IME Group
A Myanmar Conglomerate
01/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
မင်္ဂလာပါရှင်
မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ၊ အလုပ်သမားအားလုံး အလုပ်ခွင်မှာ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေလို IME Group မှ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ အေးချမ်းသာယာတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ကြပါစေရှင်။
30/04/2026
ကဆုန်လပြည့်ဆုတောင်း
မင်္ဂလာပါရှင်.
ဗျာ၊ ဖွား၊ ပွင့်၊ စံ" ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို နှလုံးသွင်းဆင်ခြင်ရင်း ဓမ္မအလင်းရောင်နဲ့ ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေလို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်.
31/03/2026
𝑴𝒐𝒕𝒊𝒗𝒂𝒕𝒊𝒐𝒏 𝑺𝒌𝒊𝒍𝒍𝒔 𝑬𝒏𝒉𝒂𝒏𝒄𝒆𝒎𝒆𝒏𝒕 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့အစည်းတစ်ခု၏ ရေရှည်အောင်မြင်မှုအတွက် အရေးကြီးဆုံးအခြေခံအချက်ဖြစ်ပါသည်။ ဤရည်ရွယ်ချက်ဖြင့် IME Group သည် ဝန်ထမ်းများ၏ Skill များကို စနစ်တကျ မြှင့်တင်နိုင်ရန် သင်တန်းအစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၆ ခုနှစ် မတ်လ (၁၇ ၊ ၁၉ ၊ ၂၀ ၊ ၂၃ ၊ ၂၅ ) ရက်များအတွင်း IME Group ၏ Business Units အသီးအသီးမှ အဖွဲ့အစည်းအောင်မြင်မှုအတွက် ဝိုင်းဝန်းကြိုးစားနေကြသော ဝန်ထမ်းများအား ကိုယ်ပိုင်စိတ်ဓာတ်အားနှင့် အဖွဲ့လိုက်လှုံ့ဆော်နိုင်စွမ်း တိုးတက်စေရန် Motivation Skills Enhancement Training ကို အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့ပါသည်။
ဤသင်တန်းမှတဆင့် ဝန်ထမ်းများအနေဖြင့် မိမိကိုယ်တိုင်ကို လှုံ့ဆော်နိုင်စွမ်း တိုးတက်လာခြင်းနှင့်အတူ အဖွဲ့အစည်းအတွင်း တက်ကြွသန်မာသော လုပ်ငန်းပတ်ဝန်းကျင် တစ်ခု တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။
IME Group အနေဖြင့် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အလေး ထားပြီး အရည်အသွေးမြင့် သင်တန်းအစီအစဉ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
IME Group ၏ ၁၅ နှစ်တာ ခရီးလမ်း
2011 ခုနှစ်မှာ စတင်ခဲ့တဲ့ IME Group က အခုဆိုရင်တော့ ၁၅ နှစ်တာကာလအတွင်း ဝင်ရောက်ခဲ့ပြီပဲဖြစ်ပါတယ်ရှင်။ အချိန်တွေပြောင်းလဲခဲ့သလိုပဲ IME Group အနေဖြင့်လည်း Construction & Engineering, Real Estate, Lifestyle, Trading & Distribution, Agroforestry and Financial Services စသည့် Business Sector မျိုးစုံမှာ ခိုင်ခိုင်မာမာ ခြေလှမ်း လှမ်း နိုင်ခဲ့ပါတယ်ရှင့်
ယခုလို ၁၅ နှစ်တာ ကာလရှည်ကြီးကိုလည်း Customer လူကြီးမင်းများ၊ Partner များ၊ Supplier များနှင့် ဝန်ထမ်းလုပ်ဖော်ကိုင်ဖက်များ၏ ယုံကြည်မှု နှင့် အားပေးလက်တွဲမှူတွေကြောင့်သာ ဖြတ်သန်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်ရှင့်။
ကာလရှည်ကြီးကို အတူဖြတ်သန်းခဲ့ကြရင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အမှတ်တရတွေ နှင့် ရင်းနှီးမှုတွေကို တလေးတစား တန်ဖိုးထားရပါတယ်ရှင်
တန်ဖိုးဖြတ်မရတဲ့ ခင်မင်ယုံကြည်မှုတွေကို နောက်နှစ်ပေါင်းများစွာအထိ သယ်ဆောင်သွားနိုင်ဖို လေးနက်စွာ ဆန္ဒပြုရင်း ၁၅ နှစ်တာ ကာလအတွက် အမှတ်တရ video လေးကို မျှဝေပါရစေရှင့်
02/03/2026
တောင်သူလယ်သမားနေ့
မတ်လ (၂) ရက်နေ့တွင် ကျရောက်သော မြန်မာ့တောင်သူလယ်သမားနေ့တွင် တိုင်းပြည်အတွက် စပါးရေရှည်စိုက်ပျိုးပေးကြသည့် ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ဂုဏ်ပြုဆုတောင်းအပ်ပါသည်ရှင့်
27/02/2026
𝑬𝒎𝒐𝒕𝒊𝒐𝒏𝒂𝒍 𝑰𝒏𝒕𝒆𝒍𝒍𝒊𝒈𝒆𝒏𝒄𝒆 (𝑬𝑸) 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
Emotional Intelligence (EQ) သင်တန်းအား IME Group ၏ Business Units အသီးသီးမှ ဝန်ထမ်းများထံသို့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့နှင့် (၂၄) ရက်နေ့များတွင် အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့ပါသည်။
ယခုအစီအစဉ်သည် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ အသိအမြင်များကို တိုးတက်စေရန်နှင့် လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ပြောဆိုရေးထိရောက်မှုနှင့် အပြန်အလှန်နားလည်မှုများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။
သင်တန်းအတွင်း မိမိစိတ်ခံစားမှုကို မှန်ကန်စွာ သိမြင်နားလည်နိုင်ခြင်း၊ အခြားသူများ၏ အမြင်နှင့်ခံစားချက်များကို နားလည်လက်ခံနိုင်ခြင်းနှင့် အဖွဲ့လိုက် လုပ်ငန်းဆောင်ရွက်ရာတွင် စိတ်ပိုင်းဆိုင်ရာ ထိရောက်မှုရှိစေရန် လက်တွေ့အသုံးချနိုင်မည့် အချက်အလက်များကို မျှဝေဆွေးနွေးခဲ့ပါသည်။
IME Group အနေဖြင့် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အလေးထားပြီး အရည်အသွေးမြင့်သင်တန်းအစီအစဉ်များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
19/02/2026
𝑰𝑴𝑬 𝑭𝒖𝒕𝒔𝒂𝒍 𝑪𝒉𝒂𝒎𝒑𝒊𝒐𝒏𝒔 𝑳𝒆𝒂𝒈𝒖𝒆 2026 ရဲ့ နောက်ဆုံးဗိုလ်လုပွဲ ပုံရိပ်များ 🏆⚽
IME မိသားစုဝင် အသင်းပေါင်း (၁၂) သင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့် "IME Futsal Champions League 2026" ၏ ဗိုလ်လုပွဲကို ပျော်ရွှင်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
ပြိုင်ပွဲတစ်လျှောက် အားမာန်အပြည့်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည့် အသင်းများထဲမှ ဆုရရှိသွားသော အသင်းများကို အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
• 𝑪𝒉𝒂𝒎𝒑𝒊𝒐𝒏 (ပထမဆု): Team 3
• 𝑭𝒊𝒓𝒔𝒕 𝑷𝒍𝒂𝒄𝒆 (ဒုတိယဆု): Team 8
• 𝑺𝒆𝒄𝒐𝒏𝒅 𝑷𝒍𝒂𝒄𝒆 (တတိယဆု): Team 5
• 𝑭𝒐𝒖𝒓𝒕𝒉 𝑷𝒍𝒂𝒄𝒆 (စတုတ္ထဆု): Team 4
အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည့် ကစားသမားများ၊ အားပေးခဲ့ကြသည့် ဝန်ထမ်းများအားလုံး နှင့် ပွဲဖြစ်မြောက်ရေး စီစဉ်ကူညီပေးကြသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။ ဗိုလ်လုပွဲ အတွင်းမှ အမှတ်တရ ပုံရိပ်များကိုလည်း အတူတကွ ခံစားကြည့်ရှုနိုင်ရန် မျှဝေပေးလိုက်ရပါသည်။
17/02/2026
𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫
မင်္ဂလာပါရှင့်
တရုတ်နှစ်သစ်ကူးနေ့မှ စပြီး နှစ်သစ်တစ်လျှောက်လုံး မိသားစုအားလုံး ကျန်းမာချမ်းသာပြီး ကံကောင်းခြင်းများ၊ အောင်မြင်မှုများနဲ့ ပျော်ရွှင်စရာအချိန်တွေ ပြည့်ဝပါစေလို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်
03/02/2026
🏆 𝐈𝐌𝐄 𝐅𝐮𝐭𝐬𝐚𝐥 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐋𝐞𝐚𝐠𝐮𝐞 𝟐𝟎𝟐𝟔🏆
၂၀၂၆ ခုနှစ်၏ ပထမဆုံး Social Recreation Activity အဖြစ် IME Group မှ ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကျင်းပသည့် "IME Futsal Champion League 2026" ကို ဇန်နဝါရီ (၃၁)ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။
ယခုပြိုင်ပွဲကို IME Group အောက်ရှိ Business Units (BUs) အသီးသီးမှ ဘောလုံးအသင်းပေါင်း (၁၂) သင်းဖြင့် ဖွဲ့စည်းထားပြီး၊ အောက်ပါ ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပရခြင်းဖြစ်ပါသည် -
• မတူညီသော ဌာနများနှင့် BU များအကြား လုပ်ငန်းခွင်ပြင်ပတွင် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန်။
• အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခြင်း (Teamwork) နှင့် အောင်မြင်မှုကို အတူတူပုံဖော် တတ်သည့် အလေ့အထကောင်းများ တိုးတက်လာစေရန်။
• ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် စိတ်ခွန်အားကို မြှင့်တင်ပေးခြင်းဖြင့် ပျော်ရွှင်စရာကောင်းသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်။
• အားကစားစိတ်ဓာတ်နှင့်အညီ တရားမျှတစွာ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်။
ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများအားလုံး မိမိတို့၏ အကောင်းဆုံး စွမ်းဆောင်ရည် များကို ထုတ်ဖော်ပြသရင်း IME Group ၏ Corporate Culture ကို အတူတကွ ပုံဖော်သွားကြမည် ဖြစ်ပါသည်။
အားကစားစိတ်ဓာတ်အပြည့်ဖြင့် အစွမ်းကုန်ယှဉ်ပြိုင်သွားမည့် ကျွန်ုပ်တို့၏ အသင်း (၁၂) သင်းစလုံးကို ဂုဏ်ပြုလိုက်ပါရစေ။
27/01/2026
𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐄𝐧𝐡𝐚𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐅𝐢𝐬𝐡𝐛𝐨𝐧𝐞 𝐃𝐢𝐚𝐠𝐫𝐚𝐦)
လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့အစည်းတစ်ခု၏ ရေရှည်အောင်မြင်မှုအတွက် အရေးကြီးဆုံးအခြေခံအချက်ဖြစ်ပါသည်။ ဤရည်ရွယ်ချက်ဖြင့် IME Group သည် ဝန်ထမ်းများ၏ Skill များကို စနစ်တကျ မြှင့်တင်နိုင်ရန် သင်တန်းအစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၀၊ ၂၁၊ ၂၂) ရက်များအတွင်း IME Group ၏ Business Units အသီးအသီးမှ အဖွဲ့အစည်းအောင်မြင်မှုအတွက် ဝိုင်းဝန်းကြိုးစားနေကြသော ဝန်ထမ်းများအား Soft Skill များတိုးတက်လာစေရန်အတွက် အရေးကြီးသော Skill တစ်ခုဖြစ်သည့် 𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐒𝐨𝐥𝐯𝐢𝐧𝐠 (𝐅𝐢𝐬𝐡𝐛𝐨𝐧𝐞 𝐃𝐢𝐚𝐠𝐫𝐚𝐦) သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
သင်တန်းတွင်
• Problem Solving အတွက် Fishbone Diagram ၏ အခြေခံသီအိုရီများ
• လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ပြဿနာများအား အကြောင်းရင်းခွဲခြမ်းစိတ်ဖြာနည်း
• Team Discussion နှင့် Case Study များအခြေခံ၍ လက်တွေ့အသုံးချ လေ့ကျင့်မှုများကို အလေးထားသင်ကြားပေးခဲ့ပါသည်။
ဤသင်တန်းမှတဆင့် ဝန်ထမ်းများအနေဖြင့် ပြဿနာများကိုစနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တိုးတက်လာစေရန်နှင့်လုပ်ငန်းခွင်အတွင်း ပိုမိုထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ပါသည်။
IME Group အနေဖြင့် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အလေး ထားပြီး အရည်အသွေးမြင့် သင်တန်းအစီအစဉ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
23/01/2026
ကျန်းမာရေးသည် လာဘ်တစ်ပါးဆိုသည့်အတိုင်း ကျန်းမာပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင် ဖြစ်ဖို့အတွက် လုပ်ငန်းတိုင်းက အလေးထားစဉ်းစားသင့်ပါသည်။ ကျန်းမာသော ကိုယ်ခန္ဓာရရှိမှသာ စိတ်ချမ်းသာပြီး လုပ်ငန်းစွမ်းဆောင်မှုတွေ ပိုမိုမြင့်တက်လာမှာပဲ ဖြစ်ပါသည်။ လှပတဲ့ ဘဝနေထိုင်မှုကို ဝန်ထမ်းများအားလုံး ရရှိစေလိုသောကြောင့် IME Group မှ ဝန်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁။ ဘက်စုံကျန်းမာရေးစစ်ဆေးမှု (𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩)
ကုမ္ပဏီ၏ အောင်မြင်မှုခရီးစဉ်တစ်လျှောက် မိမိတို့၏ လုပ်သက်နှင့် အတွေ့အကြုံများကို နှစ်ရှည်လများ မြှုပ်နှံပေးခဲ့ကြသည့် လုပ်သက်ရှည်ဝန်ထမ်းများ နှင့် အရေးကြီးသော ခေါင်ဆောင်ပိုင်းနေရာများတွင် ဉီးဆောင်ကြိုးစားပေးနေသော တာဝန်ရှိသူများအတွက် နိုင်ငံတကာအဆင့်မီ ပြည်တွင်းဆေးရုံကြီးတွင် ဘက်စုံကျန်းမာရေး စစ်ဆေးမှု (𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩) အစီအစဉ်ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
"ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုခြင်းနှင့် ကျန်းမာကြံ့ခိုင်စွာဖြင့် ရှေ့ဆက်နိုင်ရန် ဂရုစိုက်ပေးခြင်းသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်ဟု ခံယူထားပါသည်။ "
၂။ ဝန်ထမ်းအားလုံးအတွက် ကျန်းမာရေးအာမခံ (𝐁𝐚𝐬𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞)
မမျှော်လင့်ထားသော ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို စိုးရိမ်ပူပန်မှုကင်းဝေးစွာဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ဝန်ထမ်းအားလုံးကို နှစ်စဉ် 𝐁𝐚𝐬𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ကို ဝယ်ယူကာ အခြေခံကျန်းမာရေးအကာအကွယ်များကို ပံ့ပိုးပေးထားပါသည်။
"ဝန်ထမ်းတစ်ဦးချင်းစီ၏ နောက်ကွယ်တွင် ဘေးကင်းလုံခြုံမှုနှင့် အားကိုးရာတစ်ခု ရှိနေစေရန် ဖန်တီးပေးခြင်းပင် ဖြစ်ပါသည်။"
၃။ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု (𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩)
ဝန်ထမ်းများ၏ လူမှုဖူလုံရေးခံစားခွင့်များကို လုပ်ငန်းခွင်အတွင်းမှာပင် ရရှိနိုင်စေရန် လူမှုဖူလုံရေးအဖွဲ့ (SSB) မှ 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩 ကို ရုံးသို့ ဖိတ်ခေါ်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသမှုများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပါသည်။
"လူမှုဖူလုံရေးအဖွဲ့ ၏ ကျန်မာရေးစောင့်ရှောက်မှုကို လုပ်ငန်းခွင်အတွင်းမှာပင် လွယ်ကူချောမွေ့စွာ ရရှိနိုင်စေရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါသည်"
IME Group သည် တန်ဖိုးထားရသော ဝန်ထမ်းများအားလုံးအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု (𝐀 𝐒𝐚𝐟𝐞 𝐚𝐧𝐝 𝐆𝐫𝐞𝐚𝐭 𝐏𝐥𝐚𝐜𝐞 𝐭𝐨 𝐖𝐨𝐫𝐤) ဖြစ်လာစေရန် အစဉ်တစိုက် အလေးထားဆောင်ရွက်သွားပြီး ပိုမိုလှပတဲ့ ဘဝနေထိုင်မှုဖြစ်စေဖို့ အတူတကွ ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါသည်။
01/01/2026
𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫
မင်္ဂလာပါရှင့်
၂၀၂၅ ခုနှစ်မှာ ကြုံခဲ့ရသမျှ အခက်အခဲတိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြလို့ ဂုဏ်ယူပါတယ်ရှင့်..
2026 နှစ်သစ်ကိုလည်း စိတ်သစ်လူသစ်၊ အားအင်အပြည့်နဲ့ ဖြတ်သန်းကာ အောင်မြင်ခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ IME Group မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်.
Click here to claim your Sponsored Listing.
Category
Website
Address
The Leaf Tower, 10th Floor
Yangon
11201
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |