MyanWorkers
MyanmWorkers aims to report the politic, business, health, and entertainment, particularly in labor issue and opportunity.
07/10/2021
ဂျပန်နိုင်ငံသို့ သွားရောက်သည့်အခါ ကိုဗစ်-19ကူးစက်ရောဂါရှိမရှိစစ်ဆေးရသည့်ဆေးစစ်ချက်ဖောင်ပုံစံနှင့် ဂျပန်နိုင်ငံသို့ပြည်ဝင်သည့်အခါလိုက်နာရမည့်စည်းကမ်းချက်များ.. source from
26/02/2019
တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ မြန်မာလုပ်သား ကိုသန်းဇော်ဌေး သေဆုံးမှုနှင့် ပတ်သက်ပြီး ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနတွင် အပြည့်အဝတာဝန်ရှိ၍ အရေးယူဆောင်ရွက်ပေးရန် ဖေဖော်ဝါရီလ ၁၃ ရက်က ကြေညာချက် အချက် သုံးချက်ဖြင့် ထုတ်ပြန်ခဲ့သည်။
၎င်းတွင် တာဝန်ရှိ လဝကဝန်ထမ်းများအား အရေးယူရန်၊ လဝကဝန်ထမ်းများအား လူ့အခွင့်အရေးဆိုင်ရာ အသိပေးပညာပေး သင်ကြားခြင်းများပြုလုပ်ရန် နှင့် ရက်လွန်နေထိုင်သူများကို ဖမ်းဆီးရာတွင် အန္တရာယ်ကင်း စေမှုအား ဦးစားပေးဆောင်ရွက်သည့် အချက်များပါဝင်သည့် လမ်းညွှန်များ ချမှတ်ထားရန်နစ်နာရသူများနှင့် မိသားစုဝင်များ၏ အခွင့်အရေးအား ကာကွယ်ပေးသည့် ဥပဒေများပြဌာန်းရန် စသည်တို့ ပါဝင်ထားသည်။
၂၀၁၈ သြဂုတ် ၂ ရက်တွင် တောင်ကိုရီးယားလူဝင်မှုကြီး ကြပ်ရေးအဖွဲ့က ကင်မ်ဖိုမြို့ရှိ မြန်မာလုပ်သားများ အလုပ်လုပ် နေသော ဆောက်လုပ်ရေးလုပ် ငန်းခွင်သို့ လာရောက်စစ်ဆေးခဲ့ သည်။ ထိုသို့ စစ်ဆေးရာ အသက် (၂၆) နှစ်အရွယ် ကိုသန်းဇော်ဌေး သည် ဖမ်းဆီးခံရမည်စိုး၍တိုက် ပေါ်မှ ခုန်ချထွက်ပြေးရာ ဦးခေါင်း တွင် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အင်ချွန်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း စက် တင်ဘာ ၉ ရက်၌ ကွယ်လွန်ခဲ့ သည်။
ထိုကြေညာချက်ကို ကိုရီး ယားလူမှုအဖွဲ့အစည်းများနှင့် ကို ရီးယားရောက် မြန်မာများက ကြို ဆိုကြောင်း မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား) က ယမန်နေ့တွင် ထုတ်ပြန်သည်။ ကိုသန်းဇော်ဌေး သေဆုံးပြီး ခြောက်လအကြာတွင် ကော်မရှင် က ထိုကဲ့သို့ ထုတ်ပြန်ကြေညာ ခြင်းဖြစ်သည်။
PHOTO By Ko Soe Moe Thu's FB Page
11/02/2019
ဂျပနအစိုးရမှ မြန်မာအလုပ်သမားများအား ၄င်းတို့၏ မိသားစုပါခေါ်ဆောင်ခွင့်ပြုတော့မည်
ဂျပန်နိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားလိုအပ်မှု မြင့်တက်နေခြင်းကြောင့် ဂျပန်နိုင်ငံနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများအား ၄င်းတို့၏မိသားစုတို့ကို ခေါ်ယူနိုင်ခွင့်စနစ်ကို မြန်မာအစိုးရမှ နှစ်နိုင်ငံသဘောတူလက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြော သည်။
ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမားဦးရေ သည် တစ်လလျှင် ၃၀၀ မှ ၅၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံခြားသား ခင်ပွန်းအပေါ် မှီခိုသည့် မြန်မာ အမျိုးသမီးများမှ ပေးသွင်း ထားသည့် အပြန် လေယာဉ်စရိတ် ပြန်လည် ထုတ်ပေးနေခြင်း ကိစ္စ
၁။ မြန်မာသံရုံး၊ တိုကျိုမြို့ အနေဖြင့် ဂျပန်နိုင်ငံ၌ ရောက်ရှိ နေထိုင် လျက်ရှိသော နိုင်ငံခြားသား ခင်ပွန်းအပေါ် မှီခို နေထိုင်လျက်ရှိသည့် မြန်မာ အမျိုးသမီးများမှ သံရုံးသို့ ပေးသွင်းထားသည့် အပြန် လေယာဉ် စရိတ်များကို ပေးသွင်းကာလ (၃) နှစ် အထက် ပေးသွင်းပြီး ဖြစ်ပါက ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်းကို အသိပေး ကြေညာထားပြီး ဖြစ်ပါသည်။
၂။ သံရုံး၏ အသိပေး ကြေညာချက် နှင့်အညီ မြန်မာသံရုံး၊ တိုကျိုမြို့ သည် (၂၃-၈-၂၀၁၈) ရက်နေ့ မှ စတင်၍(၁၈-၁-၂၀၁၉) ရက်နေ့ အထိ သံရုံး၌ အပြန် လေယာဉ်စရိတ် ပေးသွင်းထားသော မြန်မာ အမျိုးသမီး များမှ ပြန်လည် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာသူ (၂၁၅)ဦး အား သံရုံး၏ မှတ်တမ်းများနှင့် တိုက်ဆိုင် စိစစ်၍ လာရောက် လျှောက်ထားသူ များ အတွက် အဆင်ပြေဆုံးနှင့် စိတ်ကျေနပ်မှု ရရှိစေရန် အလို့ငှာ အပြန် လေယာဉ်စရိတ်များကို နေ့ချင်းပြီး ထုတ်ပေး ဆောင်ရွက် ပေးခဲ့ပါသည်။
၃။ ထို့ကြောင့် မြန်မာသံရုံး၊ တိုကျိုမြို့တွင် (၃) နှစ် အထက် အပြန် လေယာဉ်စရိတ် ပေးသွင်းထား သော မြန်မာ အမျိုးသမီးများ အနေဖြင့် ပြန်လည် ထုတ်ယူရန် အတွက် ကိုယ်တိုင် လာရောက် လျှောက် ထားရန် အဆင်ပြေမှု မရှိခြင်းနှင့် အပြန် လေယာဉ်စရိတ် ပေးသွင်းထားသည့် အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သည့် အတွက် စာရွက်စာတမ်း ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်းတို့ အပါအဝင် လျှောက်ထားသူများ ကြုံတွေ့ နေသော အခက်အခဲများကို ကာယကံရှင်များမှ တိုကျိုမြို့ရှိ မြန်မာ သံရုံးသို့ တယ်လ်လီဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ တိုက်ရိုက် ဆက်သွယ် မေးမြန်း ဆောင်ရွက်ခြင်းမှာ ထိရောက်မှု အရှိဆုံးနှင့် ကောင်းမွန်မှန်ကန်သော ဖြေရှင်းမှု နည်းလမ်း ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
"MWRN အဖွဲ့မှ ထိုင်းရောက်မြန်မာ လုပ်သားအခွင့်အရေးအတွက် အဓိကအခွင့်အရေး ခြောက်ချက်အား ထိုင်းနှင့်မြန်မာ အစိုးရထံ တင်ပြတောင်းဆို"
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်လျက်ရှိသော MWRN အဖွဲ့အစည်းမှ လာမည့် ဇန်နဝါရီလ ၁၈ - ၁၉ ရက်တွင် ကျင်းပပြုလုပ်မည့် မြန်မာနှင့်ထိုင်း အလုပ်သမားဝန်ကြီးဌာန ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမှုနှင့် ပတ်သက်၍ဇန်နဝါရီလ ၁၃ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
