LP Library - Online

LP Library - Online

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LP Library - Online, Library, Yangon.

27/08/2026

ခြင်္သေ့က ကျားကို ဝံပုလွေဆယ်ကောင်၏ခေါင်းဆောင်အဖြစ်ခန့်လိုက်သည်။

ခြင်္သေ့က သူတို့အတွက် အသားတုံးဆယ့်တစ်ခု နေ့စဉ်ယူလာပေးသည်။ ကျားက ထိုအသားများကို မျှမျှတတခွဲဝေပေးသည်။ သူက အသားတုံးတစ်ခုကို သူ့အတွက်ယူထားပြီးနောက် ကျန်အသားတုံးဆယ်ခုကို ဝံပုလွေဆယ်ကောင်အား တစ်ကောင်လျှင်တစ်ခုကျ အရွယ်အစားတူခွဲဝေပေးသည်။

ဤသို့ဖြင့် နေ့ရက်များစွာကုန်လွန်သွားကြသည်။ ဝံပုလွေများက သူတို့၏မကျေနပ်မှုကို အချင်းချင်းတီးတိုးပြောလာကြသည်။

ဝံပုလွေတစ်ကောင်ကဆိုသည်။
"ကျားက ဘာဖြစ်လို့ ငါတို့နဲ့ အသားခွဲတမ်းအတူတူရနေတာလဲ..."

အခြားဝံပုလွေတစ်ကောင်ကထောက်ခံသည်။
"အေးလေ... ဒီကောင်က ဘာတစ်ခုမှလည်းလုပ်တာမဟုတ်ဘူး... သူလုပ်တာဆိုလို့ ငါတို့ကိုအစာခွဲပေးတဲ့အလုပ်ပဲရှိတယ်..."

"ငါတို့ကဆယ်ကောင်ရှိတာ ဒီကောင်ကတစ်ကောင်တည်းပဲ... တကယ်လို့ ငါတို့သာသူ့ကိုမောင်းထုတ်လိုက်မယ်ဆိုရင် ဘယ်သူက အသားဘယ်လောက်ရသင့်တယ်ဆိုတာကို ငါတို့ကိုယ်တိုင်ဆုံးဖြတ်လို့ရသွားမယ်..."

ကျားသည် သူတို့၏တီးတိုးစကားများကိုကြားသည်။ သို့သော် သူ၏ယခင်စည်းကမ်းချက်ကိုမပြောင်းလဲ။ အားလုံးအပေါ်တွင်မျှမျှတတဆက်ဆံနေသမျှ မည်သည့်ဆန့်ကျင်ပုန်ကန်မှုမျိုးမှမပေါ်ပေါက်နိုင်ဟု သူယုံကြည်သည်။

သို့သော် တစ်နေ့တွင် ဝံပုလွေများကသူ့ကိုဝိုင်းလေတော့သည်။

ဝံပုလွေများထဲမှ သတ္တိအကောင်းဆုံးတစ်ကောင်ကပြောသည်။
"ငါတို့အတွက် ခေါင်းဆောင်မလိုတော့ဘူး... မင်းထွက်သွားတော့..."

ကျားသည် ဝံပုလွေဆယ်ကောင်နှင့်တိုက်ခိုက်လိုစိတ်မရှိ။ ထို့ကြောင့် သူသည် ဝံပုလွေအုပ်ကိုစွန့်ခွာသွားပြီးနောက် ခြင်္သေ့ထံသို့ပြန်သွားသည်။

နောက်တစ်ရက်တွင် ဝံပုလွေများကိုအုပ်ချုပ်ရန်အတွက် ခြင်္သေ့က မြေခွေးကိုတာဝန်ပေးလိုက်သည်။

မြေခွေးသည်လည်း ယခင်ကဲ့သို့ပင် အသားတုံးဆယ့်တစ်ခုရသည်။

သူသည် ဝံပုလွေများကို သေသေချာချာဂရုစိုက်လေ့လာပြီးနောက်တွင် အသားတုံးသုံးခုကို သူ့အတွက်ဖယ်ထားလိုက်သည်။ ထို့နောက်တွင် ခွန်အားအကောင်းဆုံးဝံပုလွေတစ်ကောင်ကို အသားတုံးနှစ်ခု အပိုပေးလိုက်သည်။

မြေခွေးကပြောသည်။
"အခုစပြီး မင်းဟာ ငါ့လက်ထောက်ဖြစ်သွားပြီ..."

