First National Insurance

First National Insurance

Share

First National Insurance (General) Company Limited First National Insurance (FNI) was established in 2012.

With a Strong management team and insurance professional on board, FNI has set out to become the largest insurance provider in both the life and nonlife insurance industries. VISION: To be a leading Insurance Company in Myanmar Insurance Industry by fostering Industrial & Economic Growth as well as improving quality of peoples’ lives.

Photos from First National Insurance's post 01/09/2026

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ (၂၀၂၆-၂၀၂၇) ဘောလုံးရာသီအတွက် Sponsorship စာချုပ်ချုပ်ဆိုခဲ့

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ (၂၀၂၆-၂၀၂၇) ဘောလုံးရာသီအတွက် Sponsorship သဘောတူစာချုပ် ချုပ်ဆိုမှုအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ (၂၈) ရက်၊ နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ FNI (General) ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းနှင့် တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ အမှုဆောင်အရာရှိချုပ် ဦးလွင်မိုးနှင့် အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ FNI (General) ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်း က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကာ ယခုနှစ်ရာသီတွင် စာသင်ကျောင်းများ၌ ဘောလုံးလောကတိုးတက်စေရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြပြီး၊ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးလွင်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် Sponsorship သဘောတူစာချုပ်ကို အပြန်အလှန်လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

Photos from First National Insurance's post 28/08/2026

ရန်ကုန်စီးပွားရေးတက္ကသိုလ် (YUECO) မှ MBA ကျောင်းသား/သူများ၏ ( ၂ ) လတာ Internship အစီအစဉ် ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း
ရန်ကုန်စီးပွားရေးတက္ကသိုလ် (Yangon University of Economics) မှ MBA ကျောင်းသား/သူများအား FNIG တွင် ( ၂ ) လတာ လက်တွေ့လုပ်ငန်းခွင် သင်ယူလေ့လာမှု (Internship Program) လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ( ၂ ) လတာကာလအတွင်း ကျောင်းသား/သူများသည် စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီများကို လက်တွေ့လုပ်ငန်းခွင် စိန်ခေါ်မှုများနှင့် ပေါင်းစပ်ပြီး -
သက်ဆိုင်ရာ ဌာနအသီးသီး၏ လုပ်ငန်းစဉ်များကို စနစ်တကျ လေ့လာခြင်း၊ Strategic Thinking & Problem Solving Skill များကို လက်တွေ့ အသုံးချခြင်း၊ ကုမ္ပဏီ၏ စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခြင်း တို့ကို ကြိုးစားအားထုတ်ကြခြင်းဖြင့် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။
FNIG အနေဖြင့် အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည့် လူငယ်မျိုးဆက်သစ်များကို အသိပညာ၊ အတတ်ပညာနှင့် လက်တွေ့အတွေ့အကြုံများ မျှဝေပေးနိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ကျောင်းသား/သူများ၏ အနာဂတ် စီးပွားရေးနှင့် စီမံခန့်ခွဲမှု နယ်ပယ် အသီးသီးတွင် ပိုမိုထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများအဖြစ် အောင်မြင်မှုများစွာ ရရှိပါစေကြောင်း FNIG မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🎓✨
လုံခြုံနွေးထွေးစွာကာကွယ်လျက်ပါ မြန်မာ

# Internship_Program

25/08/2026

First National Insurance (General) Co.,Ltd ရဲ့ (၁၃) နှစ်တာခရီးနှင့်အတူ စုစုပေါင်း လျော်ကြေးငွေ (၄၅) ဘီလီယံ ပေးလျော်ခဲ့သည့် အောင်မြင်မှု မှတ်တိုင် 🎉
၂၀၁၃ ခုနှစ် မှသည် ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ (၁၃) နှစ်တာကာလအတွင်း FNI (General) အပေါ် ယုံကြည်စိတ်ချစွာ ပုံအပ်ခဲ့ကြတဲ့ ပေါ်လစီရှင်များအတွက် ကျွန်တော်တို့ အကောင်းဆုံး တာဝန်ကျေပွန်ခဲ့ပါတယ်။
(၁၃) နှစ်တာအတွင်း စုစုပေါင်း အာမခံလျော်ကြေးငွေ ကျပ် (၄၅) ဘီလီယံကျော် အထိ အချိန်နှင့်တပြေးညီ မှန်ကန်စွာ လျော်ကြေးပေးချေနိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့ ကုမ္ပဏီအတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။
"ခက်ခဲချိန်မှာ အနီးကပ်ဆုံး ရပ်တည်ပေးခြင်း" ဟာ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ဖြစ်တာကြောင့် ရှေ့ဆက်ရမယ့် အနာဂတ်မှာလည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ သင့်ဘဝနဲ့ ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI

Photos from First National Insurance's post 21/08/2026

၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ (၁၅) ရက်နေ့က Htoo Zoo & Gardens Business Unit မှ ကြီးမှူး ကျင်းပပြုလုပ်ခဲ့သော ရတနာပုံတိရစ္ဆာန်ဥယျာဉ် (မန္တလေး) မှ အမျိုးသားကန်တာ်ကြီးဥယျာဉ် (ပြင်ဦးလွင်)သို့ MTB (လူသစ်တန်း) စက်ဘီးစီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် စက်ဘီးစီး အားကစားသမားများကို ပြိုင်ပွဲအတွင်း မတော်တဆထိခိုက်မှု အန္တရာယ်များအတွက် FNI (General) မှ Main Sponsor အဖြစ် ပူးပေါင်းပါဝင်၍ ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်ချင်းစီအား Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) အကာအကွယ်ကို အထူးအစီအစဉ်အနေနဲ့ ကူညီပံ့ပိုးပေးကာ ပြိုင်ပွဲအတွင်း မတော်တဆထိခိုက်ဒါဏ်ရာ ရရှိခဲ့သော စက်ဘီးစီး အာကစားသမားများအား ကိုယ်အင်္ဂါထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ခဲ့ပါသည်။
Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) နှင့်ပတ်သတ်ပြီး သိရှိလိုပါက FNI (General) Website - https://www.fnigeneral.com တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။
သိရှိလိုသော အာမခံအကြောင်းအရာများကို Page Messenger (Chat box) တွင်မေးမြန်းစုံစမ်းနိုင်သလို Call Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သောကကင်းဝေး စိတ်အေးစေနိင် FNI

Photos from First National Insurance's post 21/08/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွက် FNI (General) ၏ Manager of the Month & Employee of the Month ဆုရရှိခဲ့သူများကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာပေးလိုက်ပါတယ်။

20/08/2026

မန္တလေးမြို့ မီးလောင်ကျွမ်းမှုအတွက် FNI General မှ လျော်ကြေးငွေ ကျပ် ၂၈၉ သန်းကျော် အမြန်ဆုံး ပေးလျော်ခဲ့
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက် (ကြာသပတေးနေ့) မနက်အစောပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄ လမ်း (၈၅ x ၈၆ လမ်းကြား) ရှိ ပရဆေးကုန်ကြမ်းသိုလှောင်ဂိုဒေါင်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ အဆောက်အအုံမှာ First National Insurance (General) Company Limited (FNIG) တွင် မီးအာမခံထားရှိထားသော အဆောက်အအုံ ဖြစ်ပါသည်။
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် FNIG မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ခဲ့ပြီး၊ အာမခံထားသူ (Customer) ထံ အာမခံလျော်ကြေးငွေ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကို ပူးပေါင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် မီးလောင်ဆုံးရှုံးမှုအတွက် စုစုပေါင်း အာမခံလျော်ကြေးငွေ ကျပ် ၂၈၉,၃၂၇,၇၅၇/- (ကျပ် ၂၈၉ သန်းကျော်) တိတိကို အာမခံထားသူထံ အရောက် သွားရောက် ပေးလျော်ခဲ့ပြီး ဖြစ်ပါသည်။
FNIG သည် ၂၀၁၃ ခုနှစ်မှ စတင်၍ ယခုလက်ရှိတွင် အာမခံအမျိုးအစား (၁၄) မျိုးကို ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ ပြည်သူများ အာမခံထားရှိရာတွင် လွယ်ကူလျင်မြန်စေရန်အတွက် မြန်မာ တစ်နိုင်ငံလုံး၌ ရုံးခွဲပေါင်း (၁၇) ရုံး ဖွင့်လှစ်ထားရှိပြီး ဝန်ထမ်းအင်အား (၃၀၀) ကျော်ဖြင့် (၁၃) နှစ်ကျော်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
FNIG သည် (၁၃) နှစ်ကျော်ကာလအတွင်း မန္တလေးငလျင်ကြီး ဖြစ်စဉ်အပါအဝင် ယနေ့အထိ အာမခံလျော်ကြေးငွေ စုစုပေါင်း ကျပ် ဘီလီယံ ၄၅ ကျော် ပေးလျော်ခဲ့ပြီးဖြစ်ကာ အာမခံထားသူများ၏ ယုံကြည်မှုကို အပြည့်အဝ ပံ့ပိုးပေးလျက်ရှိပါသည်။
အာမခံထားရှိသူများအနေဖြင့် မိမိ၏တန်ဖိုးထားရသောအရာများနှင့် ပတ်သက်၍ သောကကင်းဝေးပြီး စိတ်အေးချမ်းသာစေရန်နှင့် အာမခံအကြောင်းသိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်အတွက် First National Insurance (General) Co., Ltd. ၏ Call Center ဖုန်း 019010900 သို့ အမြန်ဆုံး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI

Photos from First National Insurance's post 18/08/2026

၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ (၁၅) ရက်နေ့က Htoo Zoo & Gardens Business Unit မှ ကြီးမှူး ကျင်းပပြုလုပ်ခဲ့သော ရတနာပုံတိရစ္ဆာန်ဥယျာဉ် (မန္တလေး) မှ အမျိုးသားကန်တာ်ကြီးဥယျာဉ်(ပြင်ဦးလွင်)သို့ MTB (လူသစ်တန်း) စက်ဘီးစီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် စက်ဘီးစီး အားကစားသမားများကို ပြိုင်ပွဲအတွင်း မတော်တဆထိခိုက်မှု အန္တရာယ်များအတွက် ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်ချင်းစီအား Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) အကာအကွယ်ကို အထူးအစီအစဉ်အနေနဲ့ ကူညီပံ့ပိုးပေးကာ FNI (General) မှ Main Sponsor အဖြစ် ပါဝင်ခဲ့သော အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်။
Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) နှင့်ပတ်သတ်ပြီး သိရှိလိုပါက FNI (General) Website - https://www.fnigeneral.com တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။
သိရှိလိုသော အာမခံအကြောင်းအရာများကို Page Messenger (Chat box) တွင်မေးမြန်းစုံစမ်းနိုင်သလို Call Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သောကကင်းဝေး စိတ်အေးစေနိင် FNI

17/08/2026

Customer များ ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်မယ့် Cargo Protection (Trusted by Businesses)
"သယ်ယူပို့ဆောင်ရေးအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ Risk တွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ Cargo Insurance Coverage ရှိထားတာကြောင့် လုပ်ငန်းကို ပိုပြီး ယုံကြည်စိတ်ချစွာ လည်ပတ် နိုင်ခဲ့ပါတယ်။"
သင့်လုပ်ငန်းအတွက်လည်း ယုံကြည်စိတ်ချရတဲ့ အကာအကွယ်တစ်ခု ရွေးချယ်ထားဖို့ အချိန်ကျရောက်ပါပြီ။

Marine Cargo Insurance နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက FNI ရဲ့ website - https://www.fnigeneral.com တွင်လည်း ဝင်ရောက်လေ့လာနိုင်သလိုCall Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Page (chat box) တွင်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။

'သောကကင်းဝေး စိတ်အေးစေနိုင် FNI’

17/08/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ (၁၂) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI)မှ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့သော "လေးမျက်နှာမြို့နယ် ရေဘေးကူညီရေး အလှူငွေပေးအပ်ပွဲ အခမ်းအနား" တွင် ရေဘေးသင့် ပြည်သူများအတွက် FNIG မှ လှူဒါန်းငွေ ကျပ်သိန်း (၅၀) တိတိကို သွားရောက် လှူဒါန်းခဲ့ပါသည်။
ရေဘေးဒဏ် ခံစားနေရသော လေးမျက်နှာမြို့နယ်မှ မိဘပြည်သူများ အမြန်ဆုံး အဆင်ပြေချောမွေ့စွာဖြင့် ပုံမှန်လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိနိုင်ပါစေကြောင်း နှင့် ရေဘေးသင့် ဒေသအသီးသီးမှ ပြည်သူများအားလုံး အမြန်ဆုံး ဘေးကင်းကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏
လုံခြုံနွေးထွေးစွာ ကာကွယ်လျက်ပါ မြန်မာ ...☂️

14/08/2026

ယုံကြည်စိတ်ချစွာ သယ်ယူပို့ဆောင်နိုင်ဖို့ (Protect Every Journey)
သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတိုင်းတွင် မမျှော်လင့်ထားသော အန္တရာယ်များ ရှိနိုင်ပါတယ်။
Inland Marine Cargo Insurance ဖြင့် သင့်ကုန်ပစ္စည်းများကို အကာ အကွယ်ပေးထားခြင်းသည် လုပ်ငန်း၏ တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု ကို မြှင့်တင်ပေးနိုင်ပါသည်။
သင့်လုပ်ငန်းအတွက် သင့်တော်သော Coverage Solution ကို ရှာဖွေ နေပါက FNIG သို့ ဆက်သွယ်လိုက်ပါ။

Marine Cargo Insurance နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက FNI ရဲ့ website - https://www.fnigeneral.com တွင်လည်း ဝင်ရောက်လေ့လာနိုင်သလိုCall Center Ph No. 019010900 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Page (chat box) တွင်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။

'သောကကင်းဝေး စိတ်အေးစေနိုင် FNI’

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Botahtaung
Yangon
11162

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30