Good electronic

Good electronic

Share

GOOD TV ပြုပြင်ရေး

LCD/LED TV, Microwave Oven, Air fryer,
Indention cooker, Inf

Photos from Good electronic's post 09/02/2026

TRI-G hybrid solar inverter
Model: TG-HYM-241032 ( 3200W)
Fault: Inverter output fail

နယ်မှ ပြုပြင်ပေးရန်အတွက် ပေးပို့လိုက်သော ပြင်ဆိုင်ပြောင်း အလုံးလေးဖြစ်ပါတယ်။

မူလ ပြစ်ချက် အင်ဗာတာအထွက်မရ
( Bus soft start error) ဖြစ်ပြီး

လောင်ကျွမ်း ပစ္စည်းများကိုအသစ် လဲလှယ်ပြုပြင်ပြီး၊ inverter အထွက်ရလာပြန်သော်လည်း

ထပ်ဆင့် တိုးပြစ်ချက် အဖြစ်
AC charging မရ
Solar charging မရ ပြစ်ချက်ကျန်ရှိနေပါတယ်။

ကျန်ရှိသော အပြစ်များကိုပါ ဂရုတစိုက် အသေအချာပြုပြင်ပေးလိုက်ရတဲ့ inverter လေးပဲဖြစ်ပါတယ်။

မပြုပြင်ရသေးမှီပုံနှင့် ပြုပြင်ပြီး ကောင်းမွန်သွားသော်ပုံများကိုအောက်တွင်ဖော်ပြပေးထားပါတယ်။

လူကြီးမင်းတို့၏ အိမ်သုံး Solar hybrid inverter များကို Original spare parts များဖြင့် မူလအရည်အသွေးအတိုင်းပြန်လည်ကောင်းမွန်အောင် ဈေးနူန်းချိုသာစွာဖြင့် ပြုပြင်ပေးလျှက်ရှိပါသည်။

🧰🧰 GOOD တီဗီနှင့် အင်ဗာတာပြုပြင်ရေး🧰🧰
☎️ 09 518 24 41 ☎️.

မဟာဗန္ဓုလ လမ်းမကြီး နှင့် ၁၂လမ်း ထောင့်၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

နေ့စဉ် နံနက်၉နာရီ မှ ညနေ၆ နာရီအထိ လာရောက်ပြုပြင်နိုင်ပါသည်။

27/01/2026

မင်္ဂလာပါ မိတ်ဆွေတို့ရေ။ Error ပြပြီးသုံးမရတဲ့ Philip Airfryer လေး GOOD ELECTRONIC နဲ့ တွေ့တော့ ကောင်းမွန်သွားပါပြီ။ GOOD ELECTRONIC SERVICE မှာ Airfryer brand မျိုးစုံကို မူလquality အတိုင်း ကောင်းမွန်အောင် ပြုပြင်ပေးနေပါပြီ။
GOOD ELECTRONIC
Airfryer နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေး
မဟာဗန္ဓုလလမ်း၊ 12လမ်းထိပ်၊ လမ်းမတော်မြို့နယ်။
☎️095182441

11/12/2025

🚨သတိထားပါ။ Timer ကို" 0" အမှတ်ပြန်ချဖို့ မမေ့ပါနဲ့။🚨
🍒Timerပါသော microwave oven များကို အများအားဖြင့် manual microwave များလို့ ခေါ်ပါတယ်။
ထို microwave များတွင်ပါသော Timerသည် သံပါတ်နဲ့ မဟုတ်ဘဲ motor နဲ့ အလုပ်လုပ်သော အမျိုးစားဖြစ်သည်။

🍒သံပါတ်timer အများစုသည် airfryer တွင် အသုံးများသည်။ သံပါတ်timerသည် မီးလာချင်းမလာချင်းနဲ့ မဆိုင်ပါ။ timerကိုလှည့်ပြိးရင် 0အမှတ်သို့ တဖြည်းဖြည်းနောက်ပြန်လည်သွား‌သောအမျီုးစားဖြစ်သည် ။ သို့သော် Airfryer ‌Timerကို နောက်ပြန် လှည့်ရင် ပင်နယံပျက်စိးတတ်သည်။

🍒အခုပြောချင်တာက microwave timer အကြောင်းပါ။ microwave timerသည် motor နဲ့ အလုပ်လုပ်ရသောကြောင့် timerပေးပြီး မီးပျက်သွားခဲ့သော် Timer သည် ရောက်တဲ့ နေရာကို 0 အမှတ်ထိ ပြန်မဆင်းဘဲ ရပ်နေပါလိမ့်မယ်။

🍒Microwave timerပေးပြီး မီးပျက်သွားသောအခါ အချို့သော မိတ်ဆွေတို့သည် microwave အတွင်းမှ နွေးချင်သော ဟင်းပန်းကန် သို့မဟုတ် ထမင်းပန်းကန်ကိုသာ ထုတ်ယူပြီး microwave timer ကို 0 အမှတ်ရောက်အောင် နောက်ပြန် လှည့်ဖို့ မေ့လျော့တတ်ပါတယ်။

👉အချိန်တခု ကြာလို့ မိးပြန်လာသော အခါ microwave မှာ timer ပေးပြိးသားဖြစ်နေသောကြောင့် microwave function အလုပ်လုပ်သောကြောင့် စက်အတွင်းတွင် food မရှိဘဲ စက်ကို မောင်းသလို ဖြစ်သဖြင့် မီးခိုးများ ထွက်လာပြီး wave guide လောင်ချင်း ၊ magnetron ပျက်စိးခြင်း ၊အဆိုးဆုံးမှာ ပါဝါမလာတော့တာမျိုးဖြစ်သွားတတ်ပါတယ်။👈

🍒အကောင်းဆုံးနည်းလမ်းကတော့ microwave ထဲက ပန်းကန် အပြိးထုတ်မယ်ဆိုလျှင် Timer ကို 0အမှတ်ထိရောက်အောင် ပြန်လှည့်ပေးဖို့ လို အပ်ပါတယ်ဆိုတဲ့ အကြောင်းရေးသားလိုက်ပါတယ်။

🟡GOOD ELECTRONIC 🟡
MICROWAVE နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေး
မဟာဗန္ဓုလလမ်းနှင့် 12လမ်းထိပ်၊ လမ်းမတော်မြို့နယ်။
☎️095182441

Photos from Good electronic's post 28/10/2025

Hisense Smart Android TV
Model: 43A6200F
Fault: No picture ( backlight error)

Hisense 43" ရုပ်မပေါ်အသံကြား နောက်ခံအလင်းပေးပိုင်းပျက်သွားသော တီဗီပြုပြင်ပြီး ကောင်းမွန်သွားပုံဖြစ်ပါတယ်။

လူကြီးမင်းတို့၏ အဖိုးတန် Smart Android TV အမျိုးမျိုးကိုအထူးပြုပြင်ပေးလျှက်ရှိပါတယ်။

📺📺 GOOD TV repair service 📻📻
☎️ 09 518 24 41 ☎️

🚗နေ့စဉ် နံနက် 🕘 မှ ညနေ 🕕 အထိလာရောက်ပြုပြင်နိုင်ပါသည်။ 🚗

🌏မဟာဗန္ဓုလလမ်းမကြီးနဲ့ ၁၂လမ်းထောင့် ၊လမ်းမတော်မြိုနယ်၊ ရန်ကုန်မြို့။🌏

Photos from Good electronic's post 28/10/2025

မြို့နယ်အသီးသီးမှ

⚠️01 error
⚠️03 error
⚠️06 error
⚠️08 error
⚠️09 error
⚠️21 error
⚠️56 error
⚠️58 error
❗No power❗ ........ အစရှိသည့် ပြစ်ချက်များ ကို ပြုပြင်ပေးရန်အတွက် ပေးပို့ လာသော solar hybrid inverter များပဲဖြစ်ပါတယ်။

🧰GOOD တီဗီ နှင့် အီလက်ထရောနစ်ပြုပြင်ရေး🧰
မှ
လူကြီးမင်းတို့၏ Pure Sine wave / Solar hybrid inverter အမျိုးမျိုးကို ဈေးနူန်းချိုသာစွာ original spare parts များဖြင့် မူလ အရည်အသွေးအတိုင်းရရှိအောင်လက်ခံ ပြုပြင်ပေးနေပါတယ်။

နေ့စဉ် နံနက်၉နာရီ မှ ညနေ၆ နာရီ အတွင်းလာရောက်ပြုပြင်နိုင်ပါသည်။

☎️☎️☎️ 09 518 24 41☎️☎️☎️

မဟာဗန္ဓုလလမ်းမကြီး နှင့် ၁၂လမ်းထောင့် ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

27/10/2025

⭐မင်္ဂလာပါ မိတ်ဆွေတို့ရေ ....
GOOD Electronic မှာ Airfryer brand မျီုးစုံကို အာမခံပေး၍ မူလquality အတိုင်း ကောင်းမွန်အောင် ပြုပြင်ပေးနေပါပြီ 👍

♦️GOOD ELECTRONIC
လျှပ်စစ်ပစ္စည်းပြုပြင်ရေး♦️
မဟာဗန္ဓုလလမ်းနှင့် 12လမ်းထိပ် ၊ လမ်းမတော်မြို့နယ်။ ☎️095182441

Photos from Good electronic's post 21/09/2025

Hisense 43" Smart Android Led TV
Model: 43A4G
Fault: No power ( ပါဝါမလာ)

Panasonic 40" Led Tv
Model:TH-40A400S
Fault: standby red led blinking & backlight error
( မီးနီမှိတ်တုတ်ဖြစ်၊ Led backlight ပိုင်းပျက်)

အထက်ပါTV ၂လုံးကိုပြုပြင်ပြီးကောင်းမွန်သွားပုံတို့ကိုဖော်ပြပေးလိုက်ပါတယ်။

လူကြီးမင်းတို့၏ အဖိုးတန် TV များကို

🛑🛑🛑 GOOD တီဗီနှင့် အင်ဗာတာပြုပြင်ရေး🛑🛑🛑
☎️☎️☎️ 09 518 24 41 ☎️☎️☎️
ဈေးနူန်းချိုသာစွာနဲ့အထူးပြုပြင်ပေးလျှက်ရှိပါတယ်။

နေ့စဉ် နံနက် ၉နာရီ မှ ညနေ ၆နာရီအတွင်းလာရောက်ပြုပြင်နိုင်ပါတယ်။

မဟာဗန္ဓုလလမ်းမကြီးနှင့် ၁၂လမ်းထောင့် ၊လမ်းမတော်မြို့နယ်၊ ရန်ကုန်။

Photos from Good electronic's post 21/09/2025

# # #မိုက်ခရို့ ဝေ့လ် မီးဖို ( microwave oven ) # # #

အသုံးပြု သူများအတွက် ရေရှည်ခံ သက်တမ်းပြည့်
အသုံးပြုနိုင်အောင်သုံးစွဲနည်းများကို လမ်းညွှန်ပေး
ချင်ပါတယ်။🌞

မိုက်ခရို့ဝေလ် မီးဖိုအလုပ်လုပ်ပုံ သဘောတရားကိုလဲ
အတိုချုံးပြောပြလိုပါတယ်။

သားငါး အသီးအရွက်များ စက်အတွင်းထည့်သွင်း
ချက်ပြုတ်ရာ မှာ စတီး၊သံ၊ သတ္တု ပန်းကန် ဇွန်း ဇလုံ များ၊ ငါးကင်၊အသားကင်ခဲပတ် ခေါ် aluminum foilများ
ထည့်သွင်း အသုံးမပြုရပါ။

ရှော့ ဆာ့ကစ် ဖြစ်ကာ မီးပွားများ ပွင့်ထွက်ပြီး
Microwave oven ပျက်စီးနိုင်ပါတယ်။

စတီး၊သံ‌ ၊သတ္တု ၊ ခဲပတ်နှင့်ပြုလုပ်ထားသော အရာမှန်သမျှ စက်အတွင်းထည့်သွင်းအသုံးမပြုသင့်ပါ။ဖန်၊ ကြွေ ၊ မြေ ၊ ဖြင့် ပြုလုပ်ထားသော ပန်းကန်၊ခွက်၊ ဇလုံ များဖြင့်သာ အသုံးပြုနိုင်ပါတယ်။

စက်အတွင်း ဘေးညာ ဘက် လေးထောင့်အရွယ် ( wave guide cover ) ရှိပါတယ်။

4"× 3" ပတ်လည် အရွယ်အစားရှိ wave guideကို အချက် အပြုတ်လုပ်ပြီးသည့်
အခါတိုင်း

၎င်းပေါ်တွင် ပေကျံ ၊ တင်ကျန်နေ‌တတ်သော
ဆီ နှင့် သားငါးဟင်းရွက် အပိုင်းအစ များကိုလဲ
သန့်ရှင်းရေးလုပ်ပေးရန်လိုပါတယ်။

Wave guide cover ၏ အလုပ်တာဝန်မှာ

၎င်း ၏ နောက်ဖက် အတွင်းထဲတွင်ရှိသော
Magnetron ကို ဆီနှင့် အညစ် အကြေးများ လာရောက်
ထိမှန်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

နောက် တနည်းမှာ magnetron ခေါ် မိုက်ခရို့ဝေလ် လှိုင်း
ပစ် လွှတ်သော အတုံးမှ

တစ်စက္ကန့်ကို 2.45GHz တုန်ခါနူန်းရှိသော
Electromagnetic radiation လျှပ်စစ် သံလိုက်ဓာတ်ရောင်ခြည် များ ကို မှစစ်ထုတ်
ပြီးမှ ဖြတ်သန်းခွင့်ပြုပါတယ်။

Wave guideမှ Electromagnetic radiation များကို
စုပ်ယူချင်းမပြုတဲ့ အတွက် ၎င်း ပေါ်တွင် အပူသက်ရောက်ချင်းမရှိပါ။

သို့ရာတွင် ချက်ပြုတ်ခြင်း ပြုလုပ်ပြီး ၎င်းပေါ်တွင်
လာရောက်တင် ကျန်သော ဆီ နှင့် အပိုင်းအစများကို
သန့်ရှင်းရေ ပြုလုပ် ပေးချင်း မရှိပါက အချိန်ကြာလာ
သည်နှင့်အမျှ ပျက်စီးနိုင်ပါတယ်။

Wave guide cover သည်
မိုက်ခရို့ဝေလ် များကို စုပ်ယူချင်းမရှိသောကြောင့်
အပူချိန် သက်ရောက်ခြင်းမရှိသော်လည်း

၎င်းပေါ်တွင် တင်ကျန်လာခဲ့သော် ဆီ ဂျီးများမှာ
အပူ စုပ်ယူခြင်းကြောင့်

Wave guide coverပါအလွန် ပူလာပြီး၊ လောင်ကျွမ်းပေါက်
ထွက်သွားခြင်းဖြစ်ပါတယ်။

Wave guide cover ပေါက်သွားပါက မိုက်ခရိုဝေလ်ပစ်
လွှတ် အတုံး ( Magnetron )သို့ ဆီနှင့် အညစ်ကြေးများလာရောက် ထိကပ် ပေကျံမည်ဖြစ်သည်။

ဆီ နှင့် အညစ်ကြေးများ လာရောက် ထိကပ်မူကြောင့်
အပူ ချိန်မြင့်တတ်လာပြီလောင်ကျွမ်းမည်ဖြစ်သည်။

Wave guide cover ပေါက်သွားသဖြင့် လှိုင်းစစ်ထုတ်
သန့်စင်နိုင်ခြင်းမရှိတော့ပဲ

Electromagnetic radiation အပြင် ပုံမှန်မဟုတ်သော
လျှပ်စစ်လှိုင်း များပါ Oven cabinet အခန်းတွင်း
ဝင်ရောက်ကုန်သောကြောင့်

(Magnetron Over current
Flow )လွန်ကျူးသော လျှပ်စီးကြောင်းစီးဆင်းမူဖြစ်ပြီး ပျက်စီးလောင်ကျွမ်းနိုင်သည်။

အချို့ မိုက်ခရို့ဝေလ် မီးဖိုများသည် အကင်စနစ် ( Grill)
ပါသောကြောင့် ဝယ်ယူ စဉ်က သံဇကာ ဒေါက်လေး
များပါ ထည့်သွင်းပေးတတ်ပါတယ်။

Grill အကင် စနစ် အသုံးပြုစဉ် သားငါး များအောက်
ခံ အဖြစ် အသုံးပြုနိုင်ရန် အတွက် ထည့်ပေးခြင်းဖြစ်
ပါတယ်။

မိုက်ခရို့ဝေလ် စနစ် အသုံးပြု နေချိန်မှာ စတီး၊သံ၊ သတ္တု ၊ခဲပတ်နှင့်
ပြုလုပ်ထားသော မည်သည့်ပစ္စည်းမျှ စက်အတွင်းထည့်သွင်းအသုံးပြုခြင်း မပြုလုပ်ရပါ။

Microwave oven စက်အသစ်များ ဝယ်ယူပြီး
လအနည်းငယ် နဲ့ ပျက်စီးသွားခြင်းမှာ အသုံးပြုပုံ
မှားယွင်းမူကြောင့်သာဖြစ်ပါတယ်။

♦️ Microwave oven များသည် အိမ်အဝင်မီး 190V ~230V အတွင်းအလုပ်လုပ်နိုင်ပါသည်။

♦️မီးအဝင်190V ထက်လျော့နည်းသွားလျှင် စက်အသုံးပြုသည့်အခါ စားစရာများအပူနည်းသွားခြင်း၊မပူတော့ခြင်းဖြစ်နိုင်ပါတယ်။ မီးအားအလွန်နည်းနေချိန်မှာအပူနည်း၍ဖြစ်စေမပူတော့လို့ဖြစ်စေ စက်ကိုထပ်ထပ်ခါအသုံးပြုမိလျှင် မီးအဝင်ဗို့နည်း၍ လျှပ်စီးကြောင်းပိုဆွဲယူနေပြီး Over Current ဖြစ်ကာ microwave အတွင်းအစိတ်အပိုင်းများပျက်စီးနိုင်ပါတယ်။

♦️မီးအဝင် 240V - နဲ့အထက်ပိုများသွားသောအခါ စက်အတွင်းပစ္စည်းများ over voltage ဖြစ်လောင်ကျွမ်းနိင်ပါတယ်။ ******

အခုလို မိုးတွင်းမှာ ဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေ အောက်ကlink မှာ ဖတ်ကြည့်ကြပါ။
👇👇👇👇👇

https://m.facebook.com/groups/1143335169393923/permalink/1581911532202949/?mibextid=Nif5oz

🛑🛑🛑GOOD electronic service 🛑🛑🛑

✅✅✅ PH 095182441 ✅✅✅

လူကြီးမင်း တို့ သိရှိလိုသော အကြောင်းအရာများကို
ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျ ။

16/09/2025

မင်္ဂလာပါ မိတ်ဆွေတို့ရေ

GOOD ELECTRONIC မှာ Airfryer brand မျီုးစုံကို အာမခံပေး၍ ဈေးနှုန်းချိုသာစွာဖြင့် ပြုပြင်ပေးနေပါပြီ

GOOD ELECTRONIC
AIRFRYER နှင့် လျှပ်စစ်ပစ္စည်း ပြုပြင်ရေး
မဟာဗန္ဓုလလမ်းနှင့် 12လမ်းထိပ်၊ လမ်းမတော်မြို့နယ်
📱095182441

01/08/2025

🛑🛑🛑🛑🛑🛑🛑🛑
Tefal Airfryer

ပုံပါ Tefal Airfryerလေး Touch နှိပ်မရ ရှေ့က Display စာလုံး မပေါ်လို့ ဆိုင်ရောက်လာပါတယ်။
ပိုင်ရှင်က စက်ကို အသုံးမပြုပဲ ထားတာကြာပြီ ပြောပါတယ်။

စက်ကို အဖုံးဖွင့်ပြိး စစ်ဆေးလိုက်တဲ့အခါမှာတော့ စက်အတွင်းမှာ ပိုးဟပ်အ‌ကောင်သေး🪳 အနည်းငယ်နဲ့ သူတို့ရဲ့ အညစ်အကြေးတွေကြောင့် ညစ်ပတ်နေတဲ့ circuit ကို တွေ့ရပါတယ်။

စက်အတွင်းပိုင်း သန့်ရှင်းရေးလုပ် circuit ကို သန့်ရှင်းရေးလုပ်ပြိး ပြန်စမ်းကြည့်သော်လည်း touch ခလုပ်က နှိပ်မရသေးပါ။ circuit ပေါ်မှာပါတဲ့ chip IC နှင့် ပံပိုးပစ္စည်းတွေ လဲပေးလိုက်မှ ပြန်ကောင်းသွားပါတယ်။

မိတ်ဆွေတို့ရေ Airfryerလေးတွေကို အသုံးမပြုဖြစ်ရင်လည်း အကြာကြိး မသုံးဘဲထားတာမျိုး မလုပ်သင့်ပါ။ပိုးဟပ်‌အသေး တွေ မဝင်အောင်တပတ်တခါလောက်တော့ 15မိနစ်, မိနစ်20လောက် မောင်းပေးသင့်ပါတယ် ဆိုတဲ့ အကြောင်း စေတနာဖြင့်ရေးသားလိုက်ပါတယ် ။(ဓာတ်ပုံ ပြုပြင်ပြီး ကောင်းသွားပုံကို ပြထားတာပါ)။

GOOD ELECTRONIC
Airfryer နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေး
မဟာဗန္ဓုလလမ်းနှင့် 12လမ်းထိပ်၊ လမ်းမတော်မြို့နယ်။
📱095182441

Photos from Good electronic's post 17/07/2025

Solar Hybrid inverter

Pow Mr 10.2KW ( Gray , Orange)
ပြစ်ချက်။ ။ မိုးကြိုးဝင်

SUMRY 10.2KW ( white)
ပြစ်ချက်။ ။။ ပါဝါမလာ

Pure sine wave hybrid inverter ၂လုံးကို မူလအရည်အ‌‌ သွေးအတိုင်းကောင်းမွန်အောင် original spare parts များဖြင့် လဲလှယ်ပြုပြင်ပေးလိုက်ပါတယ်။

🔴 GOOD TV & Inverter repair service 🔴
☎️☎️☎️. 09 518 24 41 ☎️☎️☎️

နေ့စဉ် နံနက်၉ နာရီ မှ ညနေ ၆နာရီ အတွင်း

မဟာဗန္ဓုလလမ်းမကြီး နှင့် ၁၂လမ်း‌ထိပ် ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

သို့လာရောက်ပြုပြင်နိုင်ပါတယ်။

17/07/2025

🍁🍁🍁🍁🍁🍁
💫မီးလာလိုက်ပိတ်လိုက် ဖြစ်နေသော Airfryerလေးတွေ နေရာဒေသ မတူဘဲ တစ်ရက်ထဲရောက်ရှိလာပါတယ်။

💫ဖြစ်တာကတော့ power supply card မှ IC ပုံမှန်အလုပ်မလုပ်တော့တာပါ။

💫ပိုင်ရှင်ပြောကြားချက်အရ စက်ကို standby အမြဲ ဖွင့်ထားပါတယ်။ နယ်ဘက်က ဖြစ်တော့ မီးအားလည်း မငြိမ် ၊ ဝယ်ထားပြီး နှစ်ခါပဲ သုံးရသေးတယ် လို့ပြောပါတယ်။

🪐ထိုစက်လေးကို power IC အသစ်လဲပေးပြိး ၊ ဘေးက ပံ့ပိုးပစ္စည်းလေးတွေ လဲလိုက်တဲ့ အခါမှာတော့ စက်ပြန်ကောင်းသွားပါတယ်။လဲပေးလိုက်တဲ့ ပစ္စည်းအတွက် အာမခံ 4လ ပေးလိုက်ပါတယ်။ ပထမ video သည် ပျက်နေသော video ဖြစ်ပြီး ၊ ဒုတိယvideoသည် ‌စက်ကောင်းသွားလို့ စမ်းပြထားသော video ဖြစ်ပါတယ်။

🪐မိတ်ဆွေတို့ရေ Electronic ပစ္စည်းတွေ ပါဝင်တဲ့ digital airfryer အသုံးပြုချိန်မှာ မီးအားငြိမ်ဖို့လိုပါတယ်။ မီးအားလည်းမငြိမ် ၊ standby လည်း မိးအမြဲ ထိုးထားမယ်ဆိုရင် ပျက်စိးဖို့ ပိုလွယ်ကူပါတယ်။

🪐🪐GOOD ELECTRONIC 🪐🪐
Airfryer နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေး
မဟာဗန္ဓုလလမ်းမကြီးနှင့် 12လမ်းထိပ် ၊လမ်းမတော်မြို့နယ်။
📱095182441

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mahabandool Road And Conner Of 12st, (Lower Block), Lanmadaw Township, Yangon.
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00