Premium Rays Business Development Coaching Services

Premium Rays Business Development Coaching Services

Share

Business Development Coaching Services

09/03/2022

စီးပွားရေး အောင်မြင်ချင်ရင် Networking ကောင်းအောင်လုပ်ကိုလုပ်ရပါမယ်။
ဒီနေ့အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေကို သွားမေးရင် အများစုက Networking ရှိမှပိုပြီးအောင်မြင်မှာလို့ ဖြေကြပါလိမ့်မယ်။တကယ်လည်းမှန်ပါတယ်။ကိုယ့်လုပ်ငန်းသေးတာကြီးတာနဲ့မဆိုင်ပါဘူး။သတင်းအချက်အလက်တွေသိရဖို့ ဖောက်သယ်တွေကိုဆွဲဆောင်ဖို့ လုပ်ငန်းတိုးတက်ကြီးပွားဖို့ လုပ်ငန်းအခွင့်အလမ်းတွေသိရဖို့ Networking ဟာအလွန်အရေးကြီးပါတယ်။
ကိုယ့်လုပ်ငန်းထဲမှာဘဲ နိစ္စဓူဝ အချိန်ကုန်နေရင်တော့ လှေကြီးထိုးရိုးရိုး ဘဝနဲ့ အတိတ်ဟောင်း မှာသင်ကျန်ခဲ့မှာပါ။တိုးတက်ပြောင်းလဲနေတဲ့ Digital ခေတ်မှာ Networkingမကောင်းရင် ဘာအခွင့်အရေးမှရလာမှာမဟုတ်ပါဘူး။အဲဒါကြောင့် အပြင်ထွက်ပါ။Social Activity တွေမှာပါဝင်ပါ။အကျိုးရှိမယ့် မိတ်ဆွေကောင်းတွေရှာပါ။ရရှိပြီးတဲ့မိတ်ဆွေတွေနဲ့လည်း အဆက်မပြတ်အောင်လုပ်ပါ။Networking ကိုသေချာ Plan ချပြီးလုပ်တတ်မယ်ဆိုရင် Networking ကို အကျိုးရှိအောင် အသုံးချတတ်ပြီဆိုရင် အောင်မြင်မှုလမ်းကြောင်းဆီဦးတည်နေပါပြီလို့ စကားလက်ဆောင်ပါးလိုက်ပါရစေ။

17/04/2021

💦💦 မြန်မာနှစ်သစ်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒအားလုံးပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 💦💦

27/10/2020

Business Plan

စီးပွားရေးလုပ်ငန်းတစ်ခု ဒါမှမဟုတ် ကုမ္မဏီတစ်ခုရေရှည်ရပ်တည်နိုင်ဖို့အတွက် အကျိုးအမြတ်ရှိတဲ့ Business Plan တစ်ခုကို စနစ်တကျ သေချာရေးဆွဲပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လိုအပ်ပါတယ်။

Business Plan ခိုင်မာနေရင် အကောင်အထည်ဖော်တဲ့သူတွေကလည်း Business Plan ထဲကအတိုင်း
အတိအကျဆောင်ရွက်ကြရင် သင့်လုပ်ငန်း ရေရှည်ရပ်တည်နိုင်ပါလိမ့်မယ်။

ကုမ္မဏီတွေအတွက် Business Plan ဆိုတာ မဟာဗျူဟာအရ အရေးပါတဲ့ အရာတစ်ခုပါ။လုပ်ငန်းမစခင် Business Plan တစ်ခုကောင်းကောင်းဆွဲထားနိုင်ပြီဆိုရင်စီးပွားရေးလုပ်ငန်းကို အရေးကြီးတဲ့အပိုင်းတစ်ခုချင်းစီအတွက် ရေတိုရေရှည် ကဏ္ဍ တွေခွဲပြီး အဆင့်လိုက်အောင်
မြင်အောင် ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။

Premium Rays Business Development Coaching Services က သင့်ကုမ္မဏီအတွက် လိုအပ်နေတဲ့ Business Plan ကို Professional CEO တစ်ယောက်လို ရေးဆွဲပေး
နိုင်ပါတယ်။

10/10/2020

အောင်မြင်မှုနဲ့အနိုင်ယူပါ။
သင့်ကိုဝေဖန်တိုက်ခိုက်တဲ့သူတွေကိုမကြောက်ပါနဲ့။ကိုယ့်ကိုပိုကောင်းစေချင်လို့ အကောင်းအဆိုးကိုဝေဖန်ပေး​နေတယ်လို့သဘောထားပါ။ဝေဖန်ချက်တွေကိုကြည့်ပြီးကိုယ့်အားနည်းချက်ကိုအားသာချက်ဖြစ်အောင်ပြောင်းနိုင်ရပါမယ်။တစ်ချက်ချင်းဆန်းစစ်ပြီး ပြောင်းလဲနိုင်အောင်ကြိုးစားပါ။သူတို့ကကိုယ့်ဘဝနဲ့ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက် အခမဲ့လုပ်ပေးနေတဲ့အတိုင်ပင်ခံ Consultant တွေလို့သဘောထားပါ။
ဒါပေမယ့် ကိုယ့်ကိုထိုးနှက်တိုက်ခိုက်သူတွေကိုတော့သတိထားပါ။သူတို့တွေက ကိုယ့်ကိုဒုက္ခပေးဖို့မလုပ်ရဲတာဘာမှမရှိတဲ့လူစားတွေလို့သဘောထားပြီး ပညာသတိနဲ့ ရှောင်ရှားရင်းအနိုင်ယူပါ။ကိုယ့်ဘဝနဲ့ကိုယ့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားပြီး သူတို့တွေအံ့အားသင့်သွားလောက်တဲ့အောင်မြင်မှုနဲ့အနိုင်ယူပြပါ။

[email protected]

14/09/2020

How to Motivate Your Employees During Covid-19 Period? ကိုဗစ်ကာလမှာ သင့်ဝန်ထမ်းတွေကို ဘယ်လိုခွန်အားပေးမလဲဆိုတာ ကုမ္မဏီပိုင်ရှင်တစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းရဲ့အကြီးအကဲတာဝန်ယူထားသူတစ်ယောက် အနေနဲ့ မဖြစ်မနေစဉ်းစားဆောင်ရွက်သင့်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ကမ္ဘာအနှံ့ခံစားနေရတဲ့ကိုဗစ်ရဲ့ရိုက်ခတ်မှုဒဏ်တွေကို သင့်ကုမ္မဏီလည်းလွတ်ကင်းလိမ့်မှာမဟုတ်ပါဘူး။အခြေအနေအရပ်ရပ်ကြောင့် အလုပ်ကနေ အနားပေးလိုက်ရတဲ့ဝန်ထမ်းတွေ၊အနားမပေးသော်လည်း Work From Home စနစ်နဲ့ လုပ်ခလစာလျှော့ချလိုက်ရတဲ့ဝန်ထမ်းတွေနဲ့ ဘာအလုပ်မှလုပ်လို့မရတော့လို့ Stay Home နေနေကြရတဲ့ဝန်ထမ်းတွေမှာအနည်းနဲ့အများ စိတ်ထိခိုက်မှုဖြစ်ကြမယ့်အပြင် ကိုယ့်အလုပ်ရှင်က ကိုယ့်ကို အလုပ်ကနေအနားပေးလိုက်မှာကို စိုးရိမ်နေကြရတဲ့ ဝန်ထမ်းတွေလည်း အများကြီးရှိနေမှာပါ။
သူတို့အတွက် ကုမ္မဏီပိုင်ရှင်တစ်ယောက် ဒါမှမဟုတ်လုပ်ငန်းအကြီးအကဲတစ်ယောက်အနေနဲ့ ကိုယ့်ဝန်ထမ်းတွေနဲ့အဆက်အသွယ်မပြတ်စေဘဲ စိတ်ဓာတ်ခွန်အားနဲ့အားပေးစကားတွေပြောပေးဖို့လိုပါတယ်။ကိုယ့်သူဌေးကကိုယ့်လိုဝန်ထမ်းတစ်ယောက်ကိုအရေးတယူစကားပြောတာကို ဘယ်ဝန်ထမ်းကမကြိုက်ဘဲရှိပါ့မလဲ။ သင့်အနေနဲ့ဘာမှမထူးခြားပေမယ့် သူတို့အတွက်စိတ်ဓာတ်ခွန်အားတစ်ခုရသွားစေမှာတော့အမှန်ပါဘဲ။
ဒီလိုလုပ်ဖို့သင့်ဝန်ထမ်းတွေဆီကို သင်ကိုယ်တိုင်သွားစရာမလိုပါဘူး။သင့်ရုံးခန်းဒါမှမဟုတ် သင့်အိမ်ကနေပြီး Microsoft Team,Zoom နဲ့ Facebook Messenger တွေကတဆင့် Group Vodeo Call တွေလုပ်ပြီး စကားပြောကြလို့ ရနိုင်ပါတယ်။တတ်နိုင်သမျှအလုပ်အကြောင်းမပြောဘဲ ကျန်းမာရေး လူမှုရေးနဲ့အခြေအနေအရပ်ရပ်ကို သတင်းမေး အားပေးစကားပြောတာမျိုးကိုဘဲလုပ်သင့်ပါတယ်။အလုပ်ကိ္စ္စအတွက်လိုအပ်ရင်တော့ သက်ဆိုင်တဲ့ဝန်ထမ်းကိုသာ သီးသန့်ပြောတာအကောင်းဆုံးပါ။ဒါ့အပြင် ကိုယ့်ကုမ္မဏီအတွက်အရေးကြီးတဲ့ တချို့ဝန်ထမ်းတွေကို အခုလိုအားနေတဲ့ကာလမှာ Online Learning တစ်ခုခုကို ကုမ္မဏီစရိတ်နဲ့ သင်ကြားနေစေတာလည်းလုပ်သင့်တဲ့ ရင်းနှီးမြှပ်နှံမှု အလုပ်တစ်ခုပါ။သူတို့တော်ရင်သင့်အလုပ်အတွက်လည်း အကျိုးရှိစေမှာပါ။ဒီအချိန်က သင်ဟာ သူတို့အပေါ်မှာ ဘယ်လောက်ဂရုတစိုက်ရှိတယ်ဆိုတာ ဖော်ပြလို့ကောင်းတဲ့အခွင့်အရေးတွေရှိနေတဲ့အချိန်ကောင်းပါဘဲ။
ကဲ ...... ကိုယ့်ဝန်ထမ်းတွေအပေါ်မှာ ချစ်ခြင်းအားဖြင့် မေတ္တာပြကြပါစို့။

Photos from Premium Rays Business Development Coaching Services's post 14/09/2020

အစိုးရဝန်ထမ်းများအားလုံး နှစ်ပတ်ရုံးတက်ပြီး နှစ်ပတ်နား စနစ်စတင်ပါပြီ။ပြင်ပကုမ္မဏီများ မိမိတို့ဝန်ထမ်းများ​၏ကျန်းမာရေးအတွက် အနည်းဆုံးလိုအပ်သည့်ဝန်ထမ်းအရေအတွက်ဖြင့် အလွန်လိုအပ်မှသာ သီးခြားရုံးတက်စေပြီး ပုံမှန်ရက်များတွင် Work From Home စနစ်ဖြင့်သာ ကုမ္မဏီလုပ်ငန်းများဆောင်ရွက်သင့်ပါကြောင်းအကြံပြုပါရစေ။
မိတ်ဆွေများ ကိုဗစ်ရောဂါဘေးမှ ကင်းဝေးကြပါစေ။

Photos from Premium Rays Business Development Coaching Services's post 13/09/2020

အာဆီယံဒေသတွင်း ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့် အစီအစဉ် (ASEAN-Wide Self-Certification Scheme) အရ အတည်ပြုပို့ကုန်တင်ပို့သူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Standard Operating Procedures-SOP) ထုတ်ပြန်ခြင်း

07/09/2020

တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability)

တာဝန်ခံခြင်း ဆိုတာ Accountability ကိုပြောတာပါ။ အဓိပ္ပါယ်ကတော့ လုပ်ဆောင်မှု (or) ဆုံးဖြတ်မှုတစ်စုံတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီးတာဝန်ယူ(ခံ),စေတာ၊တာဝန်ယူတာဘဲဖြစ်ပါတယ်။