မြေခွေးသည် အသံအကျယ်ဆုံးဝံပုလွေနှစ်ကောင်အတွက်လည်း အသားတုံးသုံးခုကိုခွဲဝေပေးလိုက်သည်။
"ငါ့အမိန့်ကို ကျန်တဲ့အကောင်တွေလိုက်နာအောင်လုပ်ဖို့ မင်းတို့နှစ်ကောင်ကို တာဝန်ပေးလိုက်ပြီ..."

ထို့နောက်တွင်မှ ကျန်သောအသားတုံးများကို ကျန်ဝံပုလွေများထံသို့ပစ်ပေးလိုက်သည်။

ဝံပုလွေများသည် မကျေမနပ်ဖြင့် ဆူဆူညံညံဖြစ်လာကြတော့သည်။
"ဒါ လုံးဝမတရားဘူး... ကျားအုပ်ချုပ်တုန်းကဆိုရင် ကျုပ်တို့အားလုံးအတွက် ခွဲတမ်းညီတူညီမျှရတယ်..."

မြေခွေးကပြုံးလိုက်သည်။
"ဒါဆိုရင် မင်းတို့ကဘာဖြစ်လို့ သူ့ကိုမောင်းထုတ်လိုက်ကြတာလဲ..."

ဝံပုလွေများထံမှ အသံများတိတ်ဆိတ်သွားသည်။

ဤသို့ဖြင့် မြေခွေးသည် ဝံပုလွေများကို ဆက်လက်အုပ်ချုပ်လာခဲ့သည်။ သူသည် ဝံပုလွေအချို့ကို ဆုလာဘ်ချီးမြှင့်သည်။ အချို့ကို ပြစ်ဒဏ်ပေးသည်။ ကျန်ဝံပုလွေများကို နောက်တစ်ရက်တွင် အသားခွဲတမ်းပိုရမည်ဟု ကတိပေးထားသည်။ ခွန်အားအကောင်းဆုံးဝံပုလွေများသည် သူတို့လက်ရှိရနေသော အခွင့်ထူးများကိုဆုံးရှုံးရမည်ကိုကြောက်ကြသည်။ ထို့ကြောင့် သူတို့က မြေခွေးကိုအကာအကွယ်ပေးကြလေသည်။ ခွန်အားနည်းသောဝံပုလွေများသည်် အားကောင်းသောဝံပုလွေများကို ကြောက်ရွံ့ကြသဖြင့် စောဒကမတက်ရဲဘဲ တိတ်ဆိတ်စွာနေကြလေသည်။

အချိန်အတော်ကြာပြီးနောက်တွင် ကျားက ခြင်္သေ့ကိုမေးကြည့်သည်။
"ကျွန်တော်က တရားမျှတမှုရှိအောင်ကြိုးစားခဲ့တာပဲ... ဘာဖြစ်လို့ သူတို့က ကျွန်တော့်ကိုဆန့်ကျင်ကြတာလဲ... အခုတော့ မြေခွေးက သူ့အတွက်အသားတုံးတွေအများကြီးယူနေတာတောင် သူတို့တွေက မြေခွေးရဲ့အောက်မှာ ဘာဖြစ်လို့ ဘာသံမှမထွက်ဘဲနေနေကြတာလဲ..."

