Bake by Yee

Bake by Yee

Share

👩‍🍳 Cooking 👩‍🍳

21/09/2025

ငါးပိရည်လေးကို ပုစွန်မီးဖုတ် ဓညင်းသီး လေးနဲ့ဖျော်
မှိုကန်စွန်းလေးကြော်

05/09/2025

ဒီတခါတော့ ဟင်းချက်တာလေးမဟုတ်ပဲ

ကိုကို့ကလေးလေးတွေမဟုတ်တဲ့ 😜 ကလေးလေးတွေ ပျော်ရွှင်ရမယ့် နေရာလေးတစ်ခု share ပေးချင်တာပါ

Photos from Bake by Yee's post 05/09/2025

Made with love 😍

Photos from Bake by Yee's post 04/09/2025

ဒီနေ့အတွက် မီနူးလေး ကတော့ ဝက်သားပြုတ်ကြော် နဲ့ ကြက်ရိုး ကျောက်ဖရုံသီး ဟင်းချိူလေး ပါ

03/09/2025

🍵

01/09/2025
Photos from Bake by Yee's post 29/08/2025

Air Fryer နဲ့ ကင်ထားတဲ့ ဝက်နံရိုးပျားရည် ကင်လေးပါရှင်

ပါဝင်ပစ္စည်း

ဝက်နံရိုး 700 grams ခန့်
ပျားရည် ထမင်းစားဇွန်းနဲ့ ၅ ဇွန်း
ခရုဆီ ၂ ဇွန်း
ပဲငံပြာရည် အကြည် ၂ ဇွန်း
ဆားအနည်းငယ်
ငရုတ်ကောင်း အနည်းငယ်

ဝက်နံရိုးကို သေချာစွာဆေးပီး ပါဝင်ပစ္စည်း အားလုံးနဲ့ ရောနှယ်ပီး ရေခဲသေတ္တာ အောက်ထပ်တွင် တညခန့် နှပ်ထားပေးပါ

Air fryer တွင် အပူချိန် ၁၈၀ ဒိီဂရီနှင့် ၂၅ မိနစ် ခန့်ကင်ပေးပါ ကင်နေစဉ်အတွင်း အပေါ်အောက်တခါ လှန်ပေးရုံပါပဲ

လွယ်ကူ မြန်ဆန်ပီး အရသာရှိတဲ့ ဝက်နံရိုးပျားရည်ကင်လေး ရပါပီရှင်

Photos from Bake by Yee's post 22/08/2025

တပါတ်စာ ထမင်းဘူး လေးတွေပါ 🥰

Photos from Bake by Yee's post 15/08/2025

တပါတ်စာ

11/08/2025

ပျားရည် ကြက်တောင်ပံကင်

ပါဝင်ပစ္စည်း
ကြက်တောင်ပံ ၅ ချောင်း
ပျားရည် ၅ ဇွန်း
ဆားအနည်းငယ်
ခရုဆီ ၃ ဇွန်း

ပြုလုပ်နည်း
ကြက်တောင်ပံကိုရေဆေးပီး
ပျားရည် ခရုဆီ ဆားအနည်းငယ်နှင့် နယ်ပီး ရေခဲသေတ္တာ အောက်ခန်းတွင် ၁ ည နှပ်ထားပါ

Air fryer ထဲ ထည့်ပီး အပူချိန် ၁၈၀ နဲ့ ၂၅ မ်ိနစ် ကင်ပေးပါ (ကင်နေစဉ် ဟိုဘက် ဒီဘက် တခါလှည့်ပေးပါ)

10/08/2025

Crispy Pork Belly

ဝက်သုံးထပ်သား ကြွပ်ကြော် ပြုလုပ်နည်း

ပါဝင်ပစ္စည်း
ဝက်သုံးထပ်သား သို့ ငါးထပ်သား တစ်တုံး
ဆားအနည်းငယ်
ရှာလကာရည် အနည်းငယ်

ပြုလုပ်နည်း
ဝက်သား ကိုရေသချာစွာဆေးပီး ၁၀ မိနစ်ခန့် ပြုတ်ပါ
ပီးရင်ဆယ်ထားပီး အအေးခံထားပါ
အေးသွားရင် ခရင်းလေးနဲ့ အခေါက်ဖက် ကို သေချာစွာထိုးပီး ရှာလကာရည်၊ ဆားအနည်းငယ်တို့နဲ့ ပွတ်ထားပီး ၁၀ မိနစ်ခန့်ထပ်ထားပေးပါ

Air fryer ထဲမှာ အပူချိန် ၁၈၀ နဲ့ ၂၅ မ်ိခန့် ကင်ပေးပါ ( ကင်နေစဉ် ဟိုဘက် ဒီ ဘက် တခါ လှည့်ပေးပါ)

Photos from Bake by Yee's post 10/08/2025

Air Fryer နဲ့ကြော်ထားတဲ့ ဝက်သားလုံးကြော်လေးပါ

ကြက်သားလည်း ဒီနည်းအတိုင်းပဲကြော်ပါတယ်ရှင်

ပါဝင်ပစ္စည်းများ
ဝက်ကြိတ်သား ၄၀၀ ဂရမ်
ဂျင်း လက် ၂ ဆစ်
ကြက်သွန်ဖြူ ၃ မွှာ
ကြက်ဥ တစ်လုံး
Tempura အမှုန့် သို့ အကြော်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
ခရုဆီ အနည်းငယ်

ပါဝင်ပစ္စည်းအားလုံးကို သမအောင်နယ်ပီး နာရီဝက်ခန့် နှပ်ထားပါ။ Air Fryer ထဲ ဆီအနည်းငယ်ထည့်ပီး အပူချိန် ၁၈၀ နဲ့ အချိန် ၂၅ မိနစ်ခန့် ကြော်ပေးပါ ။

၂၅ မိနစ်အတွင်း ဟိုဘက်ဒီဘက် တခါ လှည့်ပေးရုံ့ပါပဲ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kabar Aye Pagoda Road
Yangon