၎င်းတွင်ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲများစွာထဲက အလုပ်သမားဝန်ကြီးဌာနချင်း ဖြေရှင်းပေးနိုင်ဖွယ်ရာရှိသည့် အဓိကအချက် ၆ချက်ကို ထည့်သွင်းဆွေးနွေးပေး သွားရန် MWRN က အကိုးအကားတချို့နဲ့ တင်ပြထားသည်။
ယင်းအချက် ၆ ချက်အား အောက်တွင်ဖော်ပြထားသည်။
၁။ပကန်ဆန်ခုမ်ခံစားခွင့်ထဲက သက်ကြီးပင်စင်ကြေးကို ၅၅နှစ်အထိစောင့်စရာမလိုပဲ ထိုင်းကအပြီးပြန်တဲ့အချိန်မှာ ပြန်ထုတ်ပေးဖို့။
၂။ MoU နဲ့ စာရွက်စာတမ်းကြေးတွေပိုကောက်နေတာ အရေးယူဖြေရှင်းပေးဖို့။
၃။ အလုပ်ရှင်က စာရွက်စာတမ်းတွေသိမ်းထားတာတွေကို အရေးယူဖြေရှင်းပေးဖို့။
၎။ရေလုပ်သားနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းမဖြစ်တဲ့ လုပ်အားခ၊စာရွက်စာတမ်းသိမ်းခံရမှုတွေ ဖြေရှင်းပေးဖို့။
၅။ အလုပ်ရှင်ပြောင်းရာမှာ ကန့်သတ်ချက်မထားပဲ ပြောင်းခွင့်ပြုဖို့။
၆။ ကလေးငယ်များပညာရေးအတွက် စာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမများကို ဖြေလျှော့မှုတွေပေးဖို့ တို့ပဲဖြစ်သည်။
ထို့အပြင်ယင်းဆွေးနွေးချက်များကို မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပြီးအောင်မြင်မှုရရှိပါက သန်းနဲ့ချီသော အလုပ်သမားများအတွက် ခံစားခွင့်တွေတိုးတက်ရရှိမှာ ဖြစ်နိုင်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့သည်။
19/12/2018
မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်း များ ရှိနေသော်လည်း ကာလရှည် ပြည်တွင်းပဋိပက္ခများနှင့် သဟဇာတမရှိမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုများ မလုံလောက်သဖြင့် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသား (၂)သန်းကျော်သည် သွားရောက် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်လျက်ရှိနေကြကြောင်းကို ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရှိရပြီး၎င်းတို့၏ မိသားစုလွှဲပို့ငွေ သည် ၂ဝ၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၉၅) သန်းခန့်ရှိပြီး ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၇၀၀) ခန့် ရှိနေကြောင်း ကို ကမ္ဘာ့ဘဏ်၏ ၂ဝ၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို သိရှိရပါကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ သူများနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
17/12/2018
MPT က ဖျော်ဖြေရေး အစီအစဉ်စ်တစ်ခုဖြစ်သည့် Content Data Bundle ဝန်ဆောင်မှုအသစ်ကို Viu ကုမ္ပဏီနှင့် ပူးပေါင်းပြီး စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
ထောင်နှင့်ချီ သော ရုပ်ရှင်ဇာတ်ကားများ၊ တီဗီအစီအစဉ်များကို အခပေးရန်မလိုဘဲ Viu မိုဘိုင်းလ်အက်ပလီကေးရှင်း မှတစ်ဆင့် 1 MB လျှင် တစ်ကျပ်နှုန်းထားဖြင့် ကြည့်ရှုနိုင်မည့် ဒေတာပက်ကေ့ခ်ျအသစ်တစ်ခုကို မြန်မာ နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
13/12/2018
ဂျပန်နိုင်ငံတွင် လာမည့် ၅ နှစ်အတွင်း နိုင်ငံခြားသားလုပ်သား သုံးသိန်းလေးသောင်းကျော် လက်ခံသွားရန်ရှိကြောင်းဂျပန်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အသစ်ပြန်လည် ပြင်ဆင်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ဥပဒေတွင် အလုပ်အမျိုးအစား ၁၄ ခုကို လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး သူနာပြုအလုပ်အကိုင် နှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့အား ဦးစားပေးခန့်အပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
လက်ရှိတွင်နိုင်ငံခြားသား လုပ်သားများအဖြစ် မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် ဗီယက်နမ်တို့ပါဝင်ထားပါတယ်။
ချွန်ဘူရီခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက မနက်ဈေးအလုပ်သမားများကိုစစ်ဆေး
=========================================
၁၃.၁၂.၂၀၁၈၊ ချွန်ဘူရီခရိုင်၊အလုပ်သမားဟစ်တိုင်
ချွန်ဘူရီခရိုင်ရဲတပ်ဖွဲ့ဝင်ဗိုလ်မှူးကြီးThrngpord Sirisukha နှင့် ချွန်ဘူရီခရိုင်လူဝင်မှူကြီးကြပ်ရေးဌာနအပါဝင် တာဝန်ရှိသူများ သည် ယမန်နေ့(၁၂.၁၂.၂၀၁၈)က ကမ္ဘောဒီးယား၊ဗီယက်နမ်၊
မြန်မာနှင့်လာအိုအလုပ်သမားတို့ ၀င်ရောက်အလုပ်လုပ်ကိုင် လျက်ရှိသည့် ဖတ်ထရာနယ်မြေအတွင်းအကြီးဆုံးဈေးဖြစ်သည့် ”ဈေးကြီးနှစ်ခုအတွင်းတရားမဝင်အလုပ်သမား ဝင်ရောက် လုပ်ကိုင်ခြင်းရှိမရှိ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းSanookသတင်း
၏ဖော်ပြချက်အရသိရသည် ။
ဆက်လက်၍(saim country club)လမ်းအတွင်း လတ်(က်)နခွန်
ဈေးကြီးသို့ ဝင်ရောက်စစ်ဆေးပြီးနောက် ကမ္ဘောဒီးယား အလုပ်သမား(၉၂)ဦးနှင့် မြန်မာအလုပ်သမား(၁၃)ဦးအား( Jomtien 5)လမ်းရှိလူဝင်မှူကြီးကြပ်ရေးစစ်ဆေးရေးဌာန သို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုနည်းတူ အလုပ်ရှင်များအားလည်းခေါ်ယူ၍ အလုပ်ရှင်အလုပ် သမားမှန်ကန်မှု ရှိ/မရှိ စာရွက်ထဲရေးထားတဲ့ အလုပ်နှင့်လက်ရှိ လုပ်နေသည့်အလုပ်တူညီမှူရှိ/မရှိစစ်ဆေးခဲ့ပြီး တူညီမှူမရှိပါက တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။
ဗိုလ်မှူးကြီးThrngpord Sirisukha ပြောပြချက်အရ ယခုလိုစစ်ဆေး ရခြင်းမှာထိုင်းနိုင်ငံအတွင်းတရားမဝင်အလုပ်သမားပပျောက်ရေးနှင့် ဖတ်ထရာမြို့အတွင်းမှူခင်အန္တရာယ်တားဆီးနိုင်ရေးနှင့်
(6.12.2018)ရက်နေ့က ထိုင်းနိုင်ငံသား အသက်(၆၂)နှစ်အရွယ်ရှိ ပရိဘောဂအရောင်းဆိုင်ပိုင်ရှင် တစ်ဦးရက်စက်စွာ အသတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ခြင်းကြောင့် လူသက်တရားခံအား ရှာဖွေခြင်းနှင့်
လည်းသက်ဆိုင်ကြောင်းပြောပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pearl Street, Tamwe Township
Yangon
11211