Enchanted Outfit
Fashion design and dress making service which include formal & casual dress,ready to wear and wedding dress making by professional designer.
07/05/2026
မီးတွေပျက်နေလို့ ပုံတွေရိုက်လို့မရ
မှောင်ထဲမှာလဲ လှနေလို့ နွေရာသီ အသားအေးတာရှာနေသူလေးတွေတွက်ပါရှင်
ချည်လီနင်သား One set 175000
04/05/2026
EOရဲ့ချစ်ရတဲ့ customerလေးတွေရေ 2026 မှာ EO ရဲ့ ဆိုင် policy လေးအနည်းအကျဉ်းပြောင်းလဲသတ်မှတ်ခြင်းလေးတွေကိုပြောပြပါရစေရှင် အဲ့လိုပြောင်းလဲသတ်မှတ်ရခြင်းကလဲ customersလေးတွေရဲ့ အပြုအမူလေးတွေအရ အပြောင်းလဲလေးဖြစ်တာမို့ ‘အမသမီးကိုပြောတာလားလို့ သမီး အန်တီ့ကိုစောင်းရေးတာလားလို့ ‘ EO မမကို လာမမေးပဲ တဦးနဲ့တဦးစေတနာထားခဲ့တာတွေကို ရှေးရှုပြီး positive နဲ့မြင်ပေးပါလို့ကြိုတင်တောင်းပန်ပါရစေရှင်
EOရဲ့ in-house အခြေနေလေးကိုအရင်ရှင်းပြရရင် အခု skilled labor တော်တော်များများက နိုင်ငံခြားပဲသွားချင်တာမို့ လူအရမ်းရှားပြီး တောင်ဥက္ကလာဆိုင်လေးကို စဖွင့်ကတည်းက EO မှာ မမအပါအဝင် လူ ၅ယောက်ထဲနဲ့ run နေရတာပါရှင် အဲ့ဒီ လူ ၅ယောက်လေးက တလ ကို quality အထည် ပေါင်း ၃၀ ကနေ ၄၀ အထက်ပိုပြီး မထုတ်လုပ်နိုင်ပါဘူးရှင် ဒါကြောင့် customer တွေက အရင်ကထက် ရက်ချိန်းပိုပြီးစောင့်ကြရပါတယ် ဒီကြားထဲ စိတ်မငြိုငြင်ရအောင် အလှည့်ကျပဲ ချုပ်ပေးပါတယ်ရှင် ဒီလိုရက် ကျန့်ကြာမှုမျိုးလေးတွေရှိတာကြောင့် ဆိုင်တိုင်း deposits ယူနေကျပေမဲ့ EO က ယူမထားပါဘူးရှင် လိုအပ်တဲ့ Accessories ပိတ်စအရောင်တိုက် အားလုံး အစဆုံး EO မမကပဲတာဝန်ယူ အပြီးစီးချုပ်လုပ်ပြီး လာရွေးတဲ့နေ့မှ ငွေပေးချေရပါတယ်ရှင် အဲ့တော့ လာရွေးတဲ့ချိန်မှာ ငွေချန်တာမျိုး ပြင်စရာကျန်ခဲ့လို့ အဲ့ဒါလာယူမှ ငွေပေးချေခြင်းမျိုးလုံးဝ လက်မခံပါဘူးရှင် Deposit မယူပဲ အစအဆုံး တာဝန်ယူ ချုပ်ပေးခဲ့တဲ့စေတနာကို အပြန်အလှန် လေးစားသောအားဖြင့် အကျီ collect လာလုပ်ရင် တခါတည်းငွေပေးချေရပါမယ်ရှင်
Fitting time လေးမှာလဲ နိုင်ငံခြားက ခန့်မှန်းကိုယ်တိုင်းနဲ့ လှမ်း ချုပ်တဲ့ customerလေးများမှ အပ လူတိုင်း fitting လာမှသာ နောက်ဆက်တွဲ ပြသာနာများကိုတာဝန်ယူနိုင်ပါမယ်ရှင် fitting time မှာလဲ စိတ်ကြိုက်ဖြစ်တဲ့အထိ အကြိမ်ကြိမ် ပြင်ဆင်ပေးပြီး customer စိတ်တိုင်းကျမှ လက်လွှတ်ပေးတာ EO ရဲ့ သဘာဝပါရှင် ဒါကို ၃-၄လ နေမှ ပြန်လာပြင်တာမျိုးကျ EO လေးက လူအင်အားနည်းလွန်းတာမို့အဆင်မပြေပါဘူးရှင်
အဖြစ်ပျက်လေးတခုကိုပြောပြပါရစေရှင် ကျွန်မတို့စက်ချုပ်သူတွေက ဆိုင်စဖွင့်ခြင်းတို့ မနက်အစောပိုင်းတို့ဆို ပြင်ထည်တွေကို မပြင်ချင်ပါဘူးရှင် အပ်ချုပ်ခုံကို လက်နဲ့ခေါက်တာမျိုးဆို ပြင်ထည်များတတ်တယ်ဆိုတဲ့ အယူသီးမှုတွေကလဲ မယုံလို့ မရပါဘူးရှင် ခုချုပ်လို့ ခုဝတ်ကြည့်ပြီး လိုအပ်တာပြင်တာမျိုးကို အဆင်ပြေပေမဲ့ ပိန်လိုက်ဝလိုက်ဖြစ်နေတဲ့ အမျိုးသမီးတို့ရဲ့ ကိုယ်ခန္ဓာကို ကျွန်မတို EO လေးက မလိုက်နိုင်ပါဘူးရှင် တချို့အကျီလေးတွေဆို လွန်ခဲ့တဲ့ ၅နှစ် တချိုဆို ၇-၈နှစ်က ချုပ်ခဲ့တဲ့အကျီလေးတွေကိုပါ သီတာ ဖြည်တာ လေးတွေ လုပ်ခိုင်းတတ်တာမို့ လူနည်းတဲ့ EO လေးမှာ အဲ့နေ့မျိုးဆို အထည်မကျတော့ပါဘူးရှင် ဒါကိုလဲ customerလေးတွေက အရမ်းအလိုက်သိကြပါတယ် အဲ့လို သီဟယ်ဖြည်ဟယ် ရက်မျိုးဆို့ မုန့်တွေအများကြီးဝယ်လာပေးပြီး ဆိုင်မှာလဲ စျေးဦးတွေ အများကြီးဖောက်ပေးပြီး ထပ်အပ်ဖို့ အထည်ထုတ်တွေလဲ အများကြီးထားခဲ့ကြတာပါ မရိုင်းကြပါဘူးရှင် ဒါပေမဲ့ လူအင်အားနဲလွန်းတဲ့ EO လေးဟာ တကယ့်ကို အဲ့လိုမျိုး service တွေ ထပ်လုပ်ပေးဖို့အဆင်မပြေတော့လို့ ဒီ post လေးကိုရေးလိုက်ရခြင်းဖြစ်ပါတယ်ရှင် fitting time တခုထဲမှာပဲ fitting လုပ်ပေးမှာဖြစ်ပြီး ပိန်လာခြင်းဝလာခြင်းများတွက် ထပ်ပြီး fitting လုပ်ပေးတော့မှာ မဟုတ်ကြောင်း အသိပေးပါရစေရှင် ဒါကြောင့် EO နဲ့ ချုပ်ရင် fitting time ကို လာဖြစ်အောင် လာပါနော် ပြင်ပ ပြင်ထည်ကို လက်ခံ ပြင်မပေးပါဘူးလို့ စာကပ်ထားလဲ အတင်းပြင်ခိုင်းတာမျိုးတွေ သီဟယ် ဖြည်ဖယ်ကို အထည် ၃၀-၄၀လောက်ကို တခါထဲ စောင့်ယူမယ်မထားခဲ့နိုင်ဘူးဆိုပြီး ဂျီကျတာမျိုးတွေကို ခုကစပြီး တကယ့်ကိုအဆင်မပြေလို့ လက်ခံ မလုပ်ပေးတော့ပါဘူးရှင် ဒါဆို သီကိုသီမှရမဲ့အထည်ကို ဘာလုပ်ရမလဲလို့မေးလာရင် ၂ဦး၂ဖက်မနစ်နာရအောင် လုပ်ရတဲ့အပိုင်းပေါ်မူတည်ပြီး service charge ၁၀၀၀၀ကျပ်မှ စပြီး ကျသင့်သလိုယူပါမယ်ရှင် EOမမလဲ အပ်ထည်မကျပေမဲ့ ငွေဝင်တာပေါ့ရှင်
နောက်အရေးကြီးဆုံးတခုက အထည် collect လုပ်တဲ့ အချိန်ပါရှင် fitting time က ၄:၃၀ နောက်ဆုံးပါပဲရှင် ဘာကြောင့်ဆို အကျီကိုပြင်ဖို့အနည်းငယ်များလိုအပ်ခဲ့သည်ရှိသော် နာရီဝက်၁နာရီကြာသွားနိုင်ပါတယ် EOရဲ့ ဝန်ထမ်းညီမလေးတွေက ၅:၀၀ အတိမှာ အလုပ်ဆင်းပါတယ် bus ၂ဆင့်စီးရတာမို့ ည ၇:၃၀- ၈:၀၀ လောက်မှ အိမ်ရောက်ကြပါတယ်ရှင် ခုလိုခေတ်အချိန်ခါကြီးမှာ သူတို့လေးတွေရဲ့ လုံခြံုရေးကို ငှဲ့ညှာသောအားဖြင့် ၄:၃၀ နောက်ဆုံးထားလာပေးပါရန်တောင်းပန်ချင်ပါတယ်ရှင် ဘလိုမှ မအားတဲ့customers အတွက်ဆို ဆိုင်ဝန်ထမ်းညီမလေးများက ၆:၃၀-၇:၀၀ အထိစောင့်ပေးပါမယ် ဒါပေမဲ့ EO မမက သူတို့အတွက်အပြန် transportation စီစဉ်ပေးမှာမို့ ငွေ ၂၀၀၀၀ charges ထပ်လုပ်ပါမယ်ရှင် ဒါဆို ၂ဦး၂ဖက်လုံးအဆင်ပြေသွားတာပေါ့ရှင် ဒီလို အပြန်အလှန်လေး နားလည်မှုရှိမှသာ EO မမ တို့လဲ အလုပ်လုပ်ရတာပျော်ရွှင်လုံခြုံမှာမို့ ဒီလို policy လေးတွေကို occasionally သတ်မှတ်သွားပါမယ်ရှင့်
EO လေးရဲ့ လူအင်အားနည်းသွားတဲ့ အခြေနေကို နားလည်ပေးပြီး ရှေ့ကတဦးပေါ်တဦးကောင်းခဲ့တဲ့ ဆက်ဆံရေးကို ရှေးရှု့ပြီး အခု policy အပြောင်းလဲလေးကို နားလည်ပေးပါရန် အထူးမေတ္တာရပ်ခံ ပါတယ်ရှင်
* စာရှည်သွားရလို့ဆောတီးပါနော်
* မုန့်စားချင်လို့ပြောခြင်းမဟုတ်ပါ (customersတေသိတတ်တာကိုပြောချင်တာပါ)
* Service ခယူချင်လိုပြောခြင်းမဟုတ်ပါ (တနေကုန်အထည်မကျရခြင်းအပေါ် customer တွေ ကိုယ်ချင်းစာနိုင်အောင်ပါရှင်)
27/04/2026
ခုချိန်မှာ လေယဉ်လက်မှတ်စျေးတွေက ဟိုးတုန်းကလိုမသက်သာတော့ဘူး ဆိုတော့ bkk ကို ခဏခဏ ကိုယ်တိုင်သွားဖို့ မလွယ်တော့ဘူးနော် air cargo နဲ့မှာမယ်ဆိုလဲ 1kg 380 baht တဲ့ EO မမ မပျော်တော့ဘူးကွယ် ဒါပေမဲ့ EO customer လေးတွေတော့ ပျော်စရာကောင်းသေးတယ်နော် summer style နေကာ လေကာ ပြီး အသားအေးတဲ့ လီနင်ချည် skirt တွေ shirt တွေ EO မှာ instock ဝယ်လို့ရပါတယ်ရှင် skirt တွေ ဘယ်လောက်ဆိုဒ်ပြည့်ပြီးရှည်လဲ ဆိုရင် လာဝယ်တဲ့ သူတိုင်းကို free ဖြတ်ပေးနေရပါတယ်ရှင် ဒါကြောင့် EO မမ စိတ်ပြောင်းပြီး စျေးမတက်ခင် အညန်လာဝယ်ကြပါလိုစ့် cargo ခ တွေ စျေးတက်ချက်ဆိုတာရူးပါရူးချင်တယ်ရှင်😂
🤩
❤️
23/04/2026
EOရဲ့အသဲလေးတို့ရေ