ခြင်္သေ့ကပြန်ဖြေသည်။
"မင်းက သူတို့ကို တရားမျှတမှုပေးလိုက်ရင် သူတို့ကအဲဒီတရားမျှတမှုကို တန်ဖိုးထားလိမ့်မယ်လို့မျှော်လင့်ထားတာကိုး... ဒါပေမယ့် လူတွေ၊ တိရစ္ဆာန်တွေဟာ အချိန်ကြာလာတဲ့အခါမှာ အဲဒီတရားမျှတမှုဟာ ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာမလိုတဲ့ သူတို့ရဲ့ရပိုင်ခွင့်လို့ပဲမြင်လာတတ်ကြတယ်..."

"မြေခွေးကျတော့ ဘာဖြစ်လို့လဲ..."

"ဒီကောင်က ဝံပုလွေအနည်းစုကို အထူးအခွင့်အရေးတွေပေးတယ်၊ တခြားဝံပုလွေတွေကိုတော့ ကြောက်နေအောင်လုပ်ထားယ်၊ သူတို့အချင်းချင်း အပြိုင်အဆိုင်ဖြစ်အောင်လုပ်ပေးထားတယ်... အခုဆိုရင် ဝံပုလွေတွေဟာ သူတို့အချင်းချင်း ရန်ဖြစ်နေရတာနဲ့တင် လုံးဝမအားကြတော့ဘူး... သူတို့ရနေတဲ့ အခွင့်အရေးလေးတွေ ဆုံးရှုံးသွားမှာကို ကြောက်နေကြတာနဲ့တင် မြေခွေးကို စိန်မခေါ်ရဲကြတော့ဘူး..."

ကျားသည် လေးလေးနက်နက်စဉ်းစားရင်း အသံတိတ်သွားသည်။

ထို့နောက် ခြင်္သေ့ကဆက်ပြောသည်။
"လောကကြီးမှာ တရားမျှတမှုရှိနေရုံနဲ့မပြီးသေးဘူး... တရားမျှတမှုရဲ့တန်ဖိုးကို တခြားသူတွေနားလည်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း မင်းသိထားဖို့လိုအပ်တယ်... ဘာကြောင့်လဲဆိုတော့ လူတွေဟာ ရုန်းကန်ကြိုးစားစရာမလိုပဲ နေ့စဉ်ပုံမှန်ရနေတဲ့အရာတွေကို အသိအမှတ်ပြု တန်ဖိုးထားဖို့ ခပ်မြန်မြန်ပဲ သတိမေ့သွားတတ်ကြတယ်...

ဝံပုလွေတွေဟာ တရားမျှတမှုရှိတဲ့​ခေါင်းဆောင်တစ်ယောက်ကို ဆုံးရှုံးပြီးတော့မှ သူတို့ကို ဘယ်လောက်ထိ တရားမျှတအောင်ဆက်ဆံခံခဲ့ရပါလားဆိုတာကို သဘောပေါက်သွားကြရတာပဲ..."


သင်ခန်းစာ -
ကျွန်ုပ်တို့သည် ရိုးသားမှုနှင့် တရားမျှတမှုများကို ရရှိခံစားနေသည့်အချိန်မျိုးတွင် ထိုအရာများကို ကျေးဇူးတင် တန်ဖိုးထားရန်ပျက်ကွက်နေလေ့ရှိကြသည်။ တခါတရံတွင် လူများသည် ကောင်းမြတ်ခြင်းနှင့် တရားမျှတမှု၏တန်ဖိုးကို ထိုအရာများအား မိမိတို့ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့ကြပြီးသည့်နောက်တွင်မှ နားလည်သဘောပေါက်သွားကြလေ့ရှိပါသတည်း။

(Translated by )
The Lion put the Tiger in charge of ten wolves.

Every day, the Lion brought them eleven pieces of meat. The Tiger divided the food fairly: he kept one piece for himself and gave the other ten, all equal in size, to the wolves—one piece each.

Several days passed, and the wolves began to whisper among themselves in discontent.

“Why does the Tiger get as much as we do?” said one.

“He hardly does anything. All he does is hand out the food,” another agreed.

“There are ten of us and only one of him. If we drive him away, we can decide for ourselves who deserves how much.”

The Tiger heard their whispers, but he did not change his rules. He believed that as long as he treated everyone fairly, there would be no reason for rebellion.

But one day, the wolves surrounded him.

“We don’t need a leader anymore,” said the boldest among them. “Leave.”

The Tiger had no desire to fight ten wolves. He left the pack and returned to the Lion.

The next day, the Lion appointed the Fox to rule over the wolves.

The Fox received the same eleven pieces of meat.

She studied the wolves carefully, set aside three pieces for herself, then gave two more to the strongest wolf.

“From now on,” she said, “you are my deputy.”

She divided three more pieces between the two loudest wolves.

“You will be responsible for keeping order.”

Then she threw what remained to the others.

The wolves erupted in outrage.

“This is unfair! Under the Tiger, everyone received an equal share!”

The Fox smiled.

“Then why did you drive him away?”

The wolves fell silent.

And the Fox went on ruling them. Some she rewarded, others she punished, and still others she promised a larger share tomorrow. The strongest wolves were afraid of losing their privileges, so they protected her. The weaker ones were afraid of the strongest and kept quiet.

Some time later, the Tiger met the Lion and asked:

“I tried to be fair. Why did they rebel against me, yet remain silent under the Fox, even though she keeps more for herself?”

The Lion replied:

“You gave them fairness and assumed they would value it for its own sake. But people and animals alike often begin to treat fairness as something they are simply entitled to.”

“And the Fox?”

“She gave privileges to a few, fear to the others, and rivalry to them all. Now they are too busy fighting among themselves—and too afraid of losing even the little they have—to challenge her.”

The Tiger fell silent, deep in thought.

Then the Lion said:

“It is not enough to be fair. You must also know how to make others understand the value of fairness. For what people receive every day without having to struggle for it, they very quickly cease to notice.”

And only after losing a just leader did the wolves understand just how fair he had been.

Moral: We often fail to appreciate honesty and fairness while we still have them. Sometimes people understand the true value of a good and just order only after they have destroyed it with their own hands.

22/08/2026

🟥ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေအကြုံကိုရေးတာပါ။)

အရောင်းအဝယ် စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1️⃣ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2️⃣စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာလျှင် စရန်ချပါ။

3️⃣စရန်ချပြီးသည်နှင့်တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

အောက်ပါ ၄-မျိုး ရမှငွေပြေချေပါ။

1️⃣အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2️⃣မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3️⃣မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4️⃣မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဝယ်ယူပြီးနောက် အောက်ပါ ၃-ဆင့်။

1️⃣ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်စောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2️⃣ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

4️⃣ အားလုံးပြီးမှ မြို့တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

- ဆရာ ကြည်စိုး

22/08/2026

သမီး ဘုရားကို
နောက်တစ်ခါ ထပ်မသွားတော့ဘူး

ဘာဖြစ်လို့လဲ သမီး

ဘုရားကို သမီးသွားတော့
တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့
အချိန်မှာတောင် ဖုန်းသုံးနေတဲ့သူနဲ့
အတင်းပြောနေတဲ့သူနဲ့ ဘယ်သူမှ
တလေးတစား မရှိကြဘူး သူတို့အားလုံးဟာ သူတော်ကောင်းယောင်
ဆောင်နေကြတာပဲ ဖေဖေ

အင်း..

ဒါဆို သမီး ဘုရား
မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ
သမီးကို တစ်ခုလောက် လုပ်ခိုင်းလို့ရမလား

ပြောကြည့်လေ ဖေဖေ ဘာများလဲ

ဒါဆို သမီး.....
ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး
ဘုရားကို ၂ ပတ် လမ်းလျောက်ရမယ်
ဒါပေမယ့် ရေတော့
လုံးဝမဖိတ်ရဘူးနော်

ဒါလေးများ သမီး လုပ်နိုင်ပါတယ်
ဖေဖေ....

ခဏအကြာ.... .

သမီး ပြန်ရောက်ပီ
ဖေဖေ ဒီမှာကြည့် ရေ လုံးဝမဖိတ်ဘူး

ဟုတ်ပီ ဒါဆို
ဖေဖေ သမီးကို မေးခွန်း ၃ ခု မေးမယ်

သမီး ဘုရားပေါ်မှာ
ဖုန်းသုံးနေတဲ့သူတွေ တွေ့ခဲ့လား.. .

အတင်းပြောနေတာတွေရော ကြားခဲ့လား...

သမာဓိပျက်နေတဲ့သူတွေရော ရှိခဲ့လား.. .

သတိမထားမိလိုက်ဘူး ဖေဖေရယ်
အဲဒါတွေ သွားကြည့်ရင် သမီး ဖန်ခွက်ထဲကရေ
ဖိတ်သွားမှာပေါ့ သမီးကိုယ်ကို အာရုံစိုက်ထားရတာ
သူတို့ကို မကြည့်အားပါဘူး

ဟုတ်တယ် သမီး.. .

ဖေဖေလိုချင်တာ အဲဒါပဲ သမီး

သမီး ဘုရားကျောင်းကို
သွားတယ်ဆိုရင် လုပ်သင့်တာက
ကိုယ့်အလုပ်ကိုကိုယ် အာရုံစိုက်ပြီး ဘုရားကို
အာရုံပြုနေဖို့ပဲ

ကျန်တာတွေက ကိုယ့်ကိစ္စ မဟုတ်ဘူး

ကိုယ့်သမာဓိ မပျက်ဖို့ပဲ
အရေးကြီးတယ် မဟုတ်လား သမီး

ဘယ်သူ တရားပျက်ပျက်
ကိုယ်မပျက်ဖို့ လိုတယ်သမီး

ဒါဆိုရင် သမီးဘဝ တစ်လျှောက်မှာ
ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ
ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ
အာရုံအပြည့်အဝ စူးစိုက်ထားမယ်ဆိုရင်
ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး

ကျေးဇူးပါ ဖေဖေ
ဖေဖေပေးတဲ့ သင်ခန်းစာက
သမီးအတွက် တကယ်ကို
ကောင်းလွန်းပါတယ် ဖေဖေ ၊၊

(စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...)🙏


#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ဘဝအတွတ်စာဖတ်ပါ
#ခှနျအားရှိသောစာတျိုမြား

28/07/2026

🚗 ားဝယ်တော့မယ်ဆို…

Sales ပြောတာကို “ဟုတ်ကဲ့” လို့ ခေါင်းညိတ်မနေချင်ရင် ဒီစာလေးဖတ်ထား

ကျွန်တော်လည်း EV အကြောင်း စလေ့လာတော့…

kWh, SOC, CCS2, DC Fast Charge…

ကြားတာနဲ့ ကိုယ်ပဲ စာမလိုက်နိုင်တဲ့ ကျောင်းသားလို ဖြစ်သွားတယ်။ 😂

ဒါပေမယ့် တကယ်တော့ မခက်ပါဘူး။

ဒီစကားလုံး ၁၅ လုံးလောက် သိထားရင် Sales နဲ့ စကားပြောတဲ့အခါ ကိုယ်ဘာဝယ်နေတာလဲဆိုတာ နားလည်လာပါလိမ့်မယ်။

⸻

🔋 kWh = Battery အိုးအရွယ်

👉 ရေတိုင်ကီကြီးလေ ရေပိုဆံ့သလို…

Battery ကြီးလေ မောင်းနိုင်တဲ့အကွာအဝေး ပိုများလေ။

ဥပမာ - 60 kWh က 40 kWh ထက် ပိုဝေးတယ်။

⸻

📍 Range = အားတစ်ခါသွင်းပြီး မောင်းနိုင်တဲ့အကွာအဝေး

ဥပမာ - 450 km

ဒါပေမယ့် Air-con အပြည့်ဖွင့်၊ အမြန်မောင်း၊ တောင်တက်များရင် Range က လျော့နိုင်တယ်။

⸻

🏠 AC Charging = အိမ်မှာ အားသွင်း

လူလည်းအိပ်…

ကားလည်းအိပ်… 😴🔋

⸻

⚡ DC Fast Charging = Station မှာ အမြန်အားသွင်း

Coffee တစ်ခွက်သောက်နေတုန်း…

20% ကနေ 80% လောက်အထိ သွင်းပြီး ဆက်ထွက်လို့ရတယ်။

⸻

🔌 CCS2 / GB/T = Charger ခေါင်းအမျိုးအစား

iPhone နဲ့ Android Charger မတူသလို…

EV Charger လည်း အမျိုးအစားရှိတယ်။

⸻

🔋 SOC = Battery လက်ကျန် %

Phone မှာ Battery 25% ကျန်တယ်ဆိုတဲ့ သဘောပဲ။

⸻

❤️ SOH = Battery ကျန်းမာရေး

Used EV ဝယ်မယ်ဆို…

ဒီတစ်ခုက အရေးကြီးဆုံး။

95% ဆို Battery အခြေအနေ ကောင်းသေးတယ်။

⸻

💪 Motor (kW) = မော်တာအင်အား

kW များလေ…

ကားဆွဲအား ပိုကောင်းလေ။

⸻

🐎 Horsepower (HP) = ကားအား

လူသုံးများတဲ့ စွမ်းအားတိုင်းတာနည်းတစ်ခု။

⸻

💨 Torque = ထွက်အား

မီးပွိုင့်စိမ်းတာနဲ့…

“ဝူး…” ဆိုပြီး EV တွေ ထွက်သွားတာ ဒီကောင်ကြောင့်။ 😆

⸻

🔄 Regenerative Braking

ဘရိတ်အုပ်ရင်း Battery ကို အားနည်းနည်း ပြန်သွင်းပေးတယ်။

“ဘရိတ်အုပ်တာတောင် အလုပ်လုပ်နေတဲ့ ဝန်ထမ်း” လို့ မှတ်ထားလိုက်။ 😂

⸻

🌡️ Battery Cooling

Battery အပူမတက်အောင် ထိန်းပေးတဲ့စနစ်။

မြန်မာလို ပူတဲ့နိုင်ငံဆို ပိုအရေးကြီးတယ်။

⸻

🛡️ Battery Warranty

အများအားဖြင့်…

8 နှစ် / 160,000 km လောက် ပေးကြတယ်။

⸻

📱 OTA Update

Phone Update လုပ်သလို…

ကားကိုလည်း Internet ကနေ Software Update လုပ်ပေးတာ။

⸻

🔌 V2L

ကား Battery ကနေ…

Laptop၊ ပန်ကာ၊ ထမင်းပေါင်းအိုး စတာတွေကို ပြန်သုံးလို့ရတယ်။

မြန်မာမှာတော့ မီးပျက်ရင် အသုံးဝင်တဲ့ Feature ပဲ။ 😅

⸻

📌 EV ဝယ်ခါနီး မေးရမယ့် ၅ ခု

✅ Battery ဘယ်နှစ် kWh လဲ?

✅ တကယ်မောင်းရင် Range ဘယ်လောက်ရလဲ?

✅ Battery Warranty ဘယ်နှစ်နှစ်လဲ?

✅ Fast Charge ဘယ်လောက်ကြာလဲ?

✅ Service Center နဲ့ Spare Parts အဆင်ပြေလား?

⸻

💡 Ko Wunna အမြင်

EV ဝယ်တဲ့အခါ…

Screen ဘယ်လောက်ကြီးလဲ…

Sunroof ပါလား…

Speaker ဘယ်နှလုံးလဲ…

အဲဒါတွေထက်…

Battery + Warranty + Charging + After-sales Service ကို အရင်ကြည့်ပါ။

အဲဒါတွေက သင့်ပိုက်ဆံကို ရေရှည်မှာသက်သာစေမယ့် အရာတွေပါ။

⸻

ကျွန်တော်လည်း EV အကြောင်းကို အခုမှ အစကနေ လေ့လာနေတာပါ။

ဒါကြောင့် EV သုံးနေတဲ့ မိတ်ဆွေတွေ၊ Showroom က Sales တွေ၊ Technician တွေ…

ဒီ Post မှာ ထပ်သိထားသင့်တဲ့ စကားလုံးတွေ၊ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ “ဒါလေးတော့ မဖြစ်မနေ သိထား” ဆိုတဲ့ အချက်တွေကို Comment မှာ ဝင်မျှဝေပေးပါဦး။

တစ်ယောက်သိတာထက် အားလုံးဝိုင်းမျှဝေရင်…

EV ဝယ်မယ့်သူတိုင်းအတွက် ပိုအသုံးဝင်တဲ့ စာစုတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ❤️

25/12/2025

ပထမထပ်မှာ ကိုယ်ရပ်နေတုန်း
လူတစ်ယောက် ကိုယ့်ကို ဆဲတာ ကိုယ်ကြားပြီး
ဒေါသထွက်မိတယ်။

ဆယ်ထပ်ကို ကိုယ်ရောက်တော့
သူဆဲတာကို သိပ်မကြားတော့ဘူး။
ကိုယ့်ကို သူ နှုတ်ဆက်နေတယ်လို့တောင် ကိုယ်ထင်တယ်။

အထပ် ၁၀၀ ရောက်တော့
တစ်ယောက်ယောက်က ကိုယ့်ကို ဆဲနေပေမယ့်
ကိုယ်က မျက်စိရှေ့က ကျယ်ပြန့်တဲ့ ရှုခင်းကိုပဲ မြင်တော့တယ်။

လူတစ်ယောက်မှာ ရှုထောင့်အမြင် ချို့တဲ့ရင်
သူမြင်တာက ပြဿနာတွေပဲဖြစ်တယ်။

သူ့စိတ်ထဲမှာလည်း အသေးအဖွဲကိစ္စတွေပဲ
ပြည့်နှက်နေတယ်။

ဒါကြောင့် ကိုယ့်ရှုထောင့်ကို ချဲ့ထွင်ရပါတယ်။
ရှုထောင့်ကျယ်ပြန့်လာတာနဲ့အမျှ
ကိစ္စတော်တော်များများက
ကိုယ့်စိတ်ခံစားမှုကို ထိခိုက်ဖို့ မတန်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။

ကိုယ်လိုချင်တဲ့ ဘဝမျိုးမှာ ဆက်လက်ရှင်သန်နေထိုင်ပါ။

Photos from LP Library - Online's post 30/11/2025

ဗုဒ္ဓဘာသာလူငယ်များသိမှတ်ဖွယ်ရာ။

01/11/2025

တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ

၁/ တိုက်အသစ်နံရံသားအသစ်ကိုဆေးစမသုတ်ခင်
သုတ်မဲ့နံရံကို ပန်းရံသားချောပြီး အနည်းဆုံးသုံးပတ်
ကြာထားပေးသင့်ပါတယ် သုံးပတ်ကြာတဲ့အခါမှာ ပန်းရံချေားသားကခြောက်သွေ့ပြီး ရေစိုပြန်တာ
ရေငွေ့ရိုက်တာတွေမရှိတော့ပါဘူး
နံရံချောသားအသစ်ကို အချိန်အားဖြင့် သုံးပတ်ကြာတဲ့အထိ ထားဖို့ အချိန်မရခဲ့ရင် တစ်ပတ်အတွင်းဆေးသုတ်လို့ရတဲ့ ပရိုင်မာ (သို့မဟုတ်)ဆီလာခံဆေးအမျိုးအစားတွေ သုံးပြီး သုတ်လို့ရပါတယ် ခင်ဗျာ

၂/ နံရံသားခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကို
ကော်ပတ်တိုက် နံရံထဲမှာရှိတတ်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကို
သန့်ရှင်းရေးလုပ်ရပါမယ်

၃/ သန့်ရှင်းရေးပြီးရင်တော့ ဆီလာချုပ်ရပါမယ် ဆီလာကိုရေအချိုးစား
အတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ရပါ
မယ် ဆီလာ‌ခြောက်သွေ့ချိန်ထိထားရပါမယ်

၄/ ဆီလာခြောက်သွေ့ရင် ပတ်တီး တစ်ကုတ်စရိုက်လို့ရပါပြီ ရိုက်ထားတဲ့ ပတ်တီးတစ်ကုတ်ကို ခြောက်သွေ့အောင်ထားရပါမယ် ခင်ဗျာ

၅/ ပတ်တီးတစ်ကုတ်‌ခြောက်သွေ့ပြီဆိုရင် ဒုတိယပတ်တီး နှစ်ကုတ်မြောက်ထပ်တင်ရိုက်လို့ရပါပြီ ရိုက်ထားတဲ့ ပတ်တီးနှစ်ကုတ်မြောက်ကိုလည်း ခြောက်သွေ့အောင် ထားရပါတယ် ခင်ဗျာ

၆/ ကော်ပတ်တိုက်မယ် ပတ်တီးသား ခြောက်သွေ့ပြီးရင်
ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ
သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက်
စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါတယ်

၇/ ဆီလာချုပ်မယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် ဆီလာချုပ်လို့ရပါပြီ

၈/ ဆေးသုတ်မယ် ဆီလာများခြောက်သွေ့ပြီးရင် ကော်ပတ်တိုက်ပြီးသားအဟောင်းနဲ့ နံရံကို ဖွဖွလေးတိုက်ပေးဖို့လိုပါတယ် ကော်ပတ်အဟောင်းနဲ့တိုက်လိုက်တဲ့အခါ နံရံမှာ‌ဆီလာချုပ်လိုက်တုန်းက အနည်းငယ်ကျန်ရှိတဲ့အမှုံအမွှားများကို ဖယ်ရှာပေးပါတယ် ပြီးရင်ဆေး၀မ်းကုတ် သုတ်လိုရပါပြီ

၉/ နံရံအနာစာများ ပတ်တီးတက်ရှင်ဖာရပါမယ် ဆေး၀မ်းကုတ်‌‌ခြောက်သွေ့ပြီးရင် အနာဆာများပတ်တီးတက်ရှင်ဖာလို့ရပါပြီ ပတ်တီးတက်ရှင်များ ‌ခြောက်သွေ့ပြီးရင် ပတ်တီးတက်ရှင်များကော်ပတ်တိုက် ဆီလာပြန်ချုပ်ရပါမယ် ဆီလာခြောက်သွေ့ပြီးရင် တက်ရှင်နေရာကို ဆေး၀မ်းကုတ်ပြန်သုတ်ရပါမယ်

၁၀/ ဆေးတူးကုတ်သုတ်မယ်
ဆေး၀မ်းကုတ်ဖာထားသေား‌ဆေးများ ခြောက်သွေ့ပြီးရင် ကော်ပတ်အဟောင်းနဲ့ ပြန်တိုက်ပြီး နံရံကအမှုံမွှားများကို ဖယ်ရှားပြီး ဆေးတူးကုတ်
(ဖိုင်နယ်)သုတ်လို့ရပါပြီ
ဆေးတူးကုတ်သုတ်လို့ ဆေးမပိတ်သေးရင်နောက်တစ်ကုတ်ထပ်သုတ်လို့ရပါတယ်

#ရန်ကုန်ဆေးသုတ်လုပ်ငန်း

Category

Website

Address


Yangon
3