Wisdom Management Centre

Wisdom Management Centre

Share

Address:
76, 5th Floor (Left), Kyundaw Road, Corner of Pathein Street, Sanchaung, Yangon, Myanmar.

Wisdom MC 29/11/2021

Course ဝယ်ယူထား​သော Telegram group ထဲမှာ user များအ​နေဖြင့် file ​တွေမ​ပေါ်​တော့ပဲ Group အလွတ်ကြီးဖြစ်​နေတယ်ဆိုရင် t.me/wisdom_mc ကိုဆက်သွယ်နိုင်ပါတယ် file ​တွေပြန် ထည့်​ပေးပါတယ်

Course အသစ် ဝယ်ယူမယ့် သူများအ​နေဖြင့် ဖော်ပြပါ telegram account ကိုလည်း​ကောင်း page messenger သို့လည်း​ကောင်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်

Wisdom MC You can contact right away.

29/07/2021

Wisdom ရဲ့ ပဲ့ကိုင်ရှင် ဆရာ Dr. Myo Min Oo
ဒီ​​နေ့ည ၈နာရီ ၃၇မိနစ်မှာ ခရစ်​တော်၌ အိပ်​ပျော်သွားပါပြီ...

14/07/2021

စိုးရိမ်ထိတ်လန့်မှုတွေကိုတိုက်ထုတ်နိုင်တဲ့နည်းလမ်းဆယ်ခု

၁။ အချိန်ယူပါ

စိုးရိမ်ပူပန်မှုတွေလွှမ်းမိုးနေတဲ့အခါရှင်းရှင်းလင်းလင်းစဉ်းစားရန်မဖြစ်နိုင်ပါ။ ပထမဆုံးလုပ်ရမယ့်အရာကအချိန်ယူပြီးရုပ်ပိုင်းဆိုင်ရာငြိမ်သက်‌အောင်လုပ်ဖို့ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့်လမ်းလျှောက်ခြင်း၊ လက်ဖက်ရည်တစ်ခွက်သောက်ခြင်းသို့မဟုတ်ရေချိုးခြင်းပြုလုပ်ပါ။

၂။ အသက်ရှူလေ့ကျင့်ပါ

ကြောက်စိတ်ကြောင့်နှလုံးခုန်မြန်ခြင်းသို့မဟုတ်ချွေးထွက်လွန်ခြင်းရှိပါကအသက်ရှူ‌ လေ့ကျင့်တာအကောင်းဆုံးဖြစ်ပါတယ်။ အာရုံလွှဲရန်မကြိုးစားဘဲထိတ်လန့်ချိန်မှာသင့်ရဲ့လက်ကိုသင့်ရဲ့ဝမ်းဗိုက်အပေါ် ထားပြီး ဖြည်းဖြည်းနှင့်နက်ရှိုင်းစွာအသက်ရှူသွင်းရှူထုတ်လုပ်ပါ။

၃။ ကြောက်စိတ်ကိုရင်ဆိုင်ပါ

ကြောက်စိတ်ကိုရှောင်ခြင်းကသူတို့ကိုပိုပြီးကြောက်စရာကောင်းစေပါတယ်။ ဘယ်ကြောက်ရွံ့မှုမျိုးကိုမဆိုရင်ဆိုင်ကြုံတွေ့ရပါကနိုးနိုးကြားကြားရင်ဆိုင်ရပါမယ်။ ဥပမာအားဖြင့်သင်တစ်နေ့ဓာတ်လှေကားထဲဝင်ရမှာကိုထိတ်လန့်ရင်၊ နောက်တစ်နေ့ဓာတ်လှေကားသို့ပြန်သွားပြီးစီးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။ ချက်ချင်းမရင်ဆိုင်နိုင်ရင်နောက်နေ့ပြန်ရင်ဆိုင်ပါ။

၄။ အဆိုးဆုံးမြင်ယောင်ကြည့်ပါ

အဆိုးဆုံးအဖြစ်အပျက်ကိုမြင်ယောင်ကြည့်ပါ။ အဲလိုမြင်ယောင်ကြည့်လို့နှလုံးရောဂါမရပါဘူး။ အဲလိုလုပ်ခြင်းဟာထိတ်လန့်ခြင်းကိုလျော့နည်းစေပါတယ်။

၅။ အထောက်အထားကိုကြည့်ပါ

ဥပမာ သင်ဟာဓာတ်လှေကားထဲမှာပိတ်မိနေပြီးအသက်ရှူကျပ်နေမှာကိုကြောက်ရင်တခြားတစ်ယောက်ရောအဲလိုဖြစ်ဖူးတာကိုကြားဖူးပါသလားစဥ်းစားပါ။ အလားတူကြောက်ရွံ့မှုမျိုးခံစားခဲ့ရတဲ့မိတ်ဆွေတစ်ဦးကိုသင်ဘယ်လိုပြောမလဲကိုမိမိကိုယ်ကိုမေးပါ။

၆။ အရာရာမပြည့်စုံပါ

ဘဝဟာဖိစီးမှုများစွာနဲ့ပြည့်နှက်နေပေမယ့်လည်းကျွန်တော်တို့အများစုကဘ၀ ဆိုတာပြည့်စုံခြင်းရှိရမယ်လို့ထင်မြင်ကြတယ်။ ဆိုးရွားလှတဲ့နေ့ရက်များနှင့်ဆုတ်ယုတ်မှုများကအမြဲတမ်းဖြစ်ပျက်နေတာမလို့ ဘဝဟာစကတည်းကရှုပ်ထွေးတယ်ဆိုတာကိုမှတ်မိဖို့အရေးကြီးပါတယ်။

၇။ ပျော်ရွှင်စရာနေရာတစ်ခုကိုမြင်ယောင်ကြည့်ပါ

မျက်လုံးများကိုပိတ်ပြီးလုံခြုံစိတ်ချရသောနေရာတစ်ခုကိုစိတ်ကူးကြည့်ပါ။ ဥပမာ လှပသောကမ်းခြေပေါ်မှာလမ်းလျှောက်နေတယ် သို့မဟုတ် သင့်ဘေးမှာရှိတဲ့ကြောင်နဲ့အိပ်ရာလှလှလေးပေါ်မှာ‌ဆော့နေတယ် သို့မဟုတ် ကလေးဘဝမှပျော်ရွှင်ဖွယ်အမှတ်တရတစ်ခုကိုပြန်စဉ်းစားတာမျိုးတွေပါ။ အပြုသဘောဆောင်တဲ့ခံစားချက်တွေကသင်စိတ်အေးလက်အေးမခံစားရမချင်းသင့်ကိုသက်သာစေပါလိမ့်မယ်။

၈။ ကြောက်တာတွေထုတ်ပြောပါ

ကြောက်ရွံ့မှုတွေကိုမျှဝေခြင်းဟာတကယ်ကိုသက်သာစေပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ သူငယ်ချင်းသို့မဟုတ်မိသားစုဝင်များကိုကြောက်တဲ့အကြောင်းကိုရင်ဖွင့်ပြောပြပါ။ သူတို့နဲ့ပြောမရရင်တော့စိတ်ကုထုံးသမားကိုရှာပြီးပြောပြပါ။

၉။ အခြေခံကိုပြန်သွားပါ

လူများစွာဟာအရက်သို့မဟုတ်မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့မိမိကိုယ်ကိုပူပန်သောကရောက်စေတဲ့စိုးရိမ်မှုများစွာကိုဖြစ်ပေါ်စေပြီး အခြေအနေကိုပိုမိုဆိုးရွားစေပါတယ်။ ကောင်းသောအိပ်စက်ခြင်း၊ အဟာရပြည့်သောအစာစားခြင်းနဲ့လမ်းလျှောက်ခြင်းလိုမျိုး ရိုးရှင်းတဲ့နေ့စဉ်အရာများလုပ်ခြင်းက စိုးရိမ်ပူပန်မှုအတွက်အကောင်းဆုံးကုထုံးများဖြစ်ပါတယ်။

၁၀။ ကိုယ့်ကိုယ်ကိုဆုချပါ

နောက်ဆုံးအနေနဲ့ကိုယ့်ကိုယ်ကိုအားရစရာတစ်ခုပေးပါ။ ဥပမာ လိုချင်တာဝယ်ခြင်း၊ စားချင်တာစားခြင်း၊ စာအုပ်တစ်အုပ်၊ ဒီဗီဒီသို့မဟုတ်သင့်ကိုပျော်ရွှင်စေမယ့်အရာတစ်ခုခုနဲ့ မိမိကိုယ်ကိုကုသခြင်းဟာထိရောက်ပါတယ်။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနှင့်
အတိုင်ပင်ခံစိတ်ပညာပါရဂူ

12/07/2021

စိတ္တဇဆန်သောကိုယ်ရည်ကိုယ်သွေး (Neuroticism)

Neuroticism ဆိုတာအပျက်သဘောဆောင်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာပဲစွဲမြဲနေတတ်တဲ့ စိတ်သဘောထားတစ်မျိုးဖြစ်ပါတယ်။ Neuroticism သမားတွေဟာစိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။ သူတို့ဟာအခြားသူတွေထက်အပြစ်ရှိတယ်လို့ခံစားရတာ၊ မနာလိုတာ၊ အမျက်ဒေါသထွက်တာနဲ့စိုးရိမ်တာတို့ကိုခံစားရလေ့ရှိပါတယ်။ Neuroticism ကနေတဆင့်ကြာလာရင်စိတ်ရောဂါတွေဖြစ်လာလေ့ရှိပါတယ်။

Neuroticism မြင့်တဲ့သူတွေဟာသူတို့ပတ်၀န်းကျင်ကလာတဲ့စိတ်ဖိစီးမှုတွေကိုတခြားသူတွေထက် ပိုခံစားရပြီးအဲဒီဖိဆီးမှုတွေကိုလည်းဆိုးရွားစွာတုံ့ပြန်တတ်ပါတယ်။ သူတို့ရဲ့နေ့တိုင်းရှင်သန်ပြေးလွှားလုပ်ကိုင်နေရတဲ့ဘဝအခြေအနေ‌ေတွမှာကြုံရတဲ့အသေးအဖွဲမကျေနပ်မှုပြဿနာတွေကတဆင့်အန္တရာယ်များတဲ့စိတ်ပျက်အားငယ်စိတ်ဓါတ်ကျမှုတွေဖြစ်လာပါတယ်။

Neuroticism သမားတွေဟာ သူတို့ကိုသူတို့‌အရာရာမှာသတိထားလွန်နေတတ်ပြီးရှက်လည်းရှက်တတ်ကြတယ်။ အဲဒီအမူအကျင့်တွေကနေတဆင့် အကြောက်လွန်ရောဂါတွေနဲ့အာရုံကြောဆိုင်ရာရောဂါတွေဖြစ်လာတတ်ပါတယ်။ စိတ်အာရုံချောက်ခြားခြင်းနဲ့စိတ်ရှုပ်ထွေးခြင်းများလည်းဖြစ်ပေါ်လေ့ရှိပါတယ်။ သူတို့ဟာလူမှုရေးအရလက်ခံနိုင်တဲ့စံသတ်မှတ်ချက်များဘောင် အပြင်မှာ‌ေတာ့မရှိကြပါဘူး။ သူတို့ဟာအဖြစ်မှန်အရှိတရား‌ေတွကိုသိနိုင်တဲ့အခြေအနေမှာပဲရှိပါတယ်။

Neuroticismism အဆင့်တိုင်းတဲ့အခါမှာ အမြင့်၊ အလတ်စားနဲ့အနိမ့်ရမှတ်တွေနဲ့‌ေဖာ်ပြပါတယ်။ ရမှတ်နိမ့်ကျတဲ့သူတွေက စိတ်ခံစားမှုပိုမိုတည်ငြိမ်ပြီးစိတ်ဖိစီးမှုများသောသူများထက်စိတ်ဖိစီးမှုတွေကိုပိုမိုအောင်မြင်စွာကိုင်တွယ်နိုင်ကြပါတယ်။ အနိမ့်ရမှတ်ရှိသူတွေဟာများသောအားဖြင့်စိတ်ထားတည်ငြိမ်မှုရှိပြီး၊ အေးဆေးတည်ငြိမ်မှုရှိပြီး၊ ရမှတ်များတဲ့သူတွေနဲ့နှိုင်းယှဉ်လျှင်စိတ်ဓာတ်ကျခြင်းနှင့်စိတ်တင်းမာမှုနည်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ရမှတ်မြင့်လေစိတ်ခံစားမှုအခြေအနေဆိုးလေပါပဲ။

ရမှတ်နိမ့်ဖို့အတွက်လုပ်ရမှာတွေက အာရုံငါးပါးကို Filter ခံဖို့ပါပဲ။ ပြောချင်တာကအာရုံငါးပါးကနေ မကောင်းတာတွေမဝင်အောင်စစ်ထုတ်ကြဖို့ပါပဲ။ အာရုံငါးပါးကနေမကောင်းတာတွေဝင်လေလေ Neuroticism အမှတ်ကမြင့်တတ်လေပါပဲ။ အမှတ်မြင့်လာလေလေစိတ်မတည်ငြိမ်မှုတွေဖြစ်လာလေလေပါပဲ။ အဲဒီကနေတဆင့်စိတ်ရောဂါတွေဖြစ်လာဖို့လမ်းပွင့်သွားတာပါပဲ။

စိတ်ကျန်းမာဖို့၊ စိတ်ရောဂါကင်းဖို့ဆိုရင် အခြေခံအကျဆုံးကအာရုံငါးပါးကိုထိန်းသိမ်းတတ်ခြင်းပါပဲ။ ကောင်းတဲ့အရာ၊ ကျေးဇူးတင်စရာ၊ မင်္ဂလာရှိတာတွေကိုရှာကြံပြီး အဲဒီအရာတွေပေါ်မှာပဲ အာရုံတွေကိုကျက်စားတတ်အောင်သတိနဲ့နေထိုင်ကြဖို့လိုပါတယ်။ အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေဗျာ။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ

05/07/2021

စိုးရိမ်ပူပန်မှုရောဂါများ
(Anxiety Disorders)

လူတိုင်းဟာသူတို့ဘဝရဲ့တစ်ချိန်ချိန်မှာစိုးရိမ်စိတ်တွေခံစားကြရပြီးတချို့စိုးရိမ်စိတ်တွေကတော့ပုံမှန်‌ဖြစ်‌လေ့ရှိတဲ့ဟာမျိုးပါပဲ။

စိုးရိမ်ပူပန်မှုရောဂါအဆင့်ဆိုတာကတော့ ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုအနှောင့်အယှက်ဖြစ်စေ‌လောက်အောင် အလွန်အမင်းစိုးရိမ်ပူပန်ခြင်းနဲ့အလွန်ဆိုးရွားပြင်းထန်သောနေမထိထိုင်မသာ ခံစားရခြင်းလို့သတ်မှတ်ထားပါတယ်။

ဒီရောဂါဟာ စိတ်ရောဂါသည်‌တွေမှာ အဖြစ်အများဆုံးစိတ်ရောဂါတစ်ခုဖြစ်ပြီးယူအက်စ်မှာဆိုရင် အရွယ်ရောက်သူတွေရဲ့ ၁၉.၁% ဟာပြီးခဲ့တဲ့နှစ် ၂၀၂၀ ကဒီ‌ရောဂါကိုခံစားခဲ့ရပါတယ်။ ယေဘူယျအားဖြင့်အသက် ၁၁ နှစ်အရွယ်ကနေစပြီး အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါအပျော့ကနေအပြင်းအထိအဆင့်ဆင့်ဖြစ်ပွားနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုအဆင့်တွေဖြစ်ခြင်းကိုကိုယ်ရည်ကိုယ်သွေးပုံစံ၊ စိတ်ဖိဆီးမှုကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့နည်းဗျူဟာများရှိမှု၊ ဘဝအတွေ့အကြုံများနှင့်ကျားမဖြစ်ခြင်းတို့ကလွှမ်းမိုးထားပါတယ်။ စိုးရိမ်ပူပန်မှုကိုအဆင့်လေးဆင့်သတ်မှတ်ထားပါတယ်။
၁။ Mild Anxiety
၂။ Moderate Anxiety
၃။ Severe Anxiety
၄။ Panic Level Anxiety

၁။ Mild Anxiety
ပထမအဆင့်စိုးရိမ်ပူပန်မှုလက္ခဏာ‌တွေက လူမှုရေးဆိုင်ရာစိုးရိမ်ခြင်းသို့မဟုတ်ရှက်ခြင်းများဖြစ်နိုင်သလိုငယ်စဉ်ကလေးဘဝမှလူကြီးဘဝအထိကြုံတွေ့နိုင်ပါတယ်။ ဒီအဆင့်မှာမဖြေရှင်းနိုင်ရင်နောက်ပိုင်းပိုမိုပြင်းထန်သောစိတ်အခြေအနေများကိုဖြစ်ပေါ်စေပါမယ်။

၂။ Moderate Anxiety
အလယ်အလတ်အဆင့်စိုးရိမ်စိတ်ရှိသူတွေဟာ ပထမအဆင့်စိုးရိမ်မှုရှိသူများထက်ပိုပြီးမကြာခဏသို့မဟုတ်စွဲမြဲတဲ့ရောဂါလက္ခဏာများရှိလာပေမယ့်လည်း နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတော့ ပိုကောင်းအောင်တောင်စွမ်းဆောင်နိုင်ပါတယ်။ စိုးရိမ်စိတ်ကြောင့်ပိုလုပ်နိုင်တာမျိုးပါ။ အသင့်အတင့်စိုးရိမ်စိတ်ရှိတဲ့လူတွေမှာ အစွန်း‌ကိုသွား‌နေ ရသလိုခံစားခြင်း၊ စိုးရိမ်ပူပန်မှုကိုမထိန်းချုပ်နိုင်ခြင်း၊ ရက်အတော်ကြာအနားယူခြင်း (သို့) ရက်သတ္တပတ်တစ်ရက်အတွင်းအများစု၏ရောဂါလက္ခဏာများကိုကြုံတွေ့ရနိုင်ပါတယ်။ နေ့တိုင်းမဟုတ်ပါ။ အလယ်အလတ်စိုးရိမ်ပူပန်မှုလက္ခဏာများဟာအနှောင့်အယှက်ဖြစ်စေသော်လည်းအလယ်အလတ်စိုးရိမ်စိတ်ရှိသူတွေဟာ ဆရာဝန်သို့မဟုတ်မိမိကိုယ်ကိုကူညီသည့်နည်းဗျူဟာများ Self Help Strategies နဲ့သူတို့ရဲ့စိုးရိမ်မှုကိုစီမံခန့်ခွဲရာမှာအောင်မြင်နိုင်ပါတယ်။

၃။ Severe Anxiety
ဒီပြင်းထန်တဲ့စိုးရိမ်စိတ်ရှိသူတွေဟာ များသောအားဖြင့်စိတ်သောကရောက်လွန်ခြင်းနဲ့ နေ့စဉ်အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့တာတွေ့ရပါတယ်။ ပြင်းထန်တဲ့စိုးရိမ်ပူပန်မှုလက္ခဏာတွေက ပြင်းထန်စိတ်ကျရောဂါနဲ့အတူတွဲဖက်ဖြစ်ပေါ်တတ်ပြီး လူကိုမလှုပ်မရှားချင်အောင်ဖြစ်လာစေပါတယ်။ ပြင်းထန်သောစိုးရိမ်ပူပန်မှုလက္ခဏာတွေဟာ မကြာခဏဖြစ်တတ်တာကြောင့်နှလုံးခုန်နှုန်းမြင့်တက်လာခြင်း၊ ထိတ်လန့်ခြင်း၊ လူတွေကိုရှောင်ခြင်း တို့ပါဖြစ်လာပါတယ်။ ဒီလက္ခဏာတွေကိုဖြေရှင်းတဲ့နည်းလမ်းတစ်ခုအနေနှင့်အရက်နဲ့မူးယစ်ဆေးဝါးများသုံးစွဲလာတတ်ပါတယ်။ စိတ်ဓာတ်အလွန်ကျခြင်း (သို့) စိုးရိမ်ပူပန်ခြင်းတို့ကြောင့် မိမိကိုယ်ကိုသတ်သေရန်စဉ်းစားလာတတ်ပါတယ်။

၄။ Panic Level Anxiety
နောက်ဆုံးအဆင့်ဖြစ်တဲ့အလွန်ထိတ်လန့်တုန်လှုပ်မှုအဆင့်၊ စိတ်ချောက်ချားစိုးရိမ်ထိတ်လန့်မှုရောဂါအဆင့်မှာတော့ဒီလိုလက္ခဏာတွေပေါ်လာပါတယ်။
၁။ အလွန်အမင်းကြောက်ရွံ့မှုလျင်မြန်စွာဖြစ်ပေါ်ခြင်း
၂။ နှလုံးခုန်မူမမှန်ခြင်း
၃။ အသက်ရှူအလွန်မြန်ခြင်း
၄။ ပျို့ခြင်းသို့မဟုတ်မူးဝေခြင်း
၅။ သေရတော့မယ်ထင်ပြီးအကြောက်လွန်ခြင်း

ဒီလက္ခဏာတွေဟာတစ်ခါဖြစ်ရင် ၁၀ မိနစ်ခန့်ကြာတတ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ကွဲပြားမှုတော့ရှိပါတယ်။

ပြင်းထန်မှုအပေါ် မူတည်ပြီးစိုးရိမ်စိတ်ကိုစီမံရန်နည်းလမ်းများစွာရှိပါတယ်။ ဥပမာအားဖြင့်၊ အဆင့် ၁နဲ့၂ စိုးရိမ်စိတ်ကိုလေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ စိတ်ကုထုံးယူခြင်းတွေနဲ့ဖြေရှင်းနိုင်ပါတယ်။ ပိုမိုပြင်းထန်တဲ့စိုးရိမ်မှုအဆင့် ၃နဲ့၄ ကိုတော့ စိတ်ကုထုံးများ၊ ဆေးဝါးများသို့မဟုတ်နှစ်ခုပေါင်းကုသရပါမယ်။

တယ်လီဖုန်းကုထုံးကဲ့သို့စကား‌ပြောကိုင်တွယ်ဖြေရှင်းခြင်းကုသမှုနည်းဗျူဟာများအသုံးပြုခြင်းကလည်းစိုးရိမ်ပူပန်မှုနဲ့အတူနေထိုင်‌နေရသောသူများအတွက်ရောဂါမပြင်းထန်သေးရင်အကျိုးရှိပါတယ်။ ရောဂါပြင်းရင်တော့ စိတ်ပိုင်းဆရာဝန်၊ စိတ်ပညာရှင်များနဲ့လူတွေ့ကုသရပါမယ်။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနှင့်
အတိုင်ပင်ခံစိတ်ပညာပါရဂူ

30/06/2021

အတ္တကဲလွန်ဘဝင်မိုးထိကိုယ်ရည်ကိုယ်သွေးဖောက်ပြန်ခြင်းရောဂါ
Narcissistic Personality Disorder (NPD)

‌ခုနောက်ပိုင်း NPD လို့ခေါ်တဲ့ဒီကိုယ်ရည်ကိုယ်သွေးဖောက်ပြန်မှုများလာတာတွေ့ရပါတယ်။ NPD သမားဟာ သူ့ကိုယ်သူပဲဗဟိုပြုပါတယ်၊ အတ္တလွန်ကဲတာပေါ့ဗျာ။ သူ့ရဲ့အတွေးအပြုအမူတွေက မောက်မာတယ်၊ အထက်စီးဆန်တယ်။

သူ့မှာကိုယ်ချင်းစာခြင်း၊ သူများအတွက်စဉ်းစားပေးခြင်းဆိုတာတွေမရှိဘူး။ သူ့ကိုသူများတွေကအလွန်လေးစားနေတာမျိုးလိုချင်နေတယ်။ အရာရာသူသာသိသူသာတတ်ပေါ့ဗျာ။

ဒီရောဂါဖြစ်ရတဲ့အဓိကအချက်ကတော့ စိတ်မလုံခြုံမှုကိုငယ်ကတည်းကပြင်းပြင်းထန်ထန်ခံစားခဲ့ရလို့လေ။ အဲဒီစိတ်မလုံခြုံတာကိုဖုံးချင်တာနဲ့ "အရာရာငါသာ" ဆိုတဲ့ပုံစံမျိုးလုပ်လာရာကနေကာလကြာလာတော့ ကိုယ်ရည်ကိုယ်သွေးထိခိုက်ပျက်ယွင်းမှုရောဂါဖြစ်လာတော့တာပါပဲ။

NPD သမားတေွအကြိုက်ဆုံးကအမြှောက်အပင့်ပဲ။ အမုန်းဆုံးကသူ့ကိုဝေဖန်တာ၊ လေးစားကြောင်းမပြတာ၊ ပြန်ငြင်းခုံတာတွေပါပဲ။

ထင်ရှားတဲ့အပြုအမူတွေကတော့
၁။ သူသာအရေးအပါဆုံး၊ သူ့ပဲအာရုံစိုက်ကြ
၂။ စိတ်ကူးယဉ်ကမ္ဘာထဲကပြိုင်ဖက်ကင်းသူကြီး
၃။ မြှောက်ပင့်ခံရဖို့မြှောက်မယ့်သူတွေကိုအမြဲလိုက်ရှာနေ
၄။ အရာရာသူ့ရပိုင်ခွင့်လို့ထင်နေ
၅။ သူများတွေအပေါ်အရှက်မရှိအသာစီးယူတတ်
၆။ သူများတွေကိုအထင်သေးရှုံ့ချနှိမ့်ချလေ့ရှိ
၇။ အရာရာမှာသူသာဆရာကြီး၊ သူပြောသလိုလုပ်

NPD သမားတွေဟာဆက်ဆံရခက်ပါတယ်။ မတတ်သာလို့သူတို့နဲ့ဆက်ဆံနေရသူဟာ ဝဋ်အတော်ကြီးပါတယ်။ အတ္တလွန်ကဲတာကြောင့် ဂရုဏာတွေ၊ သနားတာတွေ၊ စာနာတာတွေမရှိပါဘူး။ သူ့ဖို့ပဲသူသိပါတယ်။ အိမ်ထောင်ဖက်အဖြစ်လုံးဝမရွေးသင့်သူမျိုးပါ။ သူတို့နဲ့နေမိရင်ကိုယ်ကအမြဲအောက်စည်းရောက်နေပါမယ်။ ဖြစ်နိုင်ရင်ဝေးဝေးရှောင်တာကောင်းပါတယ်။

