Daily
Just for Entertainment News Agency
21/12/2018
အမေရိကန်တွင် တရုတ်ကျောင်းသားဟောင်း(၁)ဦး အခန်းဖော်ကို အဆိပ်ခတ်သည်ဟုဆိုကာ တရားစွဲခံရ
နယူးယောက်၊ ဒီဇင်ဘာ(၂၁)
အမေရိကန်နိုင်ငံနိုင်ငံ ပင်ဆီလ်ဗီးနီးယားပြည်နယ်ရှိ လီဟိုက်တက္ကသိုလ်မှ တရုတ်ကျောင်းသားဟောင်းတစ်ဦးက သူ့အခန်းဖော်ကို အဆိပ်ခတ်ခဲ့သည်ဟု ကြာသပတေးနေ့က စွပ်စွဲတရားစွဲခံထားရသည်။
အသက်၂၂ နှစ်အရွယ်ရှိ ဓာတုဗေဒအဓိက ကျောင်းသား တရုတ်လူမျိုး ယူကိုင်ယန်က လပေါင်းများစွာကြာ နွေဦးရာသီအတွင်း အခန်းဖော်ဖြစ်သူ၏ အစားအသောက် နှင့်အချိုရည်များတွင် အခြားဓာတုပစ္စည်းများနှင့်အတူ
သာလီယမ်ဓာတုပစ္စည်းကို ထည့်ခဲ့သည်ဟု အစိုးရရှေ့ နေများက ပြောကြားသည်။
နော့သမ်တန်ကောင်တီ ရှေ့နေချုပ် ဂျွန်မော်ဂါနလီက ယူကိုင်ယန်ကို လူသတ်ရန် ကြိုးစားမှုနှင့် အခြားပြစ်မှုများဖြင့် တရားစွဲဆိုထားကြောင်း ဆန်းကျယ်ပြီး ကိုးရိုးကားယားနိုင်သော ဖြစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
သီလီယမ် (Thallium) မှာ အနံ့နှင့်အရသာမရှိသော ပစ္စည်းဖြစ်ပြီး လူကို သေစေနိုင်သည်။ အဆိုပါ သတ္တုပျော့ကို နိုင်ငံတကာတွင် အီလက်ထရွန်းနစ် ကုန်ထုတ်လုပ်ငန်းနှင့် အခြားလုပ်ငန်းဆောင်တာများအတွက် အသုံးပြုသည်။ တစ်ချိန်က အမေရိကန်တွင် ကြွက်များ အဆိပ်ချရာတွင် အသုံးပြုခဲ့သော်လည်း ၁၉၇၀ ခုနှစ်ကတည်းက ကြွက်အဆိပ်အတွက် မသုံးရန် ပိတ်ပင်ထားခဲ့သည်။
ယန်၏အခန်းဖော် ရွိုင်ရယ်ဂျူ ဝန်မှာ တုန်ခြင်း၊ အန်ခြင်း၊ မူးဝေခြင်းတို့ အပါအဝင် တဖြည်းဖြည်း ပိုဆိုးလာသော လက္ခဏာများ တွေ့ကြုံခဲ့ရပြီး သွေးစစ်ဆေးချက်များတွင် သီလီယံ တွေ့ရှိထားရာ ဘွဲ့ရပြီးကတည်းက ရောဂါလက္ခဏာများ ဆက်လက် ခံစားနေရသည်ဟု အာဏာပိုင်များက ပြောကြားသည်။
ယန်မှာ သူတို့ အိပ်ဆောင်အခန်း၌ လူမျိုးရေးခွဲခြားရေးမှုများ ရေးခြစ်ထားသော ရုပ်ပြောင်တစ်ခုရေးဆွဲခဲ့ရာ လူမျိုးရေး ခြိမ်းခြောက်မှု စွဲချက်ကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ ရွိုင်ရယ်မှာ လူမည်းဖြစ်ပြီး လူမျိုးရေးခွဲုခြားခံရခြင်း ဖြစ်သည်ဟု ယူဆထားသည်။
By - KSM / MUNA
Ref; South China Morning Post
Click here to claim your Sponsored Listing.
Contact the business
Website
Address
No. 134, 35 Street, Kyauktada Township
Botataung
11182
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 22:00 |