ဒီလီနင် set ကလေးတွေကလေ အများကြီး stock မရှိပါဘူးရှင် skirt ကလဲ တွေ့နေကျ စျေးချုပ် တော်ရုံ အကားလိုမဟုတ်ပဲ Indian lanka တေလို အဝဲအကား လီနင်သားကြီးပါ အရမ်းအေးပြီး နွေရာသီနဲ့ ကိုက်လွန်းလို့ နွေရာသီတွက် ဝတ်စရာ စတိုင်ကျကျရှာနေတဲ့ မမ နဲ့ ညမလေးတွေ ယူကို ယူသင့်တဲ့ set လေးပါရှင်
ရင် ၃၆-၄၀
ခါး ၂၈-၃၅ လောက်ထိဝတ်လို့လှပါတယ်ရှင်
One set -175000 ကျပ်
23/04/2026
ဒီ 3in1 ချည်ပါး set လေးက အညိုရင့်နဲ့အဖြူလေး ၂စုံပဲ ကျန်တော့ပါတယ်ရှင် instock လိုချင်တဲ့ မမနဲ့ ညီမလေးတွေ (ဆိုဒ်ပြည့် ရှာသူလေးတွေ) မြန်မြန် cb လာပေးပါရှင် အစင်းလေးတွေပါတာမို့ ကိုယ်ခန္ဓာပေါ် ပြောင်ကြီးမဖြစ်နေစေပါဘူးနော် ချည်ပါးသားမို့ ဘောင်းဘီက ၂ထပ်ပါရှင်
3in1 set-125000ကျပ်
🤩
12/04/2026
Instock အရောင်စုံရပါသေးတယ်ရှင်
သကြ်န်တွင်းလဲ deli ပို့မယ်ရှင့်🤩
12/04/2026
Instock update လေးတေပါရှင်
Bkk တမြိုလုံးပတ်ရှာတာတောင် ဒါမျိုးလေးမရှိနိုင်ပါဘူးရှင် သူများနဲ့မတူ limited ဖြစ်ချင်တဲ့ EOကာကာလေးတွေကို လက်တို့လိုက်ပါတယ်နော်🤩
12/04/2026
နွေစာ instock လက်ကျန် update🤩🤩
အကျီလေးတွေသွားမေးလိုက်ရင် ကုန်ပီဆိုတာမျိုးလေးမဖြစ်ရအောင် ဒီ ၅ ထည်ပဲ ကျန်ပါတော့တယ်ရှင် စျေးနူန်းလဲ Cb မှာတိတ်တိတ်လေးပြောတာမျိုးမဟုတ်ပဲ ပွင့်လင်းမြင်သာစွာရောင်းချပေးထားပါတယ်ရှင် အသားက ချည်လီနင်သားပါ ပေါင် ၁၄၀ကနေ၁၈၀-၂၀၀လောက်ထိဝတ်လို့ရပါတယ်ရှင်
Instock 2in1 set 125000
ရန်ကုန်မြို့တွင်းဆို သကြ်န်တွင်းလဲ အိမ်အရောက်ပို့မယ်ရှင်
11/04/2026
ညနေက live မှာ သမီးလေးဝတ်တဲ့အကျီလေးနဲ့စကပ်လေးပါရှင် စကပ်ကလဲ Indian တွေချုပ်ဝတ်တဲ့ lanka လို အကားအဝဲ စစ်စစ်ကြီးပါ ခါး ၃၈ထိအေးဆေးရပါတယ်ရှင် အကျီကလဲ EOမမ ရင် ၃၈ ကိုယ်တိုင်ဝတ်ပြထားပါတယ်
လီနင်သားစစ်စစ်ပါ ၆ရောင်ရပါတယ်ရှင်
One set- 175000ကျပ်
(အကျီအရောင်တိုင်းစကပ်ကဝမ်းဆက်ရမှာပါရှင် စကပ်ပုံမရိုက်ရသေးလို့ပါ)
ရန်ကုန်ကစို သကြ်န်တွင်းလဲ အိမ်ရောက် deli ပို့မယ်ရှင်
# instock
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 54, Than Thu Mar Road, South OakKalapa Township, Myanmar. (near Myin Thar Wet Market, OneStop Mart, Tet Lan Hospital. )
Yangon
11111
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |