OnDoctor App
Creating a healthier world through tender loving care Online healthcare solution through website and mobile application, in Myanmar.
OnDoctor provides healthcare knowledge, live chat with doctors as Consultation, etc.
31/12/2024
မင်္ဂလာရှိသောနှစ်သစ်လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားဥစ္စာများတိုးပွားပါစေကြောင်း 𝐎𝐧𝐃𝐨𝐜𝐭𝐨𝐫 𝐀𝐩𝐩 မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏
28/11/2024
နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေပြီလား?🤧🤧
ရာသီအကူးအပြောင်းရောက်ပြီဆိုတာနဲ့ နှာစေး၊ နှာပိတ်၊နှာရည်ကျတာတွေအဖြစ်များလာကြပါတယ်။ နှာစေး၊ နှာပိတ်ပြီဆို ညဘက်တွေပါအိပ်မရဖြစ် ၊ လုပ်ငန်းခွင်မှာလည်း စိတ်အနှောက်အယှက်ဖြစ်၊ အစားအသောက်စားတဲ့အခါမှာလည်း အရသာမရှိနဲ့ နေရထိုင်ရ အတော်ခက်စေပါတယ်။😔
နှာစေး၊ နှာပိတ်ဖြစ်စေတဲ့ အချက်တွေကတော့
👉 အအေးမိခြင်း။
👉 တုပ်ကွေးဖြစ်ခြင်း။
👉 ဓာတ်မတည့်ခြင်း။
👉 Sinus infection ဖြစ်ခြင်း စတဲ့အချက်တွေကြောင့်ဖြစ်တတ်ပါတယ်။
နှာစေး၊ နှာပိတ်သက်သာစေဖို့အတွက်
✅ ပြည့်ပြည့်ဝဝအနားယူပါ။
✅ ရေဓာတ်ပြည့်ဝအောင်နေပါ။
✅ ရေနွေးငွေ့ခံပေးပါ။
✅ အိပ်တဲ့အခါ ခေါင်းကိုခပ်မြင့်မြင့်လေးထားပေးပါ။
ယခုဖော်ပြထားတဲ့ အချက်လေးတွေကို ဂရုစိုက်လိုက်နာခြင်းဖြင့် နှာစေး၊ နှာပိတ်ကင်းဝေးသောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ။
𝗢𝗻𝗗𝗼𝗰𝘁𝗼𝗿 𝗔𝗽𝗽 ကို ဒေါင်းလုဒ်ပြုလုပ်ရန်
𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 - https://ondoctor.com.mm/
အသေးစိတ်မေးမြန်းစုံစမ်းရန်
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞
(𝟬𝟵) 𝟰𝟮𝟭 𝟬𝟬𝟳 𝟬𝟬𝟱 / (𝟬𝟵) 𝟳𝟴𝟰 𝟲𝟬𝟲 𝟬𝟲𝟬
19/11/2024
အချိန်မကုန် လူမပင်ပန်းဘဲ အိမ်ကနေဆေးခန်းပြနိုင်မယ့် 𝐎𝐧𝐃𝐨𝐜𝐭𝐨𝐫 𝐀𝐩𝐩🤳🏼
ဆေးခန်းတစ်ခါပြဖို့ နေပူလား၊ မိုးရွာလား စိတ်ပူနေစရာမလို၊ ဖုန်းလေးတစ်လုံးရှိရုံနဲ့ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ အလွယ်တကူပြသနိုင်မယ့် 𝐎𝐧𝐃𝐨𝐜𝐭𝐨𝐫 𝐀𝐩𝐩 အကြောင်းသိပြီးပြီလား?💁🏻♀️
လူကြီးမင်းရဲ့ ဖုန်းထဲမှာ OnDoctor Application ရှိထားရုံနဲ့
✅ မိမိပြသလိုတဲ့ အထွေထွေ (သို့) အထူးကုဆရာဝန်ရွေးချယ်ပြသနိုင်ခြင်း။
✅ အိမ်ထဲမှ အိမ်ပြင်လုံးဝထွက်စရာမလိုဘဲ ဆရာဝန်နှင့်တိုက်ရိုက်ပြသနိုင်ခြင်း။
✅ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများစွာ အခမဲ့ဖတ်ရှုနိုင်ခြင်း။
✅ အချိန်ကုန် လူပင်ပန်းသက်သာခြင်းစတဲ့ အကျိုးကျေးဇူးများစွာကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။
လူကြီးမင်းနဲ့အတူ ချစ်ရတဲ့မိသားစု ကျန်းမာပျော်ရွှင်သောနေ့ရက်များစွာ ဖန်တီးနိုင်ဖို့ ဖုန်းထဲမှာ 𝐎𝐧𝐃𝐨𝐜𝐭𝐨𝐫 𝐀𝐩𝐩 ကို အခုပဲ Download ရယူလိုက်ပါ။
𝗢𝗻𝗗𝗼𝗰𝘁𝗼𝗿 𝗔𝗽𝗽 ကို ဒေါင်းလုဒ်ပြုလုပ်ရန်
𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 - https://ondoctor.com.mm/
အသေးစိတ်မေးမြန်းစုံစမ်းရန်
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞
(𝟬𝟵) 𝟰𝟮𝟭 𝟬𝟬𝟳 𝟬𝟬𝟱 / (𝟬𝟵) 𝟳𝟴𝟰 𝟲𝟬𝟲 𝟬𝟲𝟬
15/11/2024
မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့် နေ့ထူးနေ့မြတ်အချိန်အခါမှာ မိဘပြည်သူများအားလုံး ကျန်းမာ ရွှင်လန်းကြပါစေကြောင်း 𝐎𝐧𝐃𝐨𝐜𝐭𝐨𝐫 𝐀𝐩𝐩 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏
#တန်ဆောင်မုန်းလပြည့်
01/11/2024
𝐎𝐧𝐃𝐨𝐜𝐭𝐨𝐫 𝐂𝐨.,𝐋𝐭𝐝. တွင် တာဝန်ထမ်းဆောင်ရန် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 (၁) ဦး အလိုရှိပါသည်။
Job Description
🔹နေ့စဉ်ဝင်လာသော ဖုန်းခေါ်ဆိုမှုများကို လက်ခံဖြေကြားနိုင်ရမည်။
🔹Customer Complaints အားကောင်းမွန်စွာဖြေရှင်းပေးနိုင်ရမည်။
🔹page chat box နှင့် comment reply များအား အချိန်မီ reply လုပ်
နိုင်ရမည်။
🔹ဆရာဝန်များထံဆက်သွယ်ပြီး Online booking နှင့်ပတ်သက်ပြီးချိတ်ဆက်ပြောဆိုနိုင်ရမည်။
Complaints & Feedback Data များကို မှတ်တမ်းတင်ထားပေးနိုင်ရမည်။
🔹Customer များနှင့်ထိရောက်ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရမည်။
🔹စိတ်ရှည်ပြီး ချိုသာပြေပြစ်သော အသံဝန်ဆောင်မှုပေးနိုင်ရမည်။
🔹အခြားဌာနများနှင့် အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရမည်။
🔹Customer များ အကြံပြုသည့်အချက်များကို စီစစ်ပြီး လိုအပ်သောပြောင်းလဲမှုများကို အမြဲတင်ပြဖြည့်ဆည်းပေးနိုင်ရမည်။
Job Requirement
🔹Any Graduate
ဆေးဝါးနှင့်ပတ်သက်သော Background ရှိသူဦးစားပေးမည်။
🔹အသက် (၁၈)နှစ်မှ (၃၀) အတွင်းဖြစ်ရမည်။
🔹သင်တန်းကိစ္စ၊ ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်။
Customer Service အတွေ့အကြုံရှိသူဖြစ်ရမည်။
ကွန်ပျူတာ၊ အင်တာနက်/ Email ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
** CV Form ပေးပို့ရန်**
Viber : 09 4200 333 55
[email protected]
လျှောက်ထားပေးပို့လိုသော ရာထူးအတွက် CV Form များအား PDF File နှင့်ပေးပို့လျှောက်ထားပါရန်။
** မှတ်ချက် **
CV Form များကို (3.11.2024) တွင်နောက်ဆုံးထားပေးပို့ရပါမည်။
01/11/2024
ဟိန္ဒူလူမျိုးတို့ရဲ့ အထွဋ်အမြတ် ထားရာ ဒီပါဝလီ(Deepavali)နေ့ထူးနေ့မြတ်မှာ အားလုံး ပျော်ရွှင်ဖွယ် ဒီပါဝလီ ဖြစ်ပါစေကြောင်း 𝐎𝐧𝐃𝐨𝐜𝐭𝐨𝐫 𝐀𝐩𝐩 မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
17/10/2024
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း OnDoctor မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
အားလုံးဂရုပြုသင့်တဲ့ မိခင်နို့ချိုတိုက်ကျွေးရေးနှင့် ကလေးငယ်ကျန်းမာရေး (၄)
ကလေးငယ် အသက် ၁ နှစ်ပြည့်တာနဲ့ မိခင်နို့ချိုမတိုက်ကျွေးတော့ဘဲ ဖြည့်စွက်စာပဲ ကျွေးမယ်လို့ ဆုံးဖြတ်ထားတဲ့ ဖေဖေ၊မေမေတွေရှိလား။ ဒီဗီဒီယိုထဲမှာ ကလေးငယ်တွေ အသက် ဘယ်နှနှစ်အထိ နို့ချိုတိုက်ကျွေးဖို့လိုအပ်လဲ၊ ဒီလိုတိုက်ကျွေးခြင်းကြောင့်ရလာမယ့် အကျိုးကျေးဇူးတွေ၊ ပတ်ဝန်းကျင်ကလူတွေက မေမေတွေကို ဘယ်လိုကူညီသင့်လဲဆိုတဲ့အကြောင်းတွေကို ပြောပြပေးသွားမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
#ဒေါက်တာမာမီ
အားလုံးဂရုပြုသင့်တဲ့ မိခင်နို့ချိုတိုက်ကျွေးရေးနှင့် ကလေးငယ်ကျန်းမာရေး (၃)
မေမေတွေဟာ ကိုးလလွယ် ၁၀လဖွားပြီး အသက်အန္တရာယ်ကြားကနေ ကလေးငယ်တွေကို မီးဖွားခဲ့ရပါတယ်။ ဒါပေမဲ့ မေမေတို့အတွက် အခက်အခဲတွေက ဒီမှာတင်ရပ်မသွားဘဲ လုပ်ငန်းခွင်ထဲမှာ နို့ချိုတိုက်ကျွေးဖို့ရော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲဆိုတာကို ပြောပြပေးသွားမှာပါ။
#ဒေါက်တာမာမီ
အားလုံးဂရုပြုသင့်တဲ့ မိခင်နို့ချိုတိုက်ကျွေးရေးနှင့် ကလေးငယ်ကျန်းမာရေး (၂)
၆ လအောက်ကလေးငယ်တွေကို နို့ချိုတိုက်ကျွေးခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ၊ ဒါနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့အချက်တွေကဘာတွေလဲဆိုတဲ့အကြောင်း သိချင်ရင် ဒီဗီဒီယိုလေးကိုသာ ကြည့်လိုက်ကြပါနော်။
#ဒေါက်တာမာမီ
အားလုံးဂရုပြုသင့်တဲ့ မိခင်နို့ချိုတိုက်ကျွေးရေးနှင့် ကလေးငယ်ကျန်းမာရေး(၁)
မွေးကင်းစကလေးတွေဟာ အလွန်နုငယ်တဲ့အတွက် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် သူတို့အတွက် အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်တဲ့ မိခင်နို့ဦးရည်တိုက်ကျွေးအကြောင်းကို ပြောပြပေးသွားမှာပါ။
#ဒေါက်တာမာမီ
20/07/2024
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်သော ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။
ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့တွင် ကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင်အပေါင်း ဘေးရန်ကင်းကွာ၊ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေကြောင်း OnDoctor App မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Room No. 106, Building C, Delta Plaza, Shwegondaing Road, Bahan Township
Yangon
11201