Phoewa Science
Phoewa Science offers providing informations that facilitate the creativity.
Phoewa Science offers providing informations and products that facilitate the engineering creativity.
Color Sorting Robotics Arm ;)
25/11/2024
Mentorship Partner Announcement
Zero2Maker Program ဖြစ်မြောက်ရေးအတွက် Share It Forward နှင့်အတူ Phoewa Science ကလည်း သင်ကြားရေးအထောက်အကူပိုင်းကို ကူညီပံ့ပိုးပေးထားပါတယ်။ Phoewa Science ဟာဆိုရင် “all about Raspberry Pi “ စာအုပ်ကို ထုတ်ဝေခဲ့ပြီး STEM education နှင့် ပတ်သက်သောလေ့လာသင်ယူစရာအမျိုးမျိုးကို တင်ဆက်ပေးနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
Zero2Maker Program မှာတော့ Professor Rajesh Nair ရဲ့ သင်ကြားမှုအပြီးမှာ Phoewa Science မှ ကိုကောင်းထက်ထွန်း ကဦးဆောင်ပြီး သင်တန်းသားတွေရဲ့ project လုပ်ဆောင်မှုအဆင်ပြေချောမွေ့အောင် mentor အနေနဲ့ကူညီသွားမှာဖြစ်ပါတယ်ရှင်။ ဒါ့အပြင် Arduino kits များ စီစဉ်မှုပိုင်းမှာလည်း လမ်းညွှန်ပေးတဲ့အတွက် Phoewa Science ကို SIF team မှ ကျေးဇူးအထူးတင်ပါတယ်။
Phoewa Science နဲ့အတူ Zero2Maker Program တလျှောက် သင်တန်းသားတွေကို အချိန်ပေးပြီးကူညီကြမယ့် SIF မှ volunteer mentor တစ်ဦးချင်းစီကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ အခုလို Prof. Rajesh Nair နဲ့အတူ မြန်မာနည်းပညာရှင်များကပါ mentors အနေနဲ့ အသီးသီးပါဝင်အားဖြည့်သွားကြမဲ့ Zero2Maker Program ကို စာရင်းပေးဖို့မမေ့ပါနဲ့ဦးနော်။
Zero2Maker Program အကြောင်း အသေးစိတ်ကြည့်ရှုရန်
https://www.facebook.com/share/184Eg5ynn6/
Phoewa Science မှ ထုတ်ဝေထားတဲ့ “all about Raspberry Pi” စာအုပ်နှင့် ကိုကောင်းထက်ထွန်း ရဲ့ မျှဝေမှုတွေကို အောက်ဖော်ပြပါ Link တွေက တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://kogyikaunghtet.com/allabout-rpi/
https://www.facebook.com/phoewa.science
Energy Monitoring System (Current Sensing)
RGK+Z&A Group (https://rgkzna.com) အတွက် ပြုလုပ်ပေးဖြစ်ခဲ့တဲ့ Energy Monitoring System Project အကြောင်း ရှင်းပြပေးထားတဲ့ video လေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ current တိုင်းတာရာမှာ ACS712 လိုမျိုး ဝါယာကြိုးဖောက်ပြီး ချိတ်ဆက်စရာမလိုတဲ့၊ Non-invasive Split-core အမျိုးအစား current sensor ကို အသုံးပြုထားလို့ ဗို့အားမြင့်လိုင်းတွေကို တိုင်းတာချင်ရင် ကလစ်ဖြုတ်ပြီး တပ်လိုက်ရုံပဲမို့ အန္တရာယ်လည်း ကင်းပါတယ်။
GSM SIM900A module ကတော့ GPRS connection နဲ့ Internet ချိတ်ဆက်ဖို့ ထည့်ထားတာပါ။ LCD မှာ local လည်း ကြည့်လို့ရ၊ cloud မှာလည်း ကြည့်လို့ရအောင် ၁မိနစ် တစ်ခါ update ပေးပြီး လုပ်ထားပါတယ်။ Thingspeak မှာ monitoring ကြည့်တဲ့အပိုင်းကတော့ confidential အပိုင်းတွေမို့လို့ LCD မှာ ကြည့်တဲ့အပိုင်းပဲ တင်ပြပေးလိုက်ပါတယ်။ ဒီ project တစ်ခုလုံးကို Circuit Diagram, PCB layout design က စလို့ Arduino Program အပါ၊ prototype မှ product အဆင့် သုံးလို့ရသည်အထိ project ကို ချောမွေ့အောင် Phoewa Science မှ ဆောင်ရွက်ပေးခဲ့ပါတယ် 😃
STM32 Blue Pill နဲ့ ESP-01 သုံးပြီး Amazon Alexa Echo နဲ့ IoT Home Automation လုပ်ကြည့်ထားပါတယ် :D
, , , ,
07/02/2023
Face Recognition Door Lock System with ESP32 Cam Module and Arduino Nano :D
Phoewa Science ရဲ့ Arduino Online Class မှ သင်ခန်းစာနံပါတ် (၁၀) ကို ဝေမျှပေးလိုက်ပါတယ်။ Arduino Online သင်တန်း တက်ချင်သူတွေ ရှိရင် အခုလက်ရှိ သင်ပေးနေတဲ့ Class မှာ ဝင် join လို့ ရပါတယ်။ သင်တန်းကြေး ၁သိန်းခွဲကျပ်ပါ။
သင်ကြားမယ့်ပုံစံကတော့ အခုလို Pre-recorded video တွေ ပို့ပေးမှာပါ။ formal ဆန်ဆန် သင်ကြားမှာ မဟုတ်ပါ။ မသိမဖြစ် အခြေခံတွေ သင်ပြီးသွားရင် ပြင်ပပေါက်ဈေး သိန်းဂဏန်းတန် advanced project တွေကိုပါ ထည့်သွင်းဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
Phoewa Science ကနေ ၂၀၁၄မှ ၂၀၂၁ခုနှစ် အတွင်း Arduino and Raspberry Pi သင်တန်းသားပေါင်း ၅၀၀ခန့် သင်ကြားပေးခဲ့ပြီး ဖြစ်သလို၊ BE Thesis, Master Thesis ကဲ့သို့သော တက္ကသိုလ် Project တွေနဲ့ ပြင်ပ Project ပေါင်း ရာနဲ့ချီ ပြုလုပ်ပေးခဲ့တဲ့ အတွေ့အကြုံတွေ ရှိလို့ online သင်တန်းတက်ပြီး ဘာမှမသိလိုက်တာမျိုး ဖြစ်မှာကိုတော့ ပူစရာမလိုပါ။
Online Class ဖြစ်လို့ Arduino နဲ့ ဆက်စပ်တဲ့ အခြေခံပစ္စည်းတချို့တော့ လက်ထဲရှိဖို့ လိုအပ်ပါမယ်။ မိတ်ဆက် video lesson ၆ပိုင်းကို ကျွန်တော့်ရဲ့ youtube channel မှာ နမူနာကြည့်လို့ရပါတယ်။
https://www.youtube.com//videos
ဆက်သွယ်ရန် -
ကောင်းထက်ထွန်း
Phoewa Science
09 4315 8682, 09 7610 81174
https://kogyikaunghtet.com
19/01/2023
Double Layer PCB နဲ့ 12V battery charger ဆားကစ်လေး လုပ်ထားတာပါ။ Relay ၁လုံးက Auto Cut off အတွက်ပါ။ နောက်တစ်လုံးက ဘယ်လိုဖြစ်လို့ ပါလာတာလဲ ဆိုရင်၊ မီးပျက်ပြီးလို့ မီးပြန်လာတဲ့အခါ ဘတ္ထရီကို ချိတ်ထားတဲ့ ညှပ်ကို ဖြုတ်တပ်လုပ်မှ charging ပိုင်းက Relay က ကပ်ပါတယ်။
ဘယ်လိုစမ်းစမ်း အဲ့လိုဖြစ်နေတာနဲ့ ကိုယ့်ဟာကိုယ် လူပြိန်းနည်း solution ထုတ်ပြီး၊ နောက်ထပ် Relay တစ်လုံးနဲ့ timer ခံ ကပ်ပေးလိုက်တာပါ 😂
14/01/2023
ဒီတစ်ခေါက်တော့ solder mask အနီရောင်လေးနဲ့ PCB လေး လုပ်ကြည့်ထားပါတယ် 😄
09/01/2023
Energy Monitoring System (Current Sensing)
ဒီ project ကလည်း RGK+Z&A Group (https://rgkzna.com) အတွက် ထပ်မံ လုပ်ပေးဖြစ်ခဲ့တဲ့ Energy Monitoring System လေးပါ။ current တိုင်းတာရာမှာ ACS712 လိုမျိုး ဝါယာကြိုးဖောက်ပြီး ချိတ်ဆက်စရာမလိုတဲ့၊ Non-invasive Split-core အမျိုးအစား current sensor ကို အသုံးပြုထားလို့ ဗို့အားမြင့်လိုင်းတွေကို တိုင်းတာချင်ရင် ကလစ်ဖြုတ်ပြီး တပ်လိုက်ရုံပဲမို့ အန္တရာယ်လည်း ကင်းပါတယ်။
GSM SIM900A module ကတော့ GPRS connection နဲ့ Internet ချိတ်ဆက်ဖို့ ထည့်ထားတာပါ။ LCD မှာ local လည်း ကြည့်လို့ရ၊ cloud မှာလည်း ကြည့်လို့ရအောင် ၁မိနစ် တစ်ခါ update ပေးပြီး လုပ်ထားပါတယ်။
ဒီ project တစ်ခုလုံးကိုလည်း Circuit Diagram, PCB layout design က စလို့ Arduino Program အပါ၊ prototype မှ product အဆင့် သုံးလို့ရသည်အထိ project ကို ချောမွေ့အောင် Phoewa Science မှ ဆောင်ရွက်ပေးခဲ့ပါတယ် :D
07/01/2023
guess what 😁
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon