DM Car Dealership

DM Car Dealership

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DM Car Dealership, Digital creator, Yangon.

Photos from DM Car Dealership's post 12/05/2026

Model - 2009
Engine - 1000Cc
Colour - White
နီနက်ပါသည်
စာအုပ်မူရင်း
ကညန ယာဥ်စစ်
စိတ်ကြိုက်စစ်ဆေးနိုင်သည်
ကားနဲ့ပတ်သက်၍ ရာနှုန်းပြည့် တာဝန်ယူသည်

Price - 580Lakhs(Negotiate)

Contact - 09440579579

Photos from DM Car Dealership's post 27/04/2026

MAZDA DEMIO
Model - 2007
Engine - 1300Cc
Colour - White
နီနက်ပါသည်
စာအုပ်မိတ္တူ
ကညန ယာဥ်စစ်
စိတ်ကြိုက်စစ်ဆေးနိုင်သည်
ကားနဲ့ပတ်သက်၍ ရာနှုန်းပြည့် တာဝန်ယူသည်

Price - 530Lakhs(Little Negotiate)

Contact - 09440579579

Photos from DM Car Dealership's post 22/10/2025

🚘 Model ~ 2008

🚘 Colour ~ Red

🚘 Engine ~ 1000cc

🚘 Smart Key ခုံဆက်

🚘 နီနက်

🚘 5F/**** (YGN)

🚘 (၄)လပိုင်း ၂၀၂၇ထိ
လိုင်စင်သက်တမ်း ကျန်သေးသည်

Price >>> 450 lakh ( Negotiate )

📱 09440579579

#ကားရောင်းဝယ်ရေး
#အိမ်စီးကား

#ကားအရောင်း
#ကားဝယ်ရောင်း

05/05/2024

မဟာဝိဟာရကျောင်းတိုက်များနှင့်ဆက်သွယ်လိုပါကမိမိတို့ဆက်သွယ်ရသည့်အ‌ကြောင်းအရာနှင့်သက်ဆိုင်သောဖုန်းများကိုသာဆက်သွယ်‌ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။🙏🏻🙏🏻🙏🏻

25/03/2024

🙏🙏🙏🙏🙏🙏🙏🙏🙏

အလုပ်လုပ်ခွင့် ရရင် ကျေနပ်လိုက်
~~~~~~~~~~~~~~~~~~~~

မိမိရဲ့ ခံယူချက်နဲ့ သဘောထားကို ကြုံရင် ကြုံသလို တပည့်တွေကို ဩဝါဒပေးဖြစ်တယ်။

စာဖတ်သူများအတွက်လည်း အသုံးဝင်မယ်လို့ ယူဆတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

"တပည့်တို့ ! နေရာတွေ ရာထူးတွေ ဂုဏ်တွေ
မလိုချင်နဲ့ ၊

အလုပ်လုပ်ခွင့်ရရင် ကျေနပ်လိုက်၊

ဘယ်နေရာကပဲ နေရ နေရ တပည့်တော်ကတော့ သာသနာအလုပ်ကို လုပ်ခွင့် ရနေတာကိုပဲ ကျေးဇူးတင်လှပြီ၊

အလုပ်လုပ်ခွင့် ပေးတာကိုပဲ ကျေးဇူးတင်လှပြီ၊

အများအကျိုးကို သယ်ပိုးဖို့ ကိုယ့်မှာ အခွင့်အလမ်း
မရှိတော့ဘူးဆိုရင်လည်း ဝမ်းနည်းမနေဘူး၊

"နိဗ္ဗာန်ရဖို့ တရားအားထုတ်ခွင့်ရတယ်" လို့ပဲ အမြဲတွေးတယ်။

ဘယ်ရာထူးရမှ ငါ အလုပ်လုပ်မယ်၊ အဲ့ဒီနေရာ အဲ့ဒီရာထူးမရရင် ငါ မလုပ်ဘူး လို့ တွေးနေရင်တော့ မှန်ကန်တဲ့ အတွေးမဟုတ်ဘူး။

"အပင်ပန်းခံပြီး အလုပ်လုပ်ရတာက ငါတို့၊ နာမည်ရတာက သူတို့ " ဒီလို မတွေးနဲ့၊

နာမည် လိုချင်သူတွေက နာမည်ရအောင် လုပ်ကြလိမ့်မယ်၊

ကုသိုလ်လိုချင်သူတွေက ကုသိုလ်ရအောင် လုပ်ကြလိမ့်မယ်။

ကုသိုလ်ဘယ်လို ရမလဲဆိုတာပဲ ကြံစည်ပြီး မရရအောင် ကုသိုလ်လုပ်ကြပါ၊

နောက်တစ်ခု ရှိသေးတယ်၊

သူလုပ်ရင် ငါ မလုပ်ဘူး ဆိုတဲ့အတွေးမျိုး၊ ဒါလည်း မမှန်ကန်သေးဘူး။

သူလုပ်လို့ ငါ မလုပ်ရင် ငါ ကုသိုလ် မရရုံ ရှိမှာပေါ့၊

တပည့်တော်ကတော့ ဒီလို တွေးတယ်၊

သူလုပ်နေရင် ငါ ဘယ်နေရာက လုပ်ခွင့် ရမလဲ ဒါပဲ တွေးတယ်၊

ငါ နောက်က လိုက်ရမလား၊ ဘေးကပဲ လိုက်ရမလား၊ အဲ့ဒါက ကိစ္စမရှိဘူး၊

အလုပ်လုပ်ခွင့် ပေးဖို့ပဲ၊ အလုပ်လုပ်ခွင့် ပေးရင် ကျေနပ်ပြီ။

ဒါက တပည့်တော်ရဲ့ ခံယူချက်နဲ့ သဘောထားပဲ။

အရှင်အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ)

🙏🙏🙏ဆရာတော်ဘုရား၏သြဝါဒမှ
ကူးယူပူဇော်မျှဝေပါသည် 🙏🙏🙏

Photos from DM Car Dealership's post 22/08/2023

ပြောင်ပြောင်တင်းတင်းတော့ လူးပါဝပြီ
Statementထုတ်ပြီး
တောင်းပန်လိုက်ရင် ပြီးရောလား
သိက္ခာမဲ့လွန်းတယ်ကွာ 😏😏

Photos from DM Car Dealership's post 21/04/2023

ဒုတိယမျိုးဆက် 2024 Lexus LM အသစ်ကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်
-------------------------
2nd-gen LM ကို တရုတ်နိုင်ငံရဲ့ အဓိက ဇိမ်ခံ MPV စျေးကွက်နှင့်အတူ၊ ဥရောပအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း 60 ကျော်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ 48 လက်မ Screen ကြီးပါဝင်ပြီး Hybrid Powertrains နှစ်မျိုးဖြင့်ရရှိနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းကို မကြေညာရသေးသော်လည်း လက်ရှိ မော်ဒယ်ဟာ တရုတ်မှာ ယွမ် ၁.၄၆၆ သန်း (လက်ရှိ ငွေလဲနှုန်းဖြင့် ဒေါ်လာ ၂၁၃၀၀၀) ရှိပါတယ်။
Toyota ဇိမ်ခံအမှတ်တံဆိပ် Lexus အနေနဲ့ ပထမမျိုးဆက် LM 350h မော်ဒယ်ကို ထုတ်ဖော်ပြသပြီးနောက် လေးနှစ်အကြာမှာ 2nd-generation Lexus LM 500h Multi-purpose Vehicle (MPV) ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပါတယ်။ "Luxury Mover" ရဲ့အတိုကောက် နောက်ဆုံးထုတ်မော်ဒယ် LM ဟာ 2020 ခုနှစ်ကထွက်ရှိခဲ့သော မူရင်းမော်ဒယ်ပေါ်မှာ တည်ဆောက်ထားသော်လည်း ပိုမိုသာလွန်တဲ့ luxury, refinement နဲ့ comfort ဖြစ်မှုများကို မိတ်ဆက်ပေးထားပါတယ်။