ကုလို့ရတယ်ဆိုပေမယ့်လက်တွေ့မှာအလွန်ခက်ပါတယ်။ စိတ်ပညာရှင်နဲ့စိတ်ဆရာဝန်ပေါင်းကုရတာမျိုးပါ။ ရောဂါရင့်လေကုမရလေပါပဲ။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ

29/06/2021

ကြင်နာခြင်း Kindness ဆိုတာ

၁။ အလိုက်သိတတ်တာ
၂။ ယဉ်ကျေးစွာဆက်ဆံတတ်တာ
၃။ ကူညီတတ်တာ
၄။ နားလည်မှုပေးတတ်တာ
၅။ ဂရုစိုက်အလေးထားတတ်တာ
၆။ ဖော်ဖော်ရွေရွေရှိတာ
၇။ ရက်ရောစွာပေးတတ်တာ

လူတွေအလိုအပ်ဆုံးပထမဟာကကြင်နာခြင်းပဲ၊ နောက်တဆင့်ကမေတ္တာပေါ့။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ

28/06/2021

စိတ်ကျရောဂါလက္ခဏာများ

၁။ အာရုံစူးစိုက်နိုင်စွမ်းမရှိတော့
၂။ သာယာမှုမှန်သမျှပျောက်ဆုံး
၃။ လူကနုံးချိနေ၊ စားသော်လည်းအားမရှိသလိုဖြစ်
၄။ မိသားစုနဲ့မိတ်ဆွေတွေကိုမတွေ့ချင်ရှောင်ရှားနေ
၅။ ရုတ်တရက်ထစိတ်ဆိုးတတ်
၆။ ဘာမှလုပ်ချင်စိတ်မရှိတော့
၇။ အလကားနေရင်းကိုခေါင်းကိုက်၊ ကြွက်သားတွေနာ၊ ဗိုက်မအီမသာဖြစ်
၈။ အိပ်မပျော်၊ အိပ်ရခက်
၉။ သေချင်စိတ်အတွေးဝင်

ရောဂါနုပါက
မအားအောင်နေခြင်း၊ တရားမှတ်ခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်း၊ တစုံတ‌ယောက်အားရင်ဖွင့်ခြင်း။

ရောဂါရင့်ပါက
ဆေးသောက်ခြင်း၊ တိုင်ပင်ဆွေးနွေးလမ်းညွှန်မှု Counseling ခံယူခြင်း။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ

28/06/2021

စိတ်ဓါတ်ရင့်ကျက်ခြင်း၏လက္ခဏာများ

၁။ အတင်းအဖျင်းများကြားရင်စိတ်မလှုပ်ရှားတော့
၂။ မတူတာတွေကိုလက်ခံနိုင်စွမ်းရှိ
၃။ အလွယ်တကူသူတပါးကိုပြစ်တင်ကဲ့ရဲ့ခြင်းမရှိ
၄။ အဓိပ္ပါယ်မဲ့အငြင်းပွားမှုများ၊ ရန်ပွဲများကိုရှောင်တတ်
၅။ ရေရှည်ဆက်ဆံရေးတည်ဆောက်တတ်
၆။ ဘယ်အရာကိုဦးစားပေးရမလဲဆိုတာကိုသိနေ
၇။ တစ်ခုခုမလုပ်ခင်အကျိုးအပြစ်ချင့်ချိန်တတ်
၈။ ဝေဖန်ခြင်း၊ မြှောက်ပင့်ခြင်းများကိုခံနိုင်ရည်ရှိ

အကုန်တော့မဟုတ်အဓိကအချက်များ

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ

25/06/2021

မနာလိုခြင်းစိတ်ပညာ

လူ့လောကမှာမနာလိုခြင်းပေါင်းများစွာရှိပါတယ်။ မနာလိုခြင်းအကြောင်းကို စိတ်ပညာမှာပြောထားတာတွေကိုဒီမှာရေးပေးသွားပါမယ်။ မနာလိုခြင်းမှာ Envy နဲ့ Jealousy ဆိုပြီးစကားလုံးနှစ်ခုရှိပါတယ်။

Envy ဆိုတာက တခြားသူတစ်ယောက်ရရှိထားတဲ့ အရည်အသွေး၊ အောင်မြင်မှု၊ ပိုင်ဆိုင်မှုတွေပေါ်ကို မနာလိုဖြစ်တာပါ။ သဘောကကိုယ်လိုချင်တဲ့ဟာတွေကို ကိုယ်ကမရဘဲ တခြားသူတွေရနေတဲ့အပေါ်မှာ မလိုမုန်းထားစိတ်ဖြစ်တာပါ။

Jealousy ကတော့ ကိုယ်ရရှိပိုင်ဆိုင်ထားပြီးသားအရာတစ်ခုကို တခြားသူတစ်ယောက်ကလာယူ၊ လာသိမ်းပိုက်နိုင်တယ်လို့ တွေးမိတဲ့အပေါ်မှာဖြစ်လာတဲ့ မလိုမုန်းထားစိတ်ပါ။ လက်လွတ်ဆုံးရှုံးရမှာကြောက်စိတ်ကြောင့်ဖြစ်လာတာမျိုးပါ။ ဥပမာ ကိုယ့်ချစ်သူကို ကိုယ့်ဆီကနေလုယူသွားနိုင်တယ်လို့ထင်နေသူအပေါ်မှာ မလိုမုန်းထားစိတ်ဖြစ်ပေါ်နေတာမျိုးပါ။ လုပ်ငန်းခွင်မှာလည်း အရည်အချင်းရှိသူကို ကိုယ့်နေရာလုမှာစိုးလို့ နှိမ်ထားတာမျိုးကလည်း Jealousy ပါပဲ။ ပထမကလေးက နောက်မွေးလာတဲ့ကလေးကို ကြည့်မရဖြစ်တာမျိုးကလည်း ရပြီးသားမိဘအချစ်ကို ‌ဆုံးရှုံးရမှာ၊ တနည်းသူ့ကိုအရင်လိုမချစ်တော့မှာကိုကြောက်ပြီး အငယ်ကိုမုန်းတာမျိုးပါ။

လူတွေက Jealousy ကိုအပြောများပေမယ့် တကယ်က Envy ကလည်းအလွန်များပါတယ်။ ခုလိုအပြိုင်အဆိုင်ခေတ်ကြီးမှာ ကိုယ်လိုချင်တဲ့အရာကိုကိုယ်ကမရပဲ တစ်ဖက်သူကရသွားတဲ့အခါမှာ မကျေမချမ်းမကောင်းပြောတတ်တာ Envy ပါ။ ကိုယ့်ထက်သာလို့ ကိုယ့်နေရာပျောက်မှာစိုးလို့ဖြစ်လာတဲ့မနာလိုတာက Jealousy ပါ။ ခုဆိုဒီမနာလိုတဲ့နှစ်ခုကို ရှင်းပြီထင်ပါတယ်။

Envy က ငယ်ဘဝမပြည့်စုံမှု၊ အနှိမ်ခံရမှုတွေကြောင့်ဖြစ်လာတတ်ပြီး၊ Jealousy ကတော့ ငယ်ဘဝစိတ်မလုံခြုံမှု၊ သိမ်ငယ်မှု၊ အထီးကျန်မှု၊ အချစ်မခံရမှု တွေကြောင့်ဖြစ်လာတတ်ပါတယ်။

ဒီစိတ်တွေကိုကျော်လွှားဖို့အတွက်ကတော့
၁။ ကိုယ့်ဘဝမှာရှိထားတဲ့ကောင်းတဲ့အရာလေးတွေပေါ်မှာအာရုံပြုရပါမယ်။
၂။ လူတိုင်းမှာအရာရာပြည့်စံုမှုမရှိဘူးဆိုတာဆင်ခြင်ပြီးသူများနဲ့လိုက်နှိုင်းယှဉ်မိနေတာကိုရပ်ရပါမယ်။
၃။ အပေါ်ယံပကာသနသမားတွေကိုရှောင်ရပါမယ်။
၄။ ဘဝကိုကျေနပ်တတ်တဲ့သူတွေကိုပေါင်းရပါမယ်။
၅။ တခြားသူတွေရဲ့အောင်မြင်မှုတွေကို အသိအမှတ်ပြုချီးမွမ်းပေးရပါမယ်။
၆။ တတ်နိုင်သလောက်ရက်ရောပေးကမ်းတတ်ရပါမယ်။
၇။ ဘာသာရေးကိုလည်းထပ်ဖြည့်ထည့်နိုင်ရင်ထိရောက်ပါတယ်။

ဒါတွေကတော့မနာလိုစိတ်နှစ်မျိုးကိုကျော်လွှားနိုင်ဖို့ ဆောင်ရန်ရှောင်ရန်တွေပါပဲ။

မနာလိုစိတ်ဟာကိုယ်တွင်းအဆိပ်ဖြစ်လို့ရေရှည်မွေးမြူထားလို့မရပါဘူး။ မနာလိုစိတ်ဟာလူကိုစိတ်ပိုင်း၊ ရုပ်ပိုင်း၊ ပေါင်းသင်းဆက်ဆံရေးပိုင်းတွေမှာ အလွန်ထိခိုက်စေပါတယ်။ ရှောင်နိုင်စေရန်အကျဉ်းချုံးရေးပေးလိုက်ပါတယ်။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ

23/06/2021

နိုင်ငံကြီးများပြိုင်ဆိုင်မှု

ကမ္ဘာမှာလည်း အမေရိကန်-အင်္ဂလန်-ပြင်သစ် နဲ့ အနောက်ဥရောပနိုင်ငံတေွကတစ်ဖွဲ့၊ တရုတ်-ရုရှ-မြောက်ကိုရီယားကတစ်ဖွဲ့၊ အတော်လေးကိုဘက်ပေါင်းစုံမှာတင်းမာလာနေပါတယ်။ နိုင်ငံရေး စစ်ရေး စီးပွားရေး ယဉ်ကျေးမှုပုံစံ ဘာမှကိုမတူတဲ့ အုပ်စုကြီးနှစ်စုကြားပြိုင်ဆိုင်မှုထဲမှာ ကြားညပ်နေရတဲ့နိုင်ငံတွေလည်းမနည်းပါဘူး။

Nuclear ဒုံးပျံထိပ်ဖူးတွေကြောင့်စစ်ဖြစ်ရင်အကုန်သေကုန်မှာမလို့ ထိန်းနေကြသေးတာပါ။ မြောက်ကိုရီးယားဆိုနိုင်ငံငယ်လေးဖြစ်ပေမယ့် Nuclear ပိုင်ဆိုင်ထားတာကြောင့် အမေရိကန်ကိုတောင်အမြဲဆန့်ကျင်ဖက်ပြုနိုင်ပါတယ်။ တောင်ကိုရီးယားလည်း အမေရိကန်ကျောထောက်နောက်ခံနဲ့ မြောက်ကိုရီးယားကို ကြည့်နေရတဲ့သဘောပါပဲ။

ဆိုဗီယက်ယူနီယံပြိုကွဲခြင်းနောက်ကွယ်မှာ စီအိုင်အေလက်ရာ‌ေတွပါနေကြောင်းသိလာပြီးနောက်ပိုင်းမှာ ရုရှနဲ့တရုတ်က အမေရိကန်ကိုသတိကြီးကြီးအရင်ကထက်ပိုပြီးထားလာပါတယ်။ ထောက်လှမ်းရေးအဖွဲ့တွေ၊ သူလျှိုအကြောင်းတွေသာပြောမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်သွားပါလိမ့်မယ်။

၂၁ ရာစုကမ္ဘာကြီးဟာအရင်ကထက်လုံးဝမတူထူးခြားလွန်းတဲ့နည်းပညာတွေနဲ့ အလျင်အမြန်တိုးတက်လာချိန်မှာ အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုကလည်း စီးပွားရေးကိုဗဟိုပြုပြီး အလွန်ကိုပြင်းထန်လာပါတယ်။ သူတို့ပြိုင်ဆိုင်မှုအတွက်လိုအပ်တဲ့ကြားကနိုင်ငံတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ လွှမ်းမိုးအသုံးချဖို့လုပ်လာပါတယ်။ အဲဒီနောက်ကွယ်ကဇာတ်လမ်းပေါင်းစုံ၊ ခြေရှုပ်မှုပေါင်းစုံ ကလည်း အလွန်တရာမှရှုပ်ထွေးသိမ်မွေ့ပါတယ်။

အမေရိကန်အုပ်စုဖက်ကတော့ ငွေအင်အားပိုမိုသုံးစွဲနိုင်တာရယ်၊ ဘာသာ စာပေ ဂီတအနုပညာ ယဉ်ကျေးမှုဖက်‌ေပါင်းစုံက ထိုးဖောက်နိုင်တာရယ်ကြောင့် မဟာမိတ်နိုင်ငံတွေပိုရထားပါတယ်။ Hard Power ရော Soft Power ရောအားကောင်းပါတယ်။

ရုရှနဲ့တရုတ်ကလည်း ကျန်အပိုင်းတွေမှာ အထူးသဖြင့် Soft Power ပိုင်းတွေမှာ အမေရိကန်ကိုမမှီပေမယ့် စစ်လက်နက်နဲ့စစ်အင်အား Hard Power ပိုင်းမှာတော့ မှီနေပါတယ်။ မှီနေအောင်လည်းနှစ်ပေါင်းများစွာကြိုးစားခဲ့ကြပါတယ်။ သူတို့အုပ်စုနှစ်ခုရဲ့ယှဉ်ပြိုင်မှုတွေကို အများကမြင်တွေ့နေရသလို တကယ်တော့ကမ္ဘာကြီးမှာ တခြားအုပ်စုနိုင်ငံတွေရဲ့ဒေသအလိုက်ပြိုင်ဆိုင် ရန်စောင်နေမှုတွေကလည်း သူ့နေရာနဲ့သူအများအပြားရှိနေပါ‌ေသးတယ်။

ကျွန်တော်တို့အနေနဲ့သိစရာလေ့လာစရာတွေကို ‌ေသချာမလုပ်ထားရင် ကမ္ဘာ့အကြောင်းအရာတွေကို နက်နက်နဲနဲနားလည်မှာမဟုတ်ပါဘူး။ အရာရာဟာအပေါ်ယံမှာရိုးရှင်းပါတယ်။ အတွင်းမှာသာအလွန်နက်တာပါ။

စိတ်ဝင်စားရင်လေ့လာစရာအလွန်များပြားတဲ့ခေတ်မှာ သေချာလေ့လာနိုင်ရင် တိုးပွားလာတဲ့အသိပညာအလျောက် အတွေးအမြင်ခံယူချက်တွေပြောင်းလဲတိုးတက်လာမှာပါ။ ပညာဟာကျွန်တော်တို့ကို ကမ္ဘာသစ်တစ်ခုကိုခေါ်ဆောင်သွားနိုင်ပါတယ်။ ထဲထဲဝင်ဝင်သေချာလေ့လာကြပါလို့တိုက်တွန်းချင်ပါတယ်။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ

23/06/2021

If we do not have a good attitude in the human world, we will always have problems with each other. The more people do not understand, the more problems. One needs to understand oneself and others.

What you think comes from what you know. What you do depends on what you think. Knowledge and Consciousness are the most important things in man.

Dr. Myo Min Oo
Leadership Professor and
Counseling Psychologist

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


76, 5th Floor (Left), Kyundaw Road, Corner Of Pathein Street, Sanchaung
Yangon
11111

Opening Hours

Monday 18:00 - 20:00
Tuesday 18:00 - 20:00
Wednesday 18:00 - 20:00
Thursday 18:00 - 20:00
Friday 18:00 - 20:00
Saturday 18:00 - 20:00
Sunday 18:00 - 20:00