တာဝန်ယူခြင်းဆိုတဲ့စကားလုံးမှာတော့ မတူတဲ့အဓိပ္ပါယ် ကွဲပြားမှုရှိပါတယ်။
"ဒီအလုပ်မင်းတာဝန်ယူပြီးလုပ်လိုက်" လို့ပြောတာဟာ လုပ်စရာရှိတဲ့ အလုပ်တာဝန်တွေကို လုပ်ခိုင်းတာဖြစ်ပါတယ် (resposibility)။
"ပြသနာတစ်ခုခုဖြစ်လို့ မင်းတာဝန်ယူပြီးရှင်းလိုက်လို့ပြောတာဟာလည်း ပြသနာကိုဖြေရှင်းခြင်းဆိုတဲ့အလုပ်ကိုလုပ်စေတာဘဲဖြစ်ပါတယ် (resposibility)။

"ပြသနာတစ်ခုခုဖြစ်လို့ မင်းတာဝန်ယူပြီးထွက်ပေးလိုက်ကွာ" ဆိုတာကတော့တာဝန်ယူ (ခံ)စေတာဖြစ်ပါတယ် (accountability)။

ဒါတွေကတော့ စကားလုံးတွေရဲ့အဓိပ္ပါယ်သက်ရောက်မှုတွေပါ။ လူပြောများနေတဲ့ တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာပေါ့ဆိုတာကတော့ accountability ဆိုတဲ့အဓိပ္ပါယ်နဲ့့ပြောနေကြတာဖြစ်ပါတယ်။

တာဝန်ခံခြင်း (accountability) ဆိုတာ အတင်းတာဝန်ခံခိုင်းလို့မရသလိုရှောင်လွှဲလို့မရတဲ့အရာဖြစ်ပါတယ်။ ပြီးတော့လွှဲပေးလို့လည်းမရတဲ့အရာဖြစ်ပါတယ်။
ပြီးတော့ ကိုယ့်ထက်တစ်ဆင့်မြင့်တဲ့သူကိုဘဲတာဝန်ခံရပါတယ်။ လက်တွေ့မှာတော့ ဒီလိုမဟုတ်တာတွေရှိပါတယ်။
တာဝန်ခံခြင်းဆိုတာ အခြေအနေတစ်ခု (condition) မှာ အလိုအလျောက်ပေါ်ပေါက်လာတဲ့အရာတာဖြစ်ပါတယ်။ စီမံခန့်ခွဲသူက လက်အောက်ငယ်သားတွေကို တာဝန်ခံစေချင်တယ်ဆိုရင် တာဝန်ခံမှုပေါ်ပေါက်စေနိုင်တဲ့အခြေအနေကို ဖန်တီးပေးရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တာဝန်ခံမှုဟာအဲဒီအခြေအနေရှိရင် အလိုအလျောက်ပေါ်ပေါက်လာမှာဖြစ်ပြီး၊ ရှောင်လွှဲလို့မရတဲ့အရာဖြစ်နေလို့ပါဘဲ။

တာဝန်ခံမှုကိုဖြစ်ပေါ်စေတဲ့အခြေအနေ ဆိုတာဘယ်လိုဟာလဲ?

Henry Fayol ကပြောခဲ့တာပါ "Parity of Authority and Responaibility"
အဓိပ္ပါယ်ကတော့ Authority (လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်) နဲ့ Responsibility (အလုပ်တာဝန်ဝတ္တရား) ဒီနှစ်ခုညီမျှ တဲ့အခြေအနေ (or) လွှဲအပ်ထားတဲ့တာဝန်ဝတ္တရားတွေကိုအကောင်းဆုံးပြီးမြောက်အောင်ဆောင် ရွက်နိုင်ရန် လိုအပ်တဲ့(လုံလောက်တဲ့) လုပ်ပိုင်ခွင့် (authority) ရှိတဲ့အခြေအနေကိုဆိုလိုပါတယ်။
ဒါကြောင့် တာဝန်ခံခြင်းဆိုတာ ဘယ်အပေါ်မှာမူတည်နေလည်းဆိုတော့ အလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်တဲ့ လုပ်ပိုင်ခွင့် (authority) ပေါ်မှာမူတည်နေပါတယ်။
အခြားတစ်ဦးတစ်ယောက်ကို တာဝန်မခံရကောင်းလားလို့ အပြစ်မပြောခင်မှာ သူ့ဆီမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ရှိမရှိ ဆိုတာလေ့လာပြီးမှ ပြောတာကပိုပြီးပညာရှင်ဆန်ပါလိမ့်မယ်။

