်ပြီး ဆက်ကြိုးစားမယ်။ ဒါမှလဲ တစ်ကယ် Fit တဲ့ထိ ပြောင်းလဲနိုင်မှာ။

မယုံမေးကြည့်၊ အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က

"Workout ဘာလို့ဆက်မလုပ်တော့တာလဲ"

ဆိုရင် ကိုယ်မှန်းထားသလို ဗိုက်မရှပ်လာလို့၊ လက်တွေကျစ်မလာလို့ စိတ်ပျက်ပြီး မလုပ်ဖြစ်တာချည်းပဲ။

ဘာကို လက်တွေ့ကျကျ Expectation မျှော်မှန်းရမယ်မသိတာက တစ်ကယ့်တရားခံပေါ့။

အခု အဆီဘယ်လို တစ်ဆင့်ချင်းကျလဲသိပြီးပြီဆိုတော့ မလိုပဲ စိတ်မညစ်ရတော့ပါဘူး



________

02/03/2026

ကြိတ်ခံနေအုံးမှာ ဒါမျိုးတော့😬😬😬

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 06:30 - 20:30
Tuesday 06:30 - 20:30
Wednesday 06:30 - 20:30
Thursday 06:30 - 20:30
Friday 06:30 - 20:30
Saturday 06:30 - 20:30