Magic Cleaning Service

Magic Cleaning Service

Share

ထုတ်ကုန်/ဝန်ဆောင်မှု

11/07/2018

အောင်မြင်တဲ့ သူတွေဟာ သမိုင်းကို ဖတ်ကြတယ်။
===========================================================================
- ထိုင်ခုံ ၃၀၀ ရှိသော နိုင်ငံတကာလေယာဉ် တစ်စီးတွင် ထိုင်ခုံ ၉ ခုံသာပါရှိ တတ်သော ပထမတန်း(First Class)
- လေယာဉ် တစ်စီးလုံး ထိုင်ခုံအရေအတွက်နှင့် နှိုင်းယှဉ်လျှင် ၃ % သာရှိပြီး၊ အီကိုနိုမိ ထိုင်ခုံ(Economy class) ထက် အနည်းဆုံး ၅ ဆမှ အဆ ၂၀ အထိ ဈေးပိုကြီးသော ပထမတန်း။

- နယ်ပယ် အသီးသီးတွင် အောင်မြင်နေကြသော စီးပွားရေးလုပ်ငန်းရှင်၊ အနုပညာရှင်၊ တက္ကသိုလ်ပါမောက္ခစသည့် ပထမတန်းတွင် စီးကြသောသူများ၏ သေးငယ်ပေမယ့် အောင်မြင်မှုကို ဖြစ်စေနိုင်သော အတုယူစရာ ကောင်းသောအမူအကျင့်များအကြောင်း ရေးသာထားသောစာအုပ်။

လေယာဉ်မယ်ဟောင်း စာရေးဆရာမ မိဂျုခိ အာခိခိုဟာ လေယာဉ်ပထမတန်းတွင် ၁၆ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူပါ။ နေ့စဉ် ကြုံတွေ့ ခဲ့ရတဲ့ သူရဲ့ အတွေ့ အကြုံကို အခြေခံပြီး ဒီ စာအုပ်ကို ရေးသာခဲ့ရာမှာ ဂျပန်တွင် စာအုပ်ရေပေါင်း ၁.၅ သန်းကျော် ပုံနှိပ်ထုပ်ဝေရောင်းချနိုင်ခဲ့သော Best seller စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အမည်ကတော့ "퍼스트클래스 승객은 펜을 빌리지 않는다" “လေယာဉ် ပထမတန်း(First Class)ထိုင်ခုံ တွင် စီးကြသောခရီးသည်များသည် ဘောပင် မငှားကြပါ” လို့ အဓိပ္ပါယ် ရပါတယ်။ အဲ့ဒီထဲက အခန်း တစ်ခန်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
----------------------------------------------------------------------------------------------------------------------
လေယာဉ် ပထမတန်းတွင် စီးနင်းလိုက်ပါလာသော ခရီးသည်များ၏ အပြင်ပိုင်းပုံစံကို ကြည့်မယ်ဆိုရင်တော့ အဓိကအားဖြင့် ပစ္စည်းတွေ နည်းတဲ့ အချက်ပါပဲ။ ထိုင်ခံ အပေါ်ဘက် ပစ္စည်းထည့်တဲ့ စင် ပြည့် နေတာမျိုးတစ်ခါမှ မတွေ့ဖူးပါဘူး။ အမျိုးသားမှ မဟုတ် အမျိုးသမီးတွေလဲ အတူတူပါပဲ။ ဒါကတော့ ပထမတန်းက စီးတဲ့ ခရီးသည်တွေဟာ တခြား အတန်းက စီးတဲ့ ခရီးသည်တွေထက် ပိုပြီးတော့ ပစ္စည်းသယ်ခွင့် ရတဲ့ အကြောင်းအရာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက လေယာဉ်ကို မကြာခဏ စီးကြတဲ့သူတွေဖြစ်လို့ လေယာဉ်ထဲ ရောက်ရင် ဘာလုပ်မလဲဆိုတဲ့ အစီအစဉ်က သူတို့မှာ အားလုံးပြင်ဆင်ပြီး ဖြစ်နေတာလဲပါပါတယ်။

တော်တော်များများ ခရီးသွားတွေကို ကြည့်မယ်ဆိုရင် လက်တစ်ဘက်မှာ ပေါ့ပေါ့ပါးပါး အိတ်တစ်လုံးနဲ့ နောက်တစ်ဘက်မှာကတော့ စာအုပ်တစ်အုပ် ကိုင်ထားလေ့ရှိပါတယ်။ အောင်မြင်မယ့် လူတွေရဲ့ ထူးခြားချက်ကတော့ လက်ထဲကနေ စာအုပ်ကို မချတာပါပဲ။ ပထမတန်းမှ စီးနင်းလိုက်ပါလာသော ခရီးသည်တော်တော်များကတော့ စာကိုအသဲအသန်ဖတ်ကြတဲ့ စာဂျပိုးတွေ များတတ်ပါတယ်။

ကျွန်မတွေ့ဖူးတဲ့ ပထမတန်းမှ စီးနင်းလိုက်ပါသော ခရီးသည်များဟာ စာကို အများကြီးဖတ်နိုင်ကြပါတယ်။ ကျွန်မမှတ်မိသလောက် ခရီးသည် တစ်ဦးဟာ လေယာဉ်ပေါ်မှာ ဖတ်ဖို့ စာအုပ် ၈ အုပ်ယူလာပြီးလေ ယာဉ်စီးနေတဲ့ တချိန်လုံး အဲ့ဒီ စာအုပ် ၈အုပ်လုံးပြီးအောင် ဖတ်ခဲ့တဲ့ လူကတော့ အများဆုံးဖြတ်နိုင်တဲ့ လူပါပဲ။သွားတဲ့ နေရာက ဘယ်နေရာဆိုတာကို မမှတ်မိတော့ပေမယ့် လေယာဉ်စီးချိန် ၁၃ နာရီလောက်ကြာတဲ့ အချိန်ကို အမျိုးအစားကွဲပြာတဲ့ ဘာသာရပ်တွေက စာအုပ် ၈ အုပ်ကို ဖတ်တဲ့အတွက် ၁. ၆ နာရီကို စာအုပ် တစ်အုပ် ဖတ်နိုင်တဲ့ သဘောပါ။ စာဖတ် အရမ်းမြန်တယ်လို့ ဆိုရပါမယ်။ စဉ်ဆက်မပြတ်ခေါင်းထဲကို ပညာဗဟုသုတ အသစ်တွေ ထည့်တဲ့ အတွက် အဲ့ဒီရဲ့ ရလာဒ်တွေ အဖြစ်နဲ့ ဒိုင်ဒီယာအသစ်တွေနဲ့ မဟာဗျူဟာအသစ်တွေ ဆက်တိုက် ထုတ်လုပ်နိုင်တာပဲ ဖြစ်ပါလိမ့်မယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ ကျွန်မလဲ ပထမတန်းက စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေ ဘယ်လို စာအုပ်မျိုးဖတ်တာများလဲ ဆိုပြီးတော့ ဂရုစိုက်လေ့လာကြည့်မိပါတယ်။ ခရီးသည် တော်တော် များများဖတ်ကြတာကတော့ GE ရဲ့ CEO ဂျက်ဝဲလ်ချီရဲ့ စာအုပ် “ယှဉ်ပြိုင်မှုဆိုင်ရာ နည်းဥပဒေ” ဆိုတဲ့ မိုက်ကယ် ဖိုတာရဲ့ စာအုပ်မဟုတ် သမိုင်းနောက်ခံ စာရေးဆရာ ရှီဘာ လိုထာလို( ၁၉၂၃~၁၉၉၆၊ ဂျပန်နိုင်ငံ သမိုင်းနောက်ခံဝတ္ထုကို အကောင်းဆုံး ပုံဖော်နိုင်တဲ့ စာရေးဆရာလို့ အသိအမှတ်ပြုခံရသူ၊ နာမည်ကြီး ဝတ္ထုများအဖြစ် - - စတဲ့ ဝတ္ထုစသည်တို့ရှိပါတယ်) ဖြစ်ပါတယ်။ အဲ့ဒါတင်မဟုတ်ပါဘူး။ အတွဲလိုက် ထုတ်ထားတဲ့ စာအုပ်တွေကိုလဲ အတွဲလိုက်ယူလာပြီးတော့ ဖတ်တဲ့ ခရီးသည်တွေလဲ ရှိပါတယ်။နောက်ထပ် စာရေးဆရာ တစ်ယောက်ကတော့ အီခယ်နာမီ ရှိုးထာရို(၁၉၂၃~၁၉၉၀၊ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သမိုင်းဝတ္ထုစာရေးဆရာ၊ နာမည်ကြီး စာအုပ်အဖြစ် - < ဂျပန်နိုင်ငံကို ပေါင်းစည်းအောင် လုပ်ခဲ့သော သူရဲကောင်း ၃ ဦး> - စတဲ့ ဝတ္ထုတွေရှိပါတယ်။)ရဲ့ စာအုပ်တွေကိုလဲ ကြိုက်ကြပြီး စာအုပ်အအမျိုးအစားထဲမှာကတော့ အထုပ္ပတ္တိနဲ့ သမိုင်းဝတ္ထုတွေ များပါတယ်။

ဘာဖြစ်လို့ ပမထတန်းမှာ စီးတဲ့ ခရီးသည်တွေဟာ သမိုင်းစာအုပ်ကို အဖတ် များတာပါလဲ။ သမိုင်းထဲက သူရဲကောင်းတွေ၊ ထူးချွန်တဲ့ သူတွေရဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို အဖတ်များတဲ့ အတွက် မသိစိတ်ထဲမှာ မိမိကို သင်ပြမယ့် ဆရာသမားကို ရှာနေတာဖြစ်နိုင်ပါတယ်။ အလုပ်တွေလုပ်ရင်းနေထိုင်အသက်ရှင်ကြရတဲ့ ဘဝမှာ ကိုယ့်အတွက် အထောက်အကူပြုမယ့် မှန်ကန်တဲ့ နည်းလမ်းကို သွန်သင်ညွှန်ပြတဲ့ သင်ကြားမှုမျိုးကို ပေးနိုင်တဲ့ ဆရာမျိုးကို ပြောတာပါ။

ကျွန်မလဲ လူပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံရင်းမှ ကိုယ့်ဘဝကို သွန်သင်ညွှန်ပြပေးမယ့် ဆရာကို ရှာခဲ့ပါတယ်။ တစ်ယောက်ယောက်ဆီကနေသင်ယူရာမှာ သူ့ဆီကနေ ခွင့်တောင်းစရာမလိုပါဘူး။ ကိုယ်က တစ်ယောက်ယောက်ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုရင် သူ့ရဲ့ စာအုပ်ကို ဖတ်၊ သူ့ရဲ့ အတွေးအခေါ် အယူအဆတွေကို လေ့လာပြီး သူတွေးတဲ့အတိုင်း တူနိုင်သလောက်တူအောင် လိုက်လုပ်တာနဲ့ပဲ လုံလောက်နေပါပြီ။ ပထမတန်းမှာ စီးကြတဲ့ ခရီးသည်တွေက ကျွန်မအတွက်တော့ အကောင်းဆုံးသော ဆရာတွေပဲဖြစ်ပါတယ်။ ဒီလို အောင်မြင်တဲ့သူတွေကို အနီးအနားကနေ တွေ့ဆုံနိုင်ခဲ့တာဟာ ကျွန်မဘဝအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။

ပထမတန်း ခရီးသည်များဟာ လက်တလောခေတ်စားနေတဲ့ best seller စာအုပ်တွေကို ဖတ်တာ ရှားပါတယ်။ ကျွန်မလဲပဲ စာကို အများကြီးဖတ် တဲ့ သူ တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတဲ့ အတွက် လေဆိပ်က စာအုပ်ဆိုင်မှာ မကြာခဏဆိုသလို စာအုပ် ဝယ်ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ခရီးသည်တွေ ဖတ်တဲ့ စာအုပ်တွေကတော့ စာအုပ်ဆိုင်မှာ သိပ်မတွေ့၊ သိပ်နာမည်သိပ်မကြီးတဲ့ စာအုပ်တွေဖြစ်နေတာ များပါတယ်။ လတ်တလော နာမည်ကြီးပြီး အဖုံးလှလှလေးတွေ အုပ်ထားတဲ့ စာအုပ်မဟုတ် အဖုံးထူထူနဲ့ ထင်တာထက် ပိုလေးတဲ့ စာအုပ်တွေကို ဖတ်ကြပါတယ်။ စာဖတ် အလွန်သန်တဲ့ သူတွေဖြစ်ကြတော့ ကိုယ့်ရဲ့ အတွေ့အကြုံတွေအရ စာအုပ်ရွေးရာမှာလဲ သာမန်လူတွေနဲ့ အမြင်မတူကြပါဘူး။

နောက်ပိုင်း ကျွန်မကိုယ်ပိုင် ကုမ္ပဏီထောင်ပြီးတော့ တွေ့ကြတဲ့ ပါတနာတွေဟာလဲ စာအုပ်ကို လက်က မချတဲ့ သူတွေ များပါတယ်။ အမြဲတမ်း ချိန်းတဲ့နေရာမှာ ကြိုရောက်နေတတ်ပြီး စာအုပ်ဖတ်နေကြလေ့ရှိပါတယ်။ သူတို့တွေဟာလဲ အာရှ ရှေးဟောင်းစာပေတွေကို အဖတ်များကြပါတယ်။ စာအုပ်ထဲမှာ မှတ်ထားတဲ့ စာတွေ၊ စာရွက်ခေါက်ထားတာတွေ၊ စာရွက်လေးတွေကတ်ထားတာတွေကိုတွေ့နိုင်ပါတယ်။ အပြင်ဘက်မှာ စတစ်ကာ လိုမျိုး ပိုစတစ် ရောင်စုံလေးတွေကတ်ထားတာကိုလဲ မျက်စိထဲမှာ ထင်းကနဲ မြင်နိုင်ပါတယ်။ ပညာကို စီမံခန့်ခွဲတဲ့နည်း တစ်ခုလို့တောင် ဆိုရမလို ဖြစ်နေပါတယ်။ ကုမ္ပဏီပိုင်ရှင် တစ်ယောက်က ဒီလို ကျွန်မကို ပြောဖူးပါတယ်။

နှစ်ပေါင်း တစ်ထောင်ကျော် ကြာပြီဖြစ်တဲ့ စာထဲမှာ အထူးသဖြင့် အဖိုးတန်တဲ့ အိုင်ဒီယာတွေ ဖုံကွယ်ပြီး ရှိနေတတ်ပါတယ်။
ကျွန်မ အလုပ်လုပ်ခဲ့တဲ့ အချိန်တုန်းက ပမထတန်း လေယာဉ်အခန်းဟာ စာဖတ်ခန်းလားလို့ ထင်ရလောက်အောင် ခရီးသည်တွေဟာ စာဖတ်ကြတာများပါတယ်။ သစ်သီးဖျော်ရည် ဒါမှမဟုတ် ကော်ဖီတစ်ခွက် ဘေးမှာထားပြီး စာကြည့်မီးကိုဖွင့်ကာ စာအုပ်ထူထူ ကြီးထဲမှာ စိတ်နှစ်ပြီး စာဖတ်နေကြတဲ့ ခရီးသည်တွေ အများကြီးပါ။ ဒါပေမယ့် အခုတစ်လောတော့ လျှပ်စစ်ပစ္စည်းတွေ များပြားလာတဲ့ အတွက် စာအုပ်ကို ကိုင်ပြီး ဖတ်တဲ့ ခရီးသည်တွေဟာ အရင်ကထက် သိသိသာသာ နည်းသွားပါတယ်။ ခရီးသွားလမ်းညွှန်းစာအုပ်ကလွဲပြီး အမှန်တကယ် စာဖတ်တဲ့ ခရီးသွားတွေဟာ သိပ်မရှိတော့သလောက်ပါပဲ။
ဒါပေမယ့် ယနေ့အချိန်ထိပဲ အောင်မြင်တဲ့ သူတွေအတွက် စာဖတ်ခြင်းဟာ သာမန် အချိန်ဖြုန်းဖျော်ဖြေမှု ခံယူခြင်းမျိုမဟုတ်ပဲ ဘဝရဲ့ တစ်စိတ်တစ်ပိုင်ပါ။ အောင်မြင်ဖို့အတွက် စာအုပ်ဟာ လက်လွတ်လို့မရနိုင်တဲ့ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်နေလို့ပါ။

=========================================================================
ကျမ်းကိုး၊ ဘာသာပြန်။

13/04/2018

နှစ်သစ်မှာမြန်မာပြည်သား ခုနှစ်ရက်သားသမီးအားလုံးကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ချစ်ခြင်းမေတ္တာဖြင့်
Magic Cleaning Services

Photos from Magic Cleaning Service's post 13/03/2018

📅 11-12 (2 day)
🏠 House Cleaning Service🏡
# # 6 mile 1/2 # #

💟အကောင်းဆုံးဝန်ဆောင်မှု့ပေးနိုင်ခဲ့တဲ့အတွက် အိမ်တစ်လုံးကနေ အိမ်၂ လုံးထိ ယုံကြည်စွာ အလုပ်အပ်ခဲ့တဲ့ Customer မိသားစုကိုလည်း ကျေးဇူးတင်ပါသည်။
💟နေ့ရော ညပါ တတ်ညီလက်ညီ လုပ်အားပြုခဲ့ကြတဲ့ Magic ရဲ့ မောင်/ညီမလေး တွေကို ကျေးဇူးတင်လျှက် 💖💖

Thank U My Team (Magic Cleaning Service)
Customer Service ..09 421094868

👉Do you need to help your house?👈
We Can help !!!

Photos from Magic Cleaning Service's post 06/03/2018

🏡 House Cleaning Service 🏠
လူကြီးမင်းတို့၏ နေအိမ် အဆောက်အဦး များအတွက် ....
# Part-time Cleaning Service
# Weekly Cleaning Service
# Monthly Cleaning Service
တို့ကို လူကြီးမင်းတို့ လိုအပ်ချက်အတိုင်း ဝန်ဆောင်မှု့များ ပေးနေပါပြီ 😊😊

Customer Service . 09 773336028 ကိုဖုန်းခေါ်ဆို၍လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

💜ချစ်ခြင်းမေတ္တာဖြင့်💜
Magic Cleaning services

Photos from Magic Cleaning Service's post 01/03/2018

🌇 Our Services #

- Room Clearning Service
- Apartment Clearning Service
- Part- time Clearning Service
- Weekly Clearning Service
- Monthly Clearning Service
- Daily Clearning Service &
- Move in - Move Out Clearning Service
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
စသည်တို့ကို လူကြီးမင်းတို့ စိတ်ကျေနပ်မှု့ရှိသည်အထိ ဝန်ဆောင်မှု့များကို Magic Clearning Service မှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် လှပသန်ရှင်းသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနေပါပြီ😊😊

Pls Call Us- 09 421094868

01/03/2018

❤ချစ်တဲ့ customer တွေပေါ့😊😍

26/02/2018

❤မိတ်ဆွေများ အားလုံး မင်္ဂလာပါ ❤

မင်္ဂလာရှိသော တင်္နလာနေ့လေး ဖြစ်ပါစေရှင်😊😊

မင်္ဂလာရှိတဲ့ ဒီနေ့လေးမှာ ကျနုပ်တို့၏ Magic Cleaning Services ကို စတင်မွေးဖွားခဲ့ပါပြီ 👏👏👏

ယခုလို စတင်မွေးဖွားခြင်း အမှတ်တရ အနေဖြင့် Magic ရဲ့ မိတ်ဆွေများဖြစ်လာမည့် လူကြီးမင်းတို့အား ကံစမ်းမဲ အစီအစဉ်လေး ပြုလုပ်ပေးပါရစေ 🎁😊

ကျနုပ်တို့၏ Magic Cleaning Services ရဲ့ Page လေးကို Like & Share လေးပြုလုပ်၍ ယခု Post ၏ comment အောက်မှာ ဆုတောင်းစကားလေး ပြောပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင် 😍😘

comment ရေး၍ ဆုတောင်းပုစကား ပြောပေးသွားသော လူကြီးမင်းတို့အားလုံးထဲမှ ကံထူးရှင် ၂ ယောက်အား MPT ဖုန်းငွေဖြည့်ကဒ် (၅၀၀၀) ကျပ်စီအား ကျေးဇူးတုန့်ပြန်သွားမှာ ဖြစ်ပါသည်။

ကံထူးရှင်အားလည်း Magic Cleaning Services Page မှ မနက်ဖြန်နေ့လည် (၂၇.၂.၂၀၁၈) နောက်ဆုံးထားပြီး ကြေငြာပေးသွားမှာ ဖြစ်သည့်အတွက် Page ကို See first လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော် 👌👌👌
# # # # # # # # # # # # # # # # # # # # # # # # # # # # # #

ချစ်ခြင်းမေတ္တာဖြင့်
💕Magic 💕
Cleaning Services

Want your business to be the top-listed Cleaning Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 372, B4, Aung Yadanar (13) Street, Dawpon Tsp
Yangon
0015

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00