"ဒီရာထူးကြီးယူထားပြီး တာဝန်မယူနိုင်ရင်ထွက်ပေါ့" လို့ပြောတာဟာလည်း ကိုယ်က management နဲ့ပတ်သက်ပြီး နားမလည်ဘူးလို့ဝန်ခံရာရောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ authority ဟာ ရာထူးနဲ့တိုက်ရိုက်အချိုးမကျလို့ပါဘဲ (အဖွဲံစည်းတစ်ခုရဲ့ No. 1 မပါ)။

Authority ရှိခြင်းမရှိခြင်းဟာ ရာထူးနဲ့မဆိုင်ပါဘူး။ ထိပ်ဆုံးက စီမံခန့်ခွဲသူရဲ့ စတိုင်နဲ့ဘဲဆိုင်ပါတယ် (Management Style)။
ထိပ်ဆုံးလူက ဘာမဆိုငါပြီးမှရမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခုရဲ့ ကျန်ရာထူးတွေမှာ ဘာ လုပ်ပိုင်ခွင့်မှရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတစ်ခုရဲ့ အန္တိမ အဆုံးစွန်သော လုပ်ပိုင်ခွင့် (ultimate authority and resposnibility) ဟာအဖွဲ့အစည်းရဲ့ No. 1 ဆီမှာဘဲရှိပါတယ်။ သူကခွဲပေး၊ လွှဲပေးမှ ကျန်အဆင့်ဆင့်ရာထူးတွေဆီကိုရောက်လာတာဘဲဖြစ်ပါတယ်။

နောက်အခြေအနေတစ်ခုကတော့ အဖွဲ့အစည်းထဲမှာတရားဝင်သတ်မှတ်ပြဌာန်းထားတဲ့ စနစ် (system) ၊ အစီအစဉ် (Procedure) တွေရှိရင်လည်း ဒီအခြေအနေကိုရစေပါတယ်။ ဒီ system and procedure ဆိုတာက တနည်းပြောရရင် လုပ်ပိုင်ခွင့်ကိုသတ်မှတ်ပြီး ကြိုပေးထားတာ ဘဲဖြစ်ပါတယ်။

တာဝန်ခံရန်မလိုတဲ့အခြေအနေ ဆိုတာ အထက်ကပြောခဲ့တဲ့အခြေအနေ မရှိတဲ့အခါကိုဆိုလိုပါတယ်။
တာဝန်ခံရန်မလိုတဲ့အခြေအနေမှာ အထက်လူကြီးက အောက်လူကိုတာဝန်ခံခိုင်းတာဟာ management torturing or bullying (စီမံခန့်ခွဲမှုအနိုင်ကျင့်၊ နှိပ်စက်ခြင်းဘဲဖြစ်ပါတယ်။ အပြင်ကလူအများကဝိုင်းပြောရင်တော့ public torturing or bullying လုပ်တာလို့ဘဲဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့်ကိစ္စတစ်ခုခုဖြစ်လို့ပြောရဆိုရတော့မယ်ဆိုရင် (or)အပြစ်ပြောတော့မယ်ဆိုရင် "ဒီကိစ္စနဲ့ပတ်သက်ရင်ဘယ်သူကတာဝန်ရှိလဲ (or) လုပ်ပိုင်ခွင့်ရှိလဲ
ဆိုတာသိအောင်အရင်မေးမြန်းစုံစမ်းပြီးမှ လုပ်ရင်အမှား
နည်းတာပေါ့လို့အကြံပြုလိုပါတယ်။

06/09/2020

Management နှင့် Governance ဘာကွာလဲလို့ ခဏခဏ မေးနေကြတာရယ်၊ စာတွေ၊ သတင်းတွေမှာ အတူတူဖြစ်သယောင်ရေးနေကြတာကြောင့် သိသလောက်ရေးလိုက်ပါတယ်။
Management ဆိုတာက အဖွဲ့အစည်းတစ်ခုကိုအောင်မြင်အောင် ဒါမှမဟုတ် ရည်မှန်းချက်ရောက်အောင် စီမံခန့်ခွဲတာတွေကိုခေါ်ပါတယ်။

Governance ဆိုတာကတော့ အဖွဲ့အစည်းကိုစီမံခန့်ခွဲ တဲ့ သူတွေကို အဖွဲ့အစည်းအကျိုးကိုရှေ့ရှု ဆောင်ရွက်အောင်၊ တနည်းအားဖြင့် ကိုယ်ကျိုးအတွက် အဖွဲ့အစည်း ကိုမသုံးအောင် ဘယ်လိုလုပ်မလဲလို့စဉ်းစားတာဖြစ်ပါတယ်။

ဒါကြောင့် ပိုင်ရှင်ကိုယ်တိုင်ကစီမံခန့်ခွဲ သူဆိုရင် Governance ကို စဉ်းစားစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းရဲ့ ပစ္စည်းဥစ္စာ ကသူ့ဟာဘဲဖြစ်နေလို့ပါ။

Co. ကိုစီမံ ခန့် ခွဲရသူဟာ ပိုင်ရှင်မဟုတ်ခဲ့ရင် GOVERNANCE ပတ်သက်ပြီးကောင်းမွန်တဲ့ အစီအမံမရှိ လို့ကတော့ နည်းတောင်နည်းသေးတယ်ဖြစ်သွားမယ်။
ဥပမာ
အများပိုင် CO. ဆိုပါတော့ MD ကပိုင်ရှင်ထဲပါပေမဲ့ သူတစ်ယောက်ထဲပိုင်တာမဟုတ်ပါဘူး။
သူက Co. ပိုက်ဆံ သိန်းနှစ်ထောင် တန်ဖိုးရှိတဲ့ ကိစ္စ တစ်ခုကိုကိုယ်ကျိုးအတွက် လက်သင့်သူကိုပေးလိုက်ပြီဆိုပါဆို့။ သူကအဲဒီအတွက် သိန်း၁၀၀ ရတယ်လို့ထားလိုက်မယ်။ Co. ကနစ်နာသွားတာ သိန်း ၂၀၀ဆိုပါစို။့ သူပိုင်တာက co. Share 5% ။ ပိုင်တဲ့ share နဲ့အချိုးချ ရင် သူအချိုးအရ သူ နစ်နာတာက ၁၀ သိန်း။ ဒါဆိုသူအသားတင်ရသွားတာသိန်း ၉၀ ။ governance system မကောင်းရင် အဲဒီလိုလုပ်ဖို့လွယ်တာပေါ့။
ဒါကြောင့် အများပိုင် Co. မှာ strong and good corporate governance system ပိုလိုတာပေါ့။

ဒီလိုပါဘဲ
နိုင်ငံတစ်နိုင်ငံရဲ့အစိုးရဆိုတာကလည်း နိုင်ငံတော်ထဲမှာရှိတဲ့ အရာတွေကို အစိုးရကပိုင်တာမဟုတ်ပါဘူး။ နိုင်ငံတော်ကပိုင်ပါတယ်။ အစိုးရကပြည်သူတွေရဲ့အကျိုးငှာစီမံခန့်ခွဲရပါတယ်။ ဒါကြောင့်ပိုင်ရှင်မဟုတ်သူက စီမံခန့်ခွဲနေတာဖြစ်လို့ အပေါ်မှာဥပမာ ပေးခဲ့သလိုဘဲ ပြည်သူတွေ အတွက်ထိထိရောက်ရောက် ဆောင်ရွက်စေဖို့ဆိုတာ ကောင်းမွန်တဲ့ Governance System မဖြစ်မနေလိုအပ်ပါတယ်။

Credit : ဒေါက်တာတင်ဝင်း

03/08/2020
12/07/2020

ပြည်ပကုမ္မဏီတွေနဲ့ ဖက်စပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ဒီနေ့ မြန်မာ့စီးပွားရေးကဏ္ဍတော်တော်များများမှာ ဝင်ရောက်ရင်းနှီးမြှပ်နှံဖို့အတွက် ပြည်ပရင်းနှီးမြှပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုတွေမြင့်တက်လာနေပါတယ်။တစ်ဖက်ကလည်း မြန်မာ့နိုင်ငံရေးအခြေအနေ စီးပွားရေးအခြေအနေတွေအရ နိုင်ငံတကာကုမ္မဏီကြီးတွေက ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံဖို့ထက် တစ်စိတ်တစ်ပိုင်းရင်းနှီးမြှပ်နှံမှုတွေကို ပိုလုပ်လာတာတွေ့ရပါတယ်။
သူတို့အနေနဲ့နိုင်ငံတကာမှာအောင်မြင်နေကြပေမယ့် မြန်မာ့မြေမြန်မာ့ရေမှာ ခိုင်မာအခြေကျနေတဲ့ပြည်တွင်းကုမ္မဏီတွေကို လတ်တလောအခြေအနေအရပ်ရပ်အရ ယှဉ်ပြိုင်ဖို့ ရင်ဆိုင်ဖို့ အခက်အခဲတွေရှိနေနိုင်တာကိုလည်းသိနေကြလို့ပါ။ဒီနေရာမှာဖြစ်နိုင်တာတစ်ခုက
သက်ဆိုင်ရာစီးပွားရေး
ကဏ္ဍမှာ နောက်ပြိုင်ဖက်တစ်ယောက် ဝင်မလာခင် ကြိုပြီးဖျာဝင်ခင်းထားချင်တဲ့သဘောလည်းပါတာပေါ့။
ဘာဘဲဖြစ်ဖြစ် တကယ်လို့သာ သင့်ကုမ္မဏီနဲ့ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ နိုင်ငံတကာကုမ္မဏီတွေက ကမ်းလှမ်းလာခဲ့ရင် ဘာတွေစလုပ်ရမလဲ။ဘာတွေပြင်ဆင်ထားရမလဲဆိုတာသိထားဖို့လိုပါတယ်။ကြိုလုပ်ထားရမှာတွေအများကြီးပါ။အဓိကကတော့ ကိုယ့်လုပ်ငန်းရဲ့ Cash flow မှာ Positive ဖြစ်နေဖို့ အရေးအကြီးဆုံးပါ။
ဒါမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဆွေးနွေးနိုင်မှာပါ။
ဒါက Financial အပိုင်းတစ်ခုတည်းအနေနဲ့ပြောတာပါ။
ပြည်တွင်းကုမ္မဏီတွေအနေနဲ့နိုင်ငံတကာကုမ္မဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ JV လုပ်ဖို့ ခြေလှမ်းအစဟာ အလွန်သတိကြီးစွာထားရမယ့်အချိန်ပါ။ကိုယ့်လမ်းကိုယ်လျှောက်ပြီး အဆင်ပြေနေတဲ့အခြေအနေကနေပြီး နိုင်ငံတကာကုမ္မဏီတွေရဲ့ အချဉ်ဖမ်းမခံရဖို့လိုပါတယ်။
ပေါင်းတော့ပေါင်းလိုက်တယ်။
ဒါပေမယ့်နိုင်ငံတကာအတွေ့အကြုံမရှိသေးတဲ့ကိုယ်ကုမ္မဏီမှာ သူတို့ကသာ Majority ယူပြီး Operation
ကိုဦးဆောင်သွားတယ်။ကိုယ်ကနေရင်းထိုင်ရင်းဘေးရောက်သွားပြီးသူပြုသမျှနုရတဲ့ဘဝကို တဖြေးဖြေးနဲ့ရောက်သွားတတ်ပါတယ်။အလုပ်သေချာမစခင်မှာဘဲသူတို့ကအမြတ်ထွက်သွားတတ်ပါတယ်။
အဲဒီလိုမခံရအောင် ဖက်စပ်ဆောင်ရွက်မှုစီမံကိန်း Joint Venture Project တွေမှာ Step by Step လုပ်ရမယ့်အဆင့်တွေ Process တွေကိုသေချာနားလည်တတ်ကျွမ်းထားဖို့ နဲ့လုပ်တတ်ကိုင်တတ်ဖို့ အရေးကြီးပါတယ်။
JV သဘောတရားအရ အခြေခံကျတဲ့ အချက်တွေကို လိုတိုရှင်းဖော်ပြရမယ်ဆိုရင်
၁။Preliminary Discussion အဆင့်
၂။Non Disclosure Agreement - NDA အဆင့်
၃။Memorandum of Understanding - MOU အဆင့်
၄။Memorandum of Agreement- MOA အဆင့်
၅။Shareholding Agreement - SHA အဆင့်
၆။Joint Venture Agreement - JVA အဆင့်
၇။Joint Venture Company - JVCo Set Up အဆင့်နဲ့
၈။Commercial Operation အဆင့်ဆိုပြီးအခြခံအချက် ၈ ချက်ရှိပါတယ်။
အဲဒီအဆင့်တစ်ခုချင်းစီမှာ နှစ်ဖက်ကုမ္မဏီတွေလုပ်ကြရမယ့် အသေးစိတ်အလုပ်တွေအများကြီးပါပါတယ်။အဆင့်တိုင်းအဆင့်တိုင်းမှာဥပဒေဘောင်အတွင်းကနေ သူ့ထက်သာအောင် ပိုင်ပိုင်နိုင်နိုင် ချည်တတ်ဖို့ အကောင်အထည်ဖော် တတ်ဖို့ အရမ်းအရမ်းကိုအရေးကြီးပါတယ်။
Premium Rays Business Development Coaching Services မှာ နိုင်ငံတကာကုမ္မဏီကြီးတွေရဲ့အထာကို ကျွမ်းကျင်ပြီး လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံအများကြီးရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားပါတယ်။
လူကြီးမင်းတို့ အကူအညီလိုတယ်ဆိုရင်သတိရပါ။