ကြီးမားသော ဘေးတံခါးများနဲ့အတူ နောက်ဆုံးပေါ် 2024 LM ဟာ အရွယ်အစားအားဖြင့် အရှည် 5,125 မီလီမီတာ (+ 85 မီလီမီတာ)၊ အနံ 1,890 မီလီမီတာ (+ 40 မီလီမီတာ)၊ အမြင့် 1,955 မီလီမီတာ (+ 10 မီလီမီတာ) ထပ်တိုးထားပြီး wheelbase ကိုတော့ ပထမမော်ဒယ်နည်းတူ 3,000 မီလီမီတာ (+ 0 မီလီမီတာ) သုံးထားပါတယ်။ LM ရဲ့ နောက်ဆုံးဗားရှင်းကို 4-6-7 ယောက်စီးထိုင်ခုံဗားရှင်းများဖြင့် ရရှိနိုင်မှာဖြစ်ပြီး ၄ ယောက်စီး မော်ဒယ်မှာ ယာဉ်မောင်းအား နောက်ထိုင်ခုံခရီးသည်များနှင့် ပိုင်းခြားထားသော မှန်ခန်းပါရှိပါတယ်။
6/7 ယောက်စီး မော်ဒယ်များမှာတော့ ခရီးသည်အားလုံးအတွက် personal ခံစားမှုကိုဖန်တီးပေးနိုင်ဖို့ spacious feel နဲ့ excellent visibility ကို အာရုံစိုက်ထားပါတယ်။ LM အသစ်ကို 2.4L inline 4-cylinder turbo hybrid system [eAxle] နှင့် 2.5L inline 4-cylinder ဟိုက်ဘရစ်စနစ် [E-Four/FF] အပါအဝင် hybrid powertrains နှစ်မျိုးနဲ့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။



Credit to owner

30/03/2023

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ
အမြန်ပြောင်းလဲတပ်ဆင်ရာတွင် ပြုလုပ်ရမည်များ
************************************************

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ
လာရောက်လျှောက်ထားတဲ့အခါဒါတွေလိုပါတယ်

၁။ လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏
မှတ်ပုံတင် မူရင်း၊မိတ္ထူ
(ဘယ်သူလာလာ လာတဲ့သူကိုပြောတာနော်)

၂။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မူရင်း။
(အုံနာဘုတ် ကိုပြောတာနော်)

၃။ မော်တော်ယာဉ်သက်သေခံလက်မှတ်မူရင်း။
(ဝှီးတက်ကိုပြောတာနော်)

၄။ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားတန်ဖိုး
၉၀၀၀ ကျပ်

စတာတွေလိုပါတယ်
ကားလဲမလိုဘူး
နံပါတ်ပြားအဟောင်းလဲ မလိုသေးပါဘူး
အထက်ပါအတိုင်းလျှောက်ထားတဲ့အခါ
ငွေးသွင်းချလံလေးပေးပါလိမ့်မယ်
ဖောင်းကြွနံပါတ်ပြားအသစ်
ပြန်လည်ထုတ်ယူရမည့်ရက်ကိုလည်း
ပြောပြပါလိမ့်မယ်။

ဖောင်းကြွအသစ် မှာယူပြီး ပြန်လည်ထုတ်ယူရာမှာ
ဒါတွေလိုပါတယ်

၁။ ငွေသွင်းချလံ
၂။ နံပါတ်ပြားအဟောင်း(၂)ချပ် ဖြစ်ပါတယ်။

အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ၊
Taxi ယာဉ်များ၊
မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၊
နိုင်ငံပိုင် ဌာနဆိုင်ရာယာဉ်များ၊
ကုန်တင်ယာဉ်များအားလုံး
31.3.2023 ရက်နေ့အပြီး
ဖောင်းကြွနံပါတ်ပြားများသစ်များ
ပြောင်းလဲတပ်ဆင်ရပါမယ်။

ပုဂ္ဂလိက ကိုယ်ပိုင်မော်တော်ယာဉ်များကတော့
နှစ်လဲသက်တမ်းတိုးချိန် ဒါမှမဟုတ်
သက်တမ်းတိုးချိန်မရောက်ခင်ပဲဖြစ်ဖြစ်
ဖောင်းကြွနံပါတ်ပြားများ
ပြောင်းလဲတပ်ဆင်နိုင်ပါတယ်
ကိုယ်ပိုင်မော်တော်ယာဉ်တွေဟာ
31.3.2023 ရက်နေ့အပြီး မဖြစ်မနေပြောင်းကို
ပြောင်းတပ်ဆင်ရမယ်လို့ဆိုမထားပါဘူး
သက်တမ်းတိုးမှ တစ်ခါတည်းလုပ်လည်းရပါတယ်။

📣ထပ်ပြောပါရစေ📣

💢အိမ်စီးကားတွေ မဖြစ်မနေပြောင်းရမယ်လို့
မဟုတ်ပါဘူး ပြောင်းချင်ရင်လဲပြောင်း
မပြောင်းချင်ရင်လည်း သတ်တမ်းတိုးတဲ့အခါကျမှ
ပြောင်းလို့ရပါတယ်💢
အသေးစိတ်သိရှိနိုင်အောင်
လက်ကမ်းစာစောင်လေး တင်ပေးလိုက်ပါတယ်။

31.3.2023 ရက်နေ့ အပြီး
အမြန်ပြောင်းလဲတပ်ဆင်ရမယ်လို့ဆိုရာမှာ..

💥💥💥၎င်းရက် ကျော်လွန်သည့် အချိန်
မပြောင်းလဲပါက စစ်ဆေးအရေးယူမယ်လို့တော့
ထုတ်ပြန်ထားခြင်းမရှိပါဗျာ။💥💥💥
Crd : နေမျိုးသူရ

14/10/2022

ပါချုပ်ဆရာတော်ဘုရားကြီးမိန့်တာပါ

အလှူ အတန်းတွေ ဘယ်လောက်လုပ်လုပ်

တရားစခန်းတွေ ဘယ်လောက်သွားသွား

ပဌာန်း ပရိတ်တွေ ဘယ်လောက်ရွတ်ရွတ်

ဓမ္မစင်္ကြာတွေ ဘယ်လောက်ရွတ်ရွတ်

မဟာသမယသုတ်ကို ဘယ်နှစ်ကြိမ်
ရွတ်ပြီးသည်ဟုဆိုဆို

ပဌာန်း ၅ ကျမ်းလုံးကို
ဘယ်နှစ်ကြိမ်မြောက်ပူဇော်ပြီးသည်
ဖြစ်ဖြစ်

(က)တစ်ဖက်လူ အကျိုးယုတ်အောင်
မြှောက်ပင့်ပေးတတ်သူဆိုပါက

(ခ)မကောင်းသည့်ကိစ္စကို လုပ်ဖို့ တိုက်တွန်း
ပေးတတ်သူဆိုပါက

(ဂ)သင့်မြတ်နေသူတို့ကို
မသိမသာ....ရန်တိုက်ပေးတတ်သူဆိုပါက
ရန်ထောင်ပေးတတ်သူဆိုပါက
စိတ်ဝမ်းကွဲအောင်လုပ်တတ်သူဆိုပါက
အယုံအကြည်မဲ့အောင်လျှောက်ပြော
တတ်သူဆိုပါက....
သူယုတ်မာအဆင့်မျိုးသာ ရှိသေးကြောင်း
သိထားပါ

ထို့ကြောင့်
စိတ်ကောင်းရှိဖို့ ပထမ ဟု
သူတော်ကောင်းတို့ ဆုံးမခဲ့ပါသည်

စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှ....
လုပ်နေသမျှ ကုသိုလ်အလုပ်တွေ
အကျိုးပေး မကြီးမားကြောင်း သိထားပါ

ထို့ ကြောင့်
စိတ်ကောင်းထားပါ
စိတ်ထားကောင်းပါ
မြင့်မြတ်သောစိတ် မွေးမြူ ကျင့်ကြံပါ

ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏 🙏 🙏 🙏 🙏

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်

အပ်ပမာဒနေ သမ်မာဒထေ
သတိတစ်လုံး အမြတ်ဆုံး
🙏 🙏 🙏 🙏 🙏
#တရားဓမ္မလက်ဆောင်

13/10/2022

တန်ဖိုးမြင့်ကားဈေးနှုန်းများ သိန်းရာဂဏန်းအထိ ဈေးနှုန်း ကျဆင်း

ပြည်တွင်းကားရောင်းဝယ်ရေး ဈေးကွက်အတွင်း တန်ဖိုးမြင့်ကားများ ဈေးနှုန်း ကျဆင်းလျက်ရှိတယ်လို့ ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံက သိရပါတယ်။ တန်ဖိုးမြင့်ကားတွေထဲက ကျပ်သိန်း ၅၀၀ တန် ကားဈေးက ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းကျဆင်းပြီး ကျပ်သိန်း ၁၀၀၀ တန်ကားဈေးက ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်း ကျဆင်းနေပါတယ်။ လက်ရှိ ကားဈေးကွက်အတွင်း တန်ဖိုးမြင့် ကျပ်သိန်း ၁၀၀၀ တန်ကားကို ဝယ်မယ်ဆိုရင် ကျပ်သိန်း ၇၀၀ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့အခြေအနေမှာ ရှိနေပါတယ်။

တန်ဖိုးမြင့်ကားတွေရဲ့ ဈေးနှုန်းများ သိန်းရာချီဈေးနှုန်း ကျဆင်းသွားပေမယ့်လည်း ကျပ်သိန်း ၅၀၀ အောက် တစ်ပတ်ရစ်ဂျပန်ကားတွေရဲ့ ဈေးနှုန်းကတော့ သိန်းဆယ်ဂဏန်းခန့်သာ ဈေးနှုန်း ကျဆင်းမှုရှိတယ်လို့ ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးချစ်တိုးက ပြောပါတယ်။ ဘယ်မောင်း ကားသစ်တွေလည်း ဈေးနှုန်းကျဆင်းလျက် ရှိပြီး SKD စနစ်နှင့် ကားထုတ်လုပ်ရောင်းချခွင့်ပြုခဲ့ပါက ကားဈေးနှုန်းများ ယခုထက် ပိုကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိ ပြည်တွင်းကားအရောင်းအဝယ်အခြေအနေမှာ စက်တင်ဘာလကုန်ပိုင်းထက် ပိုမို အရောင်းအဝယ်ကောင်းနေတယ်လို့ သိရပါတယ်။

Credit to BloombergMyanmar/LocalNews
https://m.facebook.com/story.php?story_fbid=2424832024338227&id=634200050068109
#ယနေ့ကားဈေးကွက်

09/10/2022

DMCarDealershipမိသားစုမှ
သီတင်းကျွတ်ဆုတောင်းပေးပါတယ်
🙏🏻 🙏🏻 🙏🏻

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00