Golden Gate Engineering

Golden Gate Engineering

Share

ကိုယ့်မြေးတွေအရွယ်ထိ လှည့်ကြည့်စရာမလိုမယ့်အိမ်ဆောက်ချင်ရင် Golden Gate နဲ့ လက်တွဲလိုက်ပါ

All Type of Building Construction
Construction Surveying
Design Creation & Logistic
Home Decoration & Renovation

14/09/2026

#အိမ်ဆောက်မယ်ဆို သိထားသင့်တာ အပိုင်း (၁)

မှာ သိထားသင့်တဲ့ အချက် (၅) ချက်

အိမ်တစ်လုံးရဲ့ ခိုင်ခံ့မှုဟာ အပေါ်ကမြင်ရတဲ့ Column, Beam တွေကနေ စတာမဟုတ်ပါဘူး။ အဆောက်အဦးရဲ့ Load ကို မြေကြီးဆီ လုံခြုံစွာ လွှဲပြောင်းပေးမယ့် Foundation ကို မှန်ကန်စွာ Design နဲ့ Construction လုပ်ခြင်းကနေ စတင်ပါတယ်။

၁။ Foundation Design မလုပ်ခင် မြေအခြေအနေကို သိထားဖို့လိုပါတယ်။

မြေက မာတယ်၊ ပျော့တယ်ဆိုတာ မျက်စိနဲ့ကြည့်ရုံနဲ့ မြေခံနိုင်အားကို တိတိကျကျ မဆုံးဖြတ်နိုင်ပါဘူး။ အဆောက်အဦးအမျိုးအစား၊ Site Condition နဲ့ Engineer ရဲ့ သတ်မှတ်ချက်အရ လိုအပ်ပါက Soil Investigation / Soil Test ပြုလုပ်ပြီး မြေလွှာအမျိုးအစား၊ Bearing Capacity နဲ့ Groundwater Condition စတဲ့ အချက်အလက်တွေကို စစ်ဆေးရပါတယ်။ ဒီအချက်အလက်တွေက သင့်တော်တဲ့ Foundation Type နဲ့ Design ကို ရွေးချယ်ရာမှာ အရေးကြီးပါတယ်။

၂။ Foundation ကြီးလေလေ၊ သံများလေလေ ပိုခိုင်လေလေ မဟုတ်ပါ။

Foundation ရဲ့ အမျိုးအစား၊ အရွယ်အစား၊ အနက်နဲ့ Reinforcement တွေဟာ အထပ်အရေအတွက်တစ်ခုတည်းပေါ် မူတည်တာမဟုတ်ပါဘူး။ Structural Load + Soil Condition + Structural Design တို့ကို တွက်ချက်ပြီး Engineer က သတ်မှတ်ရတာ ဖြစ်ပါတယ်။ လိုအပ်တာထက် ကြီးအောင်လုပ်ခြင်းဟာ ကုန်ကျစရိတ်တိုးစေပြီး Engineering Design ကောင်းတစ်ခုကို အစားမထိုးနိုင်ပါဘူး။

၃။ သံချောင်းမှာ “များများထည့်ခြင်း” ထက် “Drawing အတိုင်း မှန်မှန်ကန်ကန်ထည့်ခြင်း” က ပိုအရေးကြီးပါတယ်။

Rebar Diameter, Number, Spacing, Anchorage/Lap နဲ့ Concrete Cover စတာတွေကို Structural Drawing နဲ့ Specification အတိုင်း လိုက်နာဖို့လိုပါတယ်။ Concrete မလောင်းခင် Reinforcement နဲ့ Formwork ကို စစ်ဆေးထားခြင်းက နောက်မှ ပြန်ပြင်ရခက်တဲ့ အမှားတွေကို လျော့ချပေးနိုင်ပါတယ်။

၄။ Concrete လောင်းတာနဲ့ Foundation အလုပ် မပြီးသေးပါဘူး။

သတ်မှတ်ထားတဲ့ Concrete Grade/Strength ရှိဖို့၊ လောင်းနေစဉ် Compaction မှန်ကန်ဖို့နဲ့ လောင်းပြီးနောက် Curing ကို သင့်တော်စွာ ဆောင်ရွက်ဖို့လိုပါတယ်။ အဆင့်တစ်ခုချင်းစီကို Quality Control လုပ်ခြင်းက Foundation ရဲ့ ရေရှည်ခံနိုင်ရည်အတွက် အရေးကြီးပါတယ်။

၅။ Foundation မှာ ဖြစ်တဲ့အမှားဟာ နောက်ပိုင်းပြန်ပြင်ဖို့ ခက်ခဲပြီး ကုန်ကျစရိတ်များနိုင်ပါတယ်။

Foundation နဲ့ မြေအခြေအနေ မကိုက်ညီခြင်း၊ Construction Quality မကောင်းခြင်းတို့ကြောင့် Settlement သို့မဟုတ် Differential Settlement ဖြစ်လာနိုင်ပြီး နံရံအက်ခြင်း၊ ကြမ်းခင်းမညီခြင်း၊ တံခါး/ပြတင်းပေါက် ဖွင့်ပိတ်ခက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Engineering မှာလည်း အိမ်တစ်လုံးရဲ့ အပေါ်ယံအလှကိုသာ မကြည့်ဘဲ Site Condition ကို လေ့လာခြင်းကနေ Design, Reinforcement, Concrete Work နဲ့ Quality Control အထိ မမြင်ရတဲ့ Structural Work တွေကိုပါ Engineering အခြေခံနဲ့ အဆင့်ဆင့် စစ်ဆေးကြီးကြပ် ဆောင်ရွက်ပါတယ်။

အိမ်ကောင်းတစ်လုံးဆိုတာ လှပရုံနဲ့ မလုံလောက်ပါဘူး။
မြေကြီးအောက်က Foundation ကစပြီး မှန်ကန်ဖို့ လိုပါတယ်။

👷‍♂️ Engineering & Construction ပိုင်းတွင်
နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိ ဝါရင့်အင်ဂျင်နီယာများ ဦးစီးကာ—

📐 Design & Drawing
🏗️ Construction Work
🏠 Residence / Apartment
🏭 Factory & Steel Structure
✨ Interior Decoration

တို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

သင့်စိတ်ကူးများကို အကောင်းဆုံး အဆောက်အဦးအဖြစ် ပြောင်းလဲဖို့
Golden Gate Engineering & Construction Co., Ltd. နှင့် ဆွေးနွေးတိုင်ပင်လိုက်ပါ။ 🙏

📍 ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်
☎️ 09 5170549 | 09 889988872 | 01 8657898

14/09/2026

Monday Site Inspection

Photos from Golden Gate Engineering's post 14/09/2026

Column Casting Day

ဒီနေ့ Column Casting လုပ်ငန်းလေး
ရာသီဥတုသာယာပြီး နေသာပါစေ

လုပ်ငန်းခွင် ဘေးကင်းလုံခြုံစွာနဲ့
အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ပါစေ။

Engineering & Construction

12/09/2026

Design & Decoration by GoldenGate Engineering

Photos from Golden Gate Engineering's post 08/09/2026

🙏 မိုးနတ်မင်းကြီးကိုလည်း ကျေးဇူးတင်ပါတယ်။

စနစ်တကျ ကြီးကြပ်ပေးခဲ့ကြတဲ့ GG Engineer များ နှင့်
ပင်ပန်းစွာ ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြတဲ့ GG အဖွဲ့သားအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

အားလုံးရဲ့ ပူးပေါင်းကြိုးစားမှု၊ တာဝန်ယူမှုများကြောင့်
ဒီနေ့ရဲ့ Slab Casting Work ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါပြီ။ ❤️

လူကြီးမင်းတို့၏ စိတ်ကူးအိပ်မက်များကို
Golden Gate Engineering & Construction Co., Ltd. နှင့်အတူ ယုံကြည်စိတ်ချစွာ တည်ဆောက်လိုက်ပါ။ 🙏

Quality • Safety • Professionalism ကို အခြေခံပြီး
နေထိုင်သူများအတွက် အဆင်ပြေသည့် Design နှင့်
စံချိန်စံညွှန်းပြည့်မီသော အဆောက်အဦးများကို တာဝန်ယူ ဆောက်လုပ်ပေးနေပါသည်။

👷‍♂️ Engineering & Construction ပိုင်းတွင်
နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိ ဝါရင့်အင်ဂျင်နီယာများ ဦးစီးကာ—

📐 Design & Drawing
🏗️ Construction Work
🏠 Residence / Apartment
🏭 Factory & Steel Structure
✨ Interior Decoration

တို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

သင့်စိတ်ကူးများကို အကောင်းဆုံး အဆောက်အဦးအဖြစ် ပြောင်းလဲဖို့
Golden Gate Engineering & Construction Co., Ltd. နှင့် ဆွေးနွေးတိုင်ပင်လိုက်ပါ။ 🙏

📍 office : အမှတ် ၇၆ ၊ ရေကူးရွာမလမ်း ၊၉ ရပ်ကွက် ၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်

☎️ 09 5170549 | 09 889988872 | 01 8657898

📌 GoldenGate Engineering & Construction Co., Ltd.

08/09/2026

Concrete Casting Day

Photos from Golden Gate Engineering's post 28/08/2026

Working in Progress …..

Engineering & Construction

28/08/2026

GoldenGate Engineering & Construction မှတာဝန်ယူတည်ဆောက်သည့် ဗိုလ်ထွန်းဇံလမ်း က ၆ ထပ်

26/08/2026

Agent ကို ဘယ်လိုသုံးမလဲ?

HOW TO — Before Floor Topping

Floor Topping မလုပ်ခင် Bonding Agent ကို မှန်ကန်စွာ အသုံးပြုဖို့ အောက်ပါအဆင့်တွေကို ဂရုစိုက်ရပါမယ်။

1️⃣ Surface ကို သန့်ရှင်းပါ

ရှိပြီးသား Concrete Surface ပေါ်က
ဖုန်၊ သဲ၊ အညစ်အကြေး၊ Loose Material တွေကို သေချာဖယ်ရှားပါ။

👉 Clean Surface = Better Bond

2️⃣ Surface Condition ကို စစ်ဆေးပါ

Concrete Surface မှာ အက်ကြောင်း၊ အားနည်းနေတဲ့နေရာ၊ မကောင်းတဲ့ Concrete Layer တွေရှိရင် အရင်ပြုပြင်ပါ။

3️⃣ Bonding Agent ကို ပြင်ဆင်ပါ

အသုံးပြုမယ့် Bonding Agent ရဲ့ Manufacturer Instruction / Mixing Ratio အတိုင်း ပြင်ဆင်ပါ။

⚠️ Product တစ်မျိုးနဲ့တစ်မျိုး အသုံးပြုပုံ မတူနိုင်တာကြောင့် Specification ကို မဖြစ်မနေ လိုက်နာပါ။

4️⃣ Bonding Agent ကို ညီညာစွာ သုတ်ပါ

Roller / Brush စတာတွေကို အသုံးပြုပြီး Surface တစ်ခုလုံးကို Uniform ဖြစ်အောင် သုတ်ပေးပါ။

❌ တစ်နေရာထူပြီး တစ်နေရာပါးတာမျိုး မဖြစ်စေရပါ။

5️⃣ သတ်မှတ်ထားတဲ့ Timing ကို လိုက်နာပါ ⏱️

Bonding Agent ရဲ့ Product Specification အရ Topping Concrete လောင်းရမယ့်အချိန်ကို သတ်မှတ်ထားနိုင်ပါတယ်။

👉 Tack-free ဖြစ်ပြီးမှ လောင်းရမယ်ဆိုတဲ့ Product ရှိသလို
👉 Wet-on-wet Application လိုတဲ့ Product လည်း ရှိနိုင်ပါတယ်။

ဒါကြောင့် Product Manufacturer ရဲ့ Instruction ကို အဓိကထားပါ။

6️⃣ Topping Concrete ကို လောင်းပါ

သတ်မှတ်ထားတဲ့ Timing အတွင်း Topping Concrete ကို လောင်းပြီး သတ်မှတ်ထားတဲ့ Thickness နဲ့ Level အတိုင်း ဆောင်ရွက်ပါ။

⸻

⚠️ အရေးကြီးဆုံး

Bonding Agent သုတ်ထားရုံနဲ့ Bond ကောင်းမယ်လို့ မယူဆသင့်ပါဘူး။

✅ Proper Surface Preparation
✅ Correct Bonding Agent
✅ Correct Application
✅ Correct Timing
✅ Proper Topping Work

ဒီအချက်တွေ အားလုံးမှန်ကန်မှ Topping System ရဲ့ Performance ကောင်းမွန်နိုင်မှာပါ။

PREPARATION → STRONG BOND → BETTER PERFORMANCE

Engineering & Construction

26/08/2026

သုံးထပ် လုံးချင်းတိုက်

Telephone

Address


No. 76, Corner Of Wireless/3 Street& Yegu YarMa Street, Kabaraye , Mayangone Township
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30