12/07/2020

Team Work

စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုတဲ့အတိုင်း မိမိလုပ်ငန်းအောင်မြင်ဖို့အားလုံးကိုပါဝင်ခွင့်ပေးပါ။
ကုမ္မဏီအဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့အတွက် Team Spirit ဆိုတဲ့သင်းဖွဲ့စိတ်ဓာတ် ရှိဖို့အလွန်အရေးကြီးလှပါတယ်။ စုပေါင်းဆောင်ရွက်ခြင်းဟာ တစ်ဦးချင်းဆောင်ရွက်နေတာထက် ပိုကောင်းတဲ့ရလဒ်တွေရရှိစေမှာပါ။
ကုမ္မဏီအကြီးအကဲတွေအနေနဲ့ မိမိလုပ်ဖော်ကိုင်ဖက် တစ်ဦးချင်းစီရဲ့အရည်အချင်းတွေကို ဖော်ထုတ်ပြသခွင့်ပေးရပါမယ်။အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်သော Team Work ကသာအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာရေရှည်လျှောက်လှမ်းနိုင်ကြောင်းဝန်ထမ်းအားလုံး ခံယူတတ်အောင်ဖန်တီးပေးသင့်ပါတယ်။
အားနည်းချက်တွေကိုဘေးဖယ်ပြီး တစ်ဦးချင်းစီရဲ့အားသာချက်တွေကို အသုံးချရပါမယ်။ ဒါ့အပြင် အဖွဲ့ဝင်တစ်ဦးချင်းစီမှာ လုပ်ငန်းအောင်မြင်ဖို့အတွက်တာဝန်ရှိတယ်ဆိုတာ ခံယူထားကြမှသာ လုပ်ငန်းတိုးတက်ဖို့ အထောက်အကူဖြစ်စေနိုင်တာကို အမြဲသတိပြုနေဖို့ အရေးကြီးလှပါတယ်။

All team members are responsible for getting success of a work. Team spirit has a faster pace than an individual work. Cultivating team spirit helps improve the chemistry of a group and increase the probability of success.

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00