MTS GYM
Lady and Gent Fitness Club Gym/Physical fitness centre
18/06/2026
MTS III ကျိုက်ဝိုင်း လိပ်စာသစ် အသိပေးခြင်း
MTS III ကျိုက်ဝိုင်းအား မူလတည်နေရာမှ
အမှတ် (၅၀)၊ ပထမထပ်၊
အောင်သပြေလမ်းမပေါ်၊
အောင်သပြေ (၁) လမ်းထိပ်၊
ကျိုက်ဝိုင်း၊ မရမ်းကုန်းမြို့နယ်သို့
ပြောင်းရွှေ့၍ ၂၀/၆/၂၆ (စနေနေ့) မှ
စတင်ပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း
အသိပေးအပ်ပါသည်။
တည်နေရာ အသစ်သည်
မူလတည်နေရာ လမ်းမကြီးပေါ်တွင်ပင်
တည်ရှိပြီး မူလနေရာမှ ပေ (၃၀၀) ခန့်သာ
ကွာဝေးပါသည်။
ကိုလင်းရာဇာ
09777932704
09764298897 သို့ ဆက်သွယ်နိုင်ပါသည်။
MTS Gym များကို အမြဲဝန်းရံ အားပေးကြလို့ ကျေးဇူးအထူးတင်ရှိကြောင်း ပထမဦးစွာ အသိပေး ပြောကြားလိုပါတယ်…
၂၀၂၆ မတ်လကုန်ကစပြီး MTS III ကျိုက်ဝိုင်းရဲ့
အခန်းပိုင်ရှင်က အခန်းပြန်အပ်ဖို့ အသိပေးလာလို့
MTS III ကျိုက်ဝိုင်းကို ပိတ်သိမ်းဖို့ စဉ်းစားခဲ့ရပါတယ်…
ဒါပေမယ့် MTS III ကျိုက်ဝိုင်းမိသားစုများရဲ့
မပြောင်းရွှေ့ပဲ အနီးအနားမှာ
ဆက်လက်ဖွင့်လှစ်ဖို့ တစ်ခဲနက်တောင်းဆိုမှုများကို
ဝမ်းသာဝမ်းနည်းဖွယ် လက်ခံရရှိခဲ့ပါတယ်…
စီးပွါးရေး အခြေအနေများကို မျက်ကွယ်ပြုပြီး
MTS III မိသားစုများရဲ့ တောင်းဆိုမှုကို
ဦးစားပေး၍ ယနေ့မှာ ကိုယ်တိုင်နေရာလိုက်ရှာပြီး
စီစဉ်ဆောင်ရွက်ခဲ့ပါပြီ…
လက်ရှိနေရာနားလေးမှာပဲ ဌားရမ်းခ
စျေးကြီးကြီးနဲ့ တစ်နေရာကို ဆက်လက်ဌားရမ်း
နိုင်ခဲ့ပါပြီ…
MTS III ကျိုက်ဝိုင်းကို ယနေ့မှစ၍
ပြန်လည် ဖွင့်လှစ်ပါပြီ…
နေရာသစ်ကိုတော့ ၆ လပိုင်းအကုန်လောက်မှာ
ပြောင်းရွှေ့ပါမည်…
ဆက်လက် ဝန်းရံ အားပေးကြပါဦး ခင်ဗျာ 🙏🙏🙏
ငြိမ်းချမ်းပျော်ရွှင်သော
မြန်မာနှစ်သစ် ၁၃၈၈
ဖြစ်ပါစေ
မိတ်ဆွေ သူငယ်ချင်းများ
10/04/2026
ပွဲတော်ချိန်ခါ ရောက်ပြီမို့ နှစ်တိုင်းမပျက် ဆင်နွှဲတဲ့
MTS Gym ရဲ့ ရွှေရင်အေး စတုဒီသာကျွေးပွဲသို့
သုံးဆောင်ရန် မနက်ဖြန် ၁၁-၄-၂၀၂၆ ရက်နေ့မှာ
ကြွရောက်ကြပါ မိတ်ဆွေတို့ 😊😊😊
“Welcome back to GYM”
နွေရာသီ ကျောင်းပိတ်ရက်မှာ
ကျမ်းမာစေခြင်းနှင့်အတူ
ကျောင်းပြန်ဖွင့်တဲ့အချိန်
လှပကျော့ရှင်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ချင်တဲ့
ညီ/ညီမငယ်များအတွက်
နွေရာသီ ၃ လ (မတ်/ဧပြီ/မေ) လများတွင်
ကျွန်တော်များ MTS GYM များမှ
ကျောင်းသား/သူများအတွက်
လစဉ်ကြေး ၁၀% လျှော့စျေး
ပေးအပ်မည်ဖြစ်ပါကြောင်း
အသိပေးအပ်ပါသည်…
15/01/2026
နှစ်သစ်မှာ MTS (II) မင်္ဂလာဒုံဆိုင်ခွဲအတွက်
Smith Machine နဲ့ ပေါင်ကန်စက်များ
ထပ်မံအားဖြည့်ထားပါတယ်…
ပျော်ရွှင်ပါစေ မိတ်ဆွေများ…
ဒီနှစ်သစ်မှာ
ဝမ်းမြောက်နိုင်စေ
ဆုတောင်းရင်းနဲ့
နှုတ်ခွန်းဆက်ပါတယ်
24/12/2025
ငြိမ်းချမ်းသော ပျော်ရွှင်ဖွယ်
ခရစ်တော်မွေးဖွားရာနေ့မြတ်ဖြစ်ပါစေ
မိတ်ဆွေသူငယ်ချင်းများ…
05/10/2025
ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ် ပွဲတော်
ဖြစ်ပါစေ မိတ်ဆွေ သူငယ်ချင်းများ…
Drawing credit to original artist…
19TH SEABPF CHAMPIONSHIPS 2025
အောင်ပွဲရ မြန်မာအသင်းအား
MTS GYM မှ လေးစားဂုဏ်ယူပါ၏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Building (1), Room (B), Ground Floor, Aung Thapyae Road, 3rd Qtr, Kyaik Wine, Mayangon Township
Yangon
Opening Hours
| Monday | 07:00 - 21:00 |
| Tuesday | 07:00 - 21:00 |
| Wednesday | 07:00 - 21:00 |
| Thursday | 07:00 - 21:00 |
| Friday | 07:00 - 21:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |