Excel Star Car Rental Service

Excel Star Car Rental Service

Share

Over 10 years of trusted management | +95 9 421 171 828

08/05/2026

Honda Fit နဲ့ Suzuki Ciaz ကားလေးများ ကော်ပိုရိတ်လုပ်ငန်းများအတွက် အလိုရှိပါတယ်နော်🤩

Excel Star Car Rental နဲ့ပူးပေါင်းဆောင်ရွက်ရန်အတွက် အောက်ပါကားပိုင်ရှင်များကို ဖိတ်ခေါ်လိုက်ပါတယ်။

🔎 Honda Fit (GE6) (Without Driver)
🔎 Suzuki Ciaz (Without Driver)

ဘာလို့ Excel Star Car Rental မှာသင့်ကားကို ယုံယုံကြည်ကြည်အပ်နှံလို့ရလဲ 🤔

✅ 10 နှစ်ကျော်စီမံခန့်ခွဲမှုအတွေ့အကြုံရှိ Operation Team
✅ ကားပိုင်ရှင်သင့်အတွက် သေချာတဲ့ လစဉ်ဝင်ငွေ
✅ သင့်ကားကျန်းမာရေးအတွက် ကျွမ်းကျင်ပညာရှင်များထံမှာ အမြဲစစ်ဆေးပေးခြင်း

အိပ်နေရင်းငွေဝင်နိုင်ဖို့ သင့်ကားလေးကို Excel Star Car Rental မှာ လာရောက်အပ်နှံပြီး Passive Income တစ်ခုရှာဖွေလိုက်တော့နော် 😉

Excel Star Car Rental - ESCR

📞 09 886 253 274 / 09 886 253 280

📍 No.4, Room 106, Leik Kan Street, Pazundaung Township, Yangon

20/04/2026

Excel Star မိသားစုရဲ့ နှစ်သစ်ကူးသင်္ကြန်ကာလမှာ ရွှေရင်အေး စတုဒီသာများ ပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေဖြစ်ပါတယ်။

ရုံးဖွင့်ရက်ပြန်ရောက်လာတာနဲ့တစ်ပြိုင်နက် နှစ်သစ်မှာ အင်ပြည့်အားပြည့်နဲ့ လန်းဆန်းတက်ကြွနေဖို့ အမှတ်တရလေးတွေပြန်ခံစားရင်း ရှေ့ဆက်လိုက်ကြရအောင်နော်။

17/04/2026

ပျော်ရွှင်စရာမြန်မာ့နှစ်သစ်ကူးရက်လေးဖြစ်ပါစေ။

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး Excel Star ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ အေးချမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ ✨

10/04/2026

Excel Star Car Rental ၏ မိတ်ဟောင်းမိတ်သစ်လုပ်ငန်းရှင်လူကြီးမင်းများခင်ဗျာ။

မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကာလအတွင်း ကျွန်တော်တို့ရဲ့ Excel Star Car Rental ရုံးကို အောက်ပါရက်များအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

ရုံးပိတ်ရက်။ ။ဧပြီလ ၁၁ ရက် မှ ၁၉ ရက်အထိ

ရုံးပြန်ဖွင့်မည့်ရက်။ ။ဧပြီလ ၂၀ ရက် (တနင်္လာနေ့)

ရုံးပိတ်ရက်ကာလအတွင်း အရေးပေါ်အခြေအနေကိစ္စရပ်များရှိပါက ကျွန်တော်တို့၏ Hotline ဖုန်းနံပါတ်များဖြစ်သော 09 886 253 274, 09 886 253 279 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူကြီးမင်းများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်စရာကောင်းသော သင်္ကြန်အခါသမယဖြစ်ပါစေကြောင်း Excel Star မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

26/03/2026

Highway လမ်းမောင်းဖို့ စီစဉ်ထားတယ်ဆိုရင် အန္တရာယ်ကင်းကင်း‌မောင်းနိုင်ဖို့အတွက် အရေးကြီးဆုံးစစ်ဆေးဖို့လိုတာ ဘာများဖြစ်မလဲ 🤔

(၁) ဆီ

(၂) တာယာ

(၃) အသံစနစ်

Reaction or Comment ပေးပြီး ဘာကြောင့်လို့ထင်လဲပြောပြခဲ့ဦးနော် 😉

Excel Star Car Rental - ESCR

📞 09 421 171 828 | 09 886 253 274
📩 [email protected]

ကုမ္ပဏီရုံးခန်းသို့လည်း တိုက်ရိုက် လာရောက်စုံစမ်းနိုင်ပါပြီ။

📍 No.4, Room 106, Pazundaung Ouying Housing, Leikkan Street, Pazundaung, Yangon

22/03/2026

ခရီးစဉ်တိုင်း ငြိမ့်ညောင်းနေစေဖို့ ကိုယ့်ကားရဲ့ Suspension ကို ဘယ်လိုဂရုစိုက်မလဲ? 🛣️

ကားတစ်စီးရဲ့ အောက်ပိုင်းက လမ်းပေါ်မှာကြုံတွေ့ရတဲ့ တုန်ခါမှုတွေကို စုပ်ယူပေးပြီး မောင်းနှင်သူနဲ့ လိုက်ပါစီးနင်းသူတွေကို သက်သောင့်သက်သာဖြစ်စေပါတယ်။ ကားအောက်ပိုင်းကို ပြုပြင်စရိတ်နည်းပြီး အသက်သာဆုံးဖြစ်စေဖို့ ဂရုစိုက်ရမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ✅

(၁) ချိုင့်တွေ ဘုတွေမှာ အမြဲအရှိန်လျှော့မောင်းပါ။

ချိုင့်ထူတဲ့လမ်း‌တွေ ဒါမှမဟုတ် မြန်နှုန်းလျှော့တုံး (Speed Bump) တွေကို အရှိန်ပြင်းပြင်းနဲ့ တိုက်မိတာက Shock Absorber တွေကို အမြန်ပျက်စီးစေနိုင်ပါတယ်။

(၂) တာယာလေပေါင် အမြဲစစ်ဆေးပါ။

လေပေါင်အရမ်းများရင် အောက်ပိုင်းကို ဒဏ်ဖြစ်စေနိုင်သလို၊ လေပေါင်နည်းလွန်းရင်လည်း ဆီပိုစား‌နိုင်ပါတယ်။

(၃) ကားအသံ အမြဲနားထောင်ပါ။

ကားမောင်းရင် မှန်ကို လက်တစ်လုံးစာလောက်ချထားပြီး ကားရဲ့အသံကို အမြဲနားထောင်သင့်ပါတယ်။ အောက်ပိုင်းက တကျွိကျွိမြည်တာ၊ ပုံမှန်ထက် ခုန်တာမျိုးဖြစ်ရင် ကျွမ်းကျင်ဝပ်ရှော့မှာ ချက်ချင်းစစ်ဆေးပေးသင့်ပါတယ်။

(၄) ဝန်ပိုမတင်ပါနဲ့။

ကားရဲ့သတ်မှတ်ဝန်ထက် ပိုတင်တာက Spring နဲ့ Shock အပေါ်ကို ဖိအားအများကြီး သက်ရောက်စေလို့ အောက်ပိုင်းကို ဒဏ်ဖြစ်စေနိုင်ပါတယ်။

Excel Star Car Rental - ESCR

📞 09 421 171 828 | 09 886 253 274
📩 [email protected]

ကုမ္ပဏီရုံးခန်းသို့လည်း တိုက်ရိုက် လာရောက်စုံစမ်းနိုင်ပါပြီ။

📍 No.4, Room 106, Pazundaung Ouying Housing, Leikkan Street, Pazundaung, Yangon

16/03/2026

ရန်ကုန်နွေမှာ ကားအတွက် စိတ်ပူစရာမလိုပဲ အေးဆေးသွားနိုင်ပြီနော် ❄️

ရန်ကုန်ကားကြောတွေကို စိတ်ညစ်စရာမလို၊ ကားပါကင်အတွက် နောက်ဆံတင်းစရာမလိုပဲ ရန်ကုန်မြို့တွင်း အေးအေးဆေးဆေး ခရီးဆန့်ချင်သူများအတွက် Excel Star Car Rental ကနေ ဝန်ဆောင်မှုရယူနိုင်ပြီနော်။

Excel Star ရဲ့ Yangon Full Day Trip (10HR) Package အတွက် Suzuki Ertiga နဲ့ Toyota Alphard နှစ်မျိုးနှစ်စား ရွေးချယ်နိုင်ပါတယ်။

Compact ဖြစ်ဖြစ်သွားချင်သူတွေကတော့ Suzuki Ertiga ကို ရွေးချယ်သင့်ပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ ဇိမ်ရှိရှိသွားချင်သူတွေက Toyota Alphard ကိုရွေးချယ်သင့်ပါတယ်နော်။ 🥰

ဒါ့အပြင် လက်ရှိအခြေအနေနဲ့ကိုက်ညီပြီး စိတ်ကြိုက်ရွေးချယ်နိုင်အောင် စုံ/မကားလေးများ ထားရှိပေးထားပါသေးတယ်။ 😉

ရှုပ်ယှက်ခတ်နေတဲ့ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ Aircon အေးအေးလေးနဲ့ စိတ်မညစ်ပဲ အေးဆေး Chill နိုင်ဖို့အတွက် Excel Star ရဲ့ Yangon Full Day Trip Package ကို အခုပဲဆက်သွယ်မေးမြန်းလိုက်တော့နော်။ 🤩

ကုမ္ပဏီရုံးခန်းသို့လည်း တိုက်ရိုက် လာရောက်စုံစမ်းနိုင်ပါပြီ။

Excel Star Car Rental - ESCR

📞 09 886 253 274 | 09 886 253 280
📩 [email protected]

📍 No.4, Room 106, Pazundaung Ouying Housing, Leikkan Street, Pazundaung, Yangon

12/03/2026

သင့်ကားရဲ့ အင်ဂျင်သက်တမ်းကို နှစ်ပေါင်းများစွာ ကြာရှည်ခံစေဖို့ ဂရုစိုက်ရမယ့်အချက် (၅) ချက်

ကားအင်ဂျင်တစ်လုံးကြာရှည်ခံကျန်းမာဖို့ဆိုရင် မောင်းနှင်းသူဘက်ကနေ နေ့စဉ်ပုံမှန်စစ်ဆေးပေးသင့်တဲ့အရာတွေရှိပါတယ်။ အောက်ပါအချက် ၅ ချက်ကတော့ ကားမောင်းနှင်သူတိုင်း သိကိုသိထားရမယ့်အချက်တွေဖြစ်လို့ ဂရုစိုက်လေ့လာထားသင့်ပါတယ်။

၁။ အင်ဂျင်ဝိုင် ပုံမှန်လဲပါ။

သတ်မှတ်ထားတဲ့ ကီလိုပြည့်တာနဲ့ အင်ဂျင်ဝိုင်နဲ့ ဆီစစ် (Oil Filter) ကိုလဲဖို့ မမေ့ပါနဲ့။ ပုံမှန်အားဖြင့် ကီလိုမီတာ ၅၀၀၀ သွားပြီးတိုင်း လဲလှယ်သင့်ပါတယ်။

၂။ ရေတိုင်ကီ (Radiator) စစ်ဆေးပါ။

အင်ဂျင်အပူလွန်ကဲ (Overheat) တာမျိုး မဖြစ်အောင် Coolant ရေပမာဏကို အမြဲစစ်ပါ။ အများအားဖြင့်တော့ ၂ နှစ်တစ်ကြိမ်လဲလေ့ရှိပြီး အရောင်နောက်သွားတာ၊ အနယ်တွေပါလာတာမျိုးတွေ့နေရပြီဆိုရင်တော့ လဲတာအကောင်းဆုံးဖြစ်ပါတယ်။

၃။ Air Filter ကို အမြဲသန့်နေအောင်ထားပါ။

အင်ဂျင်ထဲကို လေကောင်းကောင်းဝင်မှ ဆီစားသက်သာပြီး အင်ဂျင်သံ ပိုငြိမ်မှာဖြစ်ပါတယ်။

၄။ Dashboard က သင်္ကေတတွေကို သတိထားပါ။

အင်ဂျင်ချက်မီး (Check Engine) လင်းလာရင် ပေါ့ဆမနေဘဲ ကျွမ်းကျင်ဝပ်ရှော့မှာ ချက်ချင်းစစ်ဆေးပေးပါ။

၅။ ကားကို အမြဲတမ်း ရပ်တာနဲ့တန်းပြီး စက်မသတ်ပါနဲ့။

လူတွေအတိုင်း ပြေးပြီးတာနဲ့ချက်ချင်းမရပ်ပဲ ခဏတာလမ်းလျှောက်ပေးသင့်သလိုပါပဲ။ ခရီးဝေးမောင်းလာပြီးရင် အင်ဂျင်ကို ခဏ (၁ မိနစ်ခန့်) နှိုးထားပြီးမှ စက်သတ်တာက အင်ဂျင်အတွက် ပိုကောင်းပါတယ်။

Excel Star Car Rental - ESCR

📞 09 421 171 828 | 09 886 253 274
📩 [email protected]

ကုမ္ပဏီရုံးခန်းသို့လည်း တိုက်ရိုက် လာရောက်စုံစမ်းနိုင်ပါပြီ။

📍 No.4, Room 106, Pazundaung Ouying Housing, Leikkan Street, Pazundaung, Yangon

04/03/2026

သင့်မှာ နေ့တိုင်းမစီးဖြစ်ဘဲ ရပ်ထားတဲ့ ကားလေးတစ်စီး ရှိနေလား? ကားတစ်စီးကို မသုံးပဲ ဒီတိုင်းအကြာကြီးရပ်ထားရင် ကားကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။

မသုံးဖြစ်လို့ လိုင်းပေါ်တင်ပြီး တစ်သီးပုဂ္ဂလ‌တွေဆီ အငှားချလိုက်မယ်ဆိုရင် အရင်ဆုံးစိတ်ပူရမှာက ဒီလူကစိတ်ချရပါ့မလားဆိုပြီး စိုးရိမ်နေရတယ်မဟုတ်လား

ဒီပြဿနာတွေအတွက် Excel Star မှာအဖြေရှိပါတယ်။

Excel Star Car Rental ဟာဆိုရင် (၁၀) နှစ်ကျော်အတွေ့အကြုံတွေနဲ့အတူ လက်ရှိမှာ Corporate ကုမ္ပဏီပေါင်း (၁၈) ခုကို ကားအစီးရေ ရာဂဏန်းဖြင့် ဝန်ဆောင်မှုပေးနေတဲ့ ကားအငှားဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

သင့်ကားလေးကို Excel Star Car Rental မှာ စိတ်ချလက်ချ အငှားချထားနိုင်တာ ဘာတွေကြောင့်ဖြစ်မလဲ 🤔

✅ နာမည်ရှိလူသိများသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကို စနစ်တကျ စိစစ်ပြီး ငှားရမ်းပေးခြင်း။

✅ ကားကျန်းမာရေးကို အမြဲစောင့်ကြည့်စစ်ဆေးပေးခြင်း။

✅ ကားပိုင်ရှင်ရော ကားငှားရမ်းသူပါ နှစ်ဦးနှစ်ဖက် လုံခြုံစိတ်ချရစေမယ့် ဥပဒေကြောင်းအရ စာချုပ်စာတမ်းများ ထားရှိခြင်း။

✅ သင့်ကားဆီကနေ သေချာသော လစဉ်ပုံမှန် ဝင်ငွေတစ်ခု ရရှိနိုင်ခြင်း။

✅ သင့်ကားလေး ဘယ်နေရာရောက်နေလဲဆိုတာ အမြဲစောင့်ကြည့်စစ်ဆေးနိုင်ခြင်း။

သင့်ကားလေးကို အကျိုးရှိရှိအသုံးချပြီး လစဉ်ဝင်ငွေတစ်ခု ဖန်တီးနိုင်ဖို့ Excel Star Car Rental နဲ့ လက်တွဲလိုက်ပါ။

ကားအပ်နှံရန်အတွက် အသေးစိတ်ကို အခုပဲ မေးမြန်းနိုင်ပါပြီ။

Excel Star Car Rental - ESCR

📞 09 421 171 828 | 09 886 253 274
📩 [email protected]

ကုမ္ပဏီရုံးခန်းသို့လည်း တိုက်ရိုက် လာရောက်စုံစမ်းနိုင်ပါပြီ။

📍 No.4, Room 106, Pazundaung Ouying Housing, Leikkan Street, Pazundaung, Yangon

28/02/2026

ကားဆီတိုင်ကီက ဘယ်ဘက်မှာလဲဆိုတာ ကြိုကြည့်ထားစရာမလိုပဲ သိနိုင်ပါတယ် 🤯

ကား Dashboard ပေါ်က ဆီတိုင်ကီသင်္ကေတလေးရဲ့ ဘေးမှာ မြှားခေါင်းလေး (Arrow) တစ်ခု ပါပါတယ်။ အဲ့ဒီမြှားခေါင်းလေးက ဘယ်ဘက်ကို ညွှန်နေရင် ဆီတိုင်ကီက ဘယ်ဘက်မှာရှိပြီး၊ ညာဘက်ကို ညွှန်နေရင် ညာဘက်မှာ ရှိတာဖြစ်ပါတယ်။

ကားအမျိုးအစားအစုံ‌မောင်းရတဲ့ ကားဆရာတွေအတွက် အရမ်းအသုံးဝင်တဲ့ Trick လေးဖြစ်ပါတယ်။

ပုံပါအတိုင်းဆိုရင် ဘယ်ဘက်မှာဖြစ်မလဲဆိုတာလေး ခန့်မှန်းကြည့်ပါဦး 😉

Excel Star Car Rental - ESCR

📞 09 421 171 828/ 09 886 253 271

📍 No.4, Room 106, Leik Kan Street, Pazundaung Township, Yangon

24/02/2026

အပူရှောင်ရမယ့်ကာလရောက်လာပြီနော် 🥵

ရန်ကုန်မှာအပူရှောင်ဖို့ ကလောသွားကြမယ်ဆိုရင် ဘာကားလေးနဲ့သွားချင်ကြလဲ 🤩

1. Toyota Hiace
2. Toyota Alphard
3. Hyundai County

Reaction or Comment လေးပေးခဲ့လို့ရတယ်နော် ❤️

Excel Star Car Rental - ESCR

📞 09 886 253 271/ 09 886 253 274

📍 No.4, Room 106, Leik Kan Street, Pazundaung Township, Yangon

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 4, Room 106, Pazundaung Ouying Housing, Lake Kan Street, 7th Ward, Pazundaung